← Chapters

အခန်း (၉၆၁)

Vol. 65 Ch. 961

အခန်း (၉၆၁)

Vol. 65 Ch. 961

ကျွင်းချောင်ရှောင်းသည် အတွင်းစည်းတပည့်များ တချို့ကို ကြည့်လိုက်သည့်အချိန်မှာတော့ တော်တော် များများသည် လိုအပ်ချက်နှင့် ကိုက်ညီခြင်းကို မတွေ့ရပေ။ ထို့ကြောင့် သူသည် ထိုနေရာမှ ပြန်၍ ထွက်လိုက် တော့သည်။

လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ခွင့်ရရန် လိုအပ်ချက်သည် ဂိုဏ်း၏တပည့်တစ်ယောက် ဖြစ်ရမည်။ အကြီးအကဲနှင့် ဟောခန်းသခင်များသည် ထိုအထဲတွင် မပါဝင်ချေ။

နတ်ဘုရားလက်နက်ခန်းမဆောင်ရှိ လက်နက်များသည် အလွန် ကောင်းမွန်ပြီး ဖြစ်နေ၏။ ထို့ကြောင့် ဤနေရာတွင် နေရာတစ်ခု ရနိုင်သည် ဆိုပါက အလွန်ကောင်းမွန်သည့် အကျိုးကျေးဇူးများကို ရမှာ ဖြစ်တော့သည်။

“ဒါကို ငါဝယ်လိုက်သင့်လား”

ကျွင်းချောင်ရှောင်းသည် နတ်ဘုရားလက်နက်ခန်းမဆောင်ထဲတွင် ထိုင်၍ သေသေ ချာချာ စဉ်းစားလိုက်မိ၏။ အထဲတွင်ရှိသော လက်နက်များသည် အလွန်တရာ ကောင်းမွန်လွန်းလှသော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်သောလက်နက်များဖြစ်၏။ သူ၏ တပည့်များကိုသာ ပေးအပ်နိုင်မည်ဆိုပါက တိုက်ခိုက်ရေးစွမ်းအင်များသည် ကျိန်းသေပေါက် တိုးတက်သွားပေလိမ့်မည်။

များပြားလှသည့် အမွေအနှစ်များကို ရှာဖွေပြီးသည့်နောက်မှာတော့ သူသည် တပည့်များကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကုန်းရှန့်သည် တစ်စုံ တစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် မလုံလောက်ပါက ၎င်း၏ ကိုင်ဆောင်ထားသည့်လက်နက်များသည် ပိုမို အားကောင်းရန် လိုအပ်ကြောင်းကို အကြီးအကျယ် နားလည်နေမိ၏။ တပည့်များသည် ကိုယ်ပိုင် နတ်ဘုရား လက်နက်များကို ပိုင်ဆိုင်သည်ဆိုပါက ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့် တိုးတက်သွားသည်နှင့် ဆင်တူ ပေလိမ့်မည်။

“အင်း”

အနည်းငယ် နှောင့်နှေးပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် လောကလက်ချောင်းဆိုသော လက်နက်ဆီ အကြည့်ရောက်သွားမိ၏။ ဤအရာသည် ဂိုဏ်းချုပ်၏ ကိုယ်ပိုင်လက်နက်ဖြစ်၏။ ထို့ကြောင့် သူ့ကိုယ်သူ ဝယ်ယူရန် အရင်ဆုံး စဉ်းစားသင့်၏။

“ဝယ်လိုက်”

စနစ်က ပြောလိုက်သည်။ “ပြီးတော့ ဒီလက်နက်က အဆင့်ကိုးအထိ တိုးတက်လာနိုင်သေးတယ်လေ၊ ဒီတော့ လက်ခံသူကို ကျိန်းသေပေါက် အံ့အားသင့်စရာတွေ ပေးလိမ့်မယ်”

ကျွင်းချောင်ရှောင်း “.....”

..............

အကယ်၍ သာမန်လက်နက်သာဆိုပါက သူသည် အနည်းငယ်မျှ နှောင့်နှေးနေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤလက်နက်သည် လက်ချောင်းနှစ်ချောင်းပူးကာ ထောင်ထားပြီး အလွန်ပင် ထူးဆန်းလှသည့် ပုံစံဖြစ်နေသည်။ ဤလက်ချောင်းနှစ်ချောင်း ဖြောင့်ဖြောင့်ကြီး ဖြစ်နေသည်က ပို၍ ဆိုးသေး၏။ အကယ်၍ ကွေးနေလျှင် လည်း ကျောတွေ၊ ဘာတွေ ကုတ်၍ ရနိုင်သေးသည်။

“အင်း...”

ကျွင်းချောင်ရှောင်း သည် သက်ပြင်းချကာ ပြောလိုက်၏။ “ဘာပဲပြောပြော ကံစမ်းကြည့်ရမှာပဲ”

စနစ်သည် ရံဖန်ရံခါဆိုသလို သူ့အား ဂိုဏ်းစုဆောင်းမှတ်များ သုံးဖြုန်းပစ်ရန်အတွက် မြူစွယ်လျက် ရှိနေသည် ဆိုသော်လည်း တကယ်တမ်း ဆုံးရှုံးမှုများကို မဖြစ်ပေါ်ခဲ့ချေ။ အနည်းငယ် ယုံကြည်၍တော့ ရနိုင်သေးသည်။

သူသည် လောကလက်ချောင်းဆိုသည့်အရာကို နှိပ်ကြည့်လိုက်သည့်အချိန်မှာတော့ ဝယ်ယူမည်နှင့် ပယ်ဖျက်မည်ဆိုသော စာသားနှစ်ခု ပေါ်လာ၏။

“ဝယ်မယ်”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို အသုံးပြုပြီးသည့်နောက် လောကလက်ချောင်းကို ရယူခဲ့၏၊ ဤအရာအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၉၀၀၀/၇၀၀၀၀”

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက် လှံလိုလို၊ ဘာလိုလို လက်နှစ်ချောင်းထောင် သည့် လက်နက်ကြီးအား အပြင်သို့ ထုတ်ယူလိုက်၏။

“ချီးတဲ့မှ... ဒီလက်ညိုးနဲ့ လက်ခလယ်နှစ်ချောင်းက ဘာကိစ္စ ထောင်ထားတာလဲ၊ တိုက်ခိုက်တုန်းမှာ ငါ တခြားလူ တွေရဲ့ ဖင်တွေကို လိုက်ထိုးရမှာလား”

ထို့အပြင် သူသည် တတိယအဆင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်လည်း ဖြစ်၏။ တိုက်ခိုက်ပွဲများတွင် ဤကဲ့သို့ ရှက်ရွံ့စရာ တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်အသုံးပြု၍ မဖြစ်နိုင်ချေ။ လောကလက်ချောင်းသည် ရှက်ရွံ့လောက်စရာ ပုံပန်းသွင်ပြင်နှင့် လက်နက်မျိုး ဖြစ်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ကိုင်လိုက်သည့်အချိန်မှာတော့ အားကောင်းလှသည့် အော်ရာမျိုး စိမ့်ဝင် နေသည်ကို ခံစားလိုက်မိ၏။

“ဒါက နည်းနည်းဆန်းကြယ်တယ်”

ဤအရာသည် ကောင်းကင်နဂါးဓားထက်ပင် ပိုမို၍ အားကောင်းသေး၏။ ပြောရမည်ဆိုလျှင် ကျန်းယန်ဓားနှင့် နဂါးစိမ်းလခြမ်းဓားမော့တို့ထက်ပင် ပိုမိုအားကောင်းနေသေးသည်။ ဤကဲ့သို့ ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်လှသော အရာကို ဝယ်ယူရန်အတွက် သူသည်ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်း ကို အသုံးပြုရ၏။ ဤအရာမှာ အဓိပ္ပာယ်မရှိလှချေ။ ကျွင်းချောင်ရှောင်းသည် မျက်ရည်ဝဲလုမတတ် မချိတင်ကဲဖြစ် နေမိသည်။

“ဂိုဏ်းချုပ်”

လီဖေးသည် အနားသို့ လျှောက်လာပြီးသည့်နောက်မှာတော့ အံ့အားတသင့် မေးလိုက်၏။ “ဒါက ဘာကြီးလဲ၊ ဒီအရာဆီကနေ ထူးဆန်းတဲ့ ခံစားချက်ကို ရနေတယ်”

ကျွင်းချောင်ရှောင်းသည် ခက်ခက်ခဲခဲဖြင့် တစ်လုံးချင်း ပြောလိုက်မိ၏။ “လက်...နက်”

“လက်နက် ဟုတ်လား”

လီဖေး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။ ပြီးသည့်နောက်မှာ တော့ ပြောလိုက်မိသည်။ “ဒါက တကယ့်ကို ဂိုဏ်းချုပ်နဲ့ လိုက်တာပဲ”

ဤအရာသည် ကျိန်းသေပေါက် မြှောက်ပင့် ပြောဆိုခြင်းဖြစ်၏။ သို့ပေမဲ့ စနစ်၏ စနောက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ အလွန် ရင်ကွဲနာကျနေသော ကုန်းရှန့်သည် ခန္ဓာကိုယ်ထဲတွင် ဒေါသတရားများ ပေါက်ကွဲထွက်လာခဲ့၏။

ဝမ်

လောကလက်ချောင်းသည် သူ့သခင်၏ ဒေါသတရားကို ခံစားမိပုံပေါ်၏။ ရုတ်တရက် အနည်းငယ် တုန်ခါသွား၏။ ပြီးသည့်နောက်မှာ‌တော့ ကောင်းကင်ပေါ်သို့ ညွှန်ပြထားသော လက်ချောင်းနှစ်ချောင်းဆီမှ အလင်းတန်းတစ်ခု ထွန်းတောက်လာခဲ့၏။

“ဟမ်”

ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။ ထိုအချိန်မှာတော့ သူခံစားနေရသော ဒေါသတရားများသည် သူ၏လက်ဆီမှတစ်ဆင့် ထိုလက်နက်ထဲသို့ တိုးဝင်သွားသည်ကို သူ အာရုံခံမိလိုက်သည်။

ဟူး ဟူး

ရုတ်တရက်ဆိုသလိုပဲ ထိုကောင်းကင်ပေါ်သို့ ညွှန်ပြလျက်ရှိသော လက်ချောင်းနှစ်ချောင်းကြားတွင် တောက်ပသည့် စွမ်းအင်များ စုဝေးလာခဲ့၏။

ဝှစ်

ထူးဆန်းသည့်စွမ်းအင်များသည် လက်ဝါးဆီမှတဆင့် ကျွင်းချောင်ရှောင်း၏ သိစိတ်နှင့် ဆက်စပ်လျက် ရှိနေတော့ပြီး လီဖေးအား ကောင်းကောင်းပညာပေးရန် စိတ်ဆန္ဒများဖြစ်တည်လာခဲ့သည်။

“ဘယ်လောက် မှော်ဆန်လိုက်လဲ၊ ဒေါသတရားတွေကိုတောင်မှ စွမ်းအင်အဖြစ် ပြောင်းလဲလိုက်နိုင်တယ်” ကုန်းရှန့်သည် အလွန်တရာ အံ့အားသင့်နေ၏။

ဘေးတစ်ဖက်တွင်ရှိနေသော လီဖေးမှာတော့ အမူအရာများ ပြောင်းလဲသွားသည်။ သူ၏ဖင်ဆီမှ အေးစက်သည့် ခံစားချက်များ ရရှိလာသည်။

“ပြေးတော့”

ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ကျဉ်းမြောင်းစွာဖြင့် ပြောလိုက်မိ၏။ “ဒီလက်နက်ရဲ့ စွမ်းအင်တွေက ဘာလဲမသိဘူး၊ ဒါပေမဲ့ ဒီနေ့ ဒီအခါမှာ မင်းအတွက် အသုံးပြုရတော့မယ်”

ကြောက်မက်ဖွယ်ရာ ခြောက်ခြားမှု နှင့် အတူ သဲထိတ်ရင်ဖို ခံစားမှုများသည် သူ၏ ဖင်ကြားဆီမှ ထွက်ပေါ်လာသည်ကို လီဖေး သိရှိလိုက်ပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခု မှားယွင်းနေကြောင်း အမှန်အကန် နားလည်မိလိုက်တော့သည်။ ထို့ကြောင့် သူသည် အားရပါးရ ပြေးကာ အော်ဟစ်လိုက်မိသည်။

“ဂိုဏ်းချုပ်.... ဒီတပည့်တွေ အုတ်ခဲတွေ သွားသယ်ပါတော့မယ်”

“မင်း... ဘယ်ကို ပြေးချင်တာလဲ”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ လောက လက်ချောင်းကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။ သူသည် လီဖေးကို ချိန်တွယ်ကာ ဝှေ့ယမ်းလိုက်ခြင်းဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ လီဖေးသည် ပေတစ်ရာကျော် အကွာအဝေးအထိ ထွက်ပြေးနှင့်နေပြီဖြစ်၏။

ဝှစ်

သူ၏အသံထွက်ပေါ်လာချိန်မှာပဲ လက်ချောင်းနှစ်ချောင်းတွင် စုဝေးလျက်ရှိသော စွမ်းအင်များသည် ရုတ်တရက် အရှေ့ဘက်သို့ လွှင့်စင်သွားပြီး အလင်းတန်းကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာ၏။ တော်တော်ဝေးဝေးဆီသို့ ရောက်ရှိ နေသော လီဖေးသည် ရုတ်တရက် အမူအရာများ ပြောင်းလဲသွားသည်။ သူသည် သူ၏ဖင်ကြားဆီမှ အေးစက်သော ခံစားချက်များကို ရရှိလိုက်၏။ ထို့ကြောင့် အကြီးအကျယ် အော်ဟစ်လိုက်တော့သည်။ “မဟုတ်ဘူး”

ဘန်း

ခံတပ်၏ လွင့်မျောနေသော တောင်တစ်ခုပေါ်မှာတော့ ရှောင်ကျီသည် မြေပေါ်သို့ အုတ်ခဲများကို အသာချလျက် ရှိသည်။ ပြီးသည့်နောက်မှာတော့ သူသည် ရုတ်တရက် အပျင်းကြောဆန့်လိုက်၏။ ချက်ချင်းဆိုသလိုပဲ သူ၏ မျက်လုံးများသည် ပြူးကျယ်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် အဓိကတောင်ထွတ်ဆီမှ အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ်တွင် ပျံသန်းလျက်ရှိနေသော လီဖေးသည် အောက်သို့ ဘုတ်ကနဲ ပြုတ်ကျသွားသည်ကို သူမြင်လိုက်ရ၏။

တစ်ချိန်တည်းမှာပဲ လီဖေး၏လက်များသည် ၎င်း၏ဖင်ကို အုပ်ကာပြီး အားရပါးရ အော်ဟစ်နေသည်။

တခြားသော တောင်ထွတ်များတွင် တိုင်းတာခြင်းကို ပြုလုပ်နေသော လီချင်းယန်သည်လည်း ထိုအချင်းအရာကို မြင်မိ၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “ဘာတွေဖြစ်နေတာလဲ”

“ချီးတဲ့မှ...”

လုံကျိရန်သည် လက်ကိုမြှောက်ကာဖြင့် အံ့အားတသင့် ပြောလိုက်သည်။ “စီနီယာအစ်ကိုလီ ပျံသန်းတာ မြန်လိုက်တာ”

အားလုံး၏ မျက်နှာအမူအရာများသည် အေးခဲလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် လီဖေးသည် ဖင်ကို အုပ်ကာ ကာဖြင့် ပြုတ်ကျသွားသည်ကို မြင်လိုက်ရ၏။ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်အသံသည် ဘန်းဟူ၍ ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာခဲ့၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးတို့သည် လီဖေး တစ်ယောက် ဤမျှ မြန်ဆန်စွာ မပြေးနိုင်ကြောင်းကို နားလည်မိ၏။ ထိုအချင်းအရာသည် အရိုက်နှက်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

“သွားရအောင်၊ သွားကြည့်ရအောင်”

ဝှစ် ဝှစ်

မကြာခင်မှာပဲ ပြုတ်ကျသည့်တည်နေရာဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ခွေးကလေးတစ်ကောင်ကဲ့သို့ ကွေးကွေးလေးဖြစ်နေသော လီဖေးကို မြင်လိုက်ရ၏။ လီဖေးသည် မျက်လုံးများ ချာချာလည်လျက်ရှိပြီး သူ၏ ဖင်ဆီမှ အငွေ့များပင် ထွက်ပေါ်လျက်ရှိ၏။

လီချင်းယန်နှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိတော့သည်။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ ဂျူနီယာညီလေး (စီနီယာအစ်ကို)သည် ဖင်ကို တစ်စုံတစ်ခုနှင့် အထိုးခံရပုံ ပေါ်သည်။

................

အဓိကတောင်ထွတ်၏အပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းမှာတော့ လောကလက်ချောင်းကို ပြန်လည်သိမ်းဆည်းပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက ဘယ်လောက်ပြေးပြေး၊ နောက်ကလိုက်ထိုး နိုင်တဲ့ စွမ်းရည်ရှိတာပဲ၊ ဒီလက်နက်က တကယ့်ကို အံ့အားသင့်စရာကောင်းတယ်”

လီဖေး၏ အမြန်ှနှုန်းသည် နှေးကွေးလှသည် မဟုတ်ပေ။ ကျိန်းသေပေါက် ရှောင်ရှားနိုင်သည့်အစွမ်းလည်း ရှိ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျွမ်းထိုးကာပဲဖြစ်ဖြစ်၊ မှောက်ခုံပဲဖြစ်ဖြစ်၊ မည်ကဲ့သို့ရှောင်ရှောင်၊ ရှောင်ရှား၍ မရနိုင်ချေ။ ဤလက်နက်၏ အလင်းတန်းများသည် ပစ်မှတ်ထားခံရသူ၏ ဖင်ကို တည့်တည့်ထိမှန်မှာ သေချာ၏။

စနစ်က ပြောလိုက်သည်။ “ခုနက စွမ်းအင်တွေအရဆိုရင် ဒီလက်နက်က အားအကောင်းဆုံး အခြေအနေမှာ မရှိ သေးဘူး”

“ပေါက်ကရတွေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါက ဒါကို သေချာအားအင်ကို ဖိနှိပ်ပြီးတော့ ပစ်လွှတ်ခဲ့တာ၊ မဟုတ်ရင် ငါ့တပည့်ရဲ့ဖင်ကြီး ပေါက်ထွက်သွားမှာပေါ့”

“ဒေါသတရားတွေကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်တယ်ဆိုတည်းက လက်ခံသူအနေနဲ့ ဒါကိုဝယ်တဲ့အတွက် ဆုံးရှုံးမှု မရှိဘူးလေ”

“ဒါက ဆုံးရှုံးမှု ရှိတာလား၊ မရှိတာလားဆိုတာကို ပြောဖို့ ခက်ခဲတယ်လေ၊ အဆင့်မြင့် ကျွမ်းကျင်သူ တစ်ယောက်ယောက်ကို စမ်းကြည့်မှ ကောင်းမယ်” ထို့အပြင် လီဖေးသည် သိုင်းအုပ်စိုးသူအဆင့် တစ်ယောက်သာ ရှိသေး၏။ လက်ရှိစွမ်းအင်အရဆိုလျှင် ဘာမှ မဟုတ်သေးချေ။ ထို့ကြောင့် ပျံသန်းနေသော သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်ကိုသာ စမ်းသပ်ကြည့်ရမည်ဆိုလျှင် အလွန်ကောင်းပေလိမ့်မည်။

“ဟမ်”

ရုတ်တရက် ဤလက်နက်၏ လက်ကိုင်တည်နေရာပေါ်တွင် အမြှောင်းလေးတစ်ခု တည်ရှိနေသည်ကို သူမြင်လိုက်ရ၏။ သေသေချာချာ ကြည့်လိုက်သည့်နောက်မှာတော့ သူသည် အံအားတသင့်ဖြင့် ပြောလိုက်သည်။ “အခြားလုပ်ဆောင်နိုင်စွမ်တွေ ရှိသေးတယ်နဲ့တူတယ်”

စနစ်က ပြောလိုက်သည်။ “ဒါက အထူးအကျိုးသက်ရောက်မှုနဲ့ တူတယ်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လေးနက်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် ထိုအရာကို လက်မနှင့် ဖိကြည့်လိုက်သည်။

“ဒင်.... လက်ဗွေ ဖတ်ရှုခြင်း အောင်မြင်သည်၊ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် အသုံးပြုနေခြင်းဖြစ်သည်၊ လိုအပ်ချက်များသည် ပြည့်စုံရန်အတွက် အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော်ရန် အချိန်ယူရမည်၊ တစ်ရာခိုင်နှုန်း.... တစ်ဆယ်ရာခိုင်နှုန်း.... နှစ်ဆယ်ရာခိုင်နှုန်း...”

“အဆုံးစွန်သော တိုက်ကွက် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ “နည်းနည်း အံ့အားသင့် စရာပဲ”

“တစ်ရာ ရာခိုင်နှုန်း အောင်မြင်ပါသည်၊ အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော် တိုက်ခိုက်ရန်အတွက် ကြည့်ရှုရန် လိုအပ်နေသည်”

............

ဟူး ဟူး

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ လောကလက်ချောင်းများဆီမှ အလွန်အေးစက်သော လေလှိုင်းများ ထွက်ပေါ်လာပြီးသည့်နောက် ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ လီဖေးကို ဖေးကူလျက်ရှိနေသော လီချင်းယန်နှင့် တခြားသူများ အားလုံးသည် အလွန်တရာအားကောင်းလှသော လေလှိုင်းများသည် ၎င်းတို့၏ အပေါ်ဘက်တွင် ဖြစ်တည်လာသည်ဖြစ်ကြောင်းကို ရုတ်တရက် ခံစားမိလိုက်၏။

ထို့ကြောင့် အသာခေါင်းမော့ ကြည့်လိုက်သည့်အချိန်မှာတော့ အဓိကတောင်ထွတ်၏ အထက် ကောင်းကင်ယံတွင် မဲမှောင်နေသော တိမ်လှိုင်း ကြီးတစ်ခု ဖြစ်တည်လာသည်ကို မြင်လိုက်ရသည်။ ထိုတိမ်လှိုင်းကြီးသည် အလွန်ကြီးမားလွန်းလှပြီး ထွက်ပေါ်နေသည့် နေကိုပင် ဖုံးကွယ်သွားသည်။

“ဒါက ဘာကြီးလဲ”

“ဂိုဏ်းချုပ် အဆင့်မြင့် စွမ်းရည် တိုက်ကွက်တစ်ခုကို ထုတ်ဖော်အသုံးပြုတာ ဖြစ်လိမ့်မယ်”

တပည့်များ အားလုံး ထိတ်လန့်တုန်လှုပ်နေစဉ်မှာပဲ ထိုကောင်းကင်ယံထက်ရှိ ကြီးမားလှသော တိမ်မဲကြီး တစ်ခုသည် အစိတ်အပိုင်းနှစ်ခုအဖြစ် ကွဲထွက်သွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ ထိုတိမ်လှိုင်းကြီးထဲမှ တစ်ခုသည် သူ့အလိုလို လည်ပတ်ပြီးသည့်နောက်မှာတော့ စက်ဝိုင်းပုံသဏ္ဍာန်ရှိသော လေပွေတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။ တခြားတစ်ခုမှတော့ လက်ချောင်းကြီးနှစ်ချောင်းပုံစံမျိုး ဖြစ်တည်လာခဲ့၏။

ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် လောကလက်ချောင်းလက်နက်ကို ကိုင်ဆောင်ပြီး ခပ်မတ်မတ် ရပ်လျက် ရှိနေ၏။ တခြားသောတောင်တွင် ရှိနေသော တပည့်များဆီသို့ လှမ်းကြည့်ကာဖြင့် ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ “ကောင်လေးတို့... ဒါကြီးက မမိုက်ဘူးလား”

ဟူး ဟူး

ထိုအချိန်မှာတော့ လက်ချောင်းနှစ်ချောင်းကဲ့သို့ ဖြစ်တည်လျက်ရှိသော တိမ်စိုင်ကြီးသည် ချက်ချင်း ဆိုသလိုပဲ ရှေ့ဆီသို့ တိုးသွားပြီးနောက် စက်ဝိုင်းပုံသဏ္ဍာန်ထဲသို့ စွပ်ကနဲ တိုးဝင်သွားခဲ့၏။

ဖြောက်

တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက် ကွဲအက်သွားခဲ့သည်။

အား အား အား

မူလအားဖြင့် ဆွံ့အလျက် ရှိနေကြသော လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ရုတ်တရက် ၎င်းတို့၏ စိတ်များ တုန်ခါသွားသည်ကို ခံစားလိုက်မိကြ၏။ မမြင်ရသော အားလှိုင်းတစ်ခုသည် ရုတ်တရက် ၎င်းတို့၏ ဖင်အား တိုက်ခိုက်လိုက်ကြောင်း ခံစားလိုက်ကြရ၏။ သူတို့အားလုံးသည် မြေပေါ်သို့ လဲကျသွားခဲ့ကြသည်။

အားလုံးသောသူများ၏ လက်များသည် အငွေ့များ ထွက်လျက်ရှိသော ဖင်ကို အုပ်ကာကာဖြင့် ဆိုးရွားသည့် လူးလိမ့်လျက်ရှိနေကြတော့၏။

ကျွင်းချောင်ရှောင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဘာတွေဖြစ်ကုန်တာလဲ”

All Chapters