← Chapters

အခန်း (၉၄၄)

Vol. 64 Ch. 944

အခန်း (၉၄၄)

Vol. 64 Ch. 944

ပြိုင်စံရှားဂိုဏ်းဆီသို့ အရင်ဆုံးရောက်ရှိလာပြီး စိန်ခေါ်ရန် အကြံပြုခဲ့သူသည် သရဲပင် ဖြစ်တော့သည်။ ယခုကဲ့သို့ ဂိုဏ်းသားသစ်ခေါ်ယူသည့်အချိန်တွင် ဝင်ရောက်ကာစိန်ခေါ်သည့် အကြံအစည်သည်လည်း သရဲဆီမှပင် ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။

သူ၏အထင်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ကျိန်းသေပေါက် စိန်ခေါ်မှုကို လက်ခံရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးအား ကျင့်ကြံခြင်းလောက၌ မည်သည့် ဂုဏ်သိက္ခာမှ မရှိအောင် သူတို့တွေ ပြုလုပ်နိုင်မှာ ဖြစ်၏။

ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်းသည် ထိုကဲ့သို့ လာရောက်စိန်ခေါ်သည့်အချိန်တွင် ငြင်းပယ်မှုကို မပြုလုပ်ခဲ့ချေ။ တစ်ဖက်လူများသည် ရောက်လာရဲသည်ဆိုမှတော့ တိုက်ခိုက်မှုကို ပြုလုပ်ရပေလိမ့်မည်။ ထို့ကြောင့် အရာ အားလုံးသည် သရဲ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်ဟု ဆိုရမည်။ သူသည် ပြိုင်စံရှားဂိုဏ်းတပည့်များ တစ်ယောက်ပြီးတစ်ယောက်ကို ရိုက်နှက်နေသည့်မြင်ကွင်းအား စဉ်းစားပြီး ပျော်ရွှင်ခဲ့ဖူးသည်။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားကောင်းလှကြောင်းကို သူသည် ကောင်းကောင်းသိ၏။ တစ်ဖက်လူအား သူ စိန်ခေါ်မည်ဆိုပါက ကျိန်းသေပေါက် ဆိုးရွားလှသည့်အခြေအနေကို ရောက်ရှိသွားနိုင်၏။ ထိုသို့ဆိုလျှင် သူသည် ဒုတိယဂိုဏ်းခေါင်းဆောင်အတွက် ကလဲ့စားချေပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တပည့်များကို စိန်ခေါ်ရန် စဉ်းစားခဲ့ခြင်းသာ ဖြစ်တော့၏။

သို့ပေမဲ့ လူရိုင်းသည် ပက်ပက်စက်စက် ရိုက်နှက်ပြီး ပက်ပက်စက်စက် ထိုးနှက်ခြင်းကို ခံခဲ့ရတော့သည်။ သူစီစဉ်ခဲ့သမျှ အရာအားလုံးသည် တခြားသူ၏ လက်အတွင်းသို့ ကျရောက်နေပြီ ဖြစ်‌တော့သည်။

“တက်ခဲ့လေ” ရီရှင်းချန်သည် အေးစက်စက်နှင့် ပြောလိုက်၏။

“ကောင်းကင်ဘုံ… အရမ်းကို ချောမောတာပဲ”

“ငါ… ပြိုင်စံရှားဂိုဏ်းတပည့် ချက်ချင်းပဲ ဖြစ်ချင်နေမိပြီ”

များပြားလှသော မိန်းကလေးများအားလုံးသည် လက်များကိုယှက်ကာဖြင့် ရီရှင်းချန်ကို အားကျသလို ကြည့်နေကြသည်။

စင်မြင့်၏အောက်တွင် မတ်တပ်ရပ်နေသော သရဲသည် ချွေးစေးများပင် ပျံလာခဲ့တော့သည်။ လူရိုင်းသည် ပြန်လည် မတိုက်ခိုက်နိုင်သည်အထိ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ သူသည် လူရိုင်းထက်ပို၍ အားကောင်းလှသည် ဆိုသော်လည်း အနည်းငယ်သာ ပို၍ အားကောင်းခြင်းဖြစ်သည်။ သူသာ အပေါ်သို့တက်သွားသည်ဆိုပါက ကျိန်းသေပေါက် ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံရမှာသေချာ၏။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အဘယ်ကြောင့် အားရပါးရ ဆင်းသက်လာသည်ဖြစ်ကြောင်းကို သူ‌ နောက်ဆုံးတော့ နားလည်လာခဲ့ပြီဖြစ်သည်။ သရဲသည် လက်ရှိ အခြေအနေအတိုင်း ထွက်ခွာသွားချင်နေမိ၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ တစ်ဖက်လူများသည် သူတို့အား လွယ်လွယ်နှင့် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

“စိတ်ကို အေးအေးထား၊ စိတ်ကိုအေးအေးထား”

သရဲသည် သက်ပြင်းကို ရှိုက်လိုက်၏။ ပြီးနောက် ရှောင်ကျီကို ကြည့်လိုက်၏။ “ကျုပ် ခင်ဗျားကို မရွေးထားဘူးလေ၊ ကျုပ်ရွေးထားတာ သူပဲ”

ရီရှင်းချန်သည် ရန်စ၍ ရသည့်သူမဟုတ်ပေ။ သို့ပေမဲ့ ဤကောင်လေးကိုတော့ သူ ရိုက်နှက်နိုင်၏။

“ဂျူနီယာညီလေးရီ”

ရှောင်ကျီက ပြောလိုက်သည်။ “သူက ကျုပ်ဟာလေ”

“အမှိုက်” ရီရှင်းချန်သည် အေးစက်စက်ပြောကာဖြင့် စင်မြင့်ပေါ်မှ ခုန်ချလိုက်၏။

“ကျေးဇူးပြုပြီး” ရှောင်ကျီသည် လက်သီးကိုဆုပ်ကာဖြင့် အပေါ်သို့တက်ရန် ညွှန်ပြလိုက်သည်။

ရီရှင်းချန် လျှောက်ဆင်းလာသည်ကိုမြင်တော့ သရဲသည် စိတ်သက်သာရာရသွား၏။ သူသည် စင်မြင့်ပေါ်သို့ ခုန်တက်ပြီးနောက် တွေးလိုက်မိသည်။ “ငါရွေးချယ်ထားတဲ့ တစ်ဖက်လူက လူရိုင်းလိုပဲ အားကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်လေ၊ ဒီတော့ ငါကသာ မြန်ဆန်မယ်ဆိုရင် သူ့ကို လွယ်လွယ်ကူကူနဲ့ အမှောက်သိပ်နိုင် မှာပဲ”

သူသည် ပြိုင်ဘက်ကို ရွေးချယ်သည့်နေရာတွင် သေသေချာချာ စဉ်းစားပြီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လူသည် လူရိုင်းကဲ့သို့ မဟုတ်ပေ။ ဉာဏ်ကောင်းလှသူဖြစ်၏။

ရှောင်ကျီသည်လည်း စင်မြင့်ပေါ်သို့ ခုန်တက်လာသည်။

“စကြရအောင်”

ကျွင်းချောင်ရှောင်းသည် စိတ်မရှည်သလို ပြောလိုက်၏။ မူလအားဖြင့် လူရိုင်းသည် စွမ်းအင် အပြည့်ရှိသည်ဟု သူထင်မှတ်ခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူ့တပည့်၏ တချက်တည်းရိုက်နှက်မှုနှင့်ပင် မေ့မျောနေပြီ ဖြစ်သည်။ ထို့ကြောင့် ဆက်လက်ယှဉ်ပြိုင်မည့် တိုက်ပွဲများကို အလုံးစုံ စိတ်မဝင်စားတော့ချေ။ မြန်မြန်ဆန်ဆန် ပြီးသွားပြီဆိုပါက ဂိုဏ်းသားသစ်ခေါ်ဆောင်မည့်အစီအစဉ်ကို ဆက်လက်ကာ ပြုလုပ်ရန် စီစဉ် ထားလိုက်မိ၏။

………………………………..

စင်မြင့်ပေါ်မှာတော့ သရဲသည် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အမဲရောင် အရိပ်များအဖြစ် ဖြစ်ကျန်သည်အထိ ပြေးလွှားလျက် ရှိနေသည်။

ရှောင်ကျီသည် တည်နေရာတွင် တောင်ကြီး တစ်ခုကဲ့သို့ မတ်မတ်ရပ်လျက်ရှိ၏။

ဝှစ်

ထိုအချိန်မှာတော့ သရဲသည် အခွင့်အရေး အရယူကာဖြင့် ရှောင်ကျီ၏ အနောက်သို့ ခုန်ချလိုက်၏။ သူ၏ ညာဘက် လက်တွင် အားကောင်းလှသော အော်ရာများဖြစ်တည်ပြီးသည့်နောက်မှာတော့ ရုတ်တရက် တိုက်ခိုက်လိုက်သည်။

ဘုန်း

ရှောင်ကျီသည် မရှောင်ရှားချေ။ သူ၏ နောက်ဘက်ဆီသို့ ရန်သူအား ရိုက်နှက်စေ၏။ သူသည် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် မတ်မတ်ရပ်နေတုန်းပင်။

“ဒါက” သရဲ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများ ပေါ်လာ၏။

“ခင်ဗျားရဲ့အားအင်က အရမ်း အားနည်းလွန်းတယ်၊ ပိုပြီး အားထည့်ရိုက်ပါအုံး” ရှောင်ကျီက ပြောလိုက်သည်။

“ချီးတဲ့မှ…”

သရဲသည် ၎င်း၏ လှုပ်ရှားမှုနည်းစနစ်ကို အစွမ်းကုန် ထုတ်ဖော်ကာဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ပြီးသည့်နောက် ညာလက်သည် လက်စည်းသင်္ကေတတစ်ခုကို ဖန်တီးပြီးသည့်နောက်မှာတော့ ပိုမို အားကောင်းသည့် စွမ်းအင်များကို စုစည်းကာ တိုက်ခိုက်လိုက်တော့၏။

ဘန်း ဘန်း ဘန်း

ကြမ်းတမ်းလှသော စွမ်းအားမြင့် လက်ဝါးရိုက်ချက် သုံးချက်သည် ရှောင်ကျီ၏ ကျောပေါ်သို့ ဆက်တိုက် ကျဆင်းလာ၏။ သို့ပေမဲ့ ရှောင်ကျီသည် တောင်ကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်လျက် ရှိသည်။ သူသည် သဘောမတွေ့သလို ပြောလိုက်သည်။ “ဒီထက်ပိုပြီး အားကောင်းအောင် ရိုက်လို့ မရဘူးလား”

သရဲ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဤလက်ဝါးရိုက်ချက်သည် ကျိန်းသေပေါက် သူ၏ လူသတ် တိုက်ကွက်ပင် ဖြစ်တော့သည်။ သို့ပေမဲ့ သုံးချက်တိတိ ရိုက်ပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် တစ်ချက် ကလေးမှ မလှုပ်ခဲ့ချေ။ ဤအရာသည် သူ၏မာနအား ထိခိုက်စေသည်။

“ဒီကောင်က မရှောင်နိုင်ဘူးလေ၊ ဆိုလိုတာက သူ့မှာ အရမ်းအားကောင်းတဲ့ ခန္ဓာကိုယ်ရှိတယ်ဆိုပေမယ့် အမြန်နှုန်းက အားနည်းတာ ဖြစ်လိမ်မယ်၊ လူက ဒီနေရာမှာ ကြံ့ကြံ့ခံနိုင်တယ်ဆိုပေမယ့် သဲအိတ်တစ်အိတ်ထက် မပိုဘူး”

သရဲသည် အခြေအနေကို သုံးသပ်ပြီးသည့်နောက်မှာတော့ တိုက်ခိုက်မည့်ဗျူဟာကို ပြောင်းလဲလိုက် တော့သည်။ တစ်ချက်၊ နှစ်ချက် တိုက်ခိုက်၍ မလုံလောက်ပါက သူသည် အကြိမ်အများကြီး တိုက်ခိုက်မှာဖြစ်၏။

ရွှီး ရွှီး ရွှီး

လှုပ်ရှားမှု နည်းစနစ်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အမဲရောင်အရိပ်များသည် တည်နေရာထဲတွင် ပျံ့နှံ့သွား တော့သည်။ လက်ရှိအခြေအနေမှာတော့ သရဲသည် အမြန်ဆန်ဆုံးသော အခြေအနေကို ထုတ်ဖော်လျက်ရှိနေတော့၏။ တစ်ခါတစ်ရံတွင် သူသည် ဘယ်မှညာကို ရှောင်တိမ်းပြီး အပေါ်အောက် ခုန်လျက်လည်း ရှိနေသေး၏။ အောက်မှကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ပါးစပ်အဟောင်းသား ဖြစ်မိနေကြ၏။ ၎င်းတို့သည် သရဲ၊ တစ္ဆေကို တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်မိနေကြသည်။

ဘန်း ဘန်း

ပေါက်ကွဲသည့်အသံကြီးသည် ထွက်ပေါ်လာခဲ့တော့သည်။ အချိန်အတိုင်းအတာတစ်ခု ကြာပြီးသည့်နောက်မှာတော့ သရဲသည် ၎င်း၏လှုပ်ရှားမှု နည်းစနစ်များကို အသုံးပြု၍ ရှောင်ကျီ၏ အားနည်းမည် ထင်ရသောနေရာများကို ဆက်တိုက် တိုက်ခိုက်တော့၏။ တိုက်ခိုက်ချက် တစ်ဒါဇင်လောက်ကို ထုတ်ဖော်ပြီးနောက် သူသည် ချွေးသံတရွှဲရွှဲနှင့် စင်မြင့်၏ အစပ်နားတွင် မတ်တပ်ရပ်နေ၏။ သူသည် ခေါင်းကိုကိုင်ကာ အော်ဟစ်လိုက်မိ၏။ “ဘာလို့ ငါ့ရဲ့တိုက်ခိုက်ချက်က အလုပ်မဖြစ်တာလဲ”

အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက် သူသည် စိတ်ဝိညာဉ်စွမ်းအင် တော်တော်များများ ကုန်ဆုံးခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် တောင်ကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်နေတုန်းပင်ဖြစ်၏။ ဤခံစားမှုသည် အမှန်ပင် စိတ်ပျက်ဖွယ် ကောင်းလွန်းလှ၏။

“ဟင်း….” ရှောင်ကျီသည် အသာလှည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားရဲ့အားအင်က ဒီလောက်ပဲလား၊ ကျုပ် ဒီမှာ ရပ်ပြီးတော့ အရိုက်ခံနေတာ တော်တော်ကြာနေပြီလေ”

“ချီးတဲ့မှ…”

သရဲသည် အော်ဟစ်လိုက်၏။ “မင်း မရှောင်နိုင်လို့ မဟုတ်လား”

ဝှစ်

ပြောပြီးပြီးချင်းမှာပဲ အားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ရှေ့တွင် ပေါက်ကွဲထွက်လာ သည်။ ရှောင်ကျီသည် သူ၏ အရှေ့တွင် ပေါ်ပေါက်လာတော့သည်။ ညာလက်ကို မြှောက်ပြီးသည့်နောက် အလွန် အားကောင်းလှသော မြေဓာတ်သဘာဝသည် စုစည်းလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ကျဆင်း၏။

ဘန်း

ရှောင်ကျီ၏ လက်သီးချက် ကျဆင်းလာပြီးသည့်နောက် သူသည် အမြှောက်ဆန်တစ်ခုကဲ့သို့ လွှင့်စင်သွားခဲ့တော့ သည်။

ဘုန်း

အဝေးတစ်နေရာတွင်ရှိသော သစ်ပင်ပေါင်းများစွာနှင့် ရိုက်မိပြီးသည့်နောက်မှာတော့ သရဲသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။ သူ၏ ရင်ဘတ်တွင်တော့ ကြီးမားလှသည့်လက်သီးရာတစ်ခုက ဖြစ်တည်နေပြီး ချက်ချင်းပင် သတိလစ်မေ့မျောသွားခဲ့သည်။

သူသည် ရီရှင်းချန်ကို ပြဿနာမရှာခဲ့ပေ။ သို့ပေမဲ့ ရှောင်ကျီကို တော့ ပြဿနာရှာခဲ့မိသည်။ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်း အတွင်းစည်းတပည့်များကို တိုက်ခိုက်ရန်အတွက် လုံ‌လောက်သည့် အားအင် မရှိသည်မှာ သေချာ၏။

“ကောင်လေးတို့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနှစ်ယောက်ကို ထောင်ထဲထည့်ထားလိုက်”

“ကောင်းပါပြီ” လီဖေး၊ လုံကျိရန်နှင့် တခြားသောသူများသည် သေမလို ဖြစ်နေကြသော လူရိုင်းနှင့် သရဲတို့အား ပြိုင်စံရှားဂိုဏ်းဆီသို့ ခေါ်သွားကြတော့၏။

“အင်း…” အဝေးတစ်နေရာတွင်ရှိသော အရိပ်သည် သူမ၏လူနှစ်ယောက် ဖမ်းဆီးခံလိုက်ရသည်ကို မြင်သည့်နောက်မှာတော့ တွေးလိုက်မိ၏။ “ဒါက သေလမ်းရှာခြင်းရဲ့ ရလဒ်ပဲလေ”

သူမသည် အလျင်အမြန် ရောက်ရှိလာချိန်မှာတော့ လူရိုင်းနှင့်သရဲတို့သည် စိန်ခေါ်မှုကို ပြုလုပ်နေခဲပြီးပြီ ဖြစ်တော့၏။ ထို့ကြောင့် မည်သို့မှ မတတ်နိုင်ခဲ့တော့ချေ။ အမှောင်ထဲမှာသာ ပုန်းအောင်း၍ ကြည့်ရှုခြင်းကို ပြုမူနေတော့သည်။

အရိပ်သည် ဤကဲ့သို့ ရလဒ်မျိုး ဖြစ်ပေါ်လာသည့်အတွက် နည်းနည်းလေးမှ အံ့အားသင့်မှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဒုတိယဂိုဏ်းချုပ်က ဤဂိုဏ်းကို ပြဿနာမရှာရန် အထပ်ထပ်မှာကြားခဲ့သည် မဟုတ်လား။ တစ်ဖက်လူများသည် ကျိန်းသေပေါက် အားကောင်းသည့်လူများ ဖြစ်ရပေလိမ့်မည်။

ဝှစ်

အရိပ်သည် တည်နေရာတွင် ကြာရှည်မနေချင်ပေ။ သတင်းပေးပို့ရန် အတွက် လျင်လျင်မြန်မြန်ပဲ ထွက်ခွာသွားရန် စီစဉ်လိုက်တော့၏။ သို့ပေမဲ့ သူမ တစ်ဖက်သို့ လှည့်လိုက်သည့်အချိန်မှာပဲ သစ်ပင်ကြီး၏ အရှေ့တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အေးစက်စက် အမျိုးသမီးတစ်ယောက် တည်ရှိနေသည်ကို မြင်လိုက်ရ၏။

“ဒီကိုရောက်နေပြီဆိုမှတော့ ပြန်မသွားပါနဲ့တော့” လုချင်းချင်းသည် အသာပြောလိုက်သည်။

အရိပ်သည် အနည်းငယ် အံ့အားသင့်မိသွားတော့၏။ သို့ပေမဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းပြီးသည့်နောက် ပြောလိုက်တော့သည်။ “ငါ့ကို တားနိုင်လို့လား”

ဝှစ်

သူမသည် ခန့်မှန်းလို့ မရနိုင်အောင် မြန်ဆန်လွန်းလှသော လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ ဘေးတစ်ဖက် တစ်ချက်ဆီသို့ ပျံသန်းသွားသည်။

ဝှစ် ဝှစ်

သို့ပေမဲ့ အလွန်အားကောင်းလှသော အအေးချီများသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာပြီးသည့်နောက် မှာတော့ သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ ပြီးသည့်နောက်မှာတော့ သူ၏ အမြန်နှုန်းသည် ချက်ချင်းပဲ လျော့ကျသွားခဲ့၏။

အရိပ်၏ အမူအရာများသည် ချက်ချင်းပဲ ပြောင်းလဲသွား၏။ သူမသည် စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ရန် ကြိုးစားလိုက်သည့်အချိန်မှာတော့ ဓားတစ်စင်းသည် သူမ၏ ပခုံးပေါ် ရောက်ရှိလာခဲ့တော့သည်။

လုချင်းချင်းသည် ဓားကို ကိုင်ကာဖြင့်‌ ပြောလိုက်၏။ “ဖမ်းနိုင်တာပေါ့”

…………………

အဝေးတည်နေရာမှာတော့ အရိပ်တစ်ယောက် ဖမ်းဆီးခံရသည်ကို မြင်သည့်အချိန်မှာ‌တော့ ရင်ကျိုး သည် ခေါင်းကို ခါယမ်းလိုက်တော့၏။ “ကောင်မလေး.. ဒီကိုလာပြီဆိုမှတော့ ဘယ်သူမှ မသိအောင် လာရမှပေါ့၊ မင်းက ပြိုင်စံရှားဂိုဏ်းရဲ့ အရမ်းကပ်တဲ့နေရာကို သွားမှတော့ အမိခံရတာ သာမန်ပဲလေ၊ ဟမ်း……… ငါပြန်ပြီး သတင်းပို့ ရတော့မယ်”

ဘုန်း

ပေါက်ကွဲသံကြီး တစ်ခုဖြစ်ပေါ်လာပြီး မြေတည်နေရာတွင် နက်ရှိုင်းလှသော တွင်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ရင်ကျိုး သည် မျက်လုံးတွေ ချာချာလည်ပြီးသည့်နောက် ဤတည်နေရာတွင် သတိလစ် မေ့မျောနေတော့သည်။

ဟယ်ဝူတီသည် ကောင်းကင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီးသည့်နောက်မှာတော့ သူ၏နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ “ဒီကောင်က အားနည်းလွန်းလိုက်တာ”

………………

“ဘေဘီ ရှပ် ဒူး ဒူး ဒူး”

ကျွီ

ကျိုးဒူဒူသည် ခံစားချက်အပြည့်နှင့် သီချင်းကို သီဆိုနေစဉ်မှာပဲ အကျဉ်းထောင်တံခါးသည် ရုတ်တရက်ပွင့်လာ၏။ သူသည် ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်မိသည်။ “ဟာ… အခန်းဖော်အသစ်တွေပါလား”

ဘုတ် ဘုတ် ဘုတ်

လူရိုင်း၊ သရဲနှင့် ရင်ကျူးတို့သည် ထောင်ထဲသို့ ပစ်လွှတ်ခြင်းကို ခံလိုက်ရ၏။

ကျွတ် ကျွတ် ကျွတ်

ကျိုးဒူဒူသည် အသာလှမ်းလျှောက်လာပြီးသည့်နောက် အားလုံးသည် သတိလစ်မေ့မျောနေသည်ကို မြင်လိုက်ရ သည်။ ထို့ကြောင့် စာနာသနားစွာဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့က တော်တော်ကြီးကို နှိပ်စက်ခံထားရတာပဲ”

“အစ်ကိုကြီး”

သူသည် နံရံကို မျက်နှာချင်းဆိုင်လျက်ရှိသော တိုင်လုဆီသို့ လှမ်း၍ ပြောလိုက်သည်။ “လာပြီးတော့ ကျုပ်တို့ အခန်းဖော်အသစ်တွေကို ကြိုဆိုပါအုံး”

All Chapters