← Chapters

ဂိုဏ်းနယ်မြေထဲတွင် ပုန်းအောင်းနေသောလူများ

Vol. 009 Ch. 872

ဂိုဏ်းနယ်မြေထဲတွင် ပုန်းအောင်းနေသောလူများ

Vol. 009 Ch. 872

ပြိုင်ပွဲဝင်များအားလုံးသည် တစ်ရက်တာအနားယူကြသည်။

ပြိုင်ပွဲဝင်များအတွက် အဆင်ပြေသည်။ သူတို့ဘာသာအနားယူ၍ ရ သည်။ သို့သော် တစ်ဂိုဏ်းလုံးမှ တခြားကျောင်းသားများသည် ပြိုင်ပွဲ အကြောင်းကို လှိုက်လှိုက်လှဲလှဲဆွေးနွေးကြလေသည်။

ပျိုးစေ့အဟောင်းများကို မည်သူမှမအံ့သြကြတော့ပေ။ သူတို့အပြော အများဆုံးမှာ ရှီမာယူယူဖြစ်သည်။ ဒီကျောင်းသားသစ် သန်မာလွန်းသည်မှာ ဖောက်လွှဲဖောက်ပြန်ဖြစ်နေသလိုပင်။

အဆင့်၁မှာ စဉ်းစားစရာမလိုပေ။ သေချာပေါက် ရှောင်ချီဖြစ်သည်။ ထိုအချက်မှာ ယုံမှားဖွယ်မရှိကာ မည်သူမှသူမကို မတိုက်ခိုက်နိုင်ကြပေ။

အဆင့်၂နေရာမှစကာ အားလုံးသည် စတင်တိုက်ခိုက်ရမည်ဖြစ်သည်။ အဆင့်၂နေရာအတွက် တချို့ပြောကြသည်မှာ ဝမ်စီမြောင်ဖြစ်ကာ တချို့ ပြောကြသည်မှာ ဟွာပေါင်မြောင်တို့ဖြစ်သည်။

တချို့ပြောကြသည်မှာ ဝမ်စီမြောင်သည် ပြီးခဲ့သည့်နှစ် အဆင့်၂ဖြစ် သဖြင့် သူသာ သေချာပေါက်ဖြစ်မည်ဟု…

တချို့ပြောကြသည်မှာ ပြီးခဲ့သည့်တစ်ခေါက် သူတို့ပြိုင်ခဲ့စဉ်က ဟွာပေါင်မြောင်သည် ဝမ်စီမြောင်အား လှုပ်ရှားချက်တစ်ဝက်တစ်ပျက်နှင့် ရှုံး ခဲ့သည်။ သူမသည် ထိုအချိန်မှစပြီး တိုးတက်လာရာ သေချာပေါက် ဝမ်စီမြောင်ကို အနိုင်ရကာ အဆင့်၂ရလိမ့်မည်ဟု ထင်ကြေးပေးကြသည်။

တချို့ပြောကြသည်မှာ ပန်ကျားနန် သို့မဟုတ် မိုဘင်းတို့သည် ပြီးခဲ့ သည့် ပွဲများတွင် ထူးချွန်စွာတင်ဆက်ခဲ့သဖြင့် သူတို့ကိုခန့်မှန်းကြသည်။ သူ တို့သည် ဝမ်စီမြောင်၊ ဟွာပေါင်မြောင်တို့ထက် မညံ့ကြပေ။ ထို့ကြောင့်ပင် သူတို့ဖြစ်နိုင်သည်။

၁၀နှစ်တာအချိန်ကာလသည် ကြာရှည်လှသည်မဟုတ်သော်လည်း မတိုတောင်းပေ။ အထူးသဖြင့် ပျိုးချချိန်ဖြစ်သော လူငယ်များအတွက် ၁၀နှစ် ဆိုသည်မှာ တိုးတက်ဖို့အတွက်အချိန်ကာလဖြစ်သလို လက်ရှိအခြေအနေ တွင်သာနေမလားဆိုသည့် အချိန်ကာလဖြစ်သည်။ ထို့ကြောင့်ပင် အဆင့်၂ အတွက် ဆွေးနွေးစရာဖြစ်နေသည်။

ကျွက်ကျွက်ညံနေသော အသံများကြားတွင် သေးငယ်သောအသံတစ် ခုသည် မတူညီသောအကြံဖြင့်ထွက်ပေါ်လာသည်။

“အဆင့်၂က ရှီမာယူယူဖြစ်လိမ့်မယ်လို့ ငါထင်တယ်” ထိုစကားပြော လိုက်သူမှာ အမည်မသိလူတစ်ယောက်ဖြစ်သည်။

ထိုအတွေးကို ထောက်ခံသူများရှိသလို လှောင်ပြောင်သူများလည်းရှိ သည်။ သူမက လူသစ်တစ်ယောက်ပဲကို ဘယ်လိုလုပ်အဆင့်၂ရမှာလဲ။ ထိပ်တန်းအဆင့်၁၀အတွင်းထဲဝင်တာတောင် သူမအတွက်ကံကောင်းနေပြီ။

ထိုအချိန်တွင် ဂိုဏ်းအနောက်မှ တောင်များတွင် အမည်မသိနေရာ တစ်ခုတွင် ပန်ကျားနန်သည် ဘေးညာကြည့်ပြီးနောက် တောင်တစ်လုံးရှေ့ တွင် ရပ်လိုက်သည်။

သူသည် အနောက်ကိုလှည့်ကြည့်ပြီးနောက် အနောက်တွင် မည်သူမှ မရှိသည်မှာ သေချာသည်နှင့် တောင်ခြေရှိဂူထဲဝင်သွားလိုက်သည်။

လိုဏ်ဂူမှာ ရှည်လျားကာ နံရံဘေးဘက်များတွင် အမှတ်အသားအသစ် များရှိသည်။ ထွင်းထုထားသည်မှာ မကြာသေးသည့်ပုံပင်။

သူသည် ဂူကိုဝင်ပြီးနောက်တွင် လမ်းဆုံသို့ဆင်းသွားပြီးနောက် အတွင်းထဲရှိ ကျောက်အိမ်တစ်အိမ်ထဲသို့ ဝင်သွားလိုက်သည်။

ကျောက်အိမ်အထဲတွင် အဘိုးကြီးတစ်ယောက်ထိုင်နေသည်။ သူ လာ နေသည်ကိုကြားသောအခါ မျက်လုံးဖွင့်ပြီး မေးလိုက်သည် “ဒီကိုဘာလာလုပ် တာလဲ”

ပန်ကျားနန်သည် အရိုအသေပေးနှုတ်ဆက်ပြီး ပြောလိုက်သည် “ကျွန်တော် အရင်တစ်ခေါက်ကအခြေအနေကိုစစ်ဆေးကြည့်ပြီးပြီ၊ အဲတုန်း က ဝမ်စီမြောင်ကို အဆိပ်ပေးလိုက်တာ ရှီမာယူယူနဲ့ ရှောင်ချီပဲ၊ ပြီးခဲ့တဲ့ တစ် ခေါက်က ကျွန်တော်တို့ပြောတာကြားလိုက်တာက သူတို့အဖွဲ့ထဲက ဖက်တီးကျူပဲ…. သူကပဲ ရှီမာယူယူကိုပြောလိုက်လို့ ကျွန်တော်တို့လှုပ်ရှားမှု ကိုတားဖို့ သူ့ကိုအဆိပ်ပေးလိုက်တာနေမှာ”

“ရှီမာယူယူ….. သူက ဧကရာဇ်အဆင့်လူတစ်ယောက်ကို သတ်နိုင်တဲ့ အဆိပ်ကိုဖော်နိုင်တယ်ဟုတ်လား” အဘိုးကြီး မေးလိုက်သည်။

ပန်ကျားနန်သည် ရှီမာယူယူနှင့် တခြားသူများအကြောင်းကို သူသိ သလောက် သူ့ကိုပြောပြရာ အဘိုးကြီးသည် သုံးသပ်လေသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့နားကပ်နိုင်တယ်ဆိုတဲ့အချက်က သူ့ကိုယ် သူ ဖုံးကွယ်နိုင်တာပဲ” အဘိုးကြီးပြောလိုက်သည် “သူက ဖက်တီးကျူလို့ခေါ် တာမလား၊ အဲလူက ငါတို့အစီအစဉ်ကိုဖျက်လိုဖျက်ဆီးလုပ်တာပဲ၊ သူ့ကို ရှင်း ပစ်ဖို့ အခွင့်အရေးရှာ”

“ဟုတ်ကဲ့ပါ အကြီးအကဲဖန်”

“သူ့သူငယ်ချင်းတွေလည်းသိကြတော့ သူတို့အကုန်လုံးကို အတူတူ ရှင်းပစ်လိုက်” အကြီးအကဲဖန် ပြောလေသည်။

“အဲရှောင်ချီ…”

“အတွင်းဂိုဏ်းမှာ နှစ်ပေါင်းများစွာရှာပြီးတဲ့နောက် ကမ္ဘာမြေကြီး မျက်လုံးက လူသားအသွင်ပြောင်းနေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ” အကြီးအကဲဖန် ပြောလိုက်သည် “အဲဒါကြောင့် နှစ်ပေါင်းများစွာ ရှာတာ တောင် မတွေ့တာ မအံ့သြတော့ပါဘူး”

“တကယ်ပဲ လန့်စရာပဲ”  ပန်ကျားနန် သဘောတူလိုက်သည်။ “ကျွန်တော်တို့် အစတုန်းက ရှောင်ချီနဲ့ ကမ္ဘာမြေကြီးမျက်လုံးနဲ့ ဆက်စပ်မှု မရှိဘူးထင်တာ ဒါပေမဲ့ မနေ့ကငါတို့သိလိုက်ရတာက ရှောင်ချီက အရမ်း သန်မာလွန်းတယ်၊ ဘယ်အသွင်ပြောင်းမိစ္ဆာကမှ အဲလိုစွမ်းအားရှိနိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် သူမက ကမ္ဘာကြီးမျက်လုံးဖြစ်နိုင်တယ်ဆိုတာ ခံစားမိတာပဲ”

“ငါတို့ဆုံးဖြတ်ပြီးပြီဆိုမှတော့ မြန်မြန်လှုပ်ရှားသင့်တယ်” အကြီးအကဲ ဖန် ပြောလိုက်သည်။ “ဂိုဏ်းသခင်က ရူယန်ပဲ၊ ငါ့ကိုကူညီပေးတဲ့ မှော်ဝင် လက်နက်တွေသာမရှိရင် ဒီလောက်ကြာအောင်ဒီမှာပုန်းနိုင်မှာမဟုတ်ဘူး အခုတလောကို အနောက်ဘက်တောင်တွေကို တစ်ခုခုကစောင့်ကြည့်နေ သလိုခံစားရတယ်၊ အဲဒါကြောင့် ဂိုဏ်းက စပြီးတော့သံသယဝင်နေပြီလို့ ထင် တယ်”

“ဒါဆို ကျွန်တော်တို့မြန်မြန်လှုပ်ရှားသင့်တယ်” ပန်ကျားနန်ပြောလိုက် သည် “ဒီ့ထက်နောက်ကျရင် ထွက်မရပဲနေလိမ့်မယ်”

“ကျောင်းအရိပ်ကနေ ကမ္ဘာမြေကြီးမျက်လုံးကိုခေါ်ဖို့က မလွယ်ဘူး ငါတို့ အစီအစဉ်သေချာချပြီး ချက်ချင်းခေါ်ထုတ်သွားမှဖြစ်မယ်” အကြီးအကဲ ဖန် ပြောလိုက်သည်။

“ကျွန်တော်တို့ အပြင်ကအကူအညီတောင်းလိုက်ရမလား” ပန်ကျားနန် မေးလိုက်သည်။

“အခုတော့မလိုသေးဘူး” အကြီးအကဲဖန် ပြောလိုက်သည် “ဂိုဏ်းထဲက လူတွေက အခုတလော အရမ်းစောင့်ကြည့်နေတယ်၊ ပုံမှန်မဟုတ်တာကို မလုပ်ရဲဘူး၊ ငါတို့အပြင်ဘက်နဲ့ဆက်သွယ်လိုက်ရင် အဲဒီရေကြက်အိုကြီးတွေ ငါတို့ကို တွေ့သွားမှာစိုးတယ်၊ ဒီလိုလုပ်ရအောင် ကမ္ဘာကြီးမျက်လုံးကို တောင်အနောက်ဘက်ကိုခေါ်လာဖို့ နည်းလမ်းစဉ်းစားထား.. အဘိုးကြီးတွေ သတိမထားမိခင်ကို သူမကိုဖမ်းပြီး ထွက်ပြေးလို့ရတယ်၊ အတွင်းဂိုဏ်းမှာ လှုပ်ရှားမယ်ဆိုရင် မြန်မြန်ရောက်လာနိုင်တယ်၊ အတွင်းဂိုဏ်းမှာ လေဟာပြင် အတားအဆီးရှိလို့ ငါတို့ပြေးဖို့အတွက် ဖွင့်လို့မရဘူး ငါတို့ထွက်ပြေးမှတော့ မြန်မြန်ပြေးမှရမယ်”

“ကောင်းပါပြီ ရှောင်ချီ့ကို တောင်အနောက်ဘက်ကိုခေါ်လာဖို့ နည်းလမ်းကိုကျွန်တော်စဉ်းစားလိုက်ပါမယ်” ပန်ကျားနန်ပြောလိုက်သည် “ဒါပေမဲ့ အကြီးအကဲဖန် အဲဒီဝမ်စီမြောင် သူ…”

“ပြီးခဲ့တဲ့တစ်ခေါက် မင်း အဲလူကိုပေးလိုက်တဲ့ သတင်းလေ၊ အဲဒါကို သူ ယုံလား”

“ယုံတယ်”

“ဒါဆို သူ့ကိုဆက်လုပ်ပါစေ” အကြီးအကဲဖန် ပြောလိုက်သည် “သူ အောင်မြင်နိုင်ရင်တော့ အကောင်းဆုံးပဲ၊ သူမအောင်မြင်ရင်တော့ ကမ္ဘာမြေ ကြီးမျက်လုံးကိုရရင်တောင် အကုန်လုံးကအရေးမပါတော့ဘူး”

“ကျွန်တော်နားလည်ပါပြီ” ပန်ကျားနန် ပြောလိုက်သည် “ဒါပေမဲ့ အကြီးအကဲဖန် ကျွန်တော်တို့ ဝမ်စီမြောင်ကိုသတ်ချင်ရင် သူတို့ကိုရှာလို့ရ တယ်၊ ဒါပေမဲ့ ရှီမာယူယူတို့ကိုသတ်ချင်ရင်တော့ သူတို့ကိုကပ်ရင် ကျွန်တော် တို့အတွက် မကောင်းဘူး၊ ပြီးတော့ ဆင်ခြေပေးဖို့ခက်သွားမယ်”

အကြီးအကဲဖန်သည် စဉ်းစားပြီးနောက် ပြောလိုက်သည် “အခြေအနေ က အခုမတူတော့ဘူး၊ အကုန်လုံးက ကမ္ဘာမြေကြီးမျက်လုံးပေါ် အာရုံစိုက် ထားရမယ်၊ တခြားကိစ္စတွေ ဝင်အရှုပ်မခံနိုင်ဘူး၊ အဲလူတွေကို ငါတို့လွှတ် ထားပြီး နောက်မှထပ်ပြောကြမယ်”

“နားလည်ပါပြီ”

“ကောင်းပြီ မင်းသွားလို့ရပြီ၊ ငါ့ဆီကနေ ဘာမှမကြားရင် အစီအစဉ် အတိုင်းသွားလိုက်တော့၊ ဒီကိုထပ်မလာနဲ့တော့ မဟုတ်ရင် ငါ့နေရာကိုတွေ့ သွားလိမ့်မယ်” အကြီးအကဲဖန် ပြောလိုက်သည်။

“ကောင်းပါပြီ”

ပန်ကျားနန်သည် ဂူမှထွက်သွားပြီးနောက် ပတ်ပတ်လည်ကိုကြည့် လိုက်သည်။ ဘယ်သူမှမရှိသည်မှာ သေချာသည်နှင့် တောင်များမှ ထွက်သွား ကာ ဂိုဏ်းသို့အမြန်ပြန်လိုက်သည်။

သူ သတိမထားမိလိုက်သည်မှာ ဂူအပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်၏ ထူထဲသော သစ်ရွက်များအကြားတွင် နီရဲပျားနှစ်ကောင် ပုန်းအောင်နေခြင်း ပင်။

နီရဲပျားတစ်ကောင်သည် သူတောင်များမှထွက်သည်နှင့် လိုက်သွား ကာ နောက်တစ်ကောင်သည် သစ်ပင်တွင်ကျန်နေခဲ့ကာ ဂူကိုဆက်စောင့် ကြည့်နေလေသည်…

ခွဲခွာခြင်းဥယျာဉ်

ရှီမာယူယူ၊ ရှောင်ချီနှင့် ဝမ်စီမြောင်တို့သည် ခြံထဲမှ အဆောင်လေးတွင် ထိုင်နေကြသည်။

“ဘာလဲ သတင်းတွေရလို့လား” ရှောင်ချီမေးလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “တစ်ဖက်က အရမ်းသန်မာ တဲ့ ကျွမ်းကျင်သူပဲ၊ အဲဒါကြောင့် နီရဲပျားတွေက အနီးကိုမကပ်ရဲဘူး၊ သူတို့ ပုန်းပြီး ခိုးနားပဲထောင်နိုင်တယ်”

“သူတို့ဘာတွေကြားလိုက်လဲ”

“မင်းနဲ့ ကျောင်းအုပ်အကြောင်းကိုပြောကြတယ်” ရှီမာယူယူ ပြောလိုက် သည် “ဘာအကြောင်းလဲတော့ ငါလည်းမသိဘူး”

“အဲလောက်သန်မာတဲ့ကျွမ်းကျင်သူက ဂိုဏ်းမှာပုန်းနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ ဂိုဏ်းက အဲအကြောင်းကို သိလားမသိဘူးလားပဲ” ဝမ်စီမြောင်သည် တည်တံ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“သူတို့သိသိ မသိသိ ငါတို့ဒါရိုက်တာမုန့်နဲ့ တခြားသူတွေကို ပြောရမယ်” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေ ဂိုဏ်းမှာပုန်းနေတယ်ဆိုတာက သူတို့ မှာ လျှို့ဝှက်ချက် ကြီးကြီးမားမားရှိတာကိုဆိုလိုတာပဲ၊ ငါတို့အတွက်တော့ ဒါ ပြဿနာကြီးပဲ”

သူမသည် ရှောင်ချီကိုကြည့်လိုက်သည်။ တစ်ဖက်လူသည် သူမ အတွက်ကြောင့်လာသည်ကို သေချာပေါက်သိလိုက်ရပြီ။ သူမသည် ဒီအချက် ကို ဂိုဏ်းကိုပြောပြရမည်။ ရှောင်ချီသာ ပြဿနာဖြစ်ပါက အလွန်ဆိုးဝါးသော အကျိုးဆက်ဖြစ်လာမည်။

***

All Chapters