← Chapters

အခန်း (၉၄၆)

Vol. 64 Ch. 946

အခန်း (၉၄၆)

Vol. 64 Ch. 946

လူရိုင်းနှင့်ဝိညာဉ်တို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့၏ မရီဒမ်များသည်လည်း စည်းခတ်ခြင်းကို ခံထားရ၏။ ထို့ကြောင့် မြေပေါ်တွင် လဲလျောင်းနေခဲ့ရသည်မှာ နားလည်ဖွယ်ရာ ဖြစ်တော့သည်။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ချက်ချင်းထ၍ ဒူးထောက်လျက်ရှိနေကြတော့၏။

ကျိုးဒူဒူသည် ဆွံ့အနေမိ၏။ ဤသုံးယောက်တို့သည် ကြိုးဖြင့် ချည်နှောင်ခံရသည့်အချိန်တွင် မျက်လုံးထဲ၌ အလွန်တရာ ဆုံးဖြတ်ချက်ခိုင်မာသည့် အရိပ်အယောင်များ တည်ရှိနေကြပြီး တိုင်လုကဲ့သို့ မဖောက်မပြန်ဖြင့် စိတ်ဓာတ်ခိုင်မာသည့် လူများအဖြစ်သို့ ထင်မှတ်စေသည်။

သို့ပေမဲ့ တစ်ဖက်လူများသည် ဤကဲ့သို့ မြန်မြန်ဆန်ဆန်ဖြင့် ထိတ်လန့်ကြောက်ရွံ့သွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

ယခုရောက်ရှိလာခဲ့သည့် မိန်းကလေးသည် အလွန်အမင်း အားကောင်းနေ၍လား။ ကျိုးဒူဒူသည် တစ်ချက်ခိုး၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရောင်မုန့်ယဉ်သည် အလွန်ချစ်စရာကောင်းသည့် ကလေးမလေးတစ်ယောက်သာ ဖြစ်သည်ကို သိရှိလိုက်ရ၏။ လည်း မရှိချေ။ ထို့ကြောင့် သူမတွေးပဲ မနေနိုင်တော့ ချေ။

ဒီညီအစ်ကို သုံးယောက်က ငါပြောတာတွေကို နားရည်ဝပြီးတော့ အညံ့ခံဖို့ စဉ်းစားလိုက်ကြတာလား။

“ဒီမိန်းကလေးက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တာမို့လို့ နတ်ဆိုးကျင့်ကြံသူတွေက အလိုလို ဖိနှိပ်ခြင်းကို ခံခဲ့ရတာလား။” ကျွင်းချောင်ရှောင်းသည် ခန့်မှန်းလိုက်မိ၏။

ရောင်မုန့်ယဉ်သည် အသာလျှောက်သွားပြီးသည့်နောက်မှာတော့ ဒူးထောက်လျက်ရှိသော လူသုံးယောက်၏ ရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်မတ်ရပ်လိုက်သည်။ သူသည် အထူးမြင့်မြတ်လှသော အုပ်စိုးသူ တစ်ယောက် ကဲ့သို့ပင်ဖြစ်လို့နေသည်။

သူမကပြောလိုက်၏။ “ဘယ်လိုသတ္တိမျိုးရှိလို့ ကျွန်မရဲ့ ပြိုင်စံရှားဂိုဏ်းကို လာပြီးတော့ ပြဿနာရှာရဲရတာလဲ။”

ဂျူနီယာညီမလေးက အရမ်းမိုက်တယ်။ လီဖေးက တွေးလိုက်မိ၏။

လူရိုင်းနှင့် တစ်ခြားသောသူနှစ်ယောက်တို့သည် ခေါင်းကိုပင်မမော့ရဲကြချေ။ ၎င်းတို့သည် ဒူးထောက်လျက်ရှိပြီး တုန်ယင်နေကြသည်။

ရောင်မုန့်ယဉ်သည် သူမ၏ကျင့်ကြံခြင်းအဆင့်ကို မဖိနှိပ်ထားတော့ချေ။ သူမ၏ခန္ဓာကိုယ်တွင် ဆန်းကြယ်လွန်းလှသော အော်ရာများထွက်ပေါ်လျက်ရှိနေ၏။ ထိုအော်ရာများ၏ ဖိနှိပ်မှုသည် ၎င်းတို့အား အသက်ပင် မရှူရဲသည်အထိ ဖြစ်ပျက်နေစေ၏။

“ပြောစမ်း”

ဘုတ် ဘုတ်

လူရိုင်းနှင့် တစ်ခြားနှစ်ယောက်တို့သည် မြေပေါ်သို့ ပြုတ်ကျသွားသည်အထိ ထိတ်လန့်သွားကြသည်။

“………”

ကျိုးဒူဒူ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ မိန်းကလေး၏ အသံသည် ချိုသာလွန်းနေ၏။ သို့ပေမဲ့ တစ်ဖက်လူ များသည် အဘယ့်ကြောင့် ဤမျှ ကြောက်ရွံ့နေကြရသနည်း။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “သူတို့ကို ဘယ်သူလဲဆိုတာ အရင်မေး။”

“ကောင်းပါပြီ”

ရောင်မုန့်ယဉ်သည် အေးစက်စက်မျက်နှာဖြင့် ပြောလိုက်၏။

“ရှင်တို့က ဘယ်သူတွေလဲ။ ဘယ်ဂိုဏ်းက လွှတ်လိုက်တာလဲ။”

လူရိုင်းနှင့် သရဲ တို့သည် စိတ်ထဲ၌ အပြင်းအထန် ရုန်းကန်လျက်ရှိနေ၏။ သို့ပေမဲ့ နှလုံးသားအနက်ရှိုင်းဆုံးဆီမှ ထွက်ပေါ်လာသော အကြောက်တရားများသည် ၎င်းတို့အား ဖိနှိပ်သွားခဲ့၏။ ထို့ကြောင့် သံပြိုင်ပင် ပြောဆိုလိုက်ကြတော့၏။ “ကျုပ် …. ကျုပ်တို့က နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကပါ။”

“နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ဘယ်မှာလဲ။”

“နေ နေဝင်ကျီးကန်း တောထဲမှာ။”

၎င်းတို့ သုံးယောက်လုံးသည် ပါးစပ်ကို တင်းတင်း ပိတ်ထားချင်နေမိ၏။ သို့ပေမဲ့ ၎င်းတို့၏ စိတ်များအားလုံးသည် ပြင်းထန်လှသည့် ဖိအားကြီးအောက်မှာတော့ မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့ကြချေ။ ထို့ကြောင့် ပြောဆိုခြင်းကိုသာ ပြုလုပ်ရတော့သည်။

“နေဝင်ကျီးကန်းတောတန်းဟုတ်လား။”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ဒါက တားမြစ်တည်နေရာသုံးခုထဲက တစ်ခုပဲ။”

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တားမြစ်တည်နေရာအများအပြားတည်ရှိနေ၏။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တားမြစ်တည်နေရာသုံးခုထဲမှ တစ်ခုသည် နေဝင်ကျီးကန်းတောတန်းပဲ ဖြစ်တော့၏။

နေဝင်ကျီးကန်းတောတန်းသည် မဲမှောင်လွန်းပြီး ကြမ်းတမ်းလှသော သားရဲအရိုင်းများသည် နေရာအနှံ့တွင် တည်ရှိလို့ နေတော့၏။ စိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် မြူများကဲ့သို့ ဖုံးအုပ်ကာ မြူများသည် နေရာအနှံ့အပြားတွင် တည်ရှိနေပြီး စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်မှုကို တားဆီးထားခဲ့၏။ ထို့ကြောင့် သိုင်းအုပ်စိုးသူတစ်ယောက်ပင်လျှင် ထိုထဲသို့ ဝင်ရောက်သွားပါက လမ်းပျောက်သွားပေလိမ့်မည်။

“တိကျတဲ့နေရာကိုပြော” ရောင်မုန့်ယဉ်က မေးလိုက်သည်။

“ကျုပ် ကျုပ်တို့ ……..”

… … …

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။ “ဒီလောက်လွယ်ကူတာလား။”

…….

“ရှင်တို့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိဖို့အတွက် ကြိုးစားရတာ လွယ်ကူလိမ့်မှာမဟုတ်ဘူး။ ကျွန်မရဲ့ ဂိုဏ်းချုပ်က အရမ်းကို ပါရမီကြီးမားတယ်၊ ဒီတော့ သူ့ကိုအညံ့ခံသင့်တယ်။” စေကားလမ်းကြောင်း လိုက်၏။

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ သူသည် ပထမဉီးဆုံး မည်သူတွေ ဖြစ်သနည်း ဆိုသော မေးခွန်းကိုသာ မေးမြန်းခိုင်းခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့ အညံ့ခံရန် ထပ်၍ မပြောခိုင်းခဲ့ချေ။

မိန်းကလေးမှာတော့ အလွန်ပင် စဉ်းစားဉာဏ်ကောင်းနေလှ၏။

“မဆိုးဘူး။ မဆိုးဘူး။”

လူရိုင်းနှင့် သရဲ တို့၏ မျက်နှာများသည် ပိုမိုကာ ပျက်ယွင်းသွားကြသည်။ ၎င်းတို့၏ နှလုံးသားထဲတွင် အတင်း ရုန်းကန်လျက်ရှိနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို အညံ့ခံလိုက်ရတော့သည်။

“ကျွန်မမေးတာကိုဖြေ”

ရောင်မုန့်၏ မျက်လုံးများသည် ထူးဆန်းသည့် အလင်းတန်းများနှင့် ပြည့်နှက်သွားခဲ့သည်။ သူမသည် ကောင်းကင် နှင့် မြေကြီး နေနှင့်လ တို့ကိုပင် ယှဉ်ပြိုင်တိုက်ခိုက်ရဲနေသည့် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက တည်ရှိခဲ့သော သူရဲကောင်းကြီးတစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့တော့သည်။

လူရိုင်းနှင့် တစ်ခြားနှစ်ယောက်တို့သည် မြေပေါ်တွင် ပြားပြားဝပ်နေသည်အထိ ကြောက်လန့်နေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များအားလုံးသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့်ပင် ထောင်ထလျက်ရှိနေ၏။ ဤမိန်းကလေး၏ အော်ရာများသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းလှ၏။

နတ်ဆိုးတောင်ကြားထဲကို သွားခဲ့ပြီးသည့်နောက်မှာတော့ ရောင်မုန့်ယဉ်သည် နတ်ဆိုးအင်ပါယာဆီမှ အသိအမှတ်ပြု မှုကို ရရှိခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူ သုံးယောက်တို့သည် သူမကို ထိတ်လန့်ကြောက်ရွံ့ကြ သည်ဆိုသည်မှာ သဘာဝပင် ဖြစ်တော့၏။

“ကျုပ် ကျုပ်တို့ အညံ့ခံပါတယ်။”

“ဒါဆိုရင် ရှင်တို့ရဲ့ ဝိညာဉ်အရင်းအမြစ်ကို ပေး။”

…

…

ကျွင်းချောင်ရှောင်းသည် ၎င်း၏လက်ထဲတွင် တစ်ဖက်လူများ၏ ဝိညာဉ်အရင်းအမြစ်ကို ကိုင်လိုက်သည့်အချိန်မှာတော့ အနည်းငယ် အံ့အားသင့်လျက်ရှိနေသေး၏။ ဤသုံးယောက်အား မြန်မြန်ဆန်ဆန်နှင့် အညံ့ခံအောင်ပြုလုပ်နိုင်လိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။

ဟုတ်ပေသည်။ ရောင်မုန့်ယဉ်၏ အစွမ်းသည် နတ်ဆိုးကျင့်ကြံသူများအားလုံးကို သက်ရောက်စေခဲ့သည်ကို သူကောင်းကောင်းနားလည်ခဲ့၏။

“ဒီလိုမှန်းသိလို့ရှိရင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို သွားပြီးပြဿနာရှာတဲ့အချိန်မှာ သူ့ကိုခေါ်သွားပါတယ်။”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “ထောင်ထဲမှာ အမျိုးသမီးတစ်ယောက် ရှိသေးတယ်မလား။ သူ့ကို သွားပြီး အညံ့ခံခိုင်းလိုက်မယ်။

“သွား သွား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူသည် အကျဉ်းထောင်ထဲမှ ထွက်ခွာမသွားချေ။ ပြီးသည့်နောက်မှာတော့ နံရံကို မျက်နှာချင်းဆိုင်ကာ ထိုင်လျက်ရှိနေသော တိုင်လုကို လှမ်းကြည့်လိုက်၏။ “ကောင်လေး စဉ်းစားပြီးပြီလား။”

……..

တိုင်လုသည် မည်သည့်စကားမှမဆိုချေ။ သူ၏ရှေ့တွင် နတ်ဆိုးကျင့်ကြံသူသုံးယောက်တို့ အညံ့ခံခဲ့သည်ကို မြင်ခဲ့ရ သည်ဆိုသော်လည်း သူသည် ပြိုင်စံရှားဂိုဏ်းကို ဘယ်သောအခါကမှ ဝင်ရောက်လိမ့်မည်မဟုတ်ချေ။ သူ၏နှလုံးသား သည် ခိုင်မြဲလွန်းလှသည်။

“ဂိုဏ်းချုပ်ကျွင်း”

ကျိုးဒူဒူက အော်ဟစ်လိုက်၏။ “ကျုပ် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ချင်ပါတယ်။”

သူသည် ဤစကားကို အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူး၏။ သို့ပေမဲ့ ပြောလိုက်သည့်အချိန်တိုင်းတွင် လစ်လျူရှုခြင်းကို ခံရသည်။ ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက ထောင်ထဲမှာ တစ်ကယ့်ကို အတွေ့အကြုံရှိနေပြီလေ။ ဒီတော့ ပါရမီရှင်လို့ သတ်မှတ်လို့ရတယ်။ ဒီမှာ နေပြီးတော့ အကျဉ်းသားတွေ ဉာဏ်အလင်းပေါက်အောင် ကြိုးစားပေး။”

“စားသောက်ခန်းကို သတင်းပေးလိုက်။ တစ်နေ့ကို အစားအစာသုံးနပ်စာ ဒီကိုပို့ပေးဖို့။”

“ကောင်းပါပြီ”

“ပြီးတော့ ဒီသုံးယောက်ကို အရှေ့တောင်ထွတ်ဆီကို ခေါ်သွားပြီးတော့ စွန်းပုကုံးဆီမှာ ကုသခိုင်းလိုက်။”

“ကောင်းပါပြီ”

“ကျွီ”

အကျဉ်းခန်းတံခါးသည် ပြန်လည်ကာ ပိတ်သွားတော့၏။ ထောင့်တစ်နေရာတွင် ကွေးကွေးလေးရှိနေသော ကျိုးဒူဒူ သည် တွေတွေဝေဝေနှင့် ဖြစ်လျက်ရှိနေ၏။ သူသည် သူ၏အခန်းဖော်သုံးယောက်တို့ ထွက်ခွာသွားသည့်အတွက် စိတ်ဓာတ်ကျနေခြင်းမဟုတ်ပေ။

လက်ရှိအခြေအနေမှာတော့ သူသည် အားရပါးရရယ်မောပြီး ထ၍ကချင်စိတ်ပင် ပေါက်မိနေ၏။ အရင်တုန်းကဆိုလျှင် သူသည် တစ်နေ့ကို ထမင်းတစ်နပ်ကိုသာ စားရ၏။ လက်ရှိအခြေအနေမှာတော့ တစ်နေ့ကို သုံးနပ်စားရတော့မည် ဖြစ်သည်။

ပျော်ရွှင်မှု ….။

ဤအရာကသည်သာလျှင် အစစ်အမှန် ပျော်ရွှင်မှုဖြစ်သည်။

“ဒီနေရာမှာ နေထိုင်ပြီး အကျဉ်းသားတွေကို ဉာဏ် အလင်းပေါက်အောင် ပြုလုပ်ပေးရမှာပေါ့။”

ကျွင်းချောင်ရှောင်းပြောခဲ့သည့် အချက်များကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ ကျိုးဒူဒူသည် ပြန်လည်ကာ စိတ်တည်ငြိမ်သွား၏။ ပြီးနောက်ပြောလိုက်မိသည်။ “သူငါ့ကို တစ်ကယ့်ကို အထင်ကြီးနေတာပဲ”

“ဂိုဏ်းချုပ်ကျွင်း”

သူသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်၏။ “ကျုပ်က စိတ်မပျက်စေရပါဘူး။ ကျိန်းသေပေါက် အကျဉ်းသားတွေကို ဉာဏ်အလင်းပေါက်အောင် သင်ပြပြောဆို ပေးပါ့မယ်။”

“ကတုံး”

ကျိုးဒူဒူသည် အသာလှည့်ပြီးသည့်နောက်မှာတော့ တိုင်လုရှေ့သို ရောက်ရှိသွား၏။ ပြီးနောက် အားတက်သရောဖြင့် အကြံပေးလိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်းက အရမ်းကို ကြင်နာတတ်တဲ့လူပဲ။ လူသားတစ်ယောက်အနေနဲ့ မင်းသူ့ကို ကျေးဇူးတင်သင့်တယ် လေ။ ကိုယ့်ကိုယ်ကိုယ် အတင်းကြီးအားတင်းမထားနဲ့။ မြန်မြန်ဆန်ဆန် ပြိုင်စံရှားဂိုဏ်းဆီကို အညံ့ခံလိုက်။ ဘဝ ဆိုတာက ရေနွေးခွက်တစ်ခွက်လိုပေါ့။ အချိန်အတိုင်းအတာတစ်ခုဆိုတာ တည်ရှိနေတယ်လေ။ အချိန်ကြာသွားရင် ပူနွေးမနေဘဲ အေးစက်သွားတော့မှာပေါ့။ ဒါဆိုရင် အရသာရှိမှာ မဟုတ်တော့ဘူး။”

ကျိုးဒူဒူသည် အချိန်ပြည့် ညှိနှိုင်းမှုကို ပြုလုပ်လျက်ရှိနေတော့သည်။

…

ရောင်မုန့်ယဉ်သည် နတ်ဆိုးကျင့်ကြံသူများနှင့် ညှိနှိုင်းသည့်နေရာတွင်တော့ အလွန်ကောင်းမွန်နေ၏။ အမျိုးသမီး အကျဉ်းထောင်ထဲသို့ ဝင်ရောက်ပြီး မကြာခင်မှာဘဲ သူမသည် အရိပ်၏ ဝိညာဉ်အရင်းအမြစ်ကို ယူဆောင်၍ အဓိက ဟောခန်းဆီသို့ ရောက်ရှိလာခဲ့၏။

“ဂိုဏ်းချုပ် ဟိုအမျိုးသမီးကတော့ အညံ့ခံသွားပြီ။”

“အံ့အားသင့်စရာပဲ။”

ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်၏။ သန္ဓေနတ်ဆိုးဖမ်းတာကို ပိုင်နိုင်သော ရောင်မုန့်ယဉ်သာ မပါပါက ဤနတ်ဆိုးကျင့်ကြံသူလေးယောက်တို့ အညံ့ခံရန် ပြုလုပ်ရသည်မှာ အလွန်ခက်ခဲပေလိမ့်မည်။

“ဟုတ်ပြီ။ ကောင်မလေး”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ သခင်က သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်လို့ပြောတယ်။ ဒါကို မင်းဘယ်လိုထင်လဲ။”

ရောင်မုန့်ယဉ်သည် တိကျခိုင်မာစွာ ပြောလိုက်၏။ “ဒီတပည့်တစ်ယောက်တည်းကသာ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို အမွေအနှစ်ဆက်ခံခဲ့တာ။ ဒီလောကကြီးထဲမှာ ဒုတိယတစ်ယောက်ဆိုတာ မရှိဘူး။”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီလိုဆိုရင် ဒီနတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်းက အပြင်လောကက လူတွေကို လိမ်ညာနေတာပေါ့။ သူတို့အနေနဲ့ လောကကြီးမှာရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေ ဂိုဏ်းထဲကို ဝင်လာစေဖို့အတွက် တမင်ဒီစကားတွေကို ထုတ်ပြောထားတာဖြစ်ရမယ်။”

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “နေဝင်ကျီးကန်းတောတန်းထဲကို သွားမယ်ဆိုရင် ကျေးဇူးပြုပြီး ဒီတပည့်ကိုလည်း ခေါ်သွားပေးပါ။”

သူမသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဟု လိမ်ညာရဲလောက်သည်အထိ သတ္တိကောင်းလှသော လူများကို အမှန်ပင် တွေ့ချင်နေမိ၏။

“ကောင်းပြီ။” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်၏။

ရုတ်တရက်ပဲ စနစ်ဆီမှ သတိပေးချက်တစ်ခု ထွက်ပေါ်လာတော့သည်။

ဒင်

“ဂိုဏ်းအဖွဲ့သား ၅၀၀၀၀/၅၀၀၀၀

ဒင်

ဂိုဏ်းတာဝန် အသက်ဝင်။”

တာဝန်ခွဲဝေခြင်း ခန်းမဆောင်ထဲမှာတော့ ဂိုဏ်းတာဝန် အသစ်များ ပေါ်ပေါက်လာခဲ့တော့သည်။ ဆိုလိုသည်မှာ တပည့်များ အနေနှင့် ထိုတာဝန်များကို ပြုလုပ်နိုင်သည်ဆိုလျှင် ဂိုဏ်း၏ အောင်မြင်မှုအမှတ်များ တိုးတက်လာပြီး ဂိုဏ်း၏ အဆောက်အအုံကို အဆင့်မြင့်တင်နိုင်တော့မှာဖြစ်သည်။

တပည့်များ သည်လည်း တာဝန်များကို စတင်ကာ ထမ်းဆောင်ကြတော့၏။

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်တော့သည်။ “ဂိုဏ်းအသိအမှတ်ပြုဌာနကို သတင်းပို့လိုက်အုံး။ တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ လာရောက်စစ်ဆေးပေးဖို့ ပြောလိုက်ပါအုံး။”

All Chapters