← Chapters

ထိန်းသိမ်းခံလိုက်ရသည့်မိဖုရား များ။

Vol. 8 Ch. 115

ထိန်းသိမ်းခံလိုက်ရသည့်မိဖုရား များ။

Vol. 8 Ch. 115

ကျိုးယင်ချင်းသည် မိဖုရားများစုဝေးနေသည့်

သတင်းအပေါ် အနည်းငယ်စိတ်ရှုပ်ထွေးသွား

သော်လည်း သူမသည် စိတ်ထင်နေသကဲ့သို့

မဖြစ်လောက်ပေဟု တွက်ဆလိုက်သည်။ အမှန်

တွင် ကျိုးယင်ချင်း၏မိခင်သည် ကျိုးယင်ချင်း

၏ဂုဏ်သတင်းကြောင့် နန်းတော်အတွင်းအာ

ဏာတိုးလာကာ နောက်ခံလည်းတောင့်တင်းစ

ပြုနေပြီဖြစ်သည်။ မည်သူက ဝိဉာဥ်မျိုးနွယ်ကို

စော်ကားရဲမည်နည်း။ စုန့်ပြည်ထောင်စုကလား

နှစ်ခါပြန်စဥ်းစားရပေမည်။

မြို့တော်ထဲ၌လည်း အခြေနေကိုစောင့်ကြည့်

နေကြသည့် အင်အားစုများရှိကာ ထိုအင်အား

စုများ၏အနာဂတ်သည် ရွေးချယ်မှုအပေါ်မူတ

ည်သည်။ ကျိုးယန်သည် ကျိုးလီတို့နှင့်စကား

ပြောဆိုချိန်၌ ပဥ္စမမင်းသမီးရောက်ရှိလာသည်

သူမ၏ ပုံစံမှာခမည်းတော်ကြောင့် အနည်းငယ်

စိတ်ထိခိုက်နေပုံရပြီ ထိုကဲ့သို့သာမန်လူများ၏

စိတ်အခြေအနေရှိတတ်သည့် သူမသည် နန်းတွ

င်းကဲ့သို့ သားရဲတော၌ရှိမနေသင့်ပေ။

“အစ်မတော် နင့်ရဲ့မယ်တော်ဖန်းတယောက်ပြန်

ရောက်ပြီလား”

ကျိုးယွမ်က မေးလိုက်သည်။

“မရောက်သေးပါဘူး ငါကမောင်လေးရောက်

နေတယ်ဆိုလို့ လာခဲ့တာ ခမည်းတော်ရဲ့အစီစဥ်

ကိုလက်ခံဖို့စိတ်ကူးရှိထားပါတယ်”

သူမက တိုးညှင်းစွာပြောလိုက်ပြီး ထိုင်ခုံတခု၌

အသာဝင်ထိုင်လိုက်သည်။ ကျိုးယွမ်မှ

“မယ်တော်တို့သွားတာကြာပြီနော် တခုခုများ

ဖြစ်သွားနိုင်လား”

ကျိုးလီကလည်း ကျိုးယွမ်၏စကားကိုချက်ချ

င်းပင်ထောက်ခံလာသည်။

“ဟုတ်တယ်ကွ မယ်တော်ဖန်း မယ်တော်ယင်တို့

နဲ့ ငါ့မယ်တော်တို့အတူထွက်သွားကြတာ အချိန်

တောင်မနည်းတော့ဘူးပဲ သူတို့ကဘာတွေများ

အဲ့လောက်အချိန်ယူပြီးဆွေးနွေးနေကြတာလဲ”

ကျိုးယန်ကတော့ သူတို့၏စကားဝိုင်းကိုဝင်မ

ပြောပေ။ ပြတင်းပေါက်တခုနားသို့သွား၍အ

ပြင်ဘက်ကို ကြည့်နေလိုက်သည်။ ဤအနေထာ

သည် ကမ္ဘာမြေတွင်ဆိုပါက အာဏာသိမ်းမည့်

အရိပ်အယောင်ဖြစ်ကာ ပါဝင်သူများကိုဖမ်းဆီး

ထိန်းသိမ်းပေမည်။ သို့သော်ကျိုးယန်ကသူ၏

အတွေးကိုထုတ်မ​ပြောလိုက်ပေ။မယ်တော်ယင်

သည် ကျိုးယွမ်၏မိခင်ဖြစ်ပြီး မယ်တော်ဖန်း

သည် ပဥ္စမမင်းသမီး၏ မိခင်ဖြစ်သည်။ကျိုးလီ

၏မိခင်က မယ်တော်ရွှယ်ဖြစ်ပေသည်။

ကျိုးယန်တယောက်ကြည့်နေစဥ်မှာပင် နန်း

တွင်းအစောင့်များအဖွဲ့လိုက်ပေါ်လာကြပြီးနေ

ရာအများစုကို ခွဲ၍ နေရာယူလိုက်ကြသည်။တ

ဆက်စပ်တည်းပင် ကျိုးလီ၏အဆောင်ဖြစ်သ

ည့် သူတို့စကားပြောတဲ့နေရာကိုလည်း စုဝေး

လာကာ အပြင်ဘက်မှ ကျယ်လောင်စွာဖြင့်

ပြောလာသည်။

“စတုတ္ထမင်းသား ဆဥ္စမမင်းသား ပဥ္စမမင်းသမီ

တို့ နန်းတွင်းထဲ အခြေနေတွေရှုပ်ထွေးနေလို့

ကျေးဇူးပြုပြီး အိမ်တော်ထဲကမထွက်ကြပါနဲ့

တခုခုထူးခြားဖြစ်စဥ်ရှိရင် လာရောက်ပြောကြာ

ပါ့မယ်”

ဒါက အထူးတပ်ဖွဲ့ခေါင်းဆောင်ရဲ့အသံပဲ။ဘာ

တွေဖြစ်ကုန်လို့ ငါတို့ကိုအပြင်ပေးမထွက်တာ

လဲ။ ကျိုးလီတို့သည် အထိတ်တလန့်ဖြစ်သွားရ

ကာ ချက်ချင်းပင် အဆောင်အပြင်ဘက်သို့

ထွက်ရန်ကြိုးစားတော့သည်။ အပြင်ဘက်တွင်

ဝတ်စုံအပြည့်နှင့် အထူးတပ်ဖွဲ့တခုရှိနေကာ အ

ဆောင်ကိုဝန်းရံထားပြီး ကျိုးလီတို့ကိုတွေ့လျင်

အလျင်အမြန်တား၍ အပြင်ထွက်ခွင့်မပေး

တော့ပေ။ ကျိုးယွမ်က ဒေါသတကြီးဖြင့်

“ဟေ့ ငါတို့က မင်းသားတွေပဲ မင်းတို့ဒီလိုလုပ်

ပိုင်ခွင့်မရှိဘူး အခုချက်ချင်းဖယ်ကြစမ်း”

အစောင့်များက ကျိုးယွမ်ကို ဦးညွတ်၍

“စိတ်မကောင်းပါဘူးမင်းသား ကျတော်တို့လည်

မိဖုရားကြီးရဲ့ အမိန့်အတိုင်းဆောင်ရွက်ရတာပါ

နားလည်ပေးပါ”

မိဖုရားကြီးဟုတ်လား ဘယ်မိဖုရားကြီးလဲ။

ပဥ္စမမင်းသမီးသည် နားမလည်နိုင်ဟန်ဖြစ်နေ

သည်။ မယ်တော်ရွှမ် မယ်တော်ယင်နှင့်သူမ၏

မိခင်သည် မင်းသားငယ်၏အနောက်သို့လိုက်ပါ

မည်ဟု ဆုံးဖြတ်ထားကြသူများဖြစ်၍ ယခုကဲ့

သို့လုပ်စရာအကြောင်းမရှိပေ။ ဒါဆို မိဖုရား

ခေါင်ဟု နန်းတွင်းထဲအာဏာပြင်းနေသည့် မယ်

တော် ချန်လား။

ကျိုးယန်သည် တွက်ဆထားသည့်အတိုင်းဖြစ်

လာသည်ကိုတွေ့လိုက်ရကာ အနည်းငယ်မှင်သ

က်သွားရလေသည်။ ဘာလဲဟ ဒါကအာဏာလု

တာလား။ ဧကရာဇ်တောင်မသေဆုံးသေးဘူး

လေ။ ဘယ်လိုတောင်လုပ်ရက်ကြတာလဲ။

ကျိုးလီတို့သည် အစောင့်များကိုအဖန်ဖန်ပြော

သော်လည်း နောက်ဆုံး၌လက်လျှော့၍ အဆော

င်ထဲသို့သာပြန်ဝင်လိုက်ရသည်။ တခုကံကောင်

သည်က ကျိုးယန်ရှိနေသည်ကို အစောင့်များသ

တိမထားမိပေ။ ၎င်းတို့အဆောင်ကိုဝန်းရံရန်

လာချိန်၌ပင် ကျိုးယန်ကပြတင်းပေါက်မှခွာလို

က်ခြင်းကြောင့်ဖြစ်သည်။

“ငါတို့ဘာဆက်လုပ်ကြမလဲ ဒီပုံစံအတိုင်းဆို

မယ်တော်တို့အန္တရာယ်ရှိနေလောက်ပြီ”

ကျိုးယွမ်ကတုန်လှုပ်နေသည့်အမူအရာဖြင့်ပြောလာသည်။ ပဥ္စမမင်းသမီးသည်လည်း မျက်

နှာပျက်ယွင်းနေကာ အခြေနေသည်သူမတို့ကိုင်

တွယ်နိုင်သည့်အခြေနေတွင်မရှိတော့ပေ။ကျိုး

ယန်က စိတ်ပျက်နေကြသည့် ကျိုးလီတို့ကိုကြ

ည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ အခြေနေအရ

ထိန်းသိမ်းခံထားရသော်လည်း အန္တရာယ်တော့

ရှိမည်မဟုတ်ပေ။ အကြောင်းမရှိပဲနဲ့လည်း မိဖု

ရားများကိုသတ်မိန့်ပေး၍မရနိုင်။ အထူးသဖြင့်

ဧကရာဇ်ရှိနေသေးသည်မဟုတ်လား။

“အင်း ခမည်းတော်က ကြိုမြင်ခဲ့ပုံရတယ် ဒါ

ကြောင့်လည်း ငါ့ကို ခေါ်ထုတ်စေခဲ့တာနေမှာ”

ကျိုးယန်သည် အချိန်တခုအကြာတွေးပြီးနော

က် ကျိုးလီ၏အဆောင်၌နေ၍ သတင်းကိုစော

င့်နေရန် ဆုံးဖြတ်လိုက်သည်။

မြို့တော်ထဲတွင်တော့ မိဖုရားများထိန်းသိမ်းခံ

လိုက်ရသည့် သတင်းများထွက်ပေါ်လာကာ

ဦးစီးသူအဖြစ် ကျိုးချန်၏မိခင်ဖြစ်သည့် မိဖု

ရားချန်ရှင်းနှင့် မိဖုရားလျှူတို့က လုပ်ဆောင်ခဲ့

ခြင်းဖြစ်သည်။ ထိုသတင်းကိုကြားချိန်တွင်

ကျိုးချန် ကျိုးစုန့်တို့ကပျော်ကြသော်လည်းကျို

ယင်ချင်းတယောက်ကတော့ ဒေါသအကြီးအ

ကျယ်ထွက်နေလေသည်။ မြို့တော်၏နေရာတို

င်းကိုလည်း စစ်သည်များဖြန့်ကြက်ကာ မိဖုရား

များနှင့်ဆက်စပ်သည့်သူများကိုဖမ်းဆီးရန်

လှုပ်ရှားလာကြသည်။

ကျင်းတလျန်က ကျိုးယင်ချင်းကိုကြည့်၍

“စိတ်ကိုလျှော့ထား ယင်ချင်းခုအခြေနေကိုငါ

တို့ကိုင်တွယ်လို့မရသေးဘူး မင်းမယ်တော်မှာ

အသက်အန္တရာယ်တော့မရှိလောက်သေးပါဘူး

အရင်ဆုံးငါတို့ဒီကထွက်ခွာရလိမ့်မယ်”

ထိုစကားကို ကျင်းရှောင်ကလည်း

“ဟုတ်တယ် အခုမင်းသားနှစ်ပါးနောက်ခံအင်

အားနဲ့ ဖမ်းဆီးတာတွေစလုပ်နေပြီ ခုချိန်မှာလဲ

သူတို့ကိုတုန့်ပြန်ဖို့လုံလောက်တဲ့အင်အားပါမ

လာဘူးမဟုတ်လား အင်း ပထမမင်းသားက

ဘာလို့ အင်အားအများကြီးခေါ်လာရသလဲမှတ်

တာ အခြေနေတွေက သူတို့ထိန်းချုပ်မှုအောက်

မှာရှိနေခဲ့တာပဲကိုး”

ကျိးယင်ချင်းသည် သူမ၏မိခင်အတွက်စိတ်ပူ

ကာဒေါသတကြီးဖြစ်နေသော်လည်း အသိတော့

မလွတ်သင့်ပေ။

“ကောင်းပါပြီ အခုကျမတို့မြို့တော်အပြင်ကို

ဖောက်ထွက်ကြတာပေါ့ ထီးနန်းအပ်နှံပွဲမတိုင်မီ

တော့ မယ်တော့်ကိုအန္တရာယ်ပေးမယ်မထင်ဘူး”

ကျိုးယင်ချင်းတို့သည် တည်းခိုရာနေရာမှ ထွက်

ခွာရန်ပြင်ဆင်ပြီး စစ်သည်များမမြင်စေရန်ဂရု

တစိုက်ဖြင့် မြို့တော်အပြင်သို့ထွက်ခွာသွားလေ

သည်။ တခုကံကောင်းသည်က လှုပ်ရှားမှုများစ

တင်ခါစ ဖြစ်၍ စစ်သည်များနေရာအနှံ့တွင်မရှိ

ကြသေးပေ။ ကျိုးလီနှင့်ကျိုးစုန့်တို့သည်လည်း

၎င်းတို့၏မယ်တော်များရဲ့လုပ်ရက်များကို ကြို

မသိခဲ့ကြပေ။ သို့သော်လည်း အခြေနေကိုမူ

ဝမ်းသာအားရပင်လက်ခံလိုက်ကြကာ မူလက

ဧကရာဇ်အစီစဥ်ကိုသွေဖယ်ပြီး ထီးနန်းအတွက်

လွယ်ကူသွားပြီမဟုတ်လော။ ထိုသတင်းကိုရ

သည်နှင့် နှစ်ဦးသားနောက်လိုက်များကိုခေါ်၍

နန်းတွင်းသို့ဝင်ရောက်သွားကြတော့သည်။

ကိုင်ရီရီတို့သည် ထိုသတင်းကိုကြားလျှင်မျက်

စိမျက်နှာပျက်သွားကြကာ ကျိုးယန်တယောက်

နန်းတွင်းထဲမှ ပြန်မထွက်လာနိုင်သေးသည်ကို

သတိထားကြပေသည်။ သူမတို့အတွက်ပါ

အန္တရာယ်ရှိလာနိုင်သော်လည်း ကျိုးယန်ကို

ထားခဲ့ရန်မဖြစ်နိုင်ပေ။

“ကျမတို့ဘာဆက်လုပ်ကြမလဲအဖိုးဝူ”

“အရင်ဆုံး မြို့တော်ကထွက်မှရမယ် ကျုပ်အ

ထင် ဝိဉာဥ်မျိုးနွယ်ကလူတွေလည်း ထွက်သွား

လောက်ပြီ သခင်လေးအတွက်ကတော့မပူပါနဲ့

သူ့မှာအစီစဥ်ရှိမှာပါ”

အဖိုးဝူသည် အနည်းငယ်စိတ်ပူသလိုခံစားနေရ

သော်လည်း သူတတ်နိုင်သည့်အရာမရှိပေ။နန်း

တွင်းထဲဝင်ရောက်ပါက သေချာပေါက်တဖွဲ့လုံး

အဖမ်းခံရမည်ဖြစ်သည်။

“ကျမတို့ မြို့အပြင်ကိုပြန်ထွက်မယ် ဒါပေမဲ့

အနောက်ဘက်ဒေသကိုမပြန်သေးဘူး သူတို့

တွေကျမတို့ကို ဖမ်းဆီးဖို့ကြိုးစားလာရင်းတော

င်သူတို့လောက်ကတော့ ရင်ဆိုင်နိုင်ပါတယ်”

ကိုင်ရီရီ၏စကားကိုအကုန်လုံးကလက်ခံပြီး

မြို့တော်အပြင်ကိုဖောက်ထွက်ရန်ပြင်ဆင်ကြ

တော့သည်။ ထိုအချိန်တွင် ကြီးမားသည့်

နန်းဆောင်ကြီးတခုထဲမှာတော့

“မြို့တော်ထဲမှာရှိနေတဲ့ တတိယမင်းသမီးနဲ့

အငယ်ဆုံးမင်းသားတို့ရဲ့လူတွေကို အမြန်ရှာကြ

တွေ့တာနဲ့ သတ်ပစ်လို့ရတယ် တယောက်မှမြို့

တော်ထဲက ထွက်မသွားစေနဲ့”

ပြင်းထန်သည့်အာဏာသံပါဝင်သည့်စကားသံ

တခုထွက်ပေါ်လာကာ မိဖုရားချန်ရှင်းမှသူမ၏

လူများကို အမိန့်ပေးနေခြင်းဖြစ်သည်။ မိဖုရား

ရွယ်သည် မိဖုရားချန်ရှင်း၏ဘေးတွင်ထိုင်ကာ

သူမတို့၏သားတော်များဝင်ရောက်လာကြမည်

ကို စောင့်နေကြလေသည်။

“အစ်မ ကျမတို့ မိဖုရားတွေကိုဘာဆက်လုပ်ကြ

မလဲ နောက်ပြီး မင်းသားနှစ်ပါးနဲ့မင်းသမီးတပါ

ကောပဲ”

မိဖုရားရွယ်ကမေးလိုက်သည်။

“ သူတို့ကိုအဆောင်ထဲမှာ ထိန်းသိမ်းထားတဲ့

မိဖုရားတွေကိုတော့ ငါ့သားတော်ထီးနန်းရပြီးမှ

ဖြေရှင်းကြတာပေါ့ နင့်သားတော်အတွက်လည်း

သေချာပေါက်မနစ်နာစေရပါဘူး”

မိဖုရားရွယ်ကပြုံး၍ပြောလိုက်သည်။

“အစ်မကိုယုံလို့လည်း ပူးပေါင်းတာပေါ့ ဘာပဲ

ဖြစ်ဖြစ် အခြေနေတွေကို ကျမတို့အပြည့်အဝ

ထိန်းချုပ်ထားပြီးသားပါ လက်ရှိဝန်ကြီးအချို့

လည်း ပူးပေါင်းလာတယ် ကန့်ကွက်နေတဲ့ဝန်

ကြီးတွေနဲ့အမတ်အချို့ကိုတော့ ထီးနန်းအပ်ပွဲ

ပြီးမှ ဖြေရှင်းလို့ရနိုင်ပါတယ်”

မိဖုရားချန်ရှင်းက အသာအယာပြုံး၍ကျေနပ်

နေလေသည်။ သူမ၏သားသာထီးနန်းရပါက

စုန့်ပြည်ထောင်စု၏အကူညီဖြင့် သူမ၏အာ

ဏာသည်ပို၍ ကြီးမားလာကာ နောင်တွင်ပြည်

ထောင်စုတခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်

ပေမည်။ ဝိဉာဥ်မျိုးနွယ်စုလား ကျိုးယင်ချင်း

၏မိခင်ကိုထိန်းသိမ်းထားနိုင်သည်ဖြစ်၍ သူမ

က ခြင်းထဲမှ ကြက်သာဖြစ်သည်။ကျိုးယန်ကို

မူ သူမကခေါင်းထဲပင်မထည့်ချေ။

All Chapters