ဝန်းရံခံရခြင်း
Vol. 8 Ch. 117
ကျိုးယန်တို့သည် နန်းတော်အနောက်ဘက်ရှိရေ
ကန်ကြီးရှိရာသို့ ကွေ့ပတ်သွားနေကြသည်။တ
ဖက်တွင် သူတို့ကိုလိုက်ရှာနေမည်မှာ သေချာသ
လောက်ရှိပေသည်။ ကျိုးယန်သည်ပတ်ဝန်းကျ
င်ကို စိတ်စွမ်းအင်ဖြင့် အဆတ်မပြတ်ထောက်
လှမ်း၍ ဆက်သွားနေသည်။
“ငါတို့က အပြစ်သားတွေကျနေတာပဲ”
ကျိုးယွမ်သည် ညည်းညူနေလေသည်။မင်း
သားဘဝမှာ ပြေးနေရပြီမဟုတ်လား။ ကျိုးလီသည်လည်း မျက်စိမျက်နှာပျက်လျက်
ရှိနေသည်။ ထိုစဥ် ကျိုးယန်သည်သူတို့အနော
က်ကိုလိုက်ပါလာသည့် လူတစုအားသတိထား
လိုက်မိသည်။ ထိုလူစုမှာ ကျိုးချန်တို့အဖွဲ့ဖြစ်
ပြီး ကျိုးချန်၏သက်တော်စောင့်သည် ပညာရှင်
တဦးဖြစ်ကာ ထိုသူ၏စိတ်စွမ်းအင်မှာ ကျိုးယန်
လောက်အစွမ်းမထက်သော်လည်း သိသားတဲ့
ကွာဟချက်တော့မရှိပေ။
“မင်းသား ကျုပ်သူတို့ကိုတွေ့ပြီ အရှေ့မှာပဲ”
သက်တော်စောင့်ကပြောလိုက်သည်။ သူတို့က
မည်ကဲ့သို့ ဤနေရာကိုသတိပြုမိသွားလေသန
ည်း။ ကျိုးယန်သည် အလျင်အမြန်သွားရန်တို
က်တွန်းလိုက်သည်။ ခနအကြာတွင် ထိုလူစုက
ကျိုးယန်တို့ကို ပို၍နီးကပ်လာသည်။ ရေကန်ရှိ
ရာရောက်သွားချိန်တွင် အကွာအဝေးကမီတာ
ရာဂဏန်းအချို့သာရှိတော့သည်။
နန်စတော်အနောက်ဘက်ရှိ ရေကန်နေရာကိုတံ
တိုင်းမခတ်ထားပဲ သေးငယ်သည့်တောအုပ်င
ယ်လေးတခုက ကာထားသည်။ ထိုတောအုပ်ကို
ကျော်လွန်ပါမှ အပြင်သို့ရောက်မည်ဖြစ်သည်။
ကျိုးယန်သည် အနောက်တွင်ပါလာသည့်လူစု
ကိုသတိပြုမိသည်နှင့် ကျိုးလီတို့ကိုအမြန်သွား
စေသည်။
“တောအုပ်ထဲအမြန်ဝင်ကြ အနောက်ကလူတွေ
မီလာပြီ”
ချက်ချင်းပင်တောအုပ်ထဲသို့ပြေးဝင်ကြသည်။
ထိုစဥ် ကျိုးချန်၏အသံကထွက်ပေါ်လာသည်။
“ညီတော်နဲ့ညီမတော်တို့ ငါကမင်းတို့ကိုအန္တရယ်
မပေးပါဘူး ကိစ္စလေးရှိလို့ အေးအေးဆေးဆေး
လိုက်ခဲ့ပေးပါ”
ကျိုးလီသည် နှာခေါင်းရှုံ့လိုက်သည်။အန္တရာယ်
မပေးဘူးတဲ့လား။ဖမ်းမိသွားလျှင် ထိန်းသိမ်းခံ
ရနိုင်ကာ အခန့်မသင့်လျင် အပြစ်သားအဖြစ်ပ
င်ကြေငြာခံရနိုင်သည်။
“မင်းက ညီအစ်ကိုအချင်းချင်းတောင် မျက်နှာ
မထောက်တော့ဘူးပဲ ကျိုးချန် အာဏာကမင်းရဲ
မျက်စိကို ကွယ်စေပုံပဲ”
ကျိုးယွမ်သည် ဒေါသတကြီးဖြင့်အော်ပြောလို
က်သည်။
“ဟမ့် ရှင်ရွှေထီး သေမြေကြီးပဲ ညီတော်ငါ့ကို
အပြစ်မတင်လေနဲ့”
ကျိုးချန်၏ထေ့ငေါ့သံကိုပြန်ကြားလိုက်သည်။
ခနအကြာတွင် တောအုပ်ထဲရောက်ရှိသွားကာ
ကျိုးယန်က ကိုင်ရီရီတို့ကိုသတင်းပို့လိုက်သည်
မူလက သတင်းပို့လိုသော်လည်းအကွာအဝေး
တခုကြောင့်ပို့မရပေ။
“ငါတို့ဖောက်ထွက်မှရမယ်နဲ့တူတယ်”
ကျိုးယန်ကပြောလိုက်သည်။ထိုစကားကိုကြား
လျှင် ပဥ္စမမင်းသမီးက
“သူတို့မှာပကတိရှင်သန်ခြင်းအလယ်အဆင့်ပညာရှင်တဦးပါနေတယ် အဆင်ပြေပါ့မလား”
သူမသည် ထိုအခြေနေကိုစိုးရိမ်နေကာ ကျိုးယ
န်တယောက်မကိုင်တွယ်နိုင်မည်ကိုစိတ်ထင့်နေ
သည်။ သတင်းများအရမီးတောက်အင်ပါယာ
ဂိုဏ်းချုပ်ကိုပင် အနိုင်ယူခဲ့သည့်ကျိုးယန်မှာ
ခွန်အားကြီးသော်လည်း တဖက်သူသည် ထိုဂို
ဏ်းချုပ်ထက်ပို၍ အားကောင်းပုံပေါ်ပါသည်။
“အဆင်ပြေတယ် ကျတော်သူတို့ကိုထိန်းထားမ
ယ် တောအုပ်ကိုကျော်ပြီးရင် တဖက်မှာအသင့်
စောင့်နေတဲ့လူတွေရှိတယ် ဂရုစိုက်ပါ”
ကျိုးယန်က လိုရင်းကိုပဲပြောဆိုကာ ကျိုးလီတို့
ကိုချက်ချင်းထွက်ခွာစေသည်။ ထိုအချိန်တွင်
ကျိုးချန်တို့က မီလာချေပြီ။
“ငါထင်တဲ့အတိုင်းပဲ အငယ်ဆုံးညီတော်လေးရှိ
နေတာကိုး အဟက် ပကတိရှင်သန်ခြင်းအဆင့်
ကိုရောက်နေတဲ့ပါရမီရှင်လေး မင်းကတော့ဒီ
မှာပဲ လမ်းဆုံးတော့မယ်”
ကျိုးစုန့်ကလှောင်ပြောင်လာသည်။ ကျိုးယန်ကို
သာထိန်းသိမ်းထားနိုင်ပါက ကျိုးယင်ချင်းကို
ရင်ဆိုင်ရသည်က လွယ်ကူပေမည်။မဟုတ်လျ
င် အနည်းငယ်ခက်ခဲနိုင်သည်။ကျိုးယန်ကပြုံး
၍
“မင်းတို့က တကယ်ကြီးဖမ်းချင်နေတာလား”
ကျိုးယန်၏စကားကို ကျိုးချန်မှ
“အခြေနေတွေရှုပ်ထွေးနေတာကို ညီတော်လဲသိ
ပြီးသားဖြစ်မှာပါ ညီတော်က ကိစ္စမရှိပေမယ့်
တခြားမယ်တော်တွေကိုကော ဘယ်လိုလုပ်မလဲ
“မင်း. လူယုတ်မာပဲ”
ကျိုးယွမ်သည် ထိုစကားကိုကြားလျင် ဒေါသ
ထွက်သွားရကာ ကျိုးချန်ကိုလက်ညှိုးငေါက်
ငေါက်ထိုး၍ ကျိန်ဆဲတော့သည်။
“သူ တို့ကိုဖမ်းလိုက်”
ကျိုးချန်ကအမိန့်ပေးလိုက်သည်နှင့် တခြားသူ
များက ကျိုးယန်တို့ရှိရာတိုးဝင်လာသည်။တ
ဖက်တွင် သက်တော်စောင့်သည် ထိုအနေထား
ကိုအကဲခတ်နေကာ ကျိုးယန်၏သတင်းကိုသိ
ထားသောကြောင့် အရဲစွန့်ကာမဝင်ရဲပေ။သူသ
ည် ပကတိရှင်သန်ခြင်းအဆင့်၆ ဖြစ်သော်လဲ
ကျိုးယန်ကို ယတိပြတ်ကိုင်တွယ်နိုင်မည်ဟုမ
ထင်ထားပေ။
“လာခဲ့စမ်း ငါတို့ကိုလွတ်လမ်းမပေးမှတော့
ငါတို့နဲ့အတူခေါ်သွားမယ်”
ကျိုးလီက ချက်ချင်းပင် ထိုလူများထံလက်သီး
ချက်များပို့လွတ်၍ တိုက်ခိုက်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း ဖြောင်း အင့်
သာမန်စစ်သည်များဖြစ်သည့်အတွက် ကျိုးလီ
၏လက်သီးချက်များကို မခုခံနိုင်ပေ။ ထိုစဥ်
ကျိုးစုန့်သည် တိုက်ပွဲထဲခုန်ဝင်လာကာ ကျိုး
ယွမ်ထံ လက်သီးဖြင့်ထိုးလိုက်သည်။
ဝုုန်း အား
အဆင့်ကွာဟမှုကြောင့် ထိုလက်သီးချက်ကို
ကျိုးယွမ်မကာလိုက်နိုင်ပေ။ချပ်ချင်းပင်လွင့်
စင်သွားရသည်။ ကျိုးယန်သည် အဓိကပြဿ
နာဖြစ်စေမည့် သက်တော်စောင့်ဟူသည့်လူကို
သတိမပြတ်ထားရင်း ပဥ္စမမင်းသမီးကိုလည်း
နောက်ကျောဘက်ပို့ကာ ကာကွယ်ထားသည်။
“မင်းရဲ့ဂုဏ်သတင်းတွေငါကြားမိပါတယ် တ
ကယ်ပဲအရည်အချင်းရှိလားဆိုတာကတော့”
သက်တော်စောင့်သည် ပြောနေရင်းပင်ကျိုးယန်
ဆီခုန်ဝင်လာသည်။တဆက်တည်းလက်ဝါးရိုက်
ချက်တခုထုတ်ဖော်ကာ ရိုက်ချလိုက်သည်။
ကျိုးယွမ်သည် တောအုပ်အတွင်းသို့လွင့်စင်ပြီး
ချက်ချင်းပင် ထကာ ထွက်ပြေးတော့သည်။ထို
သည်မှာလည်း ကျိုးယန်ကမှာထားခြင်းဖြစ်ရာ
အခွင့်အရေးရသည်နှင့် ပြေးရန်ဖြစ်သည်။
ထိုအပြုအမူကို မထင်မှတ်ထားသည့် ကျိုးစုန့်
သည် ကြောင်အနေစဥ်မှာပင် ကျိုးယွမ်တယော
က်ထွက်ပြေးသွားသည်ကို ရပ်ကြည့်မိသားဖြစ်
သွားသည်။ ခနအကြာမှသတိဝင်ကာ
“လိုက်ကြစမ်း သူ့ကိုမလွတ်စေနဲ့”
သူ့နောက်ရှိသိုင်းပညာရှင်များကို လွှတ်ကာကျိုး
ယွမ်အနောက်သို့လိုက်စေသည်။ သူကတော့
ကျိုးလီရှိရာသို့ခုန်ဝင်သွားကာ ပထမနည်းတူပ
င်တိုက်ခိုက်လာသည်။ သို့သော်ကျိုးလီကကျိုး
ယွမ်ထက် ကျင့်ကြံမှုမြင့်ပေသည်။အဆင့်တူနီး
ပါးဖြစ်သောကြောင့် ကျိုးယွမ်ကဲ့သို့မလွင့်စင်
သွားခဲ့ပေ။
ကျိုးယန်သည် ထိုတိုက်ပွဲကိုအာရုံမထားနိုင်ပဲ
သက်တော်စောင့်၏ရိုက်ချက်ကို လက်ဝါးဖြင့်
ပင်ခုခံလိုက်သည်။ ခွန်အားမှာပြင်းထန်ပြီးလေ
ထုကိုပင် တုန်ခါသွားစေကာ ကျိုးယန်၏နောက်
ကျောဘက်ရှိ ပဥ္စမမင်းသမီးမှာတော့ နောက်ဆ
က်တွဲခွန်အားကြောင့် လွင့်စင်သွားလေသည်။
ကျိုးယန်သည်လည်း လက်တခုလုံးထုံကျင်နေ
ကာတဖက်သူ၏ခွန်အားမှာ မီးတောက်အင်ပါ
ယာဂိုဏ်းချုပ်ထက်သာလွန်နေသည်ကို သတိ
ပြုမိလိုက်သည်။
“မင်းသားလေးက အစွမ်းအစရှိသားပဲ”
သက်တော်စောင့်သည် ကျိုးယန်ကအောင်မြင်
စွာခုခံလိုက်နိုင်သည်ကို တွေ့လျင် ချီးကျူးစ
ကားဆိုလိုက်သည်။အဆင့်ကွာဟမှုမြင့်သော်လဲ
တဖက်သူက ရိုက်ချက်ကိုခုခံလိုက်နိုင်သည်။
ကျိုးယန်က လက်ကိုမသိမသာခါရင်း ထိုလူကို
စူးစိုက်ကြည့်ကာ လွင့်စင်သွားသည့် မင်းသမီး
ဘက်သို့ စိတ်စွမိးအင်များဖြန့်ကျက်ထားကာတ
စုံတယောက်မှ ဝင်ရောက်ဖမ်းဆီးမည်ကိုစောင့်
ကြည့်နေလေသည်။
တဖက်တွင် အဆင့်တခုသာကွာဟသည့် ကျိုး
လီတို့သည် အပြင်းအထန်တိုက်ခိုက်နေဆဲပင်
ဖြစ်သည်။ ကျိုးချန်သည် ထိုနေရာကိုသွားရန်
ပြင်နေစဥ် သက်တော်စောင့်ကတားလိုက်သည်
“ဝင်မပါနဲ့ ဒါလေးတောင်သူမဖြေရှင်းနိုင်ရင်
နောင်မှာသူ့ကိုဘယ်လိုအားကိုးလို့ရမလဲ”
ကျိုးချန်ကခေါင်းညိတ်ပြကာနောက်ဆုတ်လိုက်
သည်။ကျိုးယန်သည် ဓားကိုဆွဲထုတ်လိုက်သ
ည်။ ဓားနဲ့သာရင်ဆိုင်နိုင်မည်ဖြစ်ကာ အဆင့်
ကွာဟမှုကိုလက်သီးများဖြင့်ရင်ဆိုင်နိုင်မည်မ
ဟုတ်ပေ။
“ကောင်းကင်အဆင့်ဓားပဲ မင်းသားကလက်နက်
သုံးချင်တာလား ကိစ္စမရှိဘူးအဖြေကအတူတူပဲ
ပြောင်းသွားမှာမဟုတ်ပါဘူး”
သက်တော်စောင့်က ကျိုးယန်ကိုလှောင်ပြောင်
လိုက်သည်။ကျိုးယန်သည် နှုတ်ခမ်းထောင့်မျာ
တွန့်ကွေးလိုက်ကာ လက်နှစ်ဖက်ဖြင့်ဓားကိုပင့်
ကိုင်ကာ အသူရာဓားကျင့်စဥ်၏နောက်ဆုံးဓား
ချက်ကိုထုတ်ဖော်လိုက်သည်။
ပတ်ဝန်းကျင်တွင် အေးစက်သည့်လေထုများ
ရောက်ရှိလာပြီး အရာအားလုံးရပ်တန့်သွားသ
ည်ဟု ထင်ရစေသည်။ ဓားသွားပေါ်တွင်အလင်း
ရောင်တချို့ထွက်ပေါ်လာကာ သက်တော်စောင့်
သည် ထိုအရာကိုတွေ့သည်နှင့် သတိကပ်သွားရ
သည်။
“ဓားဆန္ဒလား ကြောက်ဖို့ကောင်းလွန်းတယ်”
ကျိုးချန်သည်လည်း ထိုဓားချက်ကြောင့်မခုတ်
ပိုင်းမီကပင် ကျောရိုးများစိမ့်တက်လာသည်။
ကျိုးယန်သည် ခွန်အားအကုန်သုံး၍ ခုတ်ပိုင်း
လိုက်သည်။ သက်တော်စောင့်သည် တိုးဝင်လာ
သည့်ဓားအလင်းကို ကာကွယ်ရန်အလျင်အမြန်
ပင် လက်သီးပုံရိပ်အချို့ထုတ်ဖော်ကာ ဓားအ
လင်းကို ရင်ဆိုင်ရန်ကြိုးစားသည်။
ဝုန်း အင့် အား
ကြီးမားသည့်ဓားအလင်းက ကျိုးချန်နှင့်သက်
တော်စောင့်တို့ကိုဖုံးအုပ်သွားကာ လူတစုလုံး
အား မီတာရာဂဏန်းထိပင် လွင့်စင်သွားစေသ
ည်။ ကျိုးယန်သည် ချက်ချင်းပင် ပဥ္စမမင်းသမီ
ကိုပွေ့ချီကာ လက်တဖက်ဖြင့် ကျိုးစုန့်ရှိရာရိုက်
ချက်တခု ရိုက်ထုတ်လိုက်သည်။ ပုံမှန်အခြေနေ
ဆိုပါက ထိုရိုက်ချက်သည် ကျိုးစုန့်ကိုသေစေရ
န်လုံလောက်သော်လည်း ချီစွမ်းအင်များကုန်စင်
လုနီးပါးဖြစ်နေသောကြောင့် ရိုက်ချက်မှာအားမ
ပါပေ။ ကျိုးစုန့်သည်လည်း ထိုရိုက်ချက်ကိုမ
ရှောင်နိုင်ကာသွေးတပွက်အန်လျက် လွင့်စင့်
သွားရသည်။ ထိုအရာသည် ပကတိရှင်သန်ခြင်
အဆင့်၏ခွန်အားဖြစ်သည်။
ကျိုးယန်သည် ကျိုးလီကိုချက်ချင်းပင် ခေါ်၍
တောအုပ်ထဲပြေးဝင်သွားတော့သည်။ သူ့အနေ
ဖြင့် သက်တော်စောင့်နှင့်ကျိုးချန်တို့ကိုဒဏ်ရာ
ရသည်အထိသာ တိုက်ခိုက်နိုင်သည်။ အသေ
သတ်ရန်မလွယ်ကူပေ။နောက်ထပ်လူများထပ်
ရောက်လာပါက လွတ်မြောက်ရန်မသေချာချေ။
ဧကရာဇ်ရှိနေသေးသည့်အတွက်ကြောင့် နန်း
တွင်း၏ပညာရှင်များ လှုပ်ရှားခြင်းမရှိသည်ကို
ကျေးဇူးတင်ရမည်။မဟုတ်ပါက ကျိုးယန်လွတ်
မြောက်ဖို့တွေးလို့ပင်မရနိုင်ပေ။ ကျိုးချန်တို့အ
ဖွဲ့သည် ပြင်းထန်သည့်ဓားချက်ကြောင့်လွင့်စင်
သွားရပြီး တိုက်ရိုက်ထိမှန်သည့် သက်တော်
စောင့်သည် သွေးများဆက်တိုက်အန်ထွက်ကာ
အသက်ကိုမနည်းရှုနေရသည်။ ကျိုးချန်တို့လဲ
သက်သာသည်တော့မဟုတ်ပေ။
“လိုက်ကြ..”
သက်တော်စောင့်က ချက်ချင်းတားလိုက်သည်
“မလိုက်နဲ့တော့ အဟွတ် ကျုပ်တို့ကိုင်တွယ်နိုင်
မှာမဟုတ်ဘူး ခုနဓားချက်က ချီစွမ်းအင်အကုန်
ဆိုပေမဲ့အခုလောက်ဆို ဆေးလုံးအကူညီနဲ့ချီ
စွမ်းအင်အချို့ပြန်ရနေလောက်ပြီ လိုက်သွားရင်
ကိုယ့်ကိုကိုယ်သတ်သေတာနဲ့အတူတူပဲ”
ကျိုးချန်တယောက် ငြိမ်ကျသွားသည်။ကျိုးယ
န်၏အစွမ်းအစကို လျော့တွက်ခဲ့မိသည်မဟုတ်
လား။ ကျိုးယန်၏လက်ဝါးစာမိထားသည့် ကျိုး
စုန့်ကတော့ သတိလစ်နေပြီး သူ့ငယ်သားများမှ
ထူမကာ ပြန်လည်ခေါ်ဆောင်သွားရန်ပြင်နေကြ
သည်။ အဓိကခေါင်းဆောင်ဖြစ်သည့် ကျိုးချန်
ကမလိုက်ပါသောကြောင့် သူတို့အဆင့်ဖြင့်လို
က်ပါခြင်းက ရူးနေမှသာဖြစ်ပေမည်။
…………………………………………