← Chapters

အခန်း (၉၅၀)

Vol. 64 Ch. 950

အခန်း (၉၅၀)

Vol. 64 Ch. 950

ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များ အားလုံးသည် စည်းချုပ်နှောင်ခြင်းမှ လွတ်လာခဲ့ကြသော နတ်ဆိုးများ ကဲ့သို့ပင် ဖြစ်နေကြ၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်များအားလုံးသည် ၎င်းတို့၏ မျက်လုံးများကို ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် မည်သို့မှ မနေနိုင်ဘဲ တကိုယ်လုံးပင် တုန်ယင်သွားကြ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် တိုက်ပွဲမစခင်ကတည်းက ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာသည် ဖိနှိပ်ခံလိုက်ရခြင်းပင် ဖြစ်တော့၏။

“သတ်စမ်း၊ သတ်စမ်း”

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှစ်ဆယ်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်း တပည့်များ ကိုင်ဆောင်ထားသော အလွန်ကောင်းမွန်သည့် လက်နက်များကို မြင်ရသည့် အချိန် မှာတော့ ၎င်းတို့သည် အံ့အားသင့်မိကြတော့၏။ သို့ပေမဲ့ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့် မြင့်မားလှကြသည် ဖြစ်သောကြောင့် ထိတ်လန့်ကြောက်ရွံ့မှုတော့ မဖြစ်ကြချေ။

“ဂျူနီယာညီလေးတို့”

လီချင်းယန်သည် အသံပို့လွှတ်လိုက်သည်။ “ဒီလူတွေက ဂြိုဟ်တိုက်ပွဲမှာရှိတဲ့ လူတွေနဲ့ ယှဉ်ရင် အရမ်းအားနည်းလွန်းတယ်၊ ဒီတော့ ကောင်းကောင်းတိုက်ခိုက်ကြရအောင်”

“ကောင်းပါပြီ” အားလုံးသည် တပြုံးပြုံးနှင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့အနေနှင့် သိုင်းအုပ်စိုးသူအဆင့်တွင် ရှိနေကြသည်ဆိုသော်လည်း ကောင်းမွန်လွန်းလှသော လက်နက်ပစ္စည်းများလည်းရှိနေ၏။ ထို့ကြောင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူလောက်ကို မကြောက်လန့်ကြချေ။

ဝှစ် ဝှစ်

ရုတ်တရက် အနောက်ဘက်ဆီမှ တောက်ပလွန်းသော မီးတောက်များ ဖြစ်တည်လာခဲ့သည်။ နဂါးလေးသည် သူ၏ ဒုတိယတိုက်ပွဲဝင်ပုံစံကို အသက်သွင်းပြီးသည့်နောက် ကောင်းကင်တစ်ခုလုံးတွင် မီးတောက်များနှင့် ပြည့်နှက်လာခဲ့၏။ သူ၏သခင်နှင့် ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲများ အားလုံးသည် တိုက်ခိုက်လျက်ရှိနေကြ၏။ ထို့ကြောင့် ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများကို သူတာဝန်ယူရပေလိမ့်မည်။

ဝေါင်း ဝေါင်း

သစ်တော၏ အတွင်းဘက်ဆီမှ စိတ်ဝိညာဉ်သားရဲများ၏အော်သံ ထွက်ပေါ်လာခဲ့တော့သည်။ ဦးလေးညို ဦးဆောင်သော သားရဲများအားလုံးသည် အရှေ့ဘက်ဆီသို့ လှမ်းလာခဲ့ကြ၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့် တိုက်ခိုက်သည့်ပွဲတွင် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများ၊ အတွင်းစည်းတပည့်များကို ခေါ်ဆောင်လာသည်သာမက စိတ်ဝိညာဉ်သားရဲဟောခန်းမှ ထိပ်တန်းစိတ်ဝိညာဉ်သားရဲများကိုလည်း ခေါ်ဆောင် လာခဲ့သေး၏။

တည်နေရာနှင့် နယ်မြေဒေသ အခြေအနေကြောင့်သာ သူသည် ဤလူအရေအတွက်လောက်ကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက သားရဲစီးဟောခန်းကြီးတစ်ခုလုံးကိုပင် ထပ်မံကာ ခေါ်ဆောင်လာခဲ့မှာ ဖြစ်၏။ ကျွင်းချောင်ရှောင်းအနေနှင့် တကယ်တမ်း တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုလျှင် အစစ်အမှန် အားအင်အပြည့်နှင့် တိုက်ခိုက်တော့မှာ ဖြစ်သည်။ ရန်ငြိုးရန်စ အားလုံးကို ဖြေရှင်းရန်အတွက် သူသည် အလွန်လေးနက်လို့နေသည်။

ဝှစ် ဝှစ် ဝှစ်

နဂါးလေးသည် အမြှောက်ဆံတစ်ခုကဲ့သို့ ရှေ့ကိုလှမ်းတက်လာခဲ့၏။ ကောင်းကင်ပေါ်မှာတော့ ကြမ်းတမ်းလှသော မီးစွမ်းအင်များ ဖြစ်တည်နေခဲ့သည်။ ၎င်းသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တော်တော်များများ ၏ ရှေ့သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ တိုက်ခိုက်ခြင်းကို ပြုမူ၏။

ဘုန်း ဘုန်း

ကြမ်းတမ်းလှသော မီးမိုးများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး လေထုတစ်ခုလုံး ပြည့်နှက်သွားသည်။

ဝှစ် ဝှစ်

ထိပ်တိုက် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ တော်တော်များများတို့သည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ ၎င်းတို့၏ ရင်ဘတ်များသည် မဲတူးသွား၏။ တချို့သည် အရေပြားများပင် မီးကျွမ်းလောင်သွားတော့၏။

ဘုန်း

အရှေ့တွင်ရှိနေသော သိုင်းနယ်မြေကျင့်ကြံသူတို့သည် မြေပေါ်သို့ လဲကျပြီးသည့်နောက် ဖြူလျော်သည့် မျက်နှာနှင့် သွေးများပင် အန်ထွက်လာခဲ့သည်။

ရုတ်တရက် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက် ၏ အမြင်အာရုံများသည် ဝေဝါးသွားခဲ့တော့သည်။ သူ၏ ဝေဝါးနေသော အမြင်အာရုံထဲတွင် ခြေဗလာနှင့် မိန်းကလေးတစ်ယောက် ထွက်ပေါ်လာတော့သည်။ သူမသည် အသာ ထိုင်ချလိုက်ပြီးနောက်မှာတော့ သေးငယ်လှသော လက်လေးများဖြင့် သူ၏ဆံပင်များကို ဆွဲကိုင်ကာ ထိုးနှက်လိုက်တော့၏။ ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ကြောင်အသွား၏။ သို့ပေမဲ့ သူ၏မျက်လုံးများ သည် ကျုံ့ဝင်သွားခဲ့၏။ “မဟုတ်ဘူး”

ဘုန်း

ရုတ်တရက် မြေပြင်ဆီမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ ချက်ချင်းပဲ နက်ရှိုင်းလှသော တွင်းကြီးထဲသို့ ထိုသူသည် ရောက်ရှိသွားခဲ့တော့သည်။ လေထုတစ်ခုလုံးတွင်တော့ ငှက်အတောင်ပံများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ နဂါးလေးကြောင့် အစောကြီးကတည်းက ဒဏ်ရာရရှိထားသော သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူသည် လင်းယုန် လက်သည်းရိုက်ချက်ကြောင့် ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားခဲ့ပြီဖြစ်သည်။ သူသည် မျက်လုံးများ အပြူးသားဖြင့် သေဆုံးနှင့်နေပြီဖြစ်သည်။

ရွှီး ရွှီး ….။

ရှောင်မိုရှန်းသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသားများဆီသို့ အသာလှမ်း၍ ကြည့်လိုက်သည်။ သူမ၏ မျက်နှာ ပေါ်တွင် တောက်ပသော အပြုံးတစ်ခု တည်ရှိနေသည်။ ထိုအပြုံးသည် အလွန်ပင် ချစ်ဖို့ကောင်းလှ၏။ သို့ပေမဲ့ ထိုအပြုံးကို မြင်လိုက်ရသည့်အချိန်မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများအားလုံးသည် ချွေးစေးများပင် ပျံလာခဲ့ကြသည်။ သူမသည် အစစ်အမှန် နတ်ဆိုးတစ်ကောင်ပင် ဖြစ်တော့၏။

ဟူး ဟူး

ထိုအချိန်မှာတော့ များပြားလှသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများသည် မြန်မြန်ဆန်ဆန်ပဲ ချဉ်းကပ်လာ ခဲ့ကြသည်။ အရေးပေါ်အခြေအနေတွင် ရှိနေကြသောကြောင့် ၎င်းတို့အားလုံးသည် တိုက်ခိုက်ရေးနည်းလမ်းအစုံကို ထုတ်ကာဖြင့် ရှောင်မိုရှန်းဆီသို့ ဝင်ရောက်ကြ၏။

ဟူး ဟူး

နဂါးလေးသည် သူမ၏ ဘေး၌ ပေါ်လာ၏။ လက်များကို အသာယမ်းခါလိုက်ချိန်မှာတော့ မီးတောက်များ ဖြစ်တည်လာပြီး ထိုသူများအားလုံးကို ဖုံးလွှမ်းသွားပြန်သည်။ သူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “မိန်းမကြီး မြန်မြန်ဖယ်စမ်း”

“နင်”

ရှောင်မိုရှန်းသည် ဒေါသတကြီးဖြင့် နဂါးလေးအား လှည့်ကြည့်လိုက်၏။ သူမသည် မြေပြင်ပေါ်သို့ အသာခြေဆောင့်ကာ ကောင်းကင်ပေါ် ခုန်တက်လိုက်၏။ သူမ၏ ကျောက်စိမ်းကဲ့သို့ သန့်ရှင်းလှသော လက်များ သည် လေထုထဲတွင် ယမ်းခါသွားသည့်နောက်မှာတော့ လေထဲတွင် ငှက်အတောင်ပံများနှင့် ပြည့်နှက်သွားသည်။ ထိုအရာများအားလုံးသည် လက်နက်ပုန်းများကဲ့သို့ပင် ရန်သူများဆီသို့ တိုးဝင်သွား၏။

ရွှီး ရွှီး

လေထုထဲတွင် အလင်းတန်းများ ဖြစ်တည်သွားခဲ့၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှ အဆင့်မြင့် ကျွမ်းကျင်သူ တစ်ယောက်သည် ရုတ်တရက် ပစ်လွှတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရတော့၏။ ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်သားရဲ နှစ်ကောင်သည် နားလည်မှုရှိစွာဖြင့် အပြန်အလှန် ဖေးမကာ တိုက်ခိုက်လျက်ရှိနေသည်။ ထို့အတူ တိုက်ခိုက်ရင်း တစ်ယောက်နှင့် တစ်ယောက်သည်လည်း ရန်ဆောင်လျက် ရှိနေသေး၏။

သို့ပေမဲ့ ဤအရာသည် အစသာ ဖြစ်နေသေး၏။ ဦးလေးညိုနှင့် ၎င်း၏ စိတ်ဝိညာဉ်သားရဲများ အားလုံးသည် လမ်းတလျှောက်တွင် တွေ့မြင်သမျှ အရာအားလုံးကို သတ်ဖြတ်လာခဲ့သည်။ အားအင်အဆင့်အရဆိုလျှင် ၎င်းတို့သည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများလောက် အားမကောင်းလှဘူးဆိုသော်လည်း သန်မာလွန် းလှသော ခန္ဓာကိုယ်များကို အမှီအခိုပြုကာ တိုက်ခိုက်ခဲ့ သောကြောင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် မည်သည့်ဖိအားကိုမှ မခံစားရချေ။

“သွားစမ်း” သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်သည် ထိတ်လန့်ကြောက်ရွံ့နေကြသော တပည့်များအား အရှေ့ဆီသို့ တိုးကာ တိုက်ခိုက်ရန် အော်ဟစ် အမိန့်ပေးလိုက်၏။

“သေစမ်း၊ သေစမ်း”

တပည့်များသည် သတိပြန်ဝင်လာပြီးသည့်နောက်မှာတော့ ၎င်းတို့၏ နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်ကာ လီချင်းယန်နှင့် တခြားသူများကို ခုတ်ပိုင်း၏။ လက်ရှိအချိန်တွင် သိုင်းနယ်မြေနှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများသည် လက်ရည်ညီစွာဖြင့် တိုက်ခိုက်နေရ၏။ သိုပေမဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ပိုမိုရှင်းလင်းစွာဖြင့် လူအင်အားအရေအတွက် အားသာလွန်းလှ၏။ တပည့်များသည် နှစ်ထောင်မှ သုံးထောင်နီးပါးခန့်ပင် တည်ရှိနေကြ၏။

ပြိုင်စံရှားဂိုဏ်းမှာတော့ အတွင်းစည်းတပည့်များ ပါဝင်မှ တပည့်တစ်ဒါဇင်ကျော်သာ ရှိတော့သည်။ သို့ပေမဲ့ အရေအတွက်သည် အရေးမကြီးချေ။ အရည်အချင်းမှာသာ အရေးကြီး၏။

လီချင်းယန်နှင့် တခြားသူများ အားလုံး သည် နတ်ဘုရားအဆင့် လက်နက်များကို ခြောက်ခုတိတိစီ ကိုင်ဆောင်ဝတ်ဆင်ထားခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးကျင့်ကြံသူ တစ်ထောင်ကျော်တို့ကို ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိကြချေ။ ထို့အပြင် ဤသူတို့လောက်မဆိုထားနှင့် ဂြိုဟ်တိုက်ပွဲရှိ အဝါရောင်အဆင့် ကျင့်ကြံသူများကိုပင် တိုက်ခိုက်ခဲ့ကြသူများ မဟုတ်လား။

ဟူး ဟူး

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူသည် ရှေ့ဆုံးမှ ပြေးဝင်လာခဲ့တော့၏။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစား နတ်ဆိုးနည်းစနစ်ကို ထုတ်ဖော်ကာ တိုက်ခိုက်၏။ ကောင်းကင်ပေါ်တွင်တော့ အမဲရောင်စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ နေရာအနှံ့ဆီသို့ ဖြန့်ကျက်ကာ တိုက်ခိုက်တော့သည်။

ဤကဲ့သို့သော စွမ်းအင်မျိုးနှင့် ရင်ဆိုင်သည့်နေရာမှာတော့ လီချင်းယန်နှင့် တခြားသူများ အားလုံးသည် လှုပ်ရှားမှုပင် မပြုလုပ်ကြချေ။ ရှောင်ကျီသည့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏လက်များကို ဖြန့်ကားလိုက်သည့်နောက်မှာတော့ မြေဓာတ် သဘာဝစွမ်းအင်များသည် ဖြစ်တည်လာပြီး ရှေ့တွင် နံရံကြီးတစ်ခု ကဲ့သို့ ဖြစ်တည်လာ၏။

ဘုန်း ဘုန်း

စွမ်းအင်များသည် နံရံကြီးကို ထိမှန်ခဲ့သည်။ တစ်ဖက်လူ ထုတ်ဖော်လာသော တိုက်ခိုက်ရေးနည်းစနစ်သည် ထိခိုက်နိုင်သည့်အရေအတွက် များပြားလှသည်ဆိုသော်လည်း စွမ်းအင်အဆင့်မှာတော့ သာမန်သာဖြစ်သည်။ ထို့ကြောင့် နံရံကြီးကို တစ်ချက်ကလေးတောင် မလှုပ်ယမ်းနိုင်ခဲ့ချေ။

ရွီး ရွီး ……။

တိုက်ခိုက်မှုပြီးသည့်နောက်မှာတော့ လီဖေးသည် သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာဖြင့် ရှောင်ကျီ ကာကွယ်ပေးထားသော တည်နေရာဆီမှ ခုန်ထွက်လိုက်သည်။ သူထွက်သွားရာ လမ်းတလျှောက်မှာတော့ ဓားအလင်းတန်းများသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့ကုန်၏။

ဘုန်း ဘုန်း ဘုန်း …..။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှ သိုင်းကျင့်ကြံသူများသည် အချိန်မီ မရှောင်ရှားနိုင်ခဲ့ကြတော့ချေ။ ထို့ကြောင့် မြေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။

“သေစမ်း”

အေးစက်စက် အသံတစ်ခုသည် ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။ ရီရှင်းချန်သည် ရှေ့သို့ ရောက်နှင့်နေပြီးဖြစ်သည်။ သူသည် ကျန်းယန်ဓားကို ထုတ်ဖော်လိုက်သည့်နောက်မှာတော့ ထက်ရှလွန်းသော အော်ရာများသည် တစ်ဖက်လူကို ပိုင်းဖြတ်ပြီးသား ဖြစ်နေတော့၏။

“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်”

ဝှစ် ဝှစ်

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ သိုင်းအုပ်စိုးသူ ခြောက်ယောက်တို့သည် အချိန်မီဆုတ်ခွာရန် အချိန်မရှိကြချေ။ ထို့ကြောင့် ၎င်းတို့၏ လည်ပင်းအား ဓားချီများ ပိုင်းဖြတ်သွားခဲ့ကြသည်။ ၎င်းတို့သည် မြေပေါ်သို့ လဲကျပြီးသည့် နောက်မှာတော့ အသိစိတ်သည်လည်း ပျောက်ကွယ်သွားသည်။

လူများကို သတ်ဖြတ်ရသည့်အချိန်တွင် တစ်ကွက်တည်းနှင့် မသတ်ဖြတ်နိုင်ပါက အချိန်ကုန်ခံ၍ လေ့ကျင့် နေစရာမရှိဆိုသည့် ခံယူချက်သည် ဖေးအားညို၏ ခံယူချက်ဖြစ်၏။

“ကြောက်စရာကောင်းတယ်”

“သူတို့က လူမဟုတ်ဘူး၊ သူတို့က နတ်ဆိုးတွေပဲ”

“ဒီလို မွန်းစတားတွေနဲ့ တိုက်ခိုက်တဲ့ ငါ့ကိုယ်ငါ သေသင့်တယ်”

“ဟာ.. မဟုတ်ဘူး၊ ငါက အသုံးမကျဘူး၊ ဒီလောကမှာ အသက်မရှင်သင့်ဘူး”

ဘုတ် ဘုတ်

အရှေ့ဘက်တွင် ရပ်တန့်လျက်ရှိသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ တပည့်များသည် ဒူးထောက်ပြီးသည့်နောက် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လျက်ရှိသည်။

ဟယ်ဝူတီသည် ရှေ့သို့လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ သိစိတ်ကင်းလွတ်လျက်ရှိနေသော ဤကျင့်ကြံသူများအားလုံးကို သတ်ဖြတ်လိုက်တော့၏။ “ငရဲကို သွားစမ်း”

ဝှစ် ဝှစ်

သက်တန့်ရောင်စဉ်နည်းစနစ်သည် လေထုထဲတွင် ဖြစ်တည်လာခဲ့တော့၏။ အနီရောင်နှင့် အဝါရောင်ကို အခြေခံ ထားသော အလင်းရောင်များသည် လေထုထဲတွင် ပျံ့နှံသွားသည့်နောက်မှာတော့ နတ်ဆိုးကျင့်ကြံသူ နှစ်ဆယ် ကျော်တို့၏ ရင်ဘတ်များကို ထွင်းဖောက်သွားခဲ့တော့သည်။

ပစ်မှတ်ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ သစ်ပင်ကြီးတစ်ပင်ရှေ့တွင် ထိုင်လျက်ရှိနေသော လီဖေးသည် သူ၏ လက်များကို ပြန်လည် ရုတ်သိမ်းလိုက်တော့ သည်။ သူသည် အတွင်းစိတ်မိစ္ဆာခန္ဓာကိုယ်အား အသက်သွင်းခဲ့ခြင်းပင် ဖြစ်၏။

အား အား

သိုင်းစစ်သူကြီးနှင့် သိုင်းဘုရင်အဆင့်အောက်တွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှိကြတော့ပေ။ မြေပေါ်တွင် ထိုင်ပြီးသည့်နောက် ခေါင်းကိုဆုပ်ကိုင်ကာဖြင့် စိတ်ပျက်ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးလျက်ရှိနေတော့သည်။

“အဖေ၊ အမေ ကျုပ်ကို မွေးခဲ့မိတာ မှားတာပဲ၊ ကျုပ်က ဒီလောက်လှပတဲ့ လောကကြီးမှာ နေထိုင်ဖို့ မထိုက်တန်ဘူး”

ရွှီး ရွှီး

ဟယ်ဝူတီနှင့် ရီရှင်းချန်တို့သည် ရှေ့သို့ ပျံသန်းလာခဲ့ကြသည်။ ပြီးနောက် ဖြတ်သွားသမျှ နေရာတိုင်းရှိ လူများကို သတ်ဖြတ်နေတော့သည်။ ၎င်းတို့သည် ဂိုဏ်း၏ အဓိကတိုက်ခိုက်သူနှစ်ယောက် ဖြစ်သောကြောင့် ၎င်းတို့နှင့် ထိပ်တိုက်တွေ့ဆုံသောရန်သူများအားလုံးသည် မြက်ပင်များကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် လဲကျကာ သေဆုံးကုန်တော့၏။

လီချင်းယန်သည် အရှေ့သို့ လှမ်းတက်လိုက်တော့သည်။ ကျန်းယန်ဓား၏ အလင်းတန်းများသည် ၎င်းအား ရစ်သိုင်းသွားပြီး ဓားစွမ်းရည်များသည် ပိုမိုကာ တိုးတက်လာပြီးသည့်နောက်မှာတော့ သတ်ဖြတ်ပွဲများသည် ကြမ်းရမ်းစွာဖြင့် ဖြစ်တည်နေတော့သည်။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ လူများသည် တော်တော်များပြားလှ သည်ကို သူတို့ကောင်းကောင်းသိရှိ၏။ ထို့ကြောင့် တိုက်ပွဲကို မရှည်ကြာချင်ပေ။ ဖြစ်နိုင်သမျှ အမြန်ဆန်ဆုံးသော နည်းလမ်းဖြင့် တိုက်ခိုက်ရန်အတွက် ပြိုင်စံရှားဂိုဏ်းမှ အတွင်းစည်းတပည့်များသည် စိတ်ဆုံးဖြတ်ပြီးသား ဖြစ်နေကြ၏။

All Chapters