← Chapters

တောအုပ်အထဲမှကိစ္စများ

Vol. 8 Ch. 118

တောအုပ်အထဲမှကိစ္စများ

Vol. 8 Ch. 118

သက်တော်စောင့်အတွေးမှာမှန်ပေသည်။ကျိုး

ယန်သည်ဆေးဖော်စပ်နိုင်သည့်သူဖြစ်သော

ကြောင့် ချီစွမ်းအင်ပြန်လည်ဖြည့်တင်းရန်ဆေး

လုံးအချို့ထုတ်ကာသောက်လိုက်ပြီး ဒဏ်ရာရ

ထားသည့် ကျိုးလီနှင့် ပဥ္စမမင်းသမီးကျိုးစုလ

င်းကိုလည်း ပေးလိုက်သည်။

(ပဥ္စမမင်းသမီးကို ကျိုးစုလင်းဟုပြောင်းလဲ

ရေးသားပါမည်)

ကျိုးလီနှင့်ကျိုးစုလင်းတို့သည် ကျိုးယန်ပေး

သည့်ဆေးလုံးများကိုယူကာ သောက်လိုက်ကြ

သည်။ ကျိုးချန်တို့နှင့်အတော်အတန်ကွာဝေး

နေပြီဖြစ်ပြီး ကျိုးချန်တို့လည်း လိုက်ပါလာမ

ည်ဟု မထင်ပေ။ ယခုအချိန်၌ ကျိုးချန်တွင်ပ

ညာရှင်အဆင့်ဟူ၍ သက်တော်စောင့်သာရှိကာ

နန်းတော်ထဲမှ ပညာရှင်များကိုသုံး၍မရသေး။

ကျိုးယန်သည် ကျာ်ဝန်းသည့်တောအုပ်ငယ်ကို

ကြည့်ကာ တွေးနေလေသည်။ ကျိုးချန်တို့ကို

သတ်လိုက်လျှင်နောက်ဆက်တွဲက ပို၍ပြင်းထန်

ကာ အများအမြင်တွင်ပို၍ဆိုးရွားပေမည်။ဒါဆို

ဖမ်းဆီးထားရင်ကော…ထိုအချက်အားသူသတိ

မေ့သွားခဲ့သည်။ သို့သော် နောက်ပြန်လှည့်ရန်မ

ဖြစ်နိုင်တော့ပေ။

ခနအကြာတွင် ဒဏ်ရာများအနည်းငယ်သက်

သာသွားကြကာ ရှေ့ဆက်သွားရန်ပြင်လိုက်သ

ည်။ ကျိုးယန်ကတား၍

“မလောနဲ့သူတို့မလိုက်လာတော့ဘူး ဒါပေမဲ့

တောအုပ်ထဲကတော့ထွက်မှဖြစ်မယ် ကျိုးယွမ်

တယောက်အဆင်မှပြေရဲ့လား”

ကျိုးယန်သည် ဒဏ်ရာရထားသည့်ကျိုးယွမ်ကို

စိတ်ပူနေလေသည်။ ထိုညီအစ်ကိုသည်တိုက်ခို

က်ရေးအတွေ့အကြုံနုနယ်ကာ ကျင့်ကြံမှုသည်

လည်းနိမ့်ပေသည်။ တောအုပ်ထဲ၌မည်သည့်အ

ရာများရှိနေမည်ကိုမပြောနိုင်ပေ။ နန်းတော်စ

ဆောက်သည့်ကာလမှစ၍ ယခုထိတောအုပ်င

ယ်ထဲသို့ဝင်ရောက်ခဲ့ခြင်းမရှိသေးချေ။

“ခမည်းတော်ကတော့ ဒီတောအုပ်ထဲမှာသားရဲ

တွေမရှိဘူးလို့ပြောတာပဲ အန္တရာယ်ကင်းမှာပါ”

ကျိုးစုလင်းက ပြောလာသည်။သူမသည်စာအု

ပ်များစွာဖတ်ထားသူဖြစ်၍ တောအုပ်အကြော

င်းအနည်းငယ်သိပေသည်။

“ဒါပေမယ့် ငါတို့သတိတော့ထားရမယ်”

သူမကဆက်ပြောလိုက်သည်။ကျိုးယန်တို့သ

ည်လည်း ခေါင်းညိတ်ပြကာ ပတ်ဝန်းကျင်ကို

သတိမပြတ်ထား၍ ဆက်သွားနေသည်။အချိန်

က နေမွန်းတည့်မှ ညနေစောင်းသို့ပင်ရောက်ရှိ

လာသည်။ တောအုပ်၏အစွန်းကိုပင်မမြင်ရ​ေ

ပေ။

ခနအကြာတွင် ကျိုးယန်၏စိတ်အာရုံထဲသို့အ

ဆောက်အုံတခုဝင်ရောက်လာသည်။အဆောက်

အုံမှ နန်းတော်ငယ်ကဲ့သို့ဆောက်ထားသော်လဲ

အချိန်ကြာမြင့်၍ထင် ဟောင်းနွမ်းကာစုတ်ပြတ်

နေသည်။

“ ရှေ့ကိုဆက်သွားရအောင် ငါတို့ဒီညရှေ့ကအ

ဆောက်အုံထဲမှာနားရမယ်”

ကျိုးယန်ကတိုက်တွန်းလိုက်ပြီး သူကိုယ်တိုင်လဲ

အရှေမှဦး​ဆောင်ကာဝင်သွားလိုက်သည်။ကျိုး

လီနှင့်ကျိုးစုလင်းတို့သည် ကျိုးယန်၏အနော

က်မှကပ်၍ပါလာကြသည်။အချိန်တခုကြာပြီး

နောက် ခုနက မြင်ခဲ့သည့်အဆောက်အုံရှိရာနေ

ရာကိုရောက်လာသည်။

“ဒါက နန်းတော်အဟောင်းပဲ မှတ်တမ်းတွေထဲ

မရှိထားပါဘူး ဘယ်လိုလုပ်ဒီနေရာမှာရှိနေတာ

လဲ”

ကျိုးစုလင်းသည် အဆောက်အုံကိုကြည့်၍အံ့

သြမှင်သက်နေလေသည်။သူမသည် နန်းတော်

အဟောင်း၏အကြောင်းအရာများကိုသိထားခဲ့

သော်လည်း တောအုပ်ထဲရှိနေမည်ကိုတော့မသိ

ထားခဲ့ပေ။

“ဘာပဲဖြစ်ဖြစ်ဝင်ကြည့်တာပေါ့”

“သတိထားဦးနော်”

ကျိုးစုလင်းကသတိပေးလိုက်သည်။ကျိုးယန်

ကခေါင်းညိတ်ပြ၍ အဆောက်အုံကြီး၏တံခါး

ကိုတွန်းဖွင့်လိုက်သည်။

ကျွီ…

ဟောင်းနွမ်းနေသည့်တံခါးက ကျယ်လောင်တဲ့

မြည်သံတခုထွက်ပေါ်စေကာ ကြားရသူကိုကြ

က်သီးထစေသည်။ အထဲတွင် အလင်းရောင်အ

ချို့အတွက် ပုလဲလုံးများထားရှိထားပြီး ထိုပုလဲ

များကို နန်းတော်ထဲ၌ မီးထွန်းရန်သုံးလေ့ရှိကြ

သည်မို့မထူးဆန်းပေ။ထူးဆန်းသည်က ပုလဲ၏

အရည်အသွေးမှာအကန့်သတ်ရှိပြီး အချိန်ကြာ

မြင့်စွာမသုံးနိုင်ပေ။ သို့သော်ယခုအဆောက်အုံ

ထဲရှိပုလဲများကတော့ အသစ်တပ်ဆင်ထားတဲ့

ပုံဖြစ်နေသည်။

ကျိုးယန်လည်း အလေးအနက်ထားကာဆက်

ဝင်လိုက်သည်။အထဲတွင် ခန်းမကျယ်တခုရှိပီး

ခန်းမကျယ်သည် မီတာများစွာကျယ်ဝန်းပေသ

ည်။ ခန်းမကျယ်၏နောက်ဆုံးတွင် ပုလ္လင်တခု

ရှိကာ ပုလ္လင်ပေါ်တွင် သေတ္တာတလုံးရှိနေသည်။

ကျိုးယန်သည် သေတ္တာရှိရာသို့မသွားခဲ့ပေ။ထို

အရာက အန္တရာယ်တခုဖြစ်နေလျင်ကော…။သူ

တို့၏မူလရည်ရွယ်ချက်မှာ ခနအနားယူရန်သာ

ဖြစ်၍ မလိုအပ်သည့်အရာများကိုထိတွေ့ရန်စိ

တ်မပါပေ။

“အထဲမှာနေရာတာနွေးနေတာပဲ သက်တောင့်

သက်သာရှိတယ် အခန်းတွေမရှိတာတခုပဲ”

ကျိုးစုလင်းကပြောလာသည်။အခန်းများမရှိ၍

သူမအနေဖြင့်အနားယူရန်အတွက် ကျိုးယန်တို့

နှင့်အတူခန်းမကျယ်ကိုသာ အားကိုးရပေမည်။

ကျိုးလီက သူမ၏စိတ်ကိုသိ၍

“စုလင်း မင်းပဲနားလိုက်ပါ ငါတို့ကအဆင်ပြေ

တယ်”

ကျိုးစုလင်းကခေါင်းညိတ်ပြသည်။ သူမသည်

စိတ်ပိုင်းဆိုင်ရာအရ ဖိစီးနေကာ ဒဏ်ရာသည်

လည်း အရှင်းမသက်သာသေးပေ။ကျိုးယန်က

ကျိုးစုလင်းအတွက်နေရာတခုရှင်းပေးသည်။

သူမသည် ရွှေလိုဥထားခံရသည့်သူဖြစ်ကာအ

ချို့အရာများကို ကိုယ်တိုင်မလုပ်ဆောင်နိုင်ပေ။

ခနအကြာတွင် အိပ်ရာခင်းများစောင်များထုတ်

လိုက်ပြီး လူတယောက်အဆင်ပြေပြေအနားယူ

နိုင်ရန်အသင့်ဖြစ်သွားသည်။ ထိုနေရာသည်ခန်း

မ၏ထောင့်တွင်ဖြစ်ကာ ပုလဲလုံးနှစ်ခုကြားတွင်

ရှိသောကြောင့် အလင်းရောင်ကောင်းစွာရပေသ

ည်။

All Chapters