← Chapters

အခန်း (၉၅၉)

Vol. 65 Ch. 959

အခန်း (၉၅၉)

Vol. 65 Ch. 959

လီထျန်းထျန်း၊ မူဟုန်လင်နှင့် တခြားသောသူများသည် စိတ်ဓာတ်ကျလျက်ရှိ၏။ ၎င်းတို့သည် ကြီးမားသည့် မျှော်လင့်ချက်နှင့် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ အလွန် အဆင့်မြင့်လှသော စွမ်းအားမြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် မျှော်လင့်နေမိကြ၏။ သို့ပေမဲ့ နေ့ဝက်လောက် လှည့်လည်လျှောက် သွားပြီးသည့်နောက်တွင် မည်သည့် သိုင်းကျင့်ကြံသူမှသည် သူတို့ကို လာရောက်မတိုက်ခိုက်ကြချေ။ တွေ့လိုက် သည်နှင့်တပြိုင်နက် အလွန်ကြောက်လန့်တတ်သော ယုန်ကလေးများကဲ့သို့ပင် တန်းကာ ထွက်ပြေးတော့သည်။

အတိတ်တုန်းကဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများသည် သူတို့ကို သီလအမှတ် ပေးမည့်သူများ ဖြစ်သည်ဟု တခြားသော သိုင်းကျင့်ကြံသူများက သတ်မှတ်ခဲ့ကြ၏။ လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တွေ့သည်နှင့် ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများသည် ထွက်ပြေးနေကြ၏။

လီထျန်းထျန်းနှင့် တခြားသောသူများသည် ၎င်းတို့၏ ဂိုဏ်းဝတ်စုံများကို လဲလှယ် ပြီးမှသာလျှင် တခြားသော အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ခွင့် ရရှိ၏။ ၎င်းတို့သည် ထိုသို့ တိုက်ခိုက်ခြင်းအားဖြင့် ကြီးမားသည့် အကျိုးအမြတ်ကို ရရှိခဲ့ကြ၏။ ထို့ကြောင့် ဂိုဏ်းဆီသို့ ပြန်လာခဲ့ကြတော့သည်။

“ဒီလိုတော့ မဖြစ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်စိတ်ဓာတ်ကျလျက်ရှိနေ၏။ ဂြိုဟ်တိုက်ပွဲ တည်နေရာဆီသို့ တပည့်များတိုက်ခိုက်ရန်အတွက် အလွန်သင့်တော်လှသော နေရာဖြစ်သည်။ ထိုသို့ သွားရောက် တိုက်ခိုက်မှသာ တပည့်များသည် ပိုမိုကာ အားကောင်းလာပေလိမ့်မည်။ သို့ပေမဲ့ သူမထင်မှတ်သည်မှာ တစ်ဖက် လူများသည် သူနှင့်ကစားချင်စိတ် မရှိကြပေ။ ၎င်းတို့သည် သူတို့အား မြင်သည်ဆိုသည်နှင့်တပြိုင်နက် တစ်ခါ တည်း ထွက်ပြေးကြတော့သည်။ ထို့ကြောင့် ဤတည်နေရာကြီးသည် အဓိပ္ပာယ်မဲ့သည့်နေရာကြီး ဖြစ်လာခဲ့တော့၏။

စနစ်က ပြောလိုက်သည်။ “ဒီဟာက လူတစ်သောင်းလောက်ကို သတ်ဖြတ်ပစ်ခဲ့တဲ့ မင်းရဲ့အပြစ်ပဲ၊ တကယ်လို့ သူတို့နေရာမှာ ငါသာဆိုရင် မင်းနဲ့ထပ်ပြီးတော့ ကစားမှ မဟုတ်တော့ဘူးလေ”

“ချီးတဲ့မှ…”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုဖြစ်မယ်မှန်းသိရင် ငါ အစောကြီးကတည်းက အဲ အမွေအနှစ်ဥ ကို ယူဖို့ စဉ်းစားမှာ မဟုတ်ဘူးလေ”

“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ… ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သတ်မှတ်ထားသည့် တည်နေရာ အကျယ်အဝန်း ကို ရရှိကာနီးပါပြီ။ ဒါကြောင့် တခြားသော ဂြိုဟ်တိုက်ပွဲတည်နေရာများသို့ သွားရောက်စိန်ခေါ်နိုင်စွမ်းရှိတယ်၊ ပြီးတော့ သတ်ဖြတ်ခြင်းကွင်းပြင်ဆီ သွားပြီးတိုက်ခိုက်နိုင်စွမ်းလည်းရှိတယ်” အမျိုးသမီးစနစ်၏ အသံသည် ထွက်ပေါ်လာခဲ့တော့သည်။

သူ့တွင် ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူ၏ စနစ်နှင့် အမျိုးသမီးစနစ်တို့အား လဲလှယ်ချင် နေမိ၏။

စနစ် “….”

နေ့စဉ်နေ့တိုင်း ဤမျှချိုသာလှသော စကားလုံးများ ပြောနေသည့် အမျိုးသမီးစနစ်ကို မည်သူက မလိုချင်ဘဲ ဖြစ်မည်နည်း။

“သတ်ဖြတ်ခြင်းကွင်းပြင် ဟုတ်လား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အမျိုးသမီးစနစ်သည် ချိုသာသည့်အသံဖြင့် ရှင်းပြလိုက်၏။ “အဆင့်နိမ့်နယ်မြေတွေက တစ်ဦးနဲ့တစ်ဦး သဘောတူညီမှု ရယူပြီး မတိုက်ခိုက်ဘဲနေတာကို အထက်နယ်မြေက စိုးရိမ်မိတယ်၊ ဒါကြောင့် အသစ်ဝင်လာတဲ့ ဂြိုဟ်တွေအနေနဲ့ သတ်ဖြတ်ခြင်းကွင်းပြင်ထဲကို ဝင်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို ချမှတ်ခဲ့တယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒါက မဟုတ်သေးဘူး၊ ကိုယ့်ရဲ့ စွမ်းရည်ထက် ကျော်လွန်တဲ့အရာတွေကို ပြုလုပ်ရမှာပဲ၊ ပြီးတော့ အဲနေရာက လူဘယ်လောက်များများ ဝင်ရတာလဲ၊ ပြီးတော့ ဘယ်လောက် ကြီးမားတဲ့ တည်နေရာ အကျယ်အဝန်းကို ပိုင်ဆိုင်မှ စိန်ခေါ်ခွင့်ရှိတာလဲ။”

“အနည်းဆုံး လူနှစ်ထောင်လောက်တော့ ရှိရမယ်၊ တည်နေရာကတော့ မြို့တစ်ခု အရွယ်အစားလောက် ရှိတာပေါ့”

ကျွင်းချောင်ရှောင်းသည် သိုင်းကျင့်ကြံသူနှစ်ထောင်ကို ကျိန်းသေပေါက် ခေါ်ယူ၍ မဖြစ်နိုင်ပေ။ ထို့အပြင် သူမည်မျှ ဂိမ်းဆာဗာကြီးတစ်ခုလုံးကို ခိုးယူသည်ဆိုဆို အချိန်အတိုင်းအတာတစ်ခုအတွင်း တပည့်နှစ်ထောင်ကျော်တို့အား သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်စေဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

မြို့အရွယ်အစားလောက်ရှိဖို့ ဆိုသည်မှာတော့ နီးကပ်လာပြီဖြစ်သည်။ ဤအရာသည် ပြဿနာတစ်ခု မဟုတ်ချေ။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မေးလိုက်၏။ “တကယ်လို့ ငါက ဂြိုဟ်တစ်ခုကို သွားပြီးတော့ စိန်ခေါ်မယ် ဆိုရင် အဲအရေအတွက် သတ်မှတ်ချက်တွေ ပြည့်စုံဖို့ လိုသေးလား”

“လိုအပ်ပါတယ်” အမျိုးသမီးစနစ်က ပြောလိုက်၏။

“ဒါဆိုလည်း ထားလိုက်တော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တပည့်တွေ ထပ်ပြီး အတွေ့အကြုံ ရအောင်ပဲ လုပ်တော့မယ်၊ လူတွေကို စုစည်းပြီးတော့ နောက်မှ တိုက်ခိုက်ကြတာပေါ့”

သူ့အနေနှင့် သတ်ဖြတ်ခြင်းကွင်းပြင်တည်နေရာထဲသို့ သွားရောက်ယှဉ်ပြိုင်ရန် စိတ်မဝင်စားချေ။ ထို့ကြောင့် သူ၏ တည်နေရာကြီးကို ဆက်လက်ချဲ့ထွင်ရန်သာ အာရုံစိုက်ထား၏။

“ဒင်…ဂိုဏ်း၏တပည့်များအားလုံးသည် တာဝန်များကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းအောင်မြင်မှု အမှတ်နှစ်ဆယ်ကို ရရှိသည်”

“ဒင်… ဂိုဏ်းအောင်မြင်မှုအမှတ် - ၅၀၀၁၀/၅၀၀၀၀”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ “နောက်ဆုံးတော့ ဂိုဏ်းအောင်မြင်မှုအမှတ်က ကျော်လွန်သွားခဲ့ပြီပဲ”

တပည့်များသည် လိုအပ်သည့်ဂိုဏ်းတာဝန်များ အားလုံးကို ပြုလုပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းအောင်မြင်မှု အမှတ်များသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့၏။ ယနေ့မှာတော့ ဂိုဏ်း၏ အဆောက်အအုံ ကို အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သည့် ဂိုဏ်းအောင်မြင်မှု အမှတ်များကို ရရှိခဲ့ပြီဖြစ်သည်။

ရွှီး

သူသည် စနစ်ကို ဖွင့်ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ အဆောက်အဦ တည်နေရာတွင် အဆင့် မြှင့်တင်မည်ဟူသော စာလုံးတစ်လုံး ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် အသာနှိပ်ကြည့်လိုက်သည့် နောက်မှာတော့ သူ၏ နားထဲတွင် တေးဂီတသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“ဒင်… ဂိုဏ်းအဆောက်အဦသည် အဆင့်ကိုးဆီသို့ ရောက်ရှိခဲ့သည်၊ ဂိုဏ်း၏ ဂိုဏ်းသားအကန့်အသတ်၊ ဂိုဏ်း စုဆောင်းမှတ်၊ ဂိုဏ်းအောင်မြင်မှု အမှတ်များသည် တိုးတက်သွားခဲ့ပြီဖြစ်သည်၊ ဂိုဏ်း၏ နတ်ဘုရားလက်နက် ခန်းမဆောင်သည် ဖွင့်လှစ်ခဲ့၏”

သတိပေးသံ ဆုံးပြီးသည့်နောက်မှာတော့ စနစ်၏ မြင်ကွင်းများသည် ပြောင်းလဲသွားခဲ့သည်။

“ဂိုဏ်း၏ အဆောက်အဦ - အဆင့်ကိုး

ဂိုဏ်းသား အရေအတွက် - ၅၀၀၀၀/၇၀၀၀၀

ဂိုဏ်းစုဆောင်းမှတ် - ၄၉၀၀၀/၇၀၀၀၀

ဂိုဏ်းအောင်မြင်မှုအမှတ် - ၁၀ /၇၀၀၀၀”

“ဘယ်လိုကြီးလဲ”

အမြင့်ဆုံးအကန့်အသတ်ကို မြင်ရပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “ဘယ်လိုဖြစ်ပြီးတော့ နှစ်သောင်းပဲ တိုးတာလဲ၊ ငါးသောင်းကနေ တစ်သိန်း ဖြစ်သွား ရမှာ မဟုတ်ဘူးလား”

စနစ်က ပြောလိုက်သည်။ “မဟုတ်ဘူး၊ အစောကြီးတုန်းက အဲလို တိုးပေးတယ်ဆိုတာ စာရေးသူက မှားတွက်နေတာလေ”

“ချီးတဲ့မှ…”

ကျွင်းချောင်ရှောင်းသည် ပြုံးပြုံးလေးနှင့် ဆဲလိုက်မိတော့သည်။ သူ့အနေနှင့် အရေအတွက် အကန့်အသတ်ကို ဂရုမစိုက်ချေ။ သူ ပို၍ ဂရုစိုက်သည်မှာ နတ်ဘုရားလက်နက် ခန်းမဆောင်ဆိုသည့်အရာပင် ဖြစ်သည်။ သူသည် ချက်ချင်းပဲ ထိုအရာကို ဖွင့်ကြည့်လိုက်သည်။

ရွှီး

သေးငယ်လှသော မြင်ကွင်းလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအရာသည် ပန်းပဲခန်းမဆောင်နှင့် ဆေးခန်းမ ဆောင်ကဲ့သို့ ဆင်တူလှ၏။ သို့ပေမဲ့ ထိုခန်းမဆောင်များကဲ့သို့ သုံးဘက်မြင် မြင်ကွင်းမျိုး မရှိချေ။ ထိုအစား စနစ်၏ စတိုးနှင့်တူညီသော အကွက်ကလေးများသာ တည်ရှိနေ၏။

ဝမ်

ရုတ်တရက်ဆိုသလိုပဲ ထိုအကွက်ကလေးများသည် အဖြူရောင်အလင်းများ လင်းလက်သွား၏။

ရွှီး ရွှီး ရွှီး

အဖြူရောင်အလင်းတစ်ခု၏ အောက်မှာတော့ နဂါးတစ်ကောင်ခွေလျက်ရှိနေသော ဓားတစ်စင်းသည် ဖြည်းဖြည်းချင်း ပေါ်လာခဲ့တော့သည်။ ထိုအရာ၏ အောက်မှာတော့ နတ်ရွှေနဂါးဓား ဟုသည့်အရာကို ရေးသား ထားတော့၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နာမည်ကို ကြည့်တာနဲ့ အရမ်းကောင်းတာပဲ”

ရွှီး ရွှီး ရွှီး

ပြီးသည့်နောက်မှာတော့ ဘေးတစ်ဖက်တွင် လှံတစ်စင်း ပေါ်လာခဲ့တော့၏။ မိုးသောက်လှံ ဟု အောက်တွင် ရေးသားထားသည်။

“ဒါက မိတ်ဆက်ရှိသေးလား မသိဘူး” ကျွင်းချောင်ရှောင်းသည် ပထမပုံအား အသာနှိပ်ကြည့်လိုက်သည့် နောက်မှာတော့ အသေးစိတ်အချက်များ ပေါ်လာခဲ့တော့သည်။

“နတ်ဘုရားလက်နက် - နတ်ရွှေနဂါးဓား

အဆင့် - စဦး နတ်ဘုရားအဆင့်

အခြေအနေ - အသုံးပြုသူသည် လင်းယွမ်ခန်းမဆောင်မှ တပည့်ဖြစ်ရမည်

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ်တစ်သောင်း”

“နတ်ဘုရားအဆင့် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက အံ့အားသင့် စရာပဲ”

သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် များပြားလှသော ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုသော်လည်း အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် နှိုင်းယှဉ်မည်ဆိုပါက သူတော်စင်အဆင့်သာရှိသည့်အရာများ ဖြစ်တော့၏။ ထို့ကြောင့် နတ်ဘုရားအဆင့် ဆိုသည်မှာ သူတစ်ခါမှ မတွေ့ရသောအရာပင် ဖြစ်သည်။

“အသုံးပြုသူက လင်းယွမ်ခန်းမဆောင်က တပည့်ဖြစ်ရမယ် ဟုတ်လား”

“အမှန်ပဲ”

စနစ်က ပြောလိုက်သည်။ “လင်းယွမ်ခန်းမဆောင်မှာရှိတဲ့ တပည့်တွေကသာလျှင် ဒါကို အသုံးပြုဖို့ အတွက် အရည်အသွေး ပြည့်မီတယ်”

“ငါသုံးလို့ရလား”

“မရဘူး”

“……….”

ကျွင်းချောင်ရှောင်းသည် လဲကျတော့မလို ဖြစ်သွား၏။ ဂိုဏ်း၏အဆောက်အအုံသည် အဆင့်ရှစ်သို့ တိုးတက်ပြီးသည့် နောက်မှာတော့ လင်းယွမ်ခန်းမဆောင် ပေါ်ပေါက်လာ၏။ သို့ပေမဲ့ ထိုအရာသည် သူ့အတွက် အသုံးမဝင်ခဲ့ချေ။

ယခု ဂိုဏ်း၏အဆောက်အအုံ သည် အဆင့်ကိုးဆီသို့ တိုးတက်ရောက်ရှိပြီးသည့်နောက်မှာတော့ နတ်ဘုရား လက်နက်ခန်းမဆောင်ပေါ်ပေါက်လာသည်။ ထိုအရာသည်လည်း သူ့အတွက် အသုံးမဝင်ပြန်ချေ။

“မဖြစ်သေးဘူး”

သူသည် မြန်မြန်ဆန်ဆန်ပဲ မိုးသောက်လှံဆိုသည့်အရာအား နှိပ်ကြည့်လိုက်၏။ မြင်ကွင်းသည် သူ၏ မျက်စိရှေ့တွင် ပေါ်လာတော့၏။ ထိုအရာသည်လည်း လင်းယွမ်ခန်းမဆောင်မှ တပည့်များအတွက်သာလျှင် အသုံးပြုနိုင်စွမ်းရှိနေသည်။

“ငါလည်း အသုံးမပြုနိုင်ဘူး”

ကျွင်းချောင်ရှောင်းသည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီးတော့ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကိုတောင်မှ တောင်းရတာလဲ၊ ငါ့ဆီမှ အရမ်းကို သုံးလို့ ဖြုန်းလို့ကောင်းတဲ့ ဂိုဏ်း စုဆောင်းမှတ်တွေ အများကြီးရှိနေတယ်လို့ ထင်နေတာလား”

ကုန်းရှန့်တွင် ဂိုဏ်းစုဆောင်းမှတ် များများစားစား မရှိချေ။ ထို့ကြောင့် တစ်ခါတစ်ရံတွင် သူသည် စနစ်ဆီကပင် ချေးယူရ၏။ တစ်ခါတစ်ရံတွင် သိုင်းအရင်းအမြစ်များကို ဝယ်ယူရန်အတွက် ထိုဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြု ခဲ့ရ၏။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

ရွှီး ရွှီး

နတ်ဘုရားလက်နက်ခန်းမဆောင်သည် လက်နက်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့တော့၏။ ထိုအရာများသည် ဓားမော့များ၊ လှံများ၊ ဓားများ၊ ပုဆိန်များ၊ ချိတ်များ အစုံပါဝင်နေ၏။ ထိုအသစ်ဖြစ်ပေါ်လာသော နတ်ဘုရား အဆင့်လက်နက်များသည် လင်းယွမ်ခန်းမဆောင်မှ တပည့်များသည်သာ အသုံးပြုခွင့်ရနိုင်၏။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်သည်။ “လင်းယွမ်ခန်းမဆောင်က လူနှစ်ဆယ့်လေးယောက်ပဲ လက်ခံတာလေ၊ ဒီတော့ လက်နက်ကလည်း နှစ်ဆယ့်လေးခုပဲ ရှိမှာပေါ့”

သို့ပေမဲ့ သူခန့်မှန်းခဲ့သည်မှာ မှားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လက်နက်နှစ်ဆယ့်လေးခု ပေါ်လာပြီးသည့် နောက် နောက်ထပ်လက်နက်များသည် တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့၏။ သူသည် ခရမ်းရောင်ကြယ်ဆိုသည့် လက်နက်တစ်ခုအား နှိပ်ကြည့်လိုက်သည့်အချိန်မှာတော့ သူတော်ဆင့်အဆင့် လက်နက်တစ်ခုဖြစ်ပြီး လိုအပ်သည့် အမှတ်မှာ လင်းယွမ်ခန်းမဆောင်ရှိ တပည့်၏ သီးသန့်ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်ရှိရမည်ဖြစ်ပြီး သူ၏ ဂိုဏ်းစုဆောင်းမှတ် မှာ ငါးထောင် သီးသန့်ကုန်ကျသေး၏။

စနစ်က ပြောလိုက်သည်။ “ကြည့်ရတာ နတ်ဘုရားလက်နက်ခန်းမဆောင်မှာရှိတဲ့ နတ်ဘုရားလက်နက်တွေက လက်ခံသူရဲ့ ဂိုဏ်းစုဆောင်းမှတ်ကို အသုံးပြုရုံတင်မကဘဲနဲ့ လင်းယွမ်ခန်းမဆောင်က တပည့်တွေရဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကိုပါ ထည့်ပြီးအသုံးပြုရတာပဲ”

ကျွင်းချောင်ရှောင်းသည် စိတ်မပါ၊ လက်မပါဖြင့် မေးလိုက်၏။ “ဒါကိုလည်း ငါအသုံးပြုလို့ မရနိုင်ဘူးမလား”

ရွှီး ရွှီး

နောက်ထပ်လက်နက်များသည် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့တော့၏။ နတ်ဘုရားလက်နက်များသည် သူ၏ မြင်ကွင်းရှေ့တွင်‌ ပေါ်လာခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် အသာနှိပ်၍ ကြည့်လိုက်သည့်နောက်မှာတော့ သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့၏။ ဤအဆင့်မြင့် နတ်ဘုရားလက်နက်များအားလုံးသည် လင်းယွမ်ခန်းမဆောင်အတွက် ဂိုဏ်းစုဆောင်းမှတ်များ မလိုချေ။ သို့ပေမဲ့ သူ့အတွက်တော့ ဂိုဏ်းစုဆောင်းမှတ်တစ်သောင်း ထည့်ဝင်ပေးရမည့် လက်နက်မျိုးပင် ဖြစ်နေတော့၏။

“ချီးတဲ့မှ…”

ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကိုဆုပ်ကိုင်ကာ ပြောလိုက်၏။ “ဒါက ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခ ပေးတာပဲ”

သူ့အနေနှင့် နတ်ဘုရားလက်နက်ခန်းမဆောင်ဆီမှ ပြန်ထွက်ရန် ကြိုးစားလိုက်သည့်အချိန်မှာတော့ ရောင်စုံအလင်းတန်း လင်းလက်သွားခဲ့ပြီး လက်နက်တစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုအရာ၏ အောက်တွင်တော့ လောကလက်ချောင်း ဟုရေးထိုးထားသည်။

“လောကလက်ချောင်း ဟုတ်လား” ကျွင်းချောင်ရှောင်းသည် သေသေချာချာ ကြည့်ရှုလိုက်ပြီးသည့် နောက်မှာတော့ သူ၏ မျက်နှာတစ်ခုလုံး အေးခဲသွားခဲ့၏။

လက်နက်၏ အောက်ပိုင်းတည်နေရာတစ်ခုလုံးသည် လှံကဲ့သို့ ဆင်တူ၏။ သို့ပေမဲ့ လက်နက်၏ အပေါ်ပိုင်းမှာတော့ လှံထိပ်အချွန် မရှိချေ။ လက်သီးဆုပ်တစ်ခုရှိပြီး လက်ညှိုးနှင့်လက်ခလယ်နှစ်ချောင်းတို့သည် ထောင်လျက်တည်ရှိနေသည်။

“ချီးတဲ့မှ… ဒါဘာကြီးလဲ၊ လောကလက်ချောင်းဆိုတာက”

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်မိ၏။ “ဒါက ဘာလုပ်ရမှာလဲ၊ ဖင်ကို သွားထိုးရမှာလား”

All Chapters