← Chapters

အခန်း (၉၅၆)

Vol. 65 Ch. 956

အခန်း (၉၅၆)

Vol. 65 Ch. 956

ညရောက်သည့်အချိန်မှာတော့ အစ်မရှောင်အာသည် အိမ်၏တံစက်မြိတ်အောက်တွင် တွေဝေငေးငိုင်စွာဖြင့် ထိုင်လျက် ရှိနေ၏။

“ကောင်မလေး”

ဦးလေးဂေါင်သည် လျှောက်လာပြီးသည့်နောက်မှာတော့ မေးလိုက်၏။ “ဘာတွေ စဉ်းစားနေတာလဲ”

“ဘာမှ မဟုတ်ပါဘူး”

“မင်း... ဒီရွာလေးကို ရောက်နေတာ နှစ်အနည်းငယ်ကြာပြီနော်၊ မင်းရဲ့စိတ်ထဲမှာ တစ်စုံတစ်ခု ရှိနေတယ်ဆိုတာကို ငါပြောနိုင်တယ်”

“ကျွန်မ”

“ကောင်မလေး.... ပြိုင်စံရှားဂိုဏ်းရဲ့ ဒုတိယတပည့်နဲ့ ရင်းနှီးလား၊ အပြင်ထွက်တိုင်း သူ့အကြောင်းကို မေးနေတာဆိုတော့ တစ်ခုခုပဲ” ဦးလေးဂေါင်သည် လေးလေးနက်နက်ဖြင့် မေးလိုက်၏။

ရှောင်အာသည် ခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်တော့သည်။ “သူ့ကို သိခဲ့ဖူးတယ်”

ဦးလေးဂေါင်သည် ဤအဖြေနှင့်ပတ်သက်၍ အံ့အားသင့်မှု မရှိပေ။ သူက ပြောလိုက်၏။ “သူက ငါတို့လို သာမန် လူတွေ လက်လှမ်းမမီ နိုင်တဲ့တည်ရှိသူတစ်ယောက်ပဲလေ၊ မြန်မြန် သူ့ကို မေ့လိုက်တော့၊ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် မလုပ်နဲ့”

ရှောင်အာသည် ပြောလိုက်မိ၏။ “ကျွန်မ အရှေ့တောင်ရန်ကျူးကနေ အနောက်မြောက်လုကျိုးဆီကို ရောက်ရှိလာခဲ့တာက သူ့ကို မေ့ပစ်ဖို့အတွက်ပဲ၊ ဒါပေမဲ့ ဒီနေရာမှာ ရာသီဥတုက အရမ်းအေးစက်လွန်းတယ်ဆိုရင် တောင်မှ ကျွန်မရဲ့နှလုံးသားတွေက မအေးစက်နိုင်သေးဘူး ဖြစ်နေတယ်”

ဂလု

ဦးလေးဂေါင်သည် အလွန်ပြင်းလှသော အရက်တစ်ခွက်ကို ကောက်မော့ပြီးသည့်နောက် ဝမ်းနည်းစွာဖြင့် ပြောလိုက်တော့သည်။ “ငါ နားလည်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ငါ ငယ်ရွယ်စဉ်တုန်းက မိန်းကလေးတစ်ယောက်ကို ကြိုက်ခဲ့လို့ပဲ၊ သူမရဲ့ပါရမီကလည်း ငါ့ထက် အရမ်းကို သာတယ်၊ သူမရဲ့ အဆင့်အတန်းကလည်း ငါ့ထက် မြင့်မားတယ်၊ ဒါကြောင့် ငါက အရူးတစ်ယောက်လိုပဲ သူမကို အဝေးကြီးကနေ ကြည့်ရှုနေရုံပဲ တတ်နိုင်ခဲ့တယ်”

အစ်မရှောင်အာသည် ဆွံ့အသွားမိ၏။

ဦးလေးဂေါင်က ဆက်ပြောလိုက်သည်။ “အချိန်တွေကြာပြီးတဲ့နောက်မှာ မင်းက မေ့လျော့ခံသွားရမှာပဲလေ”

“အချိန်တွေ ကြာပြီးသွားရင် မေ့လျော့ခံရမယ် ဟုတ်လား”

ရှောင်အာသည် တီးတိုး ရေရွတ်လိုက်မိ၏။ “ဦးလေးဂေါင်... ကျွန်မ နားလည်ပြီ”

ဦးလေးဂေါင်သည် မတ်တပ်ထရပ်ကာဖြင့် ထွက်ခွာသွားခဲ့၏။

ရှောင်အာသည် တံစက်မြိတ်အောက်တွင် ထိုင်လျက် ရှိပြီး အချိန်အတော်ကြာ တွေးတောလျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ အဝါရောင်စက္ကူဖြင့် ပြုလုပ်ထားသော ကြိုးကြာငှက်လေးကို ထုတ်ယူကာဖြင့် ပြောလိုက်၏။ “အစ်ကိုချင်းယန်... ရှင်က အရမ်းကို အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာစေဖို့ မျှော်လင့်မိတယ်”

ဝှစ်

လေးပြင်းများတိုက်ခတ်သွား၏။ စက္ကူကြိုးကြာငှက်လေးသည် သူမ၏ လက်ထဲမှ ပျံသန်းထွက်ခွာသွားပြီးနောက် မှာတော့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။

ရှောင်အာသည် အသာမော့ကြည့်ပြီးနောက် ညအမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားသော စက္ကူကြိုးကြာရုပ်လေးကို ကြည့်ရှုနေမိသည်။ သူမ၏ နှလုံးသားများသည် နာကျင်လျက် ရှိနေ၏။ “ဒီနေ့ကစပြီး နှလုံးသားကို အေးခဲပြီး မာကျောအောင် ပြုလုပ်မှ ဖြစ်လိမ့်မယ်”

.....................

ရွာ၏ အပြင်ဘက်တွင်တော့ ကြိုးကြာရုပ်လေးသည် အောက်ဆီသို့ ကျဆင်းလာ၏။ လီချင်းယန်သည် အသာ လှမ်းဖမ်းပြီးသည့်နောက်မှာတော့ သဘောမတူသလို ပြောလိုက်မိသည်။ “သူက ဒါကို မဖျက်ဆီးဘဲနဲ့ လွှင့်ပစ်ချင် တာလား”

“အင်း”

ကုန်းစွန်းဟောင်းဟိုင်က ပြောလိုက်သည်။ “ဟုတ်နိုင်တယ်”

လီချင်းယန်သည် ထိုစက္ကူကြိုးကြာလေးကို သူ၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းပြီးနောက် အသာလှည့် လိုက်၏။ “သွားကြစို့”

“သွားမယ် ဟုတ်လား” ကုန်းစွန်းဟောင်းဟိုင်သည် ဆွံ့အသွား၏။

လီချင်းယန် သည် ရှောင်အာဟုခေါ်သော မိန်းကလေးတစ်ယောက်ကို တိတ်တဆိတ် ကြည့်ရှုနေသည်ကို သူသိ၏။ ၎င်းတို့ နှစ်ယောက်သည် သာမန်မဟုတ်သည့် ဆက်ဆံရေးဖြစ်ကြောင်းလည်း နားလည်မိ၏။ ယခု အရှေ့တောင် ရန်ကျူးဆီမှသည် အနောက်မြောက်လုကျိုးဆီသို့ ရောက်လာခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ ရောက်ရောက်ချင်းမှာပဲ တစ်ခါတည်း ထွက်ခွာသွားရန် စီစဉ်ခဲ့၏။ ဘာအဓိပ္ပာယ်ဖြစ်သနည်း။

“တကယ်ထွက်သွားတော့မှာလား”

“အင်း”

“ကောင်းပြီ”

ဝှစ် ဝှစ်

၎င်းတို့နှစ်ယောက်သည် ရွာ၏ အပြင်ဘက်ဆီသို့ ထွက်ခွာသွားခဲ့တော့သည်။ အခန်းထဲသို့ဝင်ရန် ပြင်ဆင်လျက် ရှိနေသော ရှောင်အာသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ အမှတ်မထင် အမှောင်ထဲသို့ လှမ်း၍ ကြည့်လိုက်မိ သည့်နောက်မှာတော့ လီချင်းယန်တို့ ရပ်တန့်နေသည့်နေရာသည် ဘာတစ်ခုမှ မရှိတော့ကြောင်း မြင်လိုက်ရ၏။

“အင်း... ဒါက လမ်းဘေးကြောင်တစ်ကောင်ကောင် ဖြစ်မယ်ထင်တယ်”

.......................

ကလောက် ကလောက် ကလောက်

ရုတ်တရက် မြင်းခွာသံများသည် ညအမှောင်ယံထဲတွင် ထွက်ပေါ်လာပြီးသည့်နောက် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသော ရွာတစ်ခုလုံးသည် ပွက်လောရိုက်ကုန်ကြတော့သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိသော ဦးလေးဂေါင်နှင့် တခြားသောသူများ အားလုံးသည် နိုးထလာကြသည်။

“မကောင်းတော့ဘူး၊ ဓားပြတွေ ရောက်လာပြီ”

ဆူညံလွန်းသော အသံသည် ဖြစ်တည်လာခဲ့တော့သည်။ ရုတ်တရက် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် ပုံစံနှင့် လူများသည် ရွာထဲသို့ မြင်းများစီးနင်းကာ ဝင်ရောက်လာကြသည်။ ၎င်းတို့အားလုံးသည် အနောက်မြောက်လုကျိုးဘက်တွင် တစ်နှစ်လုံး သွားလာနေကြသော ဓားပြများ ဖြစ်ကြ၏။ ကျော်ကြားလှသော လမ်းမှန်ဂိုဏ်းသားများသည် လက်ရှိအချိန်တွင် ဂိုဏ်းထဲ၌ ပုန်းအောင်း၍သာ နေထိုင်နေရသည်ဖြစ်သောကြောင့် သူတို့အနေနှင့် မကောင်းမှု ဒုစရိုက်များကို ပိုမိုလွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်စွမ်း ရှိနေတော့၏။

ဦးလေးဂေါင်သည် ရှည်လျားလှသော လှံကြီးကို ကိုင်ဆောင်ကာ အိမ်ထဲမှ ပြေးထွက်လာခဲ့၏။ ဤရွာကလေးတွင် သူတစ်ယောက်တည်းသည်သာ သိုင်းကျင့်ကြံသူများ ဖြစ်သည်မို့ ရွာ၏ လုံခြုံရေးအတွက် အကာအကွယ်ပေးရမည့် ကိစ္စသည်လည်း သူ၏ခေါင်းပေါ်တွင် တည်ရှိနေတော့သည်။

“ချီးတဲ့မှ...”

ဓားမြခေါင်းဆောင်သည် မြင်းပေါ်မှ ခုန်ဆင်းပြီးသည့်နောက်မှာတော့ ဦးလေးဂေါင်အား တစ်ချက်တည်း လှမ်းကန်ကာ လွင့်စင်သွားအောင် ပြုလုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ နောက်လိုက် နောက်ပါများ အားလုံးအား တန်ဖိုးကြီးသောအရာနှင့် အစားအစာများကို ရှာဖွေရယူရန် အမိန့်ပေးလိုက်၏။

“ဦးလေးဂေါင်” ဦးလေးဂေါင်တစ်ယောက် သွေးအန်ကာ မြေပေါ်တွင် လဲနေသည်ကို မြင်ရသည့်အချိန်မှာတော့ ရှောင်အာသည် သူမ၏ အခန်းထဲမှ ပြေးထွက်လာသည်။

“အမ်”

ဓားပြခေါင်းဆောင်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဒီလိုမျိုး ချောင်ကျလှတဲ့ရွာထဲမှာ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာလား၊ သူမကို ဖမ်းခဲ့ကွာ၊ တောင်ပေါ်ကို ခေါ်သွားပြီးတော့ ငါ့မယားအဖြစ် ထားရမယ်”

“ကောင်းပါပြီ” ကြမ်းတမ်းလွန်းလှသော ဓားပြများ အားလုံးသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။

“မိန်းကလေး”

ဦးလေးဂေါင်သည် မနည်းကြိုးစားကာ ထရပ်ပြီးသည့်နောက်မှာတော့ ရှောင်အာ အား သူ၏ အနောက်ဘက်ဆီသို့ပို့လိုက်၏။ သူသည် တင်းမာခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။ “ပြေး... ပြေးတော့”

“မင်းပြေးလို့မရဘူး” ဓားပြများထဲမှ တစ်ယောက်သည် အသာနောက်မှ လိုက်လာ၏။

ဝှစ်

ဦးလေးဂေါင်သည် လှံထဲသို့ သူ၏ နည်းပါးလွန်းလှသည့် စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာဖြင့် ဝှေ့ယမ်းလိုက်၏။ သို့ပေမဲ့ တစ်ဖက်လူသည် လွယ်လွယ်ကူကူရှောင်ရှားပြီးသည့်နောက်မှာတော့ ဓားဖြင့် သူ့အား ထိုးစိုက်လိုက်တော့သည်။

စွပ်

ဓားသည် ဦးလေးဂေါင်၏ ရင်အုံထဲသို့ တိုးဝင်သွားပြီးနောက်မှာတော့ နှင်းများနှင့် ဖြူဖွေးလျက်ရှိသော မြေပြင် တစ်ခုလုံး သွေးများနှင့် ရဲသွားတော့၏။

“ဦးလေးဂေါင်.....”

ရှောင်အာသည် သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ ဦးလေးဂေါင်တစ်ယောက် ထက်မြလှသောဓားဖြင့် ထိုးစိုက်ခံလိုက်ရသည်ကို မြင်လိုက်ရတော့သည်။ သူမ၏ လှပသော မျက်နှာတစ်ခုလုံးသည် ဖြူလျောသွားခဲ့တော့သည်။

တိုက်ဆိုင်စွာဖြင့် ရွာသားများ အားလုံးသည်လည်း အပြင်ဘက်သို့ ပြေးထွက်လာခဲ့ကြတော့၏။ ရွာထဲတွင်ရှိသော တစ်ဦးတည်းသော သိုင်းကျင့်ကြံသူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့၏ နှလုံးသားထဲမှာတော့ ထိတ်လန့်စိုးရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့တော့သည်။

“ကြောင်တောင်တောင် မလုပ်နဲ့”

ဓားမြသည် ရင်ဝတွင် ထိုးစိုက်လျက်ရှိသောဓားအား ဆွဲထုတ်ပြီးသည့်နောက်မှာတော့ ဦးလေးဂေါင်အား ကန်ထုတ်လိုက်တော့၏။ ပြီးနောက် ရှောင်အာဆီသို့ လျှောက်သွားလိုက်၏။

ဘုတ် ….။

ကျောက်တုံးတစ်ခုသည် လေထဲတွင် လွင့်လာပြီးသည့်နောက်မှာတော့ ထိုသူ၏ ဦးခေါင်းကို တည့်တည့်ထိမှန်သည်။

ဆယ်နှစ်သားအရွယ်ရှိသော ကလေးတစ်ယောက်သည် လက်ထဲတွင် ကျောက်တုံးသေးသေးလေးတစ်ခုကို ကိုင်ဆောင်ထားပြီးသည့်နောက်မှာတော့ ဓားပြကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “အစ်မရှောင်အာကို မထိနဲ့”

ဓားပြသည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ ပြီးနောက် သွေးစီးကြောင်းများ ရှိနေသော သူ၏ဓားနှင့်အတူ လှည့်ကာလျှောက်လာတော့သည်။ သူသည် ကလေးကို ဆွဲကိုင်ပြီးသည့်နောက်မှာတော့ လေထဲသို့ ဆွဲမြှောက် လိုက်၏။ ပြီးသည့်နောက် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်ဖြင့် ပြောလိုက်တော့သည်။ “အမှိုက်ကောင်လေး.. သေချင် နေတာလား”

ကလေးသည် ရုန်းကန်နေသည်ဆိုသော်လည်း အန္တရာယ်ကိုတော့ ကြောက်လန့်ခြင်း မရှိပေ။ ရဲရဲဝံ့ဝံ့ အော်လိုက် သည်။ “အစ်မရှောင်အာ ပြေးတော့”

“ပြေးမယ် ဟုတ်လား”

ဓားပြထေိုအချိန်မှာတော့ တခြားသော ဓားပြများ အားလုံးသည်လည်း အစ်မရှောင်အာနားဆီသို့ ချဉ်းကပ်လာခဲ့ကြတော့ သည်။

“မလာကြနဲ့၊ မလာကြနဲ့”

ရှောင်အာသည် ထိတ်လန့်ကြောက်ရွံ့သွားမိသည်။ အနောက်ဘက်သို့ တစ်လှမ်းချင်း ဆုတ်ပြီးသည့်နောက်မှာတော့ နံရံတစ်ခုဆီသို့ ရောက်ရှိသွား၏။ ဆက်လက် ဆုတ်ခွာရန် လမ်းမရှိတော့ချေ။

“ခေါင်းဆောင်”

ဓားပြဒုခေါင်းဆောင်သည် အပြင်ဘက်သို့ ထွက်လာကာ ပြောလိုက်၏။ “ဒီရွာက တကယ့်ကို ဆင်းရဲတာပဲ၊ တန်ဖိုးကြီးတာဆိုလို့ ဘာမှမရှိဘူး”

“ဒါဆိုရင်လည်း စည်းမျဉ်းဟောင်းကြီးအတိုင်းပဲပေါ့”

ဓားမြခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ “အားလုံးကို မီးရှို့ ဖျက်ဆီးလိုက်”

“ဒါဆိုရင် ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ”

“အမျိုးသမီးနဲ့ ကလေးတွေကို ခေါ်လာခဲ့လိုက်၊ ကျန်တဲ့လူတွေကို သတ်ပစ်”

“ကောင်းပါပြီ” ဒုခေါင်းဆောင်သည် သူ၏လက်ကို လျင်လျင်မြန်မြန် ယမ်းခါကာ အချက်ပြလိုက်၏။ တပည့်များအားလုံးသည် မီးတုတ်များကို ထုတ်ယူလိုက်ကြ၏။ တုန်ယင်နေသော ရွာသွားများအားလုံးသည် ၎င်းတို့၏ လက်ထဲတွင် လက်ထဲတွင်ရှိနေသော ဓားများကို ကြည့်ရှုပြီးသည့်နောက် အလွန်ပင် ထိတ်လန့်ကြောက်ရွံ့မိနေကြ၏။

ဝှစ် ဝှစ် ….။

လေပြေလှိုင်းများ တိုက်ခတ်လာခဲ့တော့၏။ ၎င်းတို့လက်ထဲတွင်ကိုင်ထားသော မီးတုတ်များ အားလုံးသည် ငြိမ်းသက်သွားခဲ့တော့၏။

“အမ်”

ရွာသားများကို တိုက်ခိုက်ရန်ပြင်နေသော ဓားပြသည် လေတိုက်လိုက်ရာ နေရာဆီသို့ လှမ်းကြည့်လိုက် သည့်နောက်မှာတော့ သူ၏ မျက်လုံးထဲတွင် ဓားအလင်းတန်းများ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။

ဇွိ ဇွိ

သွေးများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားပြီးသည့်နောက် ဦးခေါင်းပြတ်များသည် အောက်ဆီသို့ ပြုတ်ကျ လာခဲ့၏။ ဓားပြခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့သည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ မျက်လုံးများ ပင် မျက်လုံးအိမ်ထဲမှ ပြူးထွက်လုမတတ် ဖြစ်သွားကြ၏။

ရှောင်အာကို ဖမ်းဆီးရန် ပြင်နေသော ဓားပြများသည် ချက်ချင်းပဲ ရပ်တန့်သွား၏။ မမြင်နိုင်သော ဖိအားတစ်ခု သည် ၎င်းတို့အား မလှုပ်ရှားနိုင်အောင် ပြုမူထားသည်။

သူတို့သည် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်၍ မရနိုင်ခဲ့ချေ။ သူတို့၏ စိတ်များမှာတော့ တွေးတောရနိုင်သေး၏။ အလွန်ကြောက်မက်ဖွယ်ကောင်းလှသော သေဆုံးခြင်းအော်ရာ များသည် သူတို့၏ နှလုံးသားများထဲတွင် ပြည့်နှက်လာခဲ့ကြတော့သည်။ ဤဓားပြများသည် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းလှသည်ဆိုသော်လည်း ၎င်းတို့၏ အလိုလိုသိစိတ်မှာ မှန်ကန်သည်ဟု ဆိုရမည်။

ထက်မြလှသော ဓားတစ်စင်းသည် ရုတ်တရက်ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ၎င်းတို့၏ လည်ပင်းများကို ပိုင်းဖြတ်သွားတော့သည်။ ဤမြင်ကွင်းသည် အလွန်လျင်မြန်စွာဖြင့် ဖြစ်တည်သွားခဲ့သည်ဖြစ်သည်။

တုန်ယင်လျက်ရှိနေသော ရွာသူရွာသားများသည် တည်ငြိမ်သွားသည့်အချိန်မှာတော့ ဓားပြဆယ်ယောက်ကျော် တို့ အားလုံးသည် ခေါင်းဖြတ်ကာ သတ်ဖြတ်ခံလိုက်ရသည်ဖြစ်ကြောင်းကို သိရှိလိုက် ြမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသနည်း ဆိုသော် ကလေးများအားလုံးသည် မကြည့်ရဲ၍ ခေါင်းပင် လှည့်ထားကြရသည်။

ထိတ်လန့်တုန်လှုပ်လျက်ရှိသော ရှောင်အာသည် သူမ၏ အခြေအနေကို ထိန်းချုပ်ကာဖြင့် လှမ်း၍ကြည့်လိုက်သည့် အချိန်မှာတော့ သူမအား နောက်ကျောပေးထားသော အနီရောင်ဝတ်ရုံနှင့် လူတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရ တော့၏။ ထိုသူ၏ လက်ထဲမှဓားသည် သွေးများ တတောက်တောက်နှင့် ကျဆင်းလျက်ရှိ၏။

နောက်ကျောမှ လှမ်း၍ ကြည့်နေရသည်ဆိုသော်လည်း သူမသည် အလွန်တရာ ရင်းနှီးလွန်းလှ၏။ ထို့ကြောင့် လှမ်း၍ အော်လိုက် မိသည်။ “အစ်ကိုချင်းယန်”

ထိုလူသည် မည်သည့်စကားမှ မဆိုချေ။ ဓားပြခေါင်းဆောင်ရှိရာဆီသို့ အသာလှမ်းလျှောက်သွားခဲ့၏။ ပြီးသည့် နောက်မှာတော့ ဓားကို ဓားပြခေါင်းဆောင်၏ လည်ပင်းပေါ်သို့တင်ကာ အေးစက်စက် ပြောလိုက်၏။ “မင်းက သေပြီပဲ”

ဤအသံသည် အမှန်ပင် အစ်ကိုချင်းယန် ဖြစ်ပေသည်။

ရှောင်အာသည် ပါးစပ်ကို လက်ဖြင့် အုပ်ထားပြီးသည့်နောက်မှာ တော့ ၎င်း၏ မျက်လုံးထဲမှ မျက်ရည်စက်များမှာ မိုးများကဲ့သို့ ကျဆင်းလာ၏။

“သူရဲကောင်းကြီး မလုပ်...”

ဇွိ

ဓားအလင်းတန်းသည် ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ ဓားပြေ၎င်း၏ခေါင်းဆောင် ဤကဲ့သို့ သေဆုံးသွားသည်ကိုမြင်တော့ ဒုတိယဓားပြခေါင်းဆောင်သည်လည်း ကြောက်လန့်သွားခဲ့၏။ သို့ပေမဲ့ ၎င်း၏လည်ပင်းပေါ်သို့ ဓားကျဆင်းလာသည့်ချိန်မှာတော့ သူ၏သိစိတ်များသည် ပျောက်ကွယ်သွားခဲ့သည်။ ဓားပြများ အားလုံးသည် သတ်ဖြတ်ခံလိုက်ရ၏။ ထို့အတူ သေးငယ်လှသော ရွာလေး၏ ကံကြမ္မာကပ်ဘေးကြီး သည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသောသူသည် ဓားပေါ်တွင်ရှိသော သွေးစီးကြောင်းများကို သန့်ရှင်းလိုက်ပြီးသည့် နောက်မှာတော့ ဓားကို ဓားအိမ်ထဲသို့ ကြည့်ကောင်းလှစွာ ထည့်လိုက်၏။ သူသည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့ပေမဲ့...

ရှောင်အာသည် အသာကြိုးစားပြီး မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “အစ်ကိုချင်းယန်... ရှင် … မလား။ ရှင် … ဟုတ်တယ်မလား”

All Chapters