← Chapters

အခန်း (၉၄၃)

Vol. 64 Ch. 943

အခန်း (၉၄၃)

Vol. 64 Ch. 943

အရင်တုန်းက သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းသည် များပြားလှသော မိစ္ဆာများကို ခေါ်ဆောင်၍ ဤနေရာသို့ လာရောက်တိုက်ခိုက်ခဲ့ဖူးကြသည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် သေခြင်းရှင်ခြင်းစင်မြင့် ကြီးကို တည်ဆောက်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ထိုစင်မြင့်ကြီးသည် လူငယ်တစ်ထောင်ကျော်တို့၏ရှေ့တွင် ထီးထီးကြီး တည်ရှိနေ၏။ ၎င်းတို့အားလုံးသည် ထိုစင်မြင့်ကြီး၏ အရှိန်အဟုန်ကို ကြည့်ပြီးသည့်နောက် အလွန်တရာ စိတ်အားထက်သန်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ချင်စိတ်များပင် ပေါက်နေကြတော့သည်။

မူလအားဖြင့် ၎င်းတို့အားလုံးသည် ဂိုဏ်း၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် ရောက်ရှိလာသူများဖြစ်သည်။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် မထင်မှတ်ဘဲရောက်ရှိလာကာ ပြိုင်စံရှားဂိုဏ်းအား လာရောက်စိန်ခေါ်လျက်ရှိနေ၏။ ထိုကဲ့သို့သော အခွင့်အရေးသည် ၎င်းတို့အတွက် ကြုံတောင့်ကြုံခဲ ကိစ္စရပ်ပင်ဖြစ်၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အနေနှင့် မည်မျှအားကောင်းလှသည်ဆိုသည်ကို ကြည့်ရှုရမည့်အခွင့်အရေးပင် ဖြစ်တော့၏။

ဒွီ

အလင်းတန်းများ ပေါ်လာတော့၏။ ပြီးသည့်နောက်မှာတော့ ထိုအလင်းတန်းများသည် ရုတ်တရက် ပျောက်ကွယ် သွားသည်။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “ဒါကို အားဖြည့်ပြီးသွားပါပြီ၊ ဒီနေရာမှာ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတွေ လာပြီးတိုက်ခိုက်မယ်ဆိုရင်တောင် စင်က ပြိုလဲသွားမှာ မဟုတ်ဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် လူရိုင်းနှင့် သရဲတို့အား လှမ်းကြည့်ကာ ရယ်လိုက်၏။ “ခင်ဗျားတို့တွေ နှစ်ယောက် - နှစ်ယောက် တိုက်ခိုက်မှာလား၊ တစ်ယောက် - တစ်ယောက် တိုက်ခိုက်မှာလား”

“တစ်ယောက်နဲ့ အများကြီးတိုက်ခိုက်ရရင်တောင် အဆင်ပြေသေးတယ်” လူရိုင်းသည် သွားဖြီးကာ ပြောလိုက်သည်။

“ချီးတဲ့မှ... ဤလူသည် အမှန်ပင် မောက်မာလွန်းနေ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားအနေနဲ့ ပြိုင်စံရှားဂိုဏ်းကတပည့်တွေကို အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်ဆိုရင် သဘောလေ၊ ကိစ္စမရှိပါဘူး”

လူရိုင်းက ပြောလိုက်သည်။ “ဒါက ခင်ဗျားတို့ဂိုဏ်းရဲ့ တည်နေရာလေ၊ လူပေါင်းများစွာကလည်း ကြည့်နေသေးတယ်၊ ဒီတော့ ဂိုဏ်းချုပ်ကျွင်းကို မျက်နှာသာပေးရမှာပေါ့၊ ဒီတော့ တစ်ယောက်ချင်းစီပဲ တိုက်ခိုက် ကြရအောင်၊ ဒါပေမဲ့ အရင်ဆုံး ခင်ဗျားတို့ဂိုဏ်းရဲ့ အားအကောင်းဆုံးတပည့်ကို စေလွှတ်ဖို့သင့်တယ်၊ ဒါမှ ကျုပ်တို့ အနေနဲ့ စိတ်လိုလက်ရ တိုက်ခိုက်လို့ရမှာလေ”

“စိတ်မပူပါနဲ့”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ကျိန်းသေပေါက် စိတ်လိုလက်ရ တိုက်ခိုက်စေရမယ်”

ရွှီး ရွှီး

ထိုအချိန်မှာတော့ လီချင်းယန်ဦးဆောင်သော ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များသည် တောင်ခြေဆီသို့ ရောက်ရှိလာခဲ့ကြတော့သည်။

“သူတို့တွေက နဂါးကျားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တပည့်တွေ ပါပဲလား၊ ပြီးတော့ ဟိုမှာ ရီရှင်းချန်ပါလား”

“ပုံရိပ်ယောင်မြင်ကွင်းထဲမှာထက် ပိုပြီးတော့ ချောတာပဲ”

များပြားလှသော မိန်းကလေးငယ်များ အားလုံးသည် မောက်မာလွန်းလှသော ရီရှင်းချန်၏ ပုံသဏ္ဍာန်ကို မြင်ရချိန် မှာတော့ စိတ်လှုပ်ရှားစွာဖြင့် ထ၍ပင် အော်နေမိတော့သည်။ ကြည့်ရသည်မှာ ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည့် မိန်းကလေးငယ် တော်တော်များများတို့သည် ဂိုဏ်း၏ ဂုဏ်သိက္ခာထက် ရီရှင်းချန်ကို တွေ့ချင်သောကြောင့် လာခြင်းပင် ဖြစ်ဟန်တူနေ၏။ နဂါးကျားတိုက်ပွဲနှင့် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင် တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးသည့်နောက်မှာတော့ ဖေးအားညိုသည် ပြိုင်စံရှားဂိုဏ်း၏ အထင်ကရ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်၍ လာခဲ့တော့သည်။

လူရိုင်းနှင့် သရဲတို့သည် ပြိုင်စံရှားဂိုဏ်း၏တပည့်များ ရောက်ရှိလာကြသည်ကို သေသေချာချာ ကြည့်ရှုလိုက် ကြ၏။ အော်ရာများသည် မဆိုးရွားလှသော်လည်း ကျင့်ကြံခြင်းအဆင့်သည် သိုင်းဘုရင်အဆင့်သာ ရှိနေသေး၏။ ၎င်းတို့၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များပင် ချက်ချင်း ပေါ်လာခဲ့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က တီးတိုးမေးလိုက်၏။ “ဘာတွေဖြစ်နေတာလဲ”

“ဒီနှစ်ယောက်လေ”

ကျွင်းချောင်ရှောင်းသည် လူရိုင်းနှင့် သရဲတို့အား လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို လာပြီး စိန်ခေါ်နေတာ”

“စိန်ခေါ်တာ ဟုတ်လား”

ရှောင်ကျီ၊ လီဖေးနှင့် တခြားသူများ အားလုံးသည် ဆွံ့အသွားကြ၏။ အထူးသဖြင့် လူရိုင်း နှင့်သရဲတို့ကို လှမ်းကြည့်လိုက်သည့်အချိန်တွင် အရူးများကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေကြခြင်းဖြစ်သည်။

၎င်းတို့၏ အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ထိုနှစ်ယောက်တို့သည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများဖြစ်၏။ သို့ပေမဲ့ အားအင်အဆင့်သည် ဂြိုဟ်တိုက်ပွဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများနှင့် မည်သို့မှ နှိုင်းယှဉ်၍ရသည့်သူများ မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်းသို့ရောက်ရှိလာပြီး စိန်ခေါ်နေခြင်းဆိုသည်မှာ လာ၍ ရိုက်နှက်ခံခြင်းနှင့်ပင် ဆင်တူ၏။

“ဂိုဏ်းချုပ်ကျွင်း”

လူရိုင်းသည် လက်ကိုပိုက်ကာဖြင့် အထင်အမြင်သေးစွာ ပြောလိုက်တော့သည်။ “လူနည်းနည်းပဲ ခေါ်လာတာ မလုံလောက်သေးဘူးနော်”

“.........”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ဆွံ့အသွားခဲ့ကြတော့သည်။ ကျင့်ကြံခြင်းဖုံးကွယ်ခြင်း နည်းစနစ်ဖြင့် ဖုံးကွယ်ထားသော ၎င်းတို့၏ အဆင့်များကို ကြည့်ရှုပြီးသည့်နောက် တစ်ဖက်လူသည် အမှန်ပင် အထင်အမြင်သေးနေပုံပေါ်၏။

“လုံလောက်လား၊ မလုံလောက်လားဆိုတာ တိုက်ခိုက်ပြီးမှ သိမှာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်... ကျေးဇူးပြုပြီးတော့ ကိုယ့်ရဲ့ပြိုင်ဘက်ကို ရွေးချယ်ကြပါ”

လူရိုင်းသည် သေသေချာချာ စတင်၍ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များထဲမှ တစ်ယောက်အား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အလွန်အမင်း အထင်အမြင်သေး နေသည့် အရိပ်အယောင်များ တည်ရှိလို့နေခဲ့သည်။ သူသည် လက်ညှိုးညွှန်ကာဖြင့် ပြောလိုက်၏။ “သူပဲ”

မည်သူနည်း။ ရီရှင်းချန်ပင် ဖြစ်တော့သည်။

“ဟင်း .......”

လီချင်းယန်နှင့် ရှောင်ကျီတို့သည် သက်ပြင်းချလိုက်မိကြ၏။ ပထမဦးဆုံးအနေနှင့် ၎င်းတို့အား မရွေးချယ်ခဲ့သည့် အတွက် စိတ်ဓာတ်ကျဆင်းသွားခဲ့ကြသည်။ ဒုတိယအားဖြင့် တစ်ဖက်လူအတွက် သနားစိတ်များ ဖြစ်တည်လာခဲ့ သည်။ တစ်ဖက်လူသည် ၎င်းတို့အား စိန်ခေါ်မည်ဆိုပါက အရိုက်နှက်ခံရရုံသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဂျူနီယာညီလေးရီအား စိန်ခေါ်ခဲ့သည်ဆိုမှတော့ ဂုဏ်သိက္ခာများ ချနင်းခံရန် လုံလောက်သည့် အခြေအနေမျိုးထိ ရောက်ရှိသွားပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သရဲအား လှမ်းကြည့်ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားကရော”

သရဲသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် အချိန်အတော်ကြာ စဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ ရှောင်ကျီကို ကြည့်ကာ ပြောလိုက်၏။ “သူပဲ”

“ဒါဆိုရင် တိုက်ခိုက်ရေးတည်နေရာဆီကို သွားရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျွင်း”

လူရိုင်းက ပြောလိုက်၏။ “ကျုပ် ဒီကိုလာတာ အားရပါးရတိုက်ခိုက်ဖို့နော်၊ ဒီတော့ တပည့်တွေ များများခေါ်လိုက်ရင် ပိုပြီးတော့ကောင်းမယ်”

ရီရှင်းချန်သည် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ အရင်ဆုံး လှမ်းတက်လိုက်၏။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို ရွေးပြီးသွားပြီ မဟုတ်လား၊ ဒီတော့ ဒီတစ်ပွဲပဲ တိုက်ခိုက်ရမှာလေ”

“အဲလိုလား” လူရိုင်းသည် သွားဖြီးပြီး ရယ်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် အစီအရင်များဖြင့် အားဖြည့်ကာထားသည့် တည်နေရာစင်မြင့်ကြီးပေါ်သို့ ခုန်တက်လိုက်၏။

အလွန်တရာ ထူထဲလှသော အော်ရာ များသည် ရုတ်တရက် ဖြစ်တည်လာခဲ့၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အားကောင်းလွန်းလှ၏။

“ရှင်းချန်... ဒီနေ့က တပည့်ခေါ်ယူတဲ့နေ့လေ၊ ဒါ့ကြောင့် အချိန်ဖြုန်းမနေနဲ့၊ မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“နားလည်ပါပြီ” ရီရှင်းချန်သည် လူရိုင်းအား အစမှအဆုံးထိ လှမ်း၍ ကြည့်လိုက်၏။ တစ်ဖက်လူသည် မည်သည့် ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုသည့်လူဖြစ်ကြောင်း သူသုံးသပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အကြိမ် တစ်ထောင်လောက် ရိုက်နှက်နိုင်မည့် နည်းလမ်းများကို သူ ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်၏

“စကြရအောင်” ကျွင်းချောင်ရှောင်းက ကြေညာလိုက်သည်။

ဘန်း

ပြောပြောပြီးချင်းမှာပဲ လူရိုင်းသည် လက်သီးကိုဆုပ်လိုက်၏။ သူ၏ အင်္ကျီများသည် တစ်စစီ ပေါက်ကွဲထွက်သွား ပြီးသည့်နောက်မှာတော့ တောင့်တင်းခိုင်မာလှသော ကြွက်သားများသည် အမြောင်း အမြောင်း ထွက်ပေါ်လာ၏။

လူငယ်များသည် ဆွံ့အသွားကြ၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများသည် သေသေချာချာ တည်ရှိနေရုံသာမက ခန္ဓာကိုယ်ပေါ်တွင် များပြားလှသော အမာရွတ်များလည်း တည်ရှိလို့နေ၏။ ပြောရမည် ဆိုလျှင် ကျောဘက်တွင် အမာရွတ်များစွာ တည်ရှိလို့နေ၏။ သေခြင်း၊ ရှင်ခြင်း အခြေအနေများကို မည်မျှ ကျော်ဖြတ်ခဲ့သည်ဖြစ်ကြောင်း ဤအရာကို ကြည့်ရှုသည်နှင့် သိသာနိုင်သည်။

လူရိုင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ဒီနေ့ တည်နေရာမှာ ကျုပ်ရပ်နေနိုင်တာက ရေတွက်လို့ မရအောင် များပြားတဲ့ သေခြင်းရှင်ခြင်း အခြေအနေတွေကို ကြုံဖူးလို့ပဲ၊ မင်းလိုမျိုး နူးညံ့လှတဲ့ အသားအရည်နဲ့ လူက ဒါမျိုးကို ဘယ်ကြုံဖူးမှာလဲ”

သိုင်းအုပ်စိုးသူအဆင့်သို့ ရောက်ရှိနေသော သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ စိတ်ဝိညာဉ်များကို အသုံးပြုကာဖြင့် ခန္ဓာကိုယ်ပေါ်တွင်ရှိသော အမာရွတ်များကို ပြန်လည်ကုစားနိုင်စွမ်းရှိကြသည်။ သို့ပေမဲ့ လူရိုင်းသည် ထိုကဲ့သို့သော ကိစ္စမျိုးကို ဘယ်သောအခါကမှ မလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဟန်ထုတ် ကြွားဝါချင်သောကြောင့်သာ ဖြစ်တော့၏။ ထိုအစွမ်းသက်ရောက်မှုသည် ကောင်းမွန်လွန်းလှသည်ဟု ဆိုရမည်။ သေခြင်းရှင်ခြင်း အခြေအနေများကို မတွေ့ကြုံဘူးသော လူငယ်များအနေဖြင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အမာရွတ်များကို မြင်လိုက်သည်နှင့်တပြိုင်နက် အလွန်အမင်း ထိတ်လန့်သွားခဲ့ကြ၏။

“ကလေးတို့... ငါ ဒီနေ့ မင်းတို့ကို ပြောချင်တာက အစစ်အမှန် ကျွမ်းကျင်သူတွေဆိုတာက သေခြင်းရှင်ခြင်း အခြေအနေမျိုးတွေကို ကျော်ဖြတ်ပြီး ဖြစ်လာကြတာပဲ” လူရိုင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။

ဝှစ်

ပြောပြောပြီးချင်းမှာပဲ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြစ်တည်လာသော ကြီးမားသည့် လက်ကြီးတစ်ခုသည် လေထုထဲ၌ ဖြစ်တည်လာခဲ့တော့သည်။ ထိုအားအင်များနှင့် ဖြစ်တည်လာသော စွမ်းအင်လှိုင်းများသည် ဆူနာမီ ကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို လှိုင်းထစေခဲ့သည်။

“မကောင်းတော့ဘူး”

ဘုန်း

ကျယ်လောင်လှသော အသံကြီးတစ်ခုသည် တိုက်ခိုက်ရေးတည်နေရာတွင် ထွက်ပေါ်လာသည်။ စွမ်းအင်လှိုင်းများ အားလုံးသည် နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ ကံကောင်းစွာဖြင့် ကျန်းတယ်ကျွင်းသည် အစီအရင်ကို သေသေချာချာ ပြင်ဆင်ထားခဲ့သည်ဖြစ်သည်။ မဟုတ်ပါက ဤစင်မြင့်ကြီးတစ်ခုလုံးသည် ပျက်စီးသွားမှာ သေချာ၏။

မနီးမဝေးတွင် ရပ်နေကြသော လူငယ်များ အားလုံးသည် စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကို ခံလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။ ၎င်းတို၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက် ရှိနေကြသည်။

သို့ပေမဲ့ ၎င်းတို့ မြင်လိုက်ရသည့် မြင်ကွင်းမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာရွတ်များနှင့် ပြည့်နှက်လျက်ရှိသော၊ သေခြင်းရှင်ခြင်း အခြေအနေကို ကျော်ဖြတ်ဖူးသည့်လူမှာတော့ ဆိုးရွားသည့် မျက်နှာအမူအရာဖြင့် မြေပြင်ပေါ်တွင် လဲလျက်ရှိနေ၏။

အစဉ်အမြဲ ပြုံးလျက်ရှိနေသော သရဲသည် သူ၏ အဖော်တစ်ယောက် လက်ဝါးရိုက်ချက် တစ်ခုတည်းနှင့် ရိုက်နှက်ခံ လိုက်ရသည်ကို မြင်သည့်အချိန်မှာတော့ သူ၏ အပြုံးများသည် အေးခဲသွားတော့သည်။ “မဖြစ်နိုင်ဘူး”

လူရိုင်းသည် သိုင်းအုပ်စိုးသူအဆင့်လေး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ခန္ဓာကိုယ်သည်မှာလည်း အလွန် အားကောင်းလွန်းလှ၏။ သိုင်းအုပ်စိုးသူ အဆင့်ငါးနှင့် အဆင့်ခြောက် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် တောင်မှ ဤကဲ့သို့ တိုက်ခိုက်ခံရဖို့ မဖြစ်နိုင်ချေ။

ရွှီး

ရီရှင်းချန်သည် အသာလှမ်းလျှောက်လာပြီးသည့်နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “မင်း... သေဖူးလို့လား”

လူရိုင်းသည် မသေဘူးချေ။ အဘယ်ကြောင့်ဆိုသော် သူသာ သေဖူးသည်ဆိုပါက ဤနေရာတွင် ပေါ်လာလိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ ညအင်ပါယာမှာတော့ တစ်ခါသေဖူးခဲ့၏။ ထို့ကြောင့် သေခြင်းတရား၏ အတွေ့အကြုံကို သူသည် အစစ်အမှန် ခံစားဖူးသည့် လူတစ်ယောက် ဖြစ်တော့သည်။ ထို့ကြောင့် သူကဲ့သို့သော လူမျိုး၏ အရှေ့တွင် သေခြင်းရှင်ခြင်း အတွေ့အကြုံများ အကြောင်းကို လာရောက်ပြောဆိုရန် မည်သူသည် အခွင့်အာဏာ ရှိနေသနည်း။ မည်ကဲ့သို့သောလူများသည် သူ၏ရှေ့တွင် လာရောက်၍ ကြွားဝါခွင့် ရှိနေသနည်း။

ဘုန်း ဘုန်း ဘုန်း

ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာကြီးတစ်ခုလုံးပင်လျှင် တွန့်လိမ်လျက်ရှိနေတော့၏။

လူငယ်များ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ယင်လျက်ရှိသည်။ လီချင်းယန်နှင့် ရှောင်ကျီတို့သည် ဆက်လက်၍ မကြည့်ရှုနိုင်တော့သောကြောင့် မျက်နှာများကို အသာဖယ်ထား ရမိ၏။

ဆယ်မိနစ်တိတိ ကြမ်းတမ်းစွာ ရိုက်နှက်ပြီးသည့်နောက် ရီရှင်းချန်သည် ရပ်တန့်လိုက်တော့သည်။ မောက်မာလှသော လူရိုင်းသည် စင်မြင့်ပေါ်တွင် လဲလျောင်းလျက်ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် များပြား လှသော ဒဏ်ရာများ ထပ်မံဖြစ်တည်နေခဲ့တော့သည်။ သူသည် အလုံးစုံ မေ့မျောနေပြီဖြစ်သည်။

ဘန်း

သေမလိုဖြစ်နေသော လူရိုင်းအား အောက်သို့ ကန်ချပြီးသည့်နောက် ရီရှင်းချန်သည် တွေဝေငေးငိုင်လျက်ရှိသော သရဲအား လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “တက်ခဲ့လေ”

All Chapters