← Chapters

ကျိုးချန်ကို ဘုရင်နေရာအပ်ခြင်း

Vol. 8 Ch. 116

ကျိုးချန်ကို ဘုရင်နေရာအပ်ခြင်း

Vol. 8 Ch. 116

မိဖုရားချန်ရှင်းနှင့် မိဖုရားရွယ်တို့သည်သူမတို့

၏သားတော်နှစ်ပါးနှင့်အတူ ဝန်ကြီးအချို့ကိုစု

ဝေး၍ လာမည့်ရက်အနည်းငယ်အတွင်းထီးနန်း

အပ်မည့်ကိစ္စများအားတိုင်ပင်ကြသည်။ဧကရာ

ဇ်သည် မသေဆုံးသေးချေ။ထို့ကြောင့်အချို့ဝန်

ကြီးများနှင့်အမတ်များက ငြိုငြင်လိုသော်လဲ

မိဖုရားချန်ရှင်းက အင်အားကြီးနေပေသည်။သူ

တို့မလွန်ဆန်ရဲကြတော့။ ထို့အပြင် ကျိုးချန်က

ကျိုးယန်တယောက် မြို့တော်မှမထွက်ခွာရသေ

သည့်အကြောင်းအား ပြောပြလိုက်ကာ ကျိုးလီ

တိူ့ကိုလည်း ထိန်းချုပ်ထားရန်စီစဥ်တော့သည်။

ကျိုးယန်သည် ကျိုးလီ၏အဆောင်မှနေ၍မည်

ကဲ့သို့ဖောက်ထွက်ရမည်ကို တွေးနေလေသည်။

တဖက်ရှိသူများက ကျိုးလီတို့ကိုထိန်းသိမ်းရန်

လာရောက်ခေါ်ဆောင်ပါက သူ့ကိုတွေ့မြင်သွား

နိုင်သည်မဟုတ်လား။

“ငါတို့ဘာဆက်လုပ်ကြမလဲ အပြင်မှာအစောင့်

တွေအပြည့်ပဲ”

ကျိုးယွမ်ကစိတ်လှုပ်ရှားစွာပြောလာသည်။သူ

သည်ကျင့်ကြံသူဖြစ်သော်လည်း တိုက်ပွဲအတွေ့

အကြုံမရှိထားပေ။ ကျိုးလီနှင့် ပဥ္စမမင်းသမီး

သည်လည်း ထိုအတူပင်။သူမတို့သည် ပိုးများ

ကဲ့သို့ မွေးမြူခံထားရသည်မဟုတ်လား။

ကျိုးယန်ကလက်ကာပြလိုက်ပြီးစိတ်အေးအေး

ထားရန်ပြောလိုက်သည်။

“ငါတခုခုစီစဥ်ပါ့မယ် မမှောင်ခင် ဒီကထွက်မှ

ဖြစ်မယ် အခုကျိုးချန်တို့က သူတိူ့မယ်တော်

တွေအကူညီနဲ့နန်းတော်ထဲရောက်နေလောက်ပြီ

ငါတို့အပြင်ကိုရောက်ပြီးမှ မယ်တော်ဖန်းတို့ကို

ကယ်ဖို့ စီစဥ်တာပေါ့”

ကျိုးယန်၏စကားကို အကုန်လုံးကခေါင်းညိတ်

ကာသဘောတူလိုက်သည်။ နန်းတွင်းအစောင့်

များအား ကျိုးယန်အလွယ်တကူရှင်းနိုင်ပေသ

ည်။ သို့သော်တိုက်ခိုက်မှုက ပတ်ဝန်းကျင်ကိုသ

တိပြုမိသွားစေကာ ပိတ်မိသွားရန်လွယ်ကူနေ

သည်။

ခနအကြာတွင် ကျိုးယန်ကအစီစဥ်တခုကိုပြော

ပြလိုက်သည်။ ကျိုးလီက ခေါင်းညိတ်၍ချက်

ချင်းပင် အကောင်အထည်ဖော်တော့သည်။သူ

တိူ့အနေဖြင့် အချိန်ဆွဲ၍မရတော့ပေ။

“ဟေ့ အပြင်မှာဘယ်သူရှိလဲ လာခဲ့ဦး ငါတို့အ

တွက်စားစရာအချို့ယူလာခဲ့ပေးကြ”

ကျိုးလီကအဆောင်ထဲမှနေ၍ ကျယ်လောင်စွာ

အော်၍ အမိန့်ပေးလိုက်သည်။ အစောင့်များသ

ည်ကျိုးလီ၏စကားကိုကြားလျင် အချင်းချင်း

ကြည့်လိုက်ကာ မည်သို့လုပ်ရမည်ကိုတိုင်ပင်နေ

ကြဟန်တူသည်။

“ငါတို့ဘာလုပ်ရမလဲ မိဖုရားချန်က စောင့်ကြည့်

ဖို့ပဲ မှာထားတာ သူတို့အတွက်အစားအစာယူ

ပေးရန် ပြဿနာဖြစ်နိုင်လား”

“မယူပေးလို့လည်းမရဘူး သူတို့ကထိန်းသိမ်းခံ

ထားရတယ်ဆိုပေမယ့် မင်းသားတွေဖြစ်နေတုန်

ပဲလေ”

“ဒါဆို မင်းနဲ့အဖွဲ့ကလူတချို့ခေါ်ပြီး သူတောင်း

ဆိုတာကိုမြန်မြန်လုပ်ပေးလိုက် ငါနဲ့ကျန်တဲ့သူ

တွေကဆက်ပြီးစောင့်နေမယ်”

“ဟုတ်ပြီ”

ခနအကြာတွင် စစ်သည်တဦးက အစားအသော

က်အချို့ကို ယူဆောင်ကာလာပို့လေသည်။အ

ဆောင်တံခါးမှာပိတ်ထားသည်ဖြစ်၍ ထိုစစ်သ

ည်လည်း အသာတွန်းဖွင့်၍ နောက်တွင်ပါလာ

သည့်စစ်သည်အချို့နှင့်အတူ ဝင်ရောက်လာကြ

တော့သည်။ ကျိုးယန်က အဆောင်၏ထောင့်

တနေရာတွင်ပုန်းခိုနေပြီး စစ်သည်များရဲရဲတင်း

တင်းဝင်လာရခြင်းမှာ ကျိုးလီတို့၏စိတ်ကိုသိ

နေသောကြောင့်ဖြစ်သည်။ သူတို့ကိုအန္တရာယ်

အမှန်တကယ်ပေးမည့် သူကိုတော့သတိမထား

မိကြပေ။

“ဒီ မှာပါမင်းသား ၃ဦးစာအတွက်လုံလုံလောက်

လောက် ယူလာပါတယ်နောက်ထပ်တော့ထပ်

တောင်းဆိုလို့မရတော့ပါဘူး သိပ်မကြာခင်မှာ

မင်းသားတို့က အဆောင်ပြောင်းရပါလိမ့်မယ်”

ထိုစစ်သည်က ပြောဆိုပြီးနောက် ကျိုးလီ၏

အရှေ့စားပွဲပေါ်တွင် စားစရာများကိုတင်လိုက်

သည်။ အခြားစစ်သည်များကလည်း မင်းသား

မင်းသမီးများနှင့်ရင်ဆိုင်နေရသောကြောင့် အ

နည်းငယ်စိုးရွံနေပုံရှိကာ အခန်းပတ်ပတ်လည်

ကိုလည်း သတိမထားကြပေ။ ထိုအရာကပင်

ကျိုးယန်အတွက် အခွင့်အရေးဖြစ်လာသည်။

ကျိုးယန်ကလျပ်တပြတ်လှုပ်ရှားလိုက်သည်။ပ

ကတိရှင်သန်ခြင်းအဆင့်၏ လှုပ်ရှားမှုများကို

သာမန်စစ်သည်များက မည်ကဲ့သို့သတိပြုမိ

မည်နည်း။ လေတိုးသံအနည်းငယ်သာ ထွက်

ပေါ်လာပြီး စစ်သည် ၅ဦးစလုံး သတိမေ့သွား

တော့သည်။ ကျိုးယန်ကသူတို့ကိုမသတ်လိုက်

ပေ။ သတိလစ်သွားရန်သာ ရိုက်လိုက်ခြင်းဖြစ်

သည်။

“ကဲ မြန်မြန်အဝတ်အစားလဲတော့ ငါတို့ထွက်

ကြမယ်”

ကျိုးယန်ကတိုက်တွန်းလိုက်သည်နှင့် ကျိုးလီ

တို့လည်း အဝတ်အစားများချွတ်ယူကာ အလျင်

အမြန်လဲကြတော့သည်။ ပြီးနောက် ကျိုးယွမ်

က စစ်သည်များယူလာသည့် အစားအစာအချို့

ကို သယ်ယူရန်ပင်ကြိုးစားနေသေးသည်။

“အဲ့ဒါတွေထားလိုက်ပါဟ အရေးထဲငတ်နေသေ

တယ်”

ပဥ္စမမင်းသမီးက ငေါက်လိုက်မှကျိုးယွမ်လည်း

အရှိန်တန့်သွား စပ်ဖြီးဖြီးဖြင့် ဟန်ချက်မပျက်

အောင်ထိန်း၍ စစ်သည်ဝတ်စုံများနှင့်အတူအ

ပြင်သို့ထွက်လိုက်သည်။ ရုပ်ပြောင်းရန်အတွက်

ကမူ ကျိုးယန်အတွက်မခဲယဥ်းချေ။

“ဟန်မပျက်စေနဲ့ ပုံမှန်အတိုင်းနေ ငါဟိုကောင့်

ကို စကားသွားပြောပြီးရောထားမယ် မင်းတို့က

အခြေနေကြည့်ပြီးထွက်ဖို့လုပ်တော့”

ကျိုးယန်က တီးတိုးမှာလိုက်သည်။ ကျိုးလီတို့

သည်လည်း ခေါင်းညိတ်ပြကာ ကျိုးယန်၏အစီ

အစဥ်ကို လက်ခံလိုက်ကြသည်။

“အဆင်ပြေလား အထဲမှာမင်းသမီးလေးရှိလား”

အပြင်တွင်ရှိနေသည့် စစ်သည်၏အမေးကိုကျို

ယန်က ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်သည်။

“မင်းအသံကဘာဖြစ်နေတာလဲ ခုနကအကောင်

ကြီးပါ”

“ငါ အသံဝင်သွားတာနေမှာပါ သက်သာသွားလိ

မ့်မယ် မပူနဲ့”

“အေးအေး ဒါနဲ့မင်းသမီးလေးက ချောတယ်မ

လား နတ်ဘုရားမလေးလိုပဲကွာ ငါတခါထဲမြင်

ဖူးတာတောင် ရက်အချို့ကြာတဲ့အထိမျက်လုံး

ထဲကကိုမထွက်တော့ဘူး ဟီးဟီး”

ထိုစစ်သည်ခေါင်းဆောင်က ရယ်ကျဲကျဲနှင့်

​ပြောနေသည်။ ပဥ္စမမင်းသမီးကတော့ ဒေါသ

ထွက်နေကာ လက်သီးကိုကျစ်နေအောင်ဆုပ်

ထားပြီး စိတ်ထိန်းနေရသည်။

“စိတ်လျှော့အစ်မတော် ငါတို့ပေါ်သွားလို့မရဘူး

ခုချိန်ကအရေးကြီးတယ်”

ကျိုးယွမ်က ကပ်၍သတိပေးနေသည်။ သူမ၏

စိတ်မှာ နူးညံ့သော်လည်း သာမန်စစ်သည်လေး

က မတန်မရာနှာဘူးကျနေသည်ကိုတော့ သည်း

မခံနိုင်ပေ။

“ဒါပေါ့ကွ ငါလည်းမင်းလိုပဲခံစားနေရတယ် ဒါနဲ့

အခြေနေတွေကတည်ငြိမ်တယ်မလား ငါဟိုဘ

က်ခနသွားဦးမယ်”

ကျိုးယန်အလိုက်သင့်ပြန်ပြောပြီး ​တခြားနေရာ

တခုသို့ယာယီသွားရန် စကားစလိုက်သည်။ထိုမှ

သာ နန်းတွင်းအပြင်သို့ထွက်ခွာနိုင်မည်မဟုတ်

လား။

“ဘာကိစ္စလဲကွ ဘာလဲမင်းသမီးလေးကိုမြင်ပြီး

စိတ်မထိန်းနိုင်တော့ဘူးလား ဟားးဟား”

ဒီကောင်….။ကျိုးယန်တယောက်စိတ်ရှုပ်သွား

ရသည်။အတော်ပင် ပါးစပ်စည်းကမ်းမရှိသည့်

စစ်သည်ခေါင်းဆောင်ဖြစ်နေသည်။ မည်ကဲ့သို့

ဒီရာထူးရထားလေသနည်း။

“မဟုတ်ပါဘူးဟ ငါ့လူတွေနဲ့ ဒီနားတဝိုက်ကင်း

ပတ်မလို့ပါ မင်းလည်းသိတယ်မဟုတ်လား

မင်းသား၈ က ဘယ်နေရာမှာမှန်းသူတို့မသိကြ

သေးဘူးလေ ငါတို့စေ့စေ့စပ်စပ်ရှိတာကောင်း

တာပေါ့”

ကျိုးယန်၏စကားကို ထိုသူကခေါင်းညိတ်၍

“ဟုတ်တယ် တတိယမင်းသမီးတို့လည်းမြို့ပြင်

ရောက်သွားကြပြီလို့ကြားတယ် အငယ်ဆုံးမင်း

သားလေးပဲ ပျောက်နေတာ နန်းတွင်းမှာရှိနေနိုင်

တယ် မင်းလိုက်ကြည့်ကွာ တွေ့ရင်ငါတို့မိဖုရား

ချန်ဆီအပ်တာနဲ့ ဆုလာဒ်တွေရမှာကွ”

တဖက်တွင် ကျိုးလီတို့က ကျိုးယန်ကိုရှာဖွေ

ရန်စိတ်ကူးကို နန်းတွင်းထဲမှအစပြုနေလေပြီ

ဖြစ်သည်။ မကြာမီ၌ ထိုအ​ဆောင်နားရောက်

လာကာ ကျိုးလီတို့ကိုနေရာပြောင်းမည်ဖြစ်သ

ည်။ ထိုအရာကိုတွက်ဆမိသည့် ကျိုးယန်က

အလျင်လိုနေလေသည်။

“အေး အဲ့ဒါဆို ငါ့လူတချို့နဲ့ကင်းပတ်ဦးမယ်

တာဝန်ကျေပါစေ”

ကျိုးယန်က ရယ်ကျဲကျဲဖြင့်နှုတ်ဆက်ကာထို

နေရာမှ အလျင်အမြန်ထွက်သွား​တေ့သည်။

လမ်းတွင် အစီစဥ်များအဆက်မပြတ်ချနေရ

သည်။

“ငါတို့နန်းတွင်းအနောက်ဘက်က ရေကန်ကြီးရှိ

ရာသွားမှဖြစ်မယ် ငါတို့အသွင်ပြောင်းထားတဲ့

စစ်သည်တွေရဲ့အဆင့်တန်းက ဝင်ပေါက်ထိတာ

ဝန်မရှိနိုင်ဘူး”

ကျိုးလီက သတိပေးလာသည်။ နန်းတွင်း၏

အရှေ့ဝင်ပေါက်မှ ထွက်ခွာရန်မဖြစ်နိုင်ပေ။

“ကောင်းပြီ အနောက်ဘက်ကရေကန်ကြီးဆီ

သွားကြတာပေါ့ လမ်းမှာဘယ်သူနဲ့တွေ့တွေ့

မှင်မပြတ်နေကြ”

ထိုအချိန်တွင် ကျိုးလီ ကျိုးစုန့်တို့နှစ်ဦးကစစ်

သည်အချို့နှင့်အတူ ကျိုးလီ၏အဆောင်နားကို

ရောက်ရှိလာသည်။ ကျိုးချန်တို့ကိုတွေ့လျင်

စစ်သည်များက အလျင်အမြန်ပင်ဦးညွတ်၍

နှုတ်ဆက်လိုက်ကြသည်။

“မင်းသားတွေအထဲမှာရှိနေလား”

ကျိုးချန်၏သက်တော်စောင့်ကမေးလိုက်သည်။

ထိုသူသည် စုန့်ပြည်ထောင်စုမှလူဖြစ်ကာ ကျိုး

ချန်ကိုအနီးကပ်ကာကွယ်ပေးသူဖြစ်သည်။

“အထဲမှာရှိပါတယ် ခုနကပဲစားစရာတောင်းလို့

ကျတော်တို့ပို့ပေးလိုက်ပါသေးတယ်”

စစ်သည်ခေါင်းဆောင်၏စကားကိုကြားလျှင်

ကျိုးချန်က စိတ်ထင့်သွားသည်။ ချက်ချင်းပင်

အဆောင်တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်ကြသည်

ဒါတွေက ဘယ်လိုဖြစ်တာလဲ မင်းသားနဲ့မင်းသ

မီးတွေကော ဘယ်ရောက်သွားလဲ။

ကျိုးချန်တို့အဖွဲ့သည် ကြမ်းပြင်ပေါ်၌ ကိုယ်တီး

လုံးကျွတ်များဖြင့် မေ့လဲနေကျသည့် စစ်သည်

များကိုသာတွေ့လိုက်ကြပြီး ကျိုးလီတို့ကမရှိ

တော့ပေ။

“ဒါဆို ခု ခုနက မင်းသားတို့အဖွဲ့ပေါ့”

စစ်သည်ခေါင်းဆောင်လည်း ထိတ်လန့်နေကာ

ထိုမင်းသားများလွတ်မြောက်သွားသည့်အတွက် သူ၏အသက်က မရေရာတော့ပေ။

“ သေချာပေါက် ညီတော်ကျိုးယန်လက်ချက်ပဲ

သူတို့နန်းတွင်းထဲမှာပဲ ရှိလိမ့်ဦးမယ် သေချာရှာ

ကြစမ်း မတွေ့လို့ကတော့ မင်းတို့ခေါင်းတွေပြ

တ်ပြီသာမှတ်ကြ”

စစ်သည်များသည် တုန်တုန်ယင်ယင်ဖြင့်ခေါင်း

ညိတ်ပြကာ ထွက်ခွာသွားကြတော့သည်။

“သွားမယ် ငါတို့လည်း တခြားနေရာတွေကိုရှာ

မှဖြစ်မယ်”

ကျိုးချန်တို့လည်း ထိုနေရာမှ အမြန်ပင်ထွက်

ခွာသွားကြတော့သည်။ ထိုအချိန်ကျိုးယန်တို့အ

ဖွဲ့ကတော့ လမ်း၌တွေ့သမျှစစ်သည်များကိုဟန်

မပျက်နှုတ်ဆက်ကာ ရေကန်ကြီးရှိရာသို့ သွား

နေလေသည်။

………………………………

All Chapters