← Chapters

အခန်း (၉၆၀)

Vol. 65 Ch. 960

အခန်း (၉၆၀)

Vol. 65 Ch. 960

နတ်ဘုရားလက်နက် ခန်းမဆောင်တွင် ထူးဆန်းပြီး ဆန်းပြားလွန်းလှသော လက်နက်များ အများအပြား ပေါ်ပေါက်လာခဲ့သည်ဆိုသော်လည်း နားလည်လက်ခံနိုင်သည့် အတိုင်းအတာဘောင်အတွင်းတွင် ရှိနေသော လက်နက်များပင်ဖြစ်၏။ နောက်ဆုံးလက်နက်ဖြစ်သော လောကလက်ချောင်း ဆိုသည်မှာတော့ သောက်တလွဲ ဖြစ်လွန်းလှ၏။

“ဟင်း…”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်၏။ “ဒါက တဖြည်းဖြည်းနဲ့ ယုတ္တိ မတန်တော့ဘူး”

စနစ်က ပြောလိုက်သည်။ “ဒါက လက်ခံသူဆီကနေ ရောဂါကူးသွားလို့ ဖြစ်လိမ့်မယ်”

ဤအရာသည် သူနှင့် ဘာဆိုင်နေသနည်း။ ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွားမိ၏။ သူသည် ထူးဆန်းလွန်းသော လက်နက်ကိုထောက်၍ ကြည့်ရှုလိုက်သည့်နောက်မှာတော့ အသေးစိတ် အချက်အလက်များ ပေါ်ပေါက်လာခဲ့၏။

“နတ်ဘုရားလက်နက် - လောကလက်ချောင်း၊

အဆင့် - နတ်ဘုရားအထက်၊

အခြေအနေ - ဂိုဏ်းချုပ်သီးသန့် ကိုင်ဆောင်ရန်၊

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်း”

နတ်ဘုရားအထက်ဆိုသော စာလုံးကို မြင်ရသည့်အချိန်မှာ‌တော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ပြူးထွက် သွားမိ၏။ များပြားလွန်းလှသော လက်နက်များ တည်ရှိနေ၏။ အားလုံးသော လက်နက်များ၏ အဆင့်အမြင့်ဆုံး အခြေအနေသည် နတ်ဘုရားအဆင့်သာဖြစ်၏။ နောက်ဆုံးလက်နက်မှာ အမှန်တကယ်ပဲ နတ်ဘုရားအဆင့် အထက် လက်နက်ဖြစ်လို့နေခဲ့သည်။ ထို့ပြင် သက်တန့်ရောင်အလင်းတန်းများကလည်း ဖုံးလွှမ်းလျက် ရှိနေသေး၏။

“နေအုံး … ဂိုဏ်းချုပ်သီးသန့် ကိုင်ဆွဲတဲ့အရာ ဟုတ်လား” ထိုအချင်းအရာကို မြင်ရသည့်အချိန်မှာ‌တော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထ၍ အော်လိုက်မိသည်။

“ချီးတဲ့မှ….”

ပထမတုန်းက လက်နက်များသည် လင်းယွမ်ခန်းမဆောင်ရှိ တပည့်များ ကိုင်ဆောင်ရန်ဖြစ်၏။ ပြီးသည့်နောက်မှာ တော့ အကြီးအကဲများ ကိုင်ဆောင်ရန် လက်နက် ပေါ်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူကိုယ်ပိုင် ကိုင်ဆောင်ရန် လက်နက် ပေါ်လာခဲ့တော့၏။

စောနတုန်းက စောဒကတက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် လက်ရှိ အချိန်မှာလည်း မပျော်ရွှင်နိုင်သေးပေ။ အဘယ်ကြောင့် သူသည် ကြောင်တောင်တောင်နိုင်လှသော လက်နက်၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုရင်း စိတ်ပျက်သလို ပြောလိုက်မိ၏။ “တကယ်လို့ ဒီလက်နက်ကြီးကို ငါ တခြားသူတွေရဲ့ရှေ့မှာ ထုတ်ကိုင်လိုက်ရင် အားလုံးက ဝိုင်းရယ်တော့မှာပေါ့”

နတ်ဘုရားခန်းမဆောင်ရှိ လက်နက်များအားလုံးသည် ဂိုဏ်းစုဆောင်းမှတ်တစ်သောင်းထက်ပို၍ မကုန်ကျသည်ကို သူသိရှိပြီးဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ် ကိုယ်တိုင် ကိုင်ဆောင်ရမည့်လက်နက်မှာတော့ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်း တောင် ကုန်ကျလျက်ရှိနေ၏။ သောက်ကျိုးနည်းလှချေသည်တကား။

စနစ်က ပြောလိုက်သည်။ “ရှိနေတော့လည်း ကောင်းတာပေါ့၊ ဘာလဲ၊ လက်ခံသူက မကြိုက်လို့လား”

“လက်နက်ရဲ့ပုံစံက သာမန်မှ မဟုတ်တာ၊ ပြီးတော့ ဈေးကြီးလွန်းတယ်”

ကျွင်းချောင်ရှောင်း အော်ဟစ်လိုက်၏။ “ကိုယ်ပိုင်လက်နက်ဆိုပြီး ဖြစ်ပေါ်လာတာတော့ ဟုတ်ပါပြီ၊ ဒါကြီးကိုထုတ်ပြီးတော့ တခြားသူရဲ့ဖင်ကို သွားထိုးရမှာလား”

စနစ်က ပြောလိုက်သည်။ “ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်အနေနဲ့ ဒီလိုမျိုး လုပ်ဖို့တော့ မသင့်တော်ဘူးလေ”

“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် သူ၏ ကိုယ်ပိုင်လက်နက်အား ဓား သို့မဟုတ် ဓားမြှောင် တစ်ခုခုသို့ ပြောင်းလဲခွင့်ရမည်ဆိုလျှင်ပင် ပြောင်းလဲလိုက်ချင်နေသေး၏။

စနစ်က ပြောလိုက်သည်။ “ဒါပေမဲ့ တခြားသူတွေအတွက်ပဲ ဖြစ်လိမ့်မယ်၊ လက်ခံသူလို အရှက်ကင်းမဲ့လွန်းတဲ့လူ အတွက်တော့ ကျိန်းသေပေါက် လိုက်ဖက်ညီတဲ့လက်နက်တစ်ခု ဖြစ်မယ်လို့ ထင်တယ်လေ”

“ချီးတဲ့မှ... မင်းကြီးတော်ကြီးကို လိုက်ဖက်ညီပါလား”

.................

အရည်အသွေးအရ ပြောရမည်ဆိုလျှင် နတ်ဘုရားလက်နက်ခန်းမဆောင်တွင် ပေါ်ပေါက်လာခဲ့သော လက်နက်များ သည် အလွန်ကောင်းမွန်လွန်းလှ၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် တွေ့ခဲ့သော အမွေအနှစ်လက်နက်များ ထက်ပင် ပိုမို၍ ကောင်းမွန်နေသေး၏။ သို့ပေမဲ့ ထိုအရာကို အသုံးပြုရမည့် ဂိုဏ်းစုဆောင်းမှတ်များမှာတော့ ဂိုဏ်းချုပ်ကျွင်းကို အမှန်အကန်ပင် ခေါင်းကိုက်စေခဲ့သည်။ သူသည် တပည့်တစ်ယောက်ချင်းစီတိုင်းကို ဝယ်ယူ၍ မပေးနိုင်သေးချေ။ ထို့အပြင် ဤနေရာတွင် ကန့်သတ်မှုကလည်း ရှိနေသေး၏။ လက်နက်များကို ကိုင်ဆောင်ရမည့်သူသည် လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ခွင့်ရသော တပည့်များသာ ဖြစ်ပေလိမ့်မည်။ လက်ရှိတွင် လီချင်းယန်နှင့် လျှိုဝမ်ရှစ်တို့ နှစ်ယောက်သည်သာလျှင် ထိုလိုအပ်ချက်နှင့် ကိုက်ညီလျက်ရှိ၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် လင်းယွမ်ခန်းမဆောင်ကို ဖွင့်၍ ကြည့်လိုက်၏။ “ရှောင်ကျီနဲ့ တခြားသူတွေက လိုအပ်ချက်တွေကို ကိုက်ညီနိုင်လောက်လား”

ထင်မှတ်ထားသည့်အတိုင်းပင်၊ မူလအားဖြင့် ကုသိုလ်မှတ်သုံးဆယ် သာရှိသော ရှောင်ကျီသည် လက်ရှိအခြေအနေမှာတော့ တစ်ရာမှတ်ဆီသို့ တိုးမြင့်ရောက်ရှိပြီး ဖြစ်နေတော့၏။ သူသည် လင်းယွမ်ခန်းမဆောင်ထဲသို့ဝင်ရန် လိုအပ်ချက်နှင့် ကိုက်ညီသွားခဲ့၏။

“မြန်လိုက်တာ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စနစ်က ပြောလိုက်၏။ “ဒါက လက်ခံသူ လျစ်လျူရှုထားလို့လေ၊ ဒီတပည့်က လိုအပ်ချက်နဲ့ ကိုက်ညီခဲ့တာ အစောကြီးကတည်းကပဲ”

“ပါးစပ်ပိတ်ထားစမ်း”

ကျွင်းချောင်ရှောင်းသည် အတည်ပြုမည်ဟူသော ခလုတ်ကို နှိပ်လိုက်၏။ လင်းယွမ် ခန်းမဆောင်သည် အနည်းငယ် တုန်ခါသွား၏။ ပြီးသည့်နောက်မှာတော့ ရှောင်ကျီဟု ရေးထိုးထားသော စားလုံး များသည် တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားပြီး အသက်ဝင်လှသော ပုံတူပန်းချီကားတစ်ချပ်သည် အသက်ဝင်လာခဲ့၏။

လီချင်းယန်၏ ပုံတူပန်းချီသည် စားပွဲခုံပေါ်တွင် ထိုင်နေ၍ ပုံကြမ်းများကို ရေးဆွဲနေသည့်ပုံဖြစ်ပြီး လျှိုဝမ်ရှစ် မှာတော့ မီးဖိုထဲတွင် အစားအသောက်များ ချက်ပြုတ်နေသည့်ပုံဖြစ်သည်။ ရှောင်ကျီမှာတော့ မြင်းထိုင်ပုံစံဖြင့် ရှိနေသည့်ပုံစံပင်ဖြစ်သည်။ အလွန်ပင် ခံ့ညားလွန်းလှ၏။

“တပည့်ရှောင်ကျီသည် လင်းယွမ်ခန်းမဆောင်ထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်၊ အဖွဲ့ဝင် နှစ်ဆယ့် လေးယောက်ထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည်၊ လက်ခံသူရဲ့ ဂိုဏ်းလုပ်ဆောင်မှုပုံစံများကို မျှဝေ၍ ကူညီ နိုင်စွမ်း ရှိနေသည်၊ အောက်ပါ အချင်းအရာများထဲမှ ရွေးချယ်ပါ၊

ပန်းပဲ ခန်းမဆောင်၊

အဆောင် ခန်းမဆောင်...”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားမိလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်တော့သည်။ “ရှောင်ကျီကို ပန်းပဲခန်းမဆောင်ကို ထိန်းချုပ်ခိုင်းရမယ်”

“အတည်ပြုသည် - ပန်းပဲခန်းမဆောင်”

“ဒင်... တပည့်ရှောင်ကျီသည် ပန်းပဲခန်းမဆောင်ကို ထိန်းချုပ်နိုင်ရန် အခွင့်အရေး ရရှိခဲ့သည်၊ သူသည် ကျောက်ရိုင်းတုံးနှင့် ဖြည့်စွက်ပစ္စည်းများ လုံလောက်သည်ဆိုသည်နှင့် အလိုအလျောက် ပန်းပဲ လုပ်ငန်းစဉ်များအား ပြုလုပ်နိုင်စွမ်း ရှိပြီဖြစ်သည်”

ခံတပ်ထဲတွင် အလုပ်များလျက်ရှိနေသော ရှောင်ကျီသည် ရုတ်တရက် ကြောင်အသွားခဲ့၏။ သူ၏ ဝိညာဉ်သည် လေဟာနယ်တစ်ခုဆီသို့ ထိုးတက်သွား၏။ “ဒါ.. ဒါဘယ်နေရာလဲ”

“ရှောင်ကျီ... မင်းက ဂိုဏ်းအတွက် အကောင်းဆုံးအလုပ်တွေကို ပြုလုပ်ပေးခဲ့တယ်၊ ဒီတော့ ငါ့အရမ်း သဘောကျ တယ်၊ ဒီနေ့မှာ ငါ မင်းကို ငါ့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်တဲ့ ပန်းပဲပြုလုပ်ခြင်းစွမ်းရည်ကို လွှဲအပ်ပေးလိုက်မယ်” ကျွင်းချောင်ရှောင်းသည် စတင်ကာ ဟိတ်ကြီးဟန်ကြီးနှင့် ပြောဆိုတော့သည်။

ရှောင်ကျီသည် အရာအားလုံးကို နားလည်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “တပည့်က နားလည်ပါပြီ၊ ကျိန်းသေပေါက် ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”

ပန်းပဲခန်းမဆောင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား အရာအားလုံးလွှဲအပ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ဝမ် ….။

ရှောင်ကျီသည် ပန်းပဲခန်းမဆောင်ထဲမှ ပြန်လည်ထွက်ခွာပြီးသည့်နောက်မှာတော့ သူ၏ စိတ်ဝိညာဉ်စွမ်းအင်၊ ကြွက်သား၊ အရိုးနှင့် သွေးများအားလုံးသည် စတင်ကာ ပြောင်းလဲလာခဲ့၏။ သူ၏ ခန္ဓာကိုယ် အားအင်သည် နည်းနည်း၊ နည်းနည်းချင်း ပိုမိုကာ အားကောင်းလာခဲ့၏။

ဝှစ်

အဆင့်တက်သည့်အော်ရာများသည် ပေါက်ကွဲထွက်လာခဲ့၏။

လီဖေး၊ ထျန်းချီနှင့် တခြားသူများအားလုံးသည် ကြောင်အအဖြင့် လှမ်းကြည့်မိလိုက်ကြသည်။ အုတ်ခဲများ သယ်လျက်ရှိသော ဂျူနီယာညီလေးရှောင်သည် အဘယ်ကြောင့် ရုတ်တရက် အဆင့်တက်သွားရသနည်း။ အဆင့်တက်သည့်အရှိန်အဟုန်များသည် ဆက်လက် ဖြစ်တည်ပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် သိုင်းအုပ်စိုးသူ အဆင့်တစ်ဆီမှသည် အဆင့်နှစ်ဆီသို့ တိုးတက် ရောက်ရှိသွားခဲ့၏။ ဤအဆင့်သို့ ရောက်ရှိချိန်တွင် အဆင့်တစ်ခုတည်းသာတက်သည်ဆိုသော်လည်း ခန္ဓာကိုယ် အားအင်၏ တိုးတက်မှုမှာတော့ အလွန်ပိုမို၍ တိုးပွားလာခဲ့သည်။

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို ခံစားမိလိုက်၏။ အလွန်တောက်ပလျက်ရှိသော မျက်လုံးအစုံဖြင့် ကြည့်ကာ ပြောလိုက်မိ၏။ “ငါ့ရဲ့ုခုခံနိုင်စွမ်းက အရင်က ထက်တောင် ပိုပြီး အားကောင်းနေခဲ့တာပဲ”

မည်မျှအားကောင်းလိုက်သနည်းဆိုသော် သူ့အနေနှင့် တကယ်တမ်း တိုက်ခိုက်ကြည့်မှသာလျှင် သိရှိနိုင်ပေလိမ့်မည်။

“ဟမ်”

သူ၏ ညာဘက်လက်ပေါ်တွင် စာကြောင်းတစ်ခု ပေါ်ပေါက်လာကြောင်း ရှောင်ကျီသည် တွေ့လိုက်မိ၏။ ဤအရာ သည် ဒိုင်းဟူသော စာလုံးပင် ဖြစ်တော့၏။ ထို့ကြောင့် သူ အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဒါ ဘာအဓိပ္ပာယ်လဲ”

“ဒိုင်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် လင်းယွမ်ခန်းမဆောင်ထဲရှိ ရှောင်ကျီ၏ ပုံတူပန်းချီအောက်တွင် ဒိုင်း ဟူသော စာလုံးပေါ်လာသည်ကို ကြည့်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်မိ သည်။ “ဒိုင်း ဆိုတာ အကာအကွယ်ကို ကိုယ်စားပြုတာပဲ၊ အကာအကွယ်နဲ့ သိပ်ပြီးတော့ မခြားဘူး”

“လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ တခြားတပည့်တွေများ ရှိအုံးမလား” ပထမဆုံးသူသည် ကုသိုလ်မှတ် ခြောက်ဆယ်နီးပါး ရောက်ရှိနေပြီဖြစ်သော လုချင်းချင်းကို လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် ကုသိုလ်မှတ် ငါးဆယ့်သုံးမှတ် ရရှိနေသော ရီရှင်းချန်ကို လှမ်းကြည့်လိုက်မိသည်။၊ ၎င်းတို့နှစ်ယောက်သည် အစောတုန်းက အလွန်နည်းပါးလှသော အမှတ်သာ ရှိသူများဖြစ်သည်။

ကျွင်းချောင်ရှောင်းသည်လည်း အလွန်တရာ စိတ်ကျေနပ် မိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ယောက်သည် အရင်တုန်းက ကုသိုလ်မှတ် ဆယ်မှတ်နှင့် ခုနှစ်မှတ်သာ ရှိသောလူများ ဖြစ်၏။ ဤမျှတိုးတက်လာသည်ဆိုခြင်းမှာ ဂိုဏ်းအတွက် ကြီးမားသည့် အကူအညီကို ဖြစ်စေသည် ဟု ဆိုလိုခြင်းပင် ဖြစ်တော့၏။

လင်းယွမ်ခန်းမဆောင်၏ သီလအမှတ်များသည် တပည့်များအနေဖြင့် ဤထဲသို့ ဝင်ခွင့်ရခြင်း၊ မရခြင်းအပေါ်တွင် မူတည်၏။ ထို့ကြောင့် သူတို့အနေနှင့် ဂိုဏ်းအပေါ်တွင် မည်မျှ ကောင်းမွန်အောင် ကူညီနိုင်မည်ဆိုသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ထားပေါ်တွင် မူတည်လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် လီဖေး၊ ထျန်းချီနှင့် တခြားသူများကို ဆက်လက်ကာ ကြည့်ရှုလိုက်၏။ ၎င်းတို့အားလုံးသည် လိုအပ်ချက်နှင့် ကိုက်ညီမှု မရှိကြသေး သော်လည်း ကုသိုလ်မှတ်သည် ရှစ်ဆယ်မှ ကိုးဆယ်နီးပါးခန့် ရနေကြပြီဖြစ်၏။ ထို့ကြောင့် လိုအပ်ချက်နှင့် ကိုက်ညီရန် နီးကပ်နေကြပြီဖြစ်၏။

“ဟုတ်ပြီ၊ ဒါဆိုရင် ရှင်းရောင်ကို ကြည့်ရအောင်”

ဤမိန်းကလေးသည် အစောကြီးကတည်းက ကုသိုလ်မှတ် ခြောက်ဆယ်ခန့် ရှိနေပြီဖြစ်၏။ ယခု အစီအရင်ကို နားလည်ပြီးသည့်နောက် ဂိုဏ်းအား အကြီးအကျယ် ကူညီခဲ့သည်။ ထို့ကြောင့် သူမသည် လိုအပ်ချက်များနှင့် ကိုက်ညီနေလောက်ပြီဖြစ်၏။ ထင်မှတ်ထားသည့် အတိုင်းပင် ရှန်ကွမ်းရှင်းရောင်ဟူသော နာမည်ဘေးတွင် ကုသိုလ်မှတ်သည် တစ်ရာမှတ်ဟု ပေါ်လျက်ရှိနေ၏။

“ရှင်းရောင်ရဲ့ သိုင်းပညာကျွမ်းကျင်မှုက ထူးချွန်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူမဆီမှာ အရမ်းအားကောင်းတဲ့ ဦးနှောက်ရှိတယ်လေ၊ ဒီလင်းယွမ်ခန်းမဆောင်ကြီးမှာ သူမအတွက် နေရာတစ်ခုတော့ ရှိသင့်တယ်လေ”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် အတည်ပြုလိုက်မိသည်။ လင်းယွမ်ခန်းမဆောင်၏ လုပ်ဆောင်မှုသည် ဤထဲသို့ ရောက်ရှိရန်အတွက် သိုင်းပညာ အရည်အချင်းမည်မျှ ရှိသည်အပေါ်တွင် အခြေမပြုချေ။ တပည့်များအား နှင့် ဂိုဏ်းအား မည်မျှကူညီနိုင်သည် ဆိုသောအချက်အပေါ်တွင် အခြေပြုလျက်ရှိ၏။ ထို့ကြောင့် လျှိုဝမ်ရှစ်သည်ပင်လျှင် ဤနေရာသို့ ဝင်ရောက်သို့ ရသည်ဆိုမှာတော့ ရှန်ကွမ်းရှင်းရောင်သည်လည်း ဝင်ခွင့်ရပေလိမ့်မည်။

ဝမ်

အနည်းငယ် တုန်ခါမှုဖြစ်ပြီးသည့်နောက်မှာတော့ စာသားများရေးသားထားသော ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးသည့်နောက် ခုံတစ်ခုပေါ်တွင် ထိုင်လျက်ရှိသော ရှန်ကွမ်းရှင်းရောင်၏ ပုံတူပန်းချီသည် ပေါ်လာတော့၏။ သူမ၏ အနားတွင်‌တော့ ထူထဲလှသည့် စာအုပ်ပုံကြီး ရှိနေပြီး လက်ထဲတွင် ရှိနေသော စာရွက် သည် မန္တာန်များကဲ့သို့ စာကြောင်းများ ရေးသားထားသည်ကို မြင်ရ၏။ အစီအရင်ကို ရေးဆွဲနေပုံပေါ်သည်။

“ရှင်းရောင်က နေ့စဉ်နေ့တိုင်း သိုင်းနည်းစနစ်တွေကို လေ့လာနေခဲ့တာလေ၊ ပြီးတော့ အစီအရင်ကိုလည်း လေ့လာ ခဲ့တယ်၊ ဒီတော့ ငါသူ့ကို လုပ်ငန်းတစ်ခုခု ထိန်းချုပ်ဖို့ အခွင့်အရေး မပေးသေးတာကောင်းမယ်” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။

စနစ်က ပြောလိုက်၏။ “လက်ခံသူက အမျိုးသမီးတပည့်တွေနဲ့ ပတ်သက်လို့ရှိရင် ပိုပြီးတော့ မျက်နှာသာပေး သလိုပဲ”

ဤအရာကို လီချင်းယန်နှင့် ရှောင်ကျီတို့ ကြားသည်ဆိုပါက ကျိန်းသေပေါက် သဘောတူပေလိမ့်မည်။

............

ပြိုင်စံရှားဂိုဏ်းထဲတွင် လျှို့ဝှက်နည်းစနစ်များကို လေ့လာလျက်ရှိသော ရှန်ကွမ်းရှင်းရောင်သည် စာကြည့်ခန်း ထဲတွင် ထိုင်လျက်ရှိနေ၏။ သူမသည် ငူငူငေါင်ငေါင်နှင့် ထိုင်နေလျက်ရှိ၏။ သို့ပေမဲ့ သူမတစ်ခါမှ နားမလည်ခဲ့ ဘူးသော် သိုင်းနည်းစနစ်နှင့် ပတ်သက်သည့် အသိအမြင်များသည် သူမ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာခဲ့တော့ သည်။ “ငါအခု နားလည်သွားပြီပဲ”

သတိဝင်လာပြီးသည့်နောက်မှာတော့ သူမသည် မှတ်မိထားသမျှသော သိုင်းနည်းစနစ်များကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ ရုတ်တရက် ထိုအရာများနှင့် ပတ်သက်၍ ပိုမိုနက်နဲလှသော နားလည်မှုများ ခံစားလာမိသည် ကို နားလည်လိုက်မိသည်။

“အမ်”

ရုတ်တရက်ဆိုသလိုပဲ ခေါင်းကိုငုံ့ကာဖြင့် အောက်ကိုကြည့်လိုက်သည့်အချိန်မှာတော့ သူမ၏ ညာဘက် လက်ပေါ်တွင် ဉာဏ်ပညာဆိုသော စာလုံးလေး ပေါ်လာ၏။

“သိုင်းနည်းစနစ် ဒါမှမဟုတ် အစီအရင်တွေကို တိုးတက်အောင် ဖန်တီးနိုင်တာဆိုတာက ဉာဏ်ပညာနဲ့ ခွဲခြားလို့ မရနိုင်ဘူး၊ ဉာဏ်ပညာဆိုတဲ့စာသားက တကယ့်ကို လိုက်ဖက်ညီတဲ့ စာသားတစ်ခုပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လက်ရှိအချိန်မှာတော့ လင်းယွမ်ခန်းမဆောင်တွင် တပည့်လေးယောက်၏ ပုံတူပန်းချီများ ရှိနေပြီဖြစ်သည်။ ထိုသူတို့သည် လီချင်းယန်၊ လျှိုဝမ်ရှစ်၊ ရှောင်ကျီနှင့် ရှန်ကွမ်းရှင်းရောင်တို့ ဖြစ်သည်။ ၎င်းတို့၏ အမှတ်သင်္ကေတများသည် တည်ငြိမ်မှု၊ မီးဖို၊ ဒိုင်းနှင့် ဉာဏ်ပညာဟု အသီးသီး တည်ရှိနေတော့၏။

All Chapters