← Chapters

အခန်း (၉၄၂)

Vol. 64 Ch. 942

အခန်း (၉၄၂)

Vol. 64 Ch. 942

သံမဏိအရိုးတောင်၏ အပြင်ဘက်မှာတော့ ငယ်ရွယ်လှသော ကောင်လေးနှင့် ကောင်မလေး တစ်ထောင်ကျော်ခန့် တို့သည် စုဝေးလျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် တိမ်ထဲတွင် ပုန်းအောင်းလျက်ရှိနေသော သံမဏိအရိုးတောင်ကြီးကို မော့ကြည့်ကာ မျက်လုံးများonf စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တောက်ပလျက်ရှိနေတော့သည်။

ယနေ့သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်အသစ် ခေါ်ဆောင်သည့်နေ့ပင် ဖြစ်တော့သည်။ ထို့ကြောင့် ၎င်းတို့အားလုံး သည် စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် အဝေးဆီမှ ရောက်ရှိလာခဲ့ကြခြင်းပင် ဖြစ်\။

“တယ်ကျူး”

မျက်နှာပေါ်တွင် အရေးအကြောင်းများနှင့် ပြည့်နှက်လျက်ရှိနေသော သက်လက်ပိုင်းအရွယ် လူတစ်ယောက်က ပြောလိုက်သည်။ “မင်းအောင်မြင်ရမယ်လို့ အဖေယုံကြည်တယ်”

၎င်း၏ အသွင်အပြင်ကို ကြည့်ရမည်ဆိုလျှင် ချမ်းသာသော မိသားစုများမှ မဟုတ်ချေ။ အသက်ဆယ်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်လောက်သာ ရှိသော ယောက်ျားလေးတစ်ယောက်သည် အသက်ကိုပြင်းပြင်းရှူကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသည် သူ့ကိုယ်သူ ပြောလိုက်၏။ “အဖေ... သားက ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူး”

ကျိုးတယ်ကျူး - သူသည် အရှေ့ဘက်လွင်ပြင်ဒေသဆီမှ လာသောသူလည်း ဖြစ်သည်။ ရောက်ရှိလာကြသော လူများသည် သာမန်မျိုးဆက်များမှ ဆင်းသက်လာကြသောသူများဖြစ်သည်။ ဤတစ်ကြိမ်မှာတော့ တယ်ကျူး သည် သူ့အဖေ၏ လိုက်ပါပို့ဆောင်ခြင်းကိုခံရပြီး ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာ၏။ စမ်းသပ်မှုကို အောင်မြင်စွာကျော်ဖြတ်ရင်း နာမည်ကျော်ကြားလှသော ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ရန် မျှော်လင့်ချက်ရှိနေ၏။ ထိုသို့ဆိုလျှင် ၎င်းသည် သေဆုံးသွားသော ဘိုးဘေးများအား ဂုဏ်ပြုသလိုပင် ဖြစ်ပေ လိမ့်မည်။

သူ့ကဲ့သို့ပင် သာမန်ဆန်လှသည့် လူငယ်များ အများအပြား တည်ရှိလို့နေကြ၏။ ၎င်းတို့အားလုံးသည် မည်သည့် ကျင့်ကြံခြင်းလမ်းစဉ်ကိုမှ မရှိကြချေ။ သိုင်းပညာရှင်များကိုသာ လေးစားလျက်ရှိသော ဤလောကကြီးတွင် ၎င်းတို့ အနေနှင့် မားမားမတ်မတ် ရပ်တည်နိုင်ရန်အတွက် ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်ရန် စဉ်းစားကြတော့သည်။ သို့ပေမဲ့ ဂိုဏ်းများသို့ ဝင်ရောက်ရန် ဆိုသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ ပေါများလွန်းလှသော ပါရမီများ ကိုလည်း ဖော်ပြရန် လိုနေသေး၏။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ထူးခြားလွန်းသည်။ တစ်စုံတစ်ယောက် အနေနှင့် သိုင်းပညာတင်မက တခြားသောစွမ်းရည်ရှိသည်ဆိုလျှင် ဂိုဏ်းထဲသို့ ဝင်ခွင့် ရရှိတော့သည်။ ထို့ကြောင့် ဂိုဏ်းသားသစ် ခေါ်ဆောင်သည့် နေ့တွင် များပြားလှသော လူငယ်များသည် သံမဏိအရိုးတောင်တွင် စုဝေးနေကြခြင်းပင် ဖြစ်တော့၏။ ၎င်းတို့ အနေဖြင့် စမ်းသပ်မှု မအောင်မြင်ဘူးဆိုလျှင်တောင်မှ အနည်းဆုံး စမ်းသပ်ကြည့်ရန် စဉ်းစားထားကြသည်။

ကျွတ်

အဝတ်ပေါ်တွင် ပန်းပွင့်ပုံစံများ ရေးထိုးထားသော လူငယ်တစ်ယောက်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒီဆင်းရဲတဲ့လူတွေက လာပြီးတော့ စာရင်းပေးသွင်းရဲသေးတယ်ပေါ့၊ သူတို့ဆီမှာ ဘယ်လိုလုပ် သတ္တိရှိနေတာလဲ”

မိသားစုကြီးတစ်ခုဆီမှ တိုက်ခိုက်မျိုးဆက်အနေနှင့် သူသည် ထိုသူများနှင့်အတူ ယှဉ်ပြိုင်၍ စစ်ဆေးမှုကို ကျော်ဖြတ်ရခြင်းအား ရှက်ရွံ့လျက်ရှိနေ၏။

တခြားသော ချမ်းသာသည့် တိုက်ရိုက်မျိုးဆက်တစ်ယောက်မှာလည်း သဘောမတွေ့သလို ပြောလိုက်မိ၏။ “ပြိုင်စံရှားဂိုဏ်းက အစောကြီးကတည်းက ကြိုပြီးတော့ စမ်းသပ်မှုကို နှစ်ပိုင်းခွဲထားသင့်တယ်၊ ဂုဏ်သိက္ခာရှိတဲ့ လူတွေက တစ်ခု၊ ဂုဏ်သိက္ခာမရှိတဲ့လူတွေက တစ်ခုဆိုပြီးတော့ပေါ့၊ ဒါမှ အဆင်ပြေတော့မှာပေါ့”

“ဒါကတော့ ဟုတ်တယ်” တစ်စုံတစ်ယောက်က သဘောတူညီလိုက်၏။

ဆင်းရဲစွာ မွေးဖွားလာခဲ့သော လူငယ်များမှာတော့ ထိုသခင်လေးများ ပြောသည်ကို ဒေါသထွက်နေကြသည် ဆိုသော်လည်း မကြားချင်ယောင် ဆောင်ထားကြသည်။

ဝှစ်

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခုသည် သံမဏိအရိုးတောင်ဆီမှ ပျံသန်းပြီး ရောက်ရှိလာခဲ့သည်။ ပြီးသည့်နောက် မှာတော့ တောင်ခြေတွင် ရပ်တန့်လိုက်သည်။

“ပျံနိုင်တာပဲ၊ သူက သိုင်းအုပ်စိုးသူလား”

လူငယ်များ၏ မျက်လုံးထဲတွင် အားကောင်းသည့် ချီးကျူးမှုများနှင့် ပြည့်နှက်နေကြ၏။ သို့ပေမဲ့ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောသည့်လူငယ်တစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရ၏။ အားလုံးသည် သံပြိုင်ပဲ ထ၍ အော်လိုက်မိကြသည်။ “ဂိုဏ်းချုပ်ကျွင်း”

ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့၏။ သူ့အနေနှင့် အချိန်ပိုများရှိနေသည် ဖြစ်သောကြောင့် နင်ညီအစ်ကိုတို့သာလျှင် ဦးစီးလျက်ရှိသော စစ်ဆေးမှုအား ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခြင်းပင် ဖြစ်တော့၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် ပန်းပွင့်ပုံရေးထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသော လူရွယ်ဆီကို လက်ညှိုးထိုပြ ကာဖြင့် ပြောလိုက်သည်။ “မင်းတို့တွေ ထွက်လာခဲ့”

ထိုလေးယောက်သည် ဆွံ့အသွား၏။ သို့ပေမဲ့ အပြင်ဘက်သို့ ထွက်လာကြတော့သည်။

“မင်းတို့ ဘယ်နေရာက လာခဲ့ကြတာလဲ”

“အရှေ့တောင် ဟယ်ကလန်ကပါ”

“အရှေ့တောင် လင်းကလန်ကပါ”

“အရှေ့တောင် …….” ၎င်းတို့ လေးယောက်တို့သည် သူတို့မည်သူဖြစ်ကြောင်း တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြတော့သည်။

လူငယ်များသည် အရှေ့တောင်အရပ်မှလာသည်ကို သိရှိပြီးသည့်နောက် ကြည့်ရှုနေကြသောလူများ၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။ “ဒါက တကယ့်ကလန်ကြီးတွေရဲ့ တိုက်ရိုက်မျိုးဆက်တွေပဲကိုး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့ရဲ့ တည်ရှိမှုက မရိုးရှင်းဘူးပဲ၊ ဒီတော့ သာမန်ပြိုင်ပွဲဝင်တွေနဲ့ မင်းတို့ကို ခွဲခြားထားမှ ဖြစ်မယ်၊ မင်းတို့ကို သီးသန့်စစ်ဆေးမှု ပြုလုပ်မယ်လို့ ငါဆုံးဖြတ်လိုက်ပြီ”

“သီးသန့်စစ်ဆေးမှု ဟုတ်လား”

၎င်းတို့ လေးယောက်သည် ပထမ၌ ဆွံ့အသွားကြ၏။ ပြီးသည့်နောက်မှာတော့ ပျော်ရွှင်သွားကြ၏။ ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် အလွန်လွှမ်းမိုးနိုင်စွမ်းကြီးမားလှသော ကလန်ကြီးများ၏ တိုက်ရိုက်မျိုးဆက်များဖြစ်ကြ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းဆီသို့ လာရောက်၍ စစ်ဆေးမှုကို ဖြေဆိုရာတွင် ရွာသားများနှင့်မတူဘဲ သီးခြားဖြေဆိုမှသာလျှင် ပွဲလယ်တင့်မည် မဟုတ်လား။

“ဟိုဘက်ကိုလှည့်”

ရွှီး

လေးယောက်သားသည် တပြိုင်နက်တည်း လှည့်လိုက်ကြ၏။ ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးတောင်ဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်တော့၏။ “ဒီလမ်းအတိုင်းဆင်းသွား၊ လမ်းဆုံးရောက်သို့ရှိရင် စမ်းသပ်မှု တည်နေရာကို စပြီ”

“ကောင်းပါပြီ”

လေးယောက်သားသည် စတင်၍ လျှောက်သွားကြ၏။ ပန်းပွင့်ပုံများရေးထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့်လူငယ်သည် တစ်စုံတစ်ခုကို ခန့်မှန်းမိ၏။ ထို့ကြောင့် ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း... ဒီလမ်းရဲ့အဆုံးက အရှေ့တောင်ရန်ကျူးရဲ့ နယ်စပ်မျဉ်းဆီကို ရောက်သွားမှာ မဟုတ်ဘူးလား”

“ဟုတ်တယ်လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက နယ်စပ်မျဉ်းအပြင်ဘက်ကို ရောက်သွားမှာ”

“အမ်” တခြားသောသုံးယောက်တို့သည် ဆွံ့အသွားကြ၏။ စစ်ဆေးမှု၏ တည်နေရာသည် အလွန်ဝေးကွာ လွန်းလျက်ရှိ၏။

ပန်းပွင့်ပုံများရေးထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့်လူငယ်၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ “ဂိုဏ်းချုပ်ကျွင်း”

“အပိုတွေ မပြောနဲ့တော့”

ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား တင်းမာခက်ထန်သည့်မျက်နှာဖြင့် ပြောလိုက်သည်။ “မြန်မြန်သွားကြတော့၊ နောက်ကျရင် အခွင့်အရေးတွေ လွဲချော်သွားလိမ့်မယ်”

ရွှီး ရွှီး

လေးယောက်သားသည် လျင်လျင်မြန်မြန်ပဲ ရွေ့လျားသွားခဲ့ကြ၏။

ကျွင်းချောင်ရှောင်းက အော်လိုက်၏။ “ဖြစ်နိုင်သမျှ မြန်မြန်ပြေးတော့”

“ကောင်းပါပြီ” လေးယောက်သားသည် ခြေလှမ်းကျဲကြီးများနှင့် လှမ်းလျှောက်ကြ၏။ ပြီးသည့်နောက်မှာတော့ အလျင်မြန်ဆုံးနှုန်းဖြင့် ပြေးကြတော့သည်။

ကျွင်းချောင်ရှောင်းသည် ၎င်းတို့ဆီမှ အကြည့်ရုတ်သိမ်းပြီးသည့်နောက်မှာတော့ လာရောက် စာမေးပွဲဖြေဆိုကြသူ များကို ကြည့်လိုက်သည်။ သူသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက မင်းတို့အနေနဲ့ ဘယ်သူတွေဖြစ်တယ်၊ ဘယ်ဝါတွေဖြစ်တယ်ဆိုတာကို စိတ်မဝင်စားဘူး၊ ဒီစစ်ဆေးမှုမှာ ပါဝင်ယှဉ်ပြိုင်တယ်ဆိုရင် အားလုံးက တန်းတူညီတူ ဆက်ဆံခံရမှာပဲ”

တချို့သော ဉာဏ်ကောင်းလှသည့်သူများသည် ထိုအချင်းအရာကို ချက်ချင်းပဲ နားလည်သွားကြ၏။ ပြေးလွှား သွားခဲ့ကြသော ကလန်ကြီးများ၏ တိုက်ရိုက်မျိုးဆက်များသည် စစ်ဆေးမှုကို ဝင်ရောက်ဖြေဆိုရမည် မဟုတ်ဘဲ အရည်အချင်းမပြည့်မီသောကြောင့် ထုတ်ပယ်ခံလိုက်ရပြီဖြစ်ကြောင်း သူတို့ နားလည်မိသွားကြသည်။

“စမ်းသပ်မှုစမယ်”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “တောင်ပေါ်ကို သတ်မှတ်ထားတဲ့ အချိန် အတောအတွင်း ရောက်တဲ့သူတွေကသာလျှင် စမ်းသပ်မှုကို အောင်မြင်လိမ့်မယ်”

အားလုံးသောသူများ၏ မျက်နှာပေါ်တွင် စိတ်အားတက်ကြွမှုများနှင့် ပြည့်ဝလာခဲ့ကြသည်။ ၎င်းတို့သည် ယနေ့ အတွက် အချိန်အကြာကြီး ကြိုတင်ပြင်ဆင်ခဲ့ခြင်းပင် ဖြစ်သည်။ တောင်ထိပ်သို့ ရောက်အောင် သွားနိုင်မှသာလျှင် ၎င်းတို့သည် အစွမ်းအစရှိသည့်လူများဖြစ်ကြောင်း သက်သေပြနိုင်မှာဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း”

လာရောက်ဖြေဆိုသူများအားလုံးသည် စမ်းသပ်ကြည့်ရန် အလွန်စိတ်အားတက်ကြွနေသည့် အချိန်မှာပဲ အနောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့တော့သည်။ “ခင်ဗျားတို့ဂိုဏ်းရဲ့တပည့်တွေက အရမ်း အားကောင်းတယ်လို့ ကျုပ်ကြားတယ်လေ၊ သူတို့နဲ့ လက်တွေ့တိုက်ခိုက်ချင်တယ်”

“အမ်”

ကျွင်းချောင်ရှောင်းသည် လှမ်းကြည့်လိုက်သည့်နောက်မှာတော့ စကားပြောဆိုလိုက်သည့်သူမှာ ဗလတောင့်တောင့်နှင့် လူတစ်ယောက်ဖြစ်မှန်း တွေ့ရှိလိုက်ရ၏။ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီတော့ ခင်ဗျားက စမ်းသပ်မှုကို လာပြီး ဖြေဆိုတာ မဟုတ်ဘူးပေါ့၊ ပြိုင်စံရှားဂိုဏ်းကို လာပြီး စိန်ခေါ်တာလား”

“အဲလို ပြောလို့ရပါတယ်” ထိုသူသည် လူအုပ်ကြီး၏ အနောက်ဘက်ဆီမှ ထွက်လျှောက်လာခဲ့တော့သည်။ သူလှမ်းလိုက်တိုင်း လှမ်းလိုက်တိုင်းတွင် ပတ်ဝန်းကျင်တွင် ဖုန်များ အလိပ်လိပ် တက်လာခဲ့တော့သည်။ ကြည့်ရသည်မှာ ကျွမ်းကျင်သူတစ်ယောက်ပင်ဖြစ်ပုံပေါ်သည်။

“စိတ်ဝင်စားစရာပဲ”

ကုန်းရှန့်သည် ပြုံးလိုက်၏။ တွေးကြည့်ရမည်ဆိုလျှင် သူ့အား ဘယ်သူမှ လာရောက် စိန်မခေါ်သည်မှာ အချိန်အတိုင်းအတာ ကြာမြှင့်လှပြီဖြစ်၏။

ဗလတောင့်တောင့်နှင့်လူသည် ပြုံးကာ ပြောလိုက်၏။ “ဒီနေ့က ခင်ဗျားတို့ဂိုဏ်းရဲ့တပည့်ခေါ်ယူတဲ့နေ့လေ၊ ဒီတော့ ခင်ဗျားကို လာပြီး စိန်ခေါ်တာပဲ၊ ဂိုဏ်းချုပ်ကျွင်း... မငြင်းပယ်ဘူး မဟုတ်လား”

“ဘာလို့ သူက ငြင်းပယ်မှာလဲ”

နောက်ထပ်အသံတစ်ခုသည် ဘေးဘက်ဆီမှ ထွက်ပေါ်လာ၏။ “ပြိုင်စံရှားဂိုဏ်းက အလာအကောင်းဆုံး ထိပ်ဆုံးသုံးခုထဲက တစ်ခုလေ၊ ပြီးတော့ နဂါးကျားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သေးတယ် မဟုတ်လား၊ အားလုံးရဲ့ရှေ့မှာ ငြင်းပယ်မယ်ဆိုရင် ဂုဏ်သိက္ခာကျဆင်းသွားမှာပေါ့”

ထိုကဲ့သို့ ပြောလိုက်သောသူသည် ပိန်ပိန် ပါးပါးနှင့် အရပ်ရှည်ရှည် လူတစ်ယောက်ဖြစ်တော့သည်။

၎င်းတို့နှစ်ယောက်သည် နတ်ဆိုးအင်ယာပါဂိတ်ဂိုဏ်း၏ အစောင့်အရှောက် လေးယောက်ထဲမှ ဖြစ်သည်။ ထိုသူတို့အား လူရိုင်းနှင့် သရဲဟု ခေါ်ဆို၏။ ၎င်းတို့သည် ဒုတိယ ဂိုဏ်းခေါင်းဆောင်တစ်ယောက် ပြင်းထန်စွာ ရိုက်နှက်ခံရသည်ကို မည်သို့မှ ရပ်၍မကြည့်နိုင်ခဲ့ချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းဆီသို့ တိတ်တဆိတ်ရောက်ရှိလာခြင်းပင် ဖြစ်၏။

တိုက်ဆိုင်စွာဖြင့် ၎င်းတို့သည် တပည့် ခေါ်ယူမှုကို ပြုလုပ်နေကြ၏။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းဖြင့် စိန်ခေါ်မှုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းပင် ဖြစ်တော့၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များကိုသာ အားလုံး၏ အရှေ့တွင် ရိုက်နှက်နိုင်မည်ဆိုပါက ထိုသတင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပျံ့နှံသွားမှာ ဖြစ်တော့သည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက လာရောက်စိန်ခေါ်တဲ့လူတွေ အကုန်လုံးကို နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်”

လူရိုင်းသည်အားလုံး၏ရှေ့တွင် သွားဖြီးကာဖြင့် ပြောလိုက်သည်။ “ဒီလိုဆိုရင် ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားရဲ့ တပည့်တွေကို ခေါ်ပါအုံး၊ ကျုပ် ဟိုမှာရပ်ပြီးစောင့်နေမယ်”

သူသည် အဝေးတစ်နေရာရှိ တိုက်ခိုက်ရေး တည်နေရာကို လှမ်း၍ လက်ညှိုးညွှန်ပြလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ပြိုင်စံရှားဂိုဏ်းက ပြုလုပ်ထားတဲ့ သေခြင်းရှင်ခြင်း တည်နေရာပဲ၊ အဲကိုလျှောက်သွားပြီဆိုရင် မင်းတို့ရဲ့ သေခြင်းရှင်ခြင်းက ကံတရားအတိုင်းပဲ ဖြစ်သွားလိမ့်မယ်”

“ဒါဆိုရင် ပိုကောင်းတာပေါ့၊ စိတ်လိုလက်ရ တိုက်ခိုက်လို့ရတာပေါ့” သရဲက ဝင်၍ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူနှစ်ယောက်မှာ သူ့အား လာရောက်စိန်ခေါ်ခြင်းမဟုတ်ဘဲ ပြဿနာ လာရှာခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်မိလိုက်တော့၏။

ကျွတ် ကျွတ်

၎င်းတို့၏ ဦးခေါင်းများသည် မြင်းကန် ခံထားရလေသည်လား။

“ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး”

လူသစ်စုဆောင်းသည့်နေ့တွင် သူ့အားလာ၍ စိန်ခေါ်လျက်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် ဤသို့သော အခြေအနေမျိုးတွင် မည်သို့မှ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။

လူရိုင်းက ထပ်၍ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... တပည့်တွေ များများခေါ်ခဲ့တာ ပိုကောင်းမယ်လေ၊ ဒါမှ စိတ်လိုလက်ရ တိုက်ခိုက်လို့ရမှာပေါ့”

“ကောင်းပါပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ကျေနပ်စေရပါ့မယ်”

ပြီးသည့်နောက်မှာတော့ သူသည် အသံပို့လွှတ်လိုက်၏။ “ချင်းယန်၊ ရှောင်ကျီ၊ ရှင်းချန်၊ ဝူတီ၊ ကျိရန် အားလုံးပဲ အောက်ကိုဆင်းလာပြီး ဧည့်သည်ကို ကြိုဆိုကြ”

All Chapters