← Chapters

အခန်း (၉၅၈)

Vol. 65 Ch. 958

အခန်း (၉၅၈)

Vol. 65 Ch. 958

“ဂိုဏ်းချုပ်”

သံမဏိအရိုးတောင်၏ အဓိကဟောခန်းထဲမှာတော့ လီချင်းယန်သည် အထဲသို့ လျှောက်ဝင်လာခဲ့ပြီး လက်သီးကို ဆုပ်လိုက်၏။ “ကျွန်တော် ပြန်လာပါပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အင်း ဂြိုဟ်တိုက်ပွဲ တည်နေရာက နည်းနည်းပိုပြီးတော့ ချဲ့ထွင်လာပြီလေ၊ ဒီတော့ တည်ဆောက်ဖို့အတွက် မင်းကို စောင့်နေတာ”

“ကောင်းပါပြီ” လီချင်းယန်သည် ပြန်လည်ထွက်ခွာသွား၏။

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “အနောက်ဘက်လုကျိုးဆီက ဂိုဏ်းခွဲကို သတင်းပို့လိုက်၊ အဲဒီရွာလေးမှာ ပုန်းအောင်းနေတဲ့ မိန်းကလေးကို လျှို့ဝှက်ပြီး ကာကွယ်ပေးထားလို့၊ တစ်စုံတစ်ခု ဖြစ်ပြီဆိုတာနဲ့ အဲဂိုဏ်းခွဲကလူကို ကိုယ့်ခေါင်းကိုယ်ဖြတ်ပြီး ငါ့ကို လာတောင်းပန်လို့ ပြောလိုက်”

လီချင်းယန်နှင့် ရှောင်အာတို့ကြား ပြဿနာများကို သူကောင်းကောင်းသိရှိပြီးဖြစ်သည်။ ထို့ကြောင့် မည်သည့် အန္တရာယ်မှ မကျရောက်စေရန် သူသည် အလုံးစုံ ကာကွယ်စောင့်ရှောက်ရပေလိမ့်မည်။

“ကောင်းပါပြီ” လီလိုရှုသည် အနောက်ဘက်လုကျိုးရှိ သတင်းကွန်ယက်ဌာနခွဲဆီသို့ ဆက်သွယ်ကာ အမိန့်ပေးလိုက်တော့သည်။

မကြာခင်မှာပဲ မူလအားဖြင့် အအေးနန်းတော်၏ စောင့်ရှောက်မှုကို ရရှိထားပြီးဖြစ်သော သေးငယ်လှသော ရွာလေးသည် များပြားလှသော ကျင့်ကြံသူများ ရောက်ရှိလာပြီးသည့်နောက် ကာကွယ်ခြင်းကို ထပ်မံ ခံရပြန်သည်။ လက်ရှိအခြေအနေမှာတော့ ဓားပြမဆိုနှင့်၊ အဆင့်လေး သို့မဟုတ် အဆင့်ငါးဂိုဏ်းများပင်လျှင် ပြဿနာလာ၍ ရှာနိုင်လိမ့်မည် မဟုတ်ချေ။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော သိုင်းကျင့်ကြံသူများသည် ဤသေးငယ်လှသော ရွာကလေးအား ကျွမ်းကျင်သော လူပေါင်းများစွာတို့သည် အမှောင်ထဲမှ ကာကွယ်ပေးလျက်ရှိသည်ဖြစ်ကြောင်းကို သိရှိလိမ့်မည် မဟုတ်ချေ။

ထိုကာကွယ်ပေးထားမှုသည် အဆင့်သုံးဂိုဏ်းတစ်ခုထက် မည်သို့မှ အားမနည်းလှချေ။ အကယ်၍ ဓားပြများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသော အရာများ ဖြစ်တည်လာသည်ဆိုလျှင် ကျွင်းချောင်ရှောင်း သည် သားရဲစီးဟောခန်းတစ်ခုလုံးကို စေလွှတ်ရန်ပင် စီစဉ်ထားမိ၏။ သူ၏တပည့်အတွက်ဆိုလျှင် ကုန်းရှန့်သည် မည်သည့် ပြဿနာကိုမှ စိုးရွံ့မှုမရှိဘဲ လုပ်ချင်ရာကို လုပ်မှာ သေချာ၏။

..............

နောက်တစ်ရက်မှာတော့ လီချင်းယန်သည် သူ၏ အဖွဲ့သားများကို ခေါ်ဆောင်ပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် အဆောက်အဦများကို တည်ဆောက်ရန် ပြင်ဆင်တော့သည်။ သူချစ်ခင်နှစ်သက်သောသူသည် ပြိုင်စံရှားဂိုဏ်းသို့ လိုက်ပါမလာခဲ့ချေ။ ထို့ကြောင့် သူသည် အလွန်အမင်း စိတ်ဓာတ်ကျမိနေ၏။ ထို့ကြောင့် သူ၏ စိတ်အာရုံများကို ဆောက်လုပ်ရေးတည်နေရာထဲတွင် အလုံးစုံ အာရုံစိုက်ထားတော့သည်။

ပြိုင်စံရှားဂိုဏ်းရှိ တပည့်များအားလုံးသည်လည်း သေသေချာချာ အလုပ်လုပ်လျက် ရှိနေကြ၏။ လီချင်းယန်သည် ၎င်း၏ ဆောက်လုပ်ရေးပါရမီအား အပြည့်အဝ ထုတ်ဖော်ပြသလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည်လည်း ဤနေရာတွင် အလကားမနေချေ။ တပည့်များအနေဖြင့် ခံတပ်ကြီးကို တည်ဆောက်နေသည့်အချိန်မှာတော့ သူသည် အခွင့်အရေးကို အရယူ၍ အမွေအနှစ်များကို ရှာဖွေလျက် ရှိနေတော့သည်။ တည်နေရာကြီးသည် အချိန် အတော်ကြာတွင်တစ်ခါ ပိုမိုကာ ကျယ်ပြန့်လာလျက် ရှိနေ၏။ ဤကဲ့သို့သောနှုန်းထားနှင့်ဆိုလျှင် မကြာခင်မှာပင် တခြားဂြိုဟ်များနှင့် နှိုင်းယှဉ်၍ရသည့် အခြေအနေသို့ ရောက်ရှိလာပေလိမ့်မည်။

............

အလယ်ပိုင်းဒေသ၏ စောင့်ကြည့်မှု မျှော်စင် …….။

ကျွင်းချောင်ရှောင်းသည် အမွေအနှစ်တစ်ခုကို ထပ်မံကာ ရယူပြီး ခံတပ်ဆီသို့ ပြန်လာသည့်အချိန်မှာတော့ အလယ်ပိုင်းဒေသရှိ စောင့်ကြည့်ရေးမျှော်စင်တွင်ရှိသော မြေစိတ်ဝိညာဉ်ပစ္စည်းသည် ရုတ်တရက် လင်းလက်သွားပြီးနောက် နှစ်နှစ်ဆိုသော အချိန်အခါသို့ ရောက်ရှိသွား၏။

“ဘာဖြစ်တယ်”

အကြီးအကဲသည် ထခုန်လုမတတ် ထိတ်လန့်သွားခဲ့၏။ “ဘယ်လိုဖြစ်ပြီးတော့ ဂြိုဟ်တိုက်ပွဲဆီကို ဝင်မယ့်အချိန်က မြန်လာရတာလဲ”

အထက်နယ်မြေဆီမှ ရရှိခဲ့သော အမိန့်သည် နောက်ငါးနှစ်ကြာလျှင် ဖြစ်၏။ သို့ပေမဲ့ သုံးနှစ်ကျန်ရှိနေသေးသော အချိန်ကာလသည် ရုတ်တရက် တစ်နှစ် လျော့သွားခဲ့၏။ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ”

“ငါတို့ကို တစ်နှစ်စောပြီးတော့ မြန်မြန်သေလို့ ပြောချင်တာလား”

အကြီးအကဲအားလုံး၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ အထင်းသားပေါ်လာခဲ့တော့သည်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ရုတ်တရက် ပေါ်ပေါက်လာခဲ့မှုသည် ရှိရှိနေခဲ့သော အဓိကဂိုဏ်းကြီးများ အားလုံးသည် ငြိမ်းအေးမှုရရှိခဲ့ချေ။

လက်ရှိအခြေအနေမှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ချိန်ကလည်း နှစ်နှစ်နီးပါးခန့်သာ ကျန်ရှိတော့၏။ ထို့ကြောင့် ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာသလိုပင်။

အား.....

အကြီးအကဲသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အဓိက ဂိုဏ်းတွေ အကုန်လုံးကို ဒီအကြောင်း သတင်းပေးလိုက်တော့”

“ကောင်းပါပြီ”

တစ်ရက်တည်းမှာပဲ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ရမည့် အချိန်ကာလသည် တစ်နှစ်ပိုကာ တိုးသွား ခဲ့သည်ဆိုသော သတင်းကို ရရှိပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ အဓိကဂိုဏ်းများ အားလုံးသည် ထိတ်လန့်အံ့ဩသွားကြရသည်။

“ချီးတဲ့မှ...”

အဓိကဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ “အချိန်က ဘယ်လိုဖြစ်ပြီး ပိုမြန်လာရတာလဲ”

“ဂိုဏ်းချုပ်.... ဖြစ်နိုင်ရင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို မြန်မြန်ပဲ ရှာဖွေမှ ဖြစ်လိမ့်မယ်၊ မဟုတ်ရင် ကျုပ်တို့ ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်တာနဲ့ သူတို့က ဒီနေရာမှာ ပြောင်သလင်းခါအောင် လုပ်သွားလိမ့်မယ်”

“ဒါကတော့ အမှန်ပဲ”

ထိုဂိုဏ်းချုပ်က ပြောလိုက်၏။ “ဒီလာမယ့် နှစ်နှစ်အတွင်း ငါတို့ နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းကို အမြန်ဆုံး ရှင်းကြတာပေါ့”

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ ဝင်ရမည့်အချိန်သည် ရှေ့သို့တိုးသွားပြီ ဖြစ်သောကြောင့် အဓိကဂိုဏ်းများ သည် ပြဿနာအကြီးအကျယ်ကို ဖြေရှင်းရတော့မည်ကို နားလည်လိုက်မိကြ၏။ ထို့ကြောင့် အစည်းအဝေးပေါင်း များစွာကို ပြုလုပ်ပြီးသည့်နောက် သူတို့သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို ရင်ဆိုင်ရန်အတွက် ရေတွက်၍ မရအောင် များပြားသော အစီအမံများ ချမှတ်တော့သည်။ သို့ပေမဲ့ တစ်ဖက်လူ ပုန်းအောင်းနေသည့်နေရာကို ရှာဖွေ မတွေ့ရှိနိုင်ကြသည်မို့ မည်သို့မှ ပြုလုပ်နိုင်စွမ်း မရှိခဲ့ကြချေ။

..............

“ဂိုဏ်းချုပ်ကျွင်း”

ထမင်းစားခန်းထဲမှာတော့ လာရောက်လည်ပတ်နေသည့် မူချန်းဟုန်သည် အလွန်နာကျင်နေသော မျက်နှာဖြင့် ပြောလိုက်တော့သည်။ “ဂြိုဟ်တိုက်ပွဲထဲကို ဝင်ရမယ့်အချိန်က ပိုပြီးတော့ တိုးသွားပြန်ပြီ၊ နှစ်နှစ်ပဲ ကျန်တော့တယ်”

“အချိန် မြန်သွားတယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ ပြီးနောက် တွေးလိုက်မိသည်။ ငါ့ရဲ့ ချိန်ကိုက်ဗုံးနဲ့ တူတူပဲ၊ သူ့ဆီမှာလည်း အသိစိတ်ဓာတ်များ ရှိနေလား မသိဘူး။

သူ၏ ချိန်ကိုက်ဗုံးအကြောင်း ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် ငိုချင်စိတ်ပင် ပေါက်မိသည်။ ဤနှစ်ပိုင်း အတွင်းတွင် သူသည် ဂိုဏ်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အပြင်းအထန် အလုပ်ကြိုးစားခဲ့၏။ သူ့အနေနှင့် တစ်ချက်ကလေးမှ အချိန်ကို အလေအလွင့်မရှိစေရန် ကြိုးစားခဲ့သည်။ သို့ပေမဲ့ အချို့သော အချိန်အခါများတွင် ဘာအကြောင်းအရာမှ မရှိဘဲနှင့် ချိန်ကိုက်ဗုံး၏ အချိန်သည် ပိုမိုကာ မြန်ဆန်လာခဲ့၏။

နောက်ပိုင်းမှာတော့ ကျွင်းချောင်ရှောင်း သည် အဘယ်ကြောင့် အချိန်များ ပိုမိုကာ မြန်ဆန်နေသည့်အကြောင်းကို သိရှိခဲ့ရပြီဖြစ်သည်။ သူ့အနေနှင့် စောစော မထဘဲ ဇိမ်ခံကာ အိပ်နေသည့်အချိန်မျိုးတွင် ချိန်ကိုက်ဗုံး၏ အချိန်သည် မြန်ဆန်ခဲ့၏။ အိမ်သာထဲတွင် ကြာကြာထိုင်၍ အိမ်သာတက်နေသည့်အချိန်မျိုးတွင်လည်း ချိန်ကိုက်ဗုံး၏အချိန်သည် မြန်ဆန်သွားခဲ့၏။ ပို၍ လက်မခံနိုင်စရာ ရှိနေသည်မှာ ရေကြာကြာချိုးလျှင်ပင် အချိန်သည် ပို၍ တိုးသွားခဲ့သေးသည်။ သောက်ကျိုးနည်းလှချေသည် တကား။

သူ့အနေနှင့် နှစ်တစ်ရာအတွင်း ပြိုင်စံရှားဂိုဏ်းအဖြစ် ဖန်တီးရမည့်အချိန် ကုန်ဆုံးမှုသည် အစစ်အမှန်၌ ငါးနှစ်သာ ရှိသေး၏။ ထို့ကြောင့် ကိုးဆယ့်ငါးနှစ်ကျန်ရမှာဖြစ်သည်။ သို့ပေမဲ့ အချက်အလက်အားဖြင့် ကိုးဆယ့်သုံးနှစ်သာ ကျန်ရှိတော့၏။ နှစ်နှစ်သည် ဘာမှမဟုတ်ဘဲ လျှော့ချခြင်းကို ခံခဲ့ရတော့သည်။

ထို့ကြောင့် သူ့အနေနှင့် အချိန်ဖြုန်းခြင်းကိစ္စရပ်များကို မပြုလုပ်ဝံ့ချေ။ အီးပါလျှင်တောင်မှ မြန်မြန်ပါရသည်။ ဒီသောက်တလွဲချိန်ကိုက်ဗုံးသည် အလွန်စိတ်တိုစရာ ကောင်းလွန်းလှ၏။

“ဒင်... ချိန်ကိုက်ဗုံး၏ အချိန်လက်ကျန် - ကိုးဆယ့်သုံးနှစ်၊ တစ်ရာငါးဆယ်ရက်၊ ဆယ့်လေးနာရီ၊ နှစ်ဆယ့်သုံးမိနှစ်၊ သုံးဆယ့်နှစ်စက္ကန့်”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာဆဲဆိုလျက်ရှိနေတုန်းမှာပဲ ချိန်ကိုက်ဗုံး၏ အချိန်သည် တစ်နာရီ ကျော်ပိုကာ မြန်သွားသည်။

စနစ်က ပြောလိုက်သည်။ “ချိန်ကိုက်ဗုံးဆီမှာက ခံစားချက်ရှိတယ်လေ၊ ဒီတော့ လက်ခံသူအနေနဲ့ သူ့ကို ကြင်ကြင်နာနာ ဆက်ဆံသင့်တယ်”

“............”

ကျွင်းချောင်ရှောင်းသည် နာကြည်းမုန်းတီးမှု၊ ပြင်းထန်လှသော ဒေါသများနှင့် ရှိနေသည်ဆိုသော်လည်း အံကို ကြိတ်ကာဖြင့် သည်းခံထားရတော့သည်။ ချိန်ကိုက်ဗုံးသည် အကျိုးအကြောင်း မညီလှဘူးဆိုသော်လည်း သူ့အနေ နှင့် ဘာမှလုပ်နိုင်စွမ်း မရှိချေ။ လက်ရှိအခြေအနေမှာတော့ သူသည် အိပ်ကောင်းတိုင်း ဆက်၍ မအိပ်နိုင်သလို၊ အိမ်သာတက်လျှင်လည်း ကြာကြာ မတက်တော့ပေ။ ထို့ကြောင့် ကောင်းမွန်သည့် အလေ့အကျင့်များကို မွေးမြူပြီးသားလူတစ်ယောက်လိုပင် ဖြစ်နေတော့သည်။

“အင်း... နှစ်နှစ်တောင် ကျန်သေးတာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မြို့တော်ဝန်မူ... အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့”

သူတို့ ခံတပ်၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအရဆိုလျှင် ဂြိုဟ်တိုက်ပွဲတွင် ၎င်းတို့၏ ဂုဏ်သိက္ခာသည် အလွန်အမင်း တိုးတက်နေပြီဖြစ်၏။ ကြယ်ကြွေကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည် ဝင်ရောက်လာသည်ဆိုသည်နှင့် ဘာအန္တရာယ်မှ မရှိတော့ချေ။

“အင်း...”

မူချန်းဟုန်သည် မနာလိုစွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းလိုစိတ်မျိုး မွေးနိုင်မယ်ဆိုရင်တော့ တကယ့်ကိုကောင်းတာပဲဗျာ၊ ကျုပ်မှာတော့ အခု တစ်နေကုန် အိပ်ကို မအိပ်ရဘူး”

“မြို့တော်ဝန်မူ... အစားအစာတွေက အေးနေပြီနော်”

“အင်း... အင်း”

ပလပ် ပလပ်

မြို့တော်ဝန်မူသည် တူနှင့်အသာညှပ်ကာဖြင့် ထမင်းများကို ထပ်ကာ စားတော့သည်။ ပြီးသည့်နောက်မှာတော့ အရသာရှိသော အစားအစာများသည်သာလျှင် သူ၏ စိတ်ခံစားချက်များကို လျော့ပါးစေနိုင်ကြောင်း နားလည်လိုက်မိ၏။

“ဪ.. ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟုန်လင်က အခု သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်တော့မယ်နော်”

များပြားလှသည့် အရင်းအမြစ်များ၏ အကူအညီဖြင့် များပြားလှသည့် တပည့်များအားလုံးသည် သိုင်းဘုရင် ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေကြပြီဖြစ်၏။

မူချန်းဟုန်သည် ထိုအချင်းအရာကို ကြားပြီးသည့်နောက် အလွန်ပဲ စိတ်ဓာတ်ကျသွားမိ၏။ သူ၏ သမီးသည် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့မည်ဆိုလျှင် သူသည် ကျိန်းသေပေါက် အောင်ပွဲခံရမှာဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မပျော်ရွှင်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲကို ဝင်ရောက်ရမှာ ဖြစ်သောကြောင့်ပင်။

“ဟင်း....”

မူချန်းဟုန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒါမျိုးတွေ ဖြစ်လာပြီဆိုမှတော့ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူးလေ၊ ကံကြမ္မာကိုပဲ အပြစ်ဖို့ရမှာပေါ့၊ ဂိုဏ်းချုပ်ကျွင်း.... နောက်ထပ် တစ်ပန်းကန်လောက် ပေးပါအုံး”

.................

ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်သော လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် ကျိန်းသေပေါက် အဓိက အတွင်းစည်းတပည့်များ ဖြစ်လာခဲ့ကြတော့သည်။

လီထျန်းထျန်း၊ စီမာကျုံးတ၊ မူဟုန်လင်၊ ဟုန့်လင်၊ ချူရှိုးနန်နှင့် တခြားသော ကောင်းကင်ဘုံကျောင်းဆီမှ ကျောင်းသားများ မှာတော့ ဒုတိယ အဖွဲ့ထဲ ပါဝင်လျက် ရှိနေကြ၏။ ၎င်းတို့၏ စိတ်ဝိညာဉ်အမြစ်များသည် ကောင်းမွန်လှသည် ဖြစ်သောကြောင့် နောက်မှ ဝင်ရောက်လာသည် ဖြစ်လျှင်တောင်မှ အရှေ့မှရှိနေသော အပြင်စည်းတပည့်များထက် ပိုမို၍ အားကောင်းနေသည်မှာ သဘာဝပင် ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့အားလုံးသည် သိုင်းဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေကြပြီးဖြစ်၏။

တစ်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုလူများအားလုံးကို စုဝေးစေပြီးသည့်နောက်မှာတော့ ကျန်းယန်ဝတ်စုံ များနှင့် လှိုင်းအဆောင်ကို ပေးအပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲကြီးဆီသို့ ခေါ်ဆောင်သွားခဲ့ တော့သည်။ တိုက်ပွဲတည်နေရာထဲမှာတော့ လီထျန်းထျန်းသည် လှိုင်းအဆောင်၏ အကူအညီဖြင့် သိုင်းအုပ်စိုးသူ အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့၏။ သူသည် တည်နေရာခံတပ်ကြီးထဲတွင် ပျံသန်းပြီးသည့်နောက် စိတ်လှုပ်ရှားစွာ ရယ်မောလျက်ရှိသည်။

“ကျုပ်က ကောင်းကင်ပေါ်မှာ၊ နောက်ဆုံးတော့ ကောင်းကင်ပေါ် ရောက်ပြီ”

ဟား ဟား ဟား ဟား

“ဟောခန်းသခင်ကျိ”

ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “ဒီလူတွေကို ခင်ဗျားနဲ့ ထားခဲ့တော့မယ်၊ အပြင်ကို ထွက်ပြီး အတွေ့အကြုံရအောင် ခေါ်သွားတော့”

ခရမ်းရောင်ဘုရင်သည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။ “ငါ့နောက် လိုက်ခဲ့ကြ”

ဝှစ် ဝှစ်

လီထျန်းထျန်း၊ မူဟုန်လင်နှင့် တခြားသောသူများသည် ခံတပ်ထဲမှ ပျံသန်းသွားခဲ့ကြသည်။ သို့ပေမဲ့ ၎င်းတို့ကို မလှမ်းမကမ်းမှ မြင်လိုက်သည့် သိုင်းကျင့်ကြံသူများအားလုံးသည် ချက်ချင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေး သွားခဲ့ကြတော့သည်။

“ဟိုမှာ တကယ့်ဆရာတွေ လာနေပြီ”

“ကြည့်... ဟိုမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူတွေပဲ၊ နောက်ကိုဆုတ်၊ နောက်ကိုဆုတ်”

ပြိုင်စံရှားဂိုဏ်းတပည့်များသည် တောက်ပသည့်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့ကို သတိပြုမိသည်ဆိုသည်နှင့် သရဲကို တွေ့လိုက်သကဲ့သို့ပင် မြန်မြန်ပဲ ထွက်ပြေးသွားခဲ့ကြ သည်။

လီထျန်းထျန်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဟောခန်းသခင်ကျိ... သူတို့ကို ကြည့်ရတာ ကျုပ်တို့ကို ကြောက်နေသလိုပဲ”

မူဟုန်လင်၊ ဟုန့်လင်နှင့် တခြားသောသူများသည်လည်း ဇဝေဇဝါ ဖြစ်မိနေ၏။ သူတို့သည် အစစ်အမှန် တိုက်ခိုက်ရခြင်းအတွေ့အကြုံကို လိုချင်သောကြောင့် ဤနေရာသို့ အားရပါးရ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ အပြင်သို့ ထွက်လိုက်သည်ဆိုသည်နှင့် တခြားသော ကျင့်ကြံသူများသည် ဖနောင့် နှင့် တင်ပါး တသားတည်းကျအောင် ပြေးကုန်ကြတော့သည်။ သောက်ကျိုးနည်းလှချေ၏။

All Chapters