← Chapters

အခန်း (၉၆၂)

Vol. 65 Ch. 962

အခန်း (၉၆၂)

Vol. 65 Ch. 962

ကျွင်းချောင်ရှောင်းသည် လောကလက်ချောင်း၏ အဆုံးစွန်သော တိုက်ကွက် အသက်ဝင်ပုံနှင့်ပတ်သက်၍ ဇဝေဇဝါ ဖြစ်မိနေတော့၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ တပည့်များအားလုံးသည် ဖင်ကို အုပ်ကာကာဖြင့် မြေပေါ်တွင် လူးလိမ့်လျက်ရှိနေ၏။

ဆိုလိုသည်မှာ ရန်သူနှင့်အသင်းအဖွဲ့ကြား ခွဲခြားမရဘဲ ရှိရှိသမျှသောသူများအားလုံးကို တိုက်ခိုက်သည့် နည်းစနစ်လား။ ဤအကွာအဝေး အတိုင်းအတာထဲတွင် ရှိနေသည်ဆိုပါက မည်သူမဆို တိုက်ခိုက် ခံရမည်ကို ဆိုလိုသည့် စွမ်းဆောင်ရည်များဖြစ်နေသည်လား မသိရှိချေ။ ဤကဲ့သို့ဆိုလျှင် အဘယ်ကြောင့် တခြားသောတောင်ပေါ်တွင်ရှိနေသော လုချင်းချင်းနှင့် လင်းယွမ်ရွယ်တို့သည် အကောင်းတိုင်း ရှိနေရသနည်း။ ဆိုလိုသည်မှာ အမျိုးသားကျင့်ကြံသူများကိုသာ သက်ရောက်လျက်ရှိသည့် သတ်ဖြတ်ခြင်း နည်းစနစ်များလား။

“နေအုံး”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ထိုအဆုံးစွန်သော တိုက်ကွက်၏ မေတ္တာအကြည့်ဆိုသော နာမည်အား ပြန်လည်စဉ်းစားလိုက်ပြီးသည့်‌နောက်မှာတော့ သူ၏ အမူအရာတစ်ခုလုံးသည် ပျက်ရွင်းသွားခဲ့သည်။ “ဒါက ငါတစ်ချက်ကြည့်လိုက်မိလို့ ဖြစ်သွားတဲ့အရာပေါ့”

ဟုတ်ပေသည်။ လောကလက်ချောင်း၏ အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော်ရန်အတွက် အသုံးပြုသူသည် ကိုယ်တိုက်ခိုက်ချင်သည့်လူများကို တစ်ချက်လှမ်းကြည့်ရန် လိုအပ်သည်။ ပြီးသည့်နောက်မှာတော့ ကောင်းကင် ပေါ်တွင် တိမ်လွှာကြီးနှစ်ခုအဖြစ် ကွဲအက်သွားမည်ဖြစ်သောကြောင့် မမြင်ရသည့် အားအင်တစ်ခုသည် ထိုကြည့်ရှု ခံလိုက်ရသော လူများအားလုံးကို တိုက်ခိုက်ပေတော့မည်။ ဤအရာကို ပထမဦးဆုံးစ၍ အသုံးပြုခြင်း ဖြစ်သောကြောင့် သူသည် နက်နက်နဲနဲ နားမလည်ခဲ့ပေ။ သေသေချာချာအသုံးပြုမည် ဆိုပါက လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ဖင်ကိုကိုင်၍ အော်ဟစ်နေမှာ မဟုတ်ဘဲ ကျိန်းသေပေါက် သတ်ဖြတ်ခံ ရတော့မည့် ဝက်များကဲ့သို့ လူးလိမ့်နေပေလိမ့်မည်။

“ကောင်လေးတို့”

ကျွင်းချောင်ရှောင်းသည် တောင်းပန်စွာ ပြောလိုက်၏။ “တောင်းပန်ပါတယ်၊ ငါ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ပါဘူး”

ဝှစ် ဝှစ် ဝှစ်

ကောင်းကင်ပေါ်တွင် ထိပ်တိုက် တွေ့ဆုံပြီးသော တိမ်များသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။ လောကကြီးတစ်ခုလုံးသည်လည်း ပုံမှန်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ သို့ပေမဲ့ လေထုထဲတွင် ဖြစ်နေသည့် ခြောက်ခြားလှစရာ အော်ရာများသည် ရှိရှိနေသမျှသော လူများ အားလုံးကို ထိတ်လန့်ကြောက်ရွံ့စေသည့်စိတ်များ ဖြစ်တည်စေခဲ့တော့၏။

ကျွင်းချောင်ရှောင်း၏လက်နက်ပေါ်ရှိ လင်းလက်နေသည့် မျဉ်းကြောင်း တည်နေရာလေး သည် မှေးမှိန်သွား၏။ ဆိုလိုသည်မှာ အတိုင်းအတာတစ်ခုအထိ ထုတ်ဖော် အသုံးပြု၍ မရနိုင်တော့ခြင်းပင် ဖြစ်သည်။ ဤအဆုံးစွန်သော တိုက်ကွက်၏ စွမ်းရည်သည် အလွန် အားကောင်းလွန်းလှ၏။ ၎င်းအဖြူရောင်ဥ အမွေအနှစ်ကို ရရှိခဲ့စဉ်က ဝိုင်း၍တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများကို တစ်ချက်ကြည့်ရှုပြီး ဤတိုက်ကွက်ကိုသာ ထုတ်ဖော်အသုံးပြုလိုက်မည်ဆိုပါက ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းလှသော အကျိုးဆက်များ ဖြစ်လာပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလက်နက်ရဲ့ ပုံပန်းသွင်ပြင်အရ တော်တော်ကြီး ဆိုးရွားသလို တိုက်ခိုက်မှုပုံစံကလည်း တော်တော်ဆိုးရွားတယ်လေ၊ ဒါပေမဲ့ သက်ရောက်မှုက ကောင်းတာပဲ၊ ငါ့ရဲ့ သီးသန့် လက်နက်အဖြစ် ထိုက်တန်တဲ့အရာပဲ”

စနစ်က ပြောလိုက်သည်။ “ဒါကြောင့် ပြည့်စုံတဲ့ အတွဲအဖက်လို့ ပြောတာပေါ့”

...............

“ဘေဘီ ရှပ် ဒူး ဒူး”

ပြိုင်စံရှားဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်မှာတော့ လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့ သည် ၎င်းတို့၏ ဂိုဏ်းသူဂိုဏ်သားများ အားလုံးကို ရှေ့မှဦးဆောင်ကာ ကခုန်လျက်ရှိနေ၏။

ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး၏ ဆောက်လုပ်ရေး တည်နေရာမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် အလုပ်များလျက် ရှိနေကြ၏။ ၎င်းတို့၏ လမ်းလျှောက်နေသည့် ပုံပန်းသွင်ပြင်သည် အနည်းငယ် ထူးဆန်းနေခဲ့၏။ ၎င်းတို့ ခံစားနေရသော နာကျင်မှုများသည် ပျောက်ကွယ်သွားခဲ့သော်လည်း ဖင်နေရာတွင် မသက်မသာ ခံစားမှု မျိုးကတော့ ရရှိနေသေး၏။ ထို့ကြောင့် ကွတတနှင့် အလုပ်လုပ်နေကြခြင်းပင်ဖြစ်သည်။

အဓိကဟောခန်းထဲ၏ အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် လောကလက်ချောင်း လက်နက်နှင့် ဆော့ကစား လျက်ရှိနေသည်။ သူသည် ထိုအရာထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းကြည့်လိုက်၏။ သို့ပေမဲ့ အထူး အစွမ်းသက်ရောက်မှုများသည် အသက်မဝင်နိုင်ခဲ့ချေ။ မည်မျှ သူကြိုးစား ကြိုးစား ဤနတ်ဘုရားလက်နက်သည် မည်သည့်တုန့်ပြန်မှုမှ မရှိခဲ့ချေ။

စနစ်က ခန့်မှန်းလိုက်၏။ “အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုပြီးသွားရင် အားနည်းတဲ့အခြေအနေ မျိုးကို ရောက်ရှိသွားတာ ဖြစ်လိမ့်မယ်”

“အင်း... ဒါဆိုရင်”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒီ အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော်ချင်တိုင်း ထုတ်ဖော်လို့ မရဘူးပေါ့”

ဤအရာသည် ဓားတစ်ခုသာဖြစ်ပါက တော်သေး၏။ အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော်အသုံးမပြုနိုင်ဘူး ဆိုလျှင်တောင်မှ တချို့သောအရာများကို လှီးနိုင်၊ ခုတ်နိုင်သေး၏။ သို့ပေမဲ့ ဤလောကလက်ချောင်းသည် အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုနိုင်ဘူးဆိုပါက မည်သို့ သွား၍ လုပ်ရမည်နည်း။ ကျောလည်း ကုတ်၍ မရချေ။

“ဆုံးရှုံးမှုပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အသာလျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “တောင်ထွတ်နံပါတ်တစ်ရဲ့ ဆောက်လုပ်ရေးက ပြီးသွားပြီလေ”

“ကောင်းပြီ၊ မင်း အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လီချင်းယန်သည် အားပျော့သလို ပြောလိုက်၏။ “ဂိုဏ်းချုပ်... ခုနတုန်းက ဘယ်လိုစွမ်းအင်မျိုးလဲ၊ တကယ့်ကို အငိုက်မိသွားတာပဲ”

မမြင်ရသည့် အားလှိုင်းများ၏ တိုက်ခိုက်မှုအခြေအနေကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ ပြိုင်စံရှား ဂိုဏ်း၏ အတွင်းစည်းတပည့်များသည် ဆိုးရွားသည့်နာကျင်မှုမျိုးကို ရရှိခဲ့ကြရ၏။

“အင်း... ဒါက ငါ့ရဲ့ကိုယ်ပိုင် နတ်ဘုရားလက်နက်ဆီကနေ အဆုံးစွန်သော တိုက်ကွက်လို့လည်းခေါ်တယ်၊ မေတ္တာအကြည့် လို့လည်း ခေါ်တယ်”

“ကိုယ်ပိုင်နတ်ဘုရားလက်နက် ဟုတ်လား” လီချင်းယန်သည် ဇဝေဇဝါ ဖြစ်သွား၏။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီးသည့်နောက်မှာတော့ လီချင်းယန်၏ ပခုံးကို အသာပုတ်လိုက်၏။ “ဒီအတောအတွင်း မင်းက ဂိုဏ်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး အရမ်းကို ကြိုးစားခဲ့တယ်လေ၊ အားလည်း အရမ်းစိုက်ခဲ့ရတယ်၊ ဒီတော့ ငါမင်းကို နတ်ဘုရားလက်နက်တစ်ခု ဆုချမယ်”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြု၍ မိုးကြိုးဓားကို ဝယ်ယူခဲ့၏၊ သိုလှောင် လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၉၀၀၀/၇၀၀၀၀”

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “တပည့် ….”

ရွှီး

ပြော၍ မပြီးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ နက်ရွှေရောင်ရှိနေသော မိုးကြိုးဓားကြီးအား လှမ်း၍ ပေးလိုက်သည်။ ထိုဓားပေါ်တွင်တော့ မိုးကြိုးလှိုင်းများသည် တလက်လက်နှင့် တောက်ပနေ၏။ ဤအရာသည် နတ်ဘုရားလက်နက် မိုးကြိုးဓားပင် ဖြစ်တော့သည်။ နာမည်ကို ကြည့်ရှုလိုက် သည်နှင့် မိုးကြိုးဓာတ်သဘာဝ တည်ရှိနေသည်ဖြစ်ကြောင်း သိရှိနိုင်၏။

ကျွင်းချောင်ရှောင်းသည် လီချင်းယန်အတွက် ဝယ်ယူရသည့်နေရာတွင် ကပ်စေးနည်းခြင်း မရှိချေ။ ထို့အပြင် လီချင်းယန်သည် ဂိုဏ်းအတွက် အလွန်ကြိုးစားကာ ပြုလုပ်ပေးနေသူတစ်ယောက်ဖြစ်ပြီး မိုးကြိုးဓာတ်သဘာဝ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်သူဖြစ်၏။

သို့ပေမဲ့ လက်နက်များကို ဝယ်ယူရန်အတွက် များပြားလှသော ဂိုဏ်းစုဆောင်းမှတ်များ လိုအပ်နေသေး၏။ ထို့ကြောင့် နတ်ဘုရားလက်နက်များကို ဝယ်ယူ၍ ပေးသည့်နေရာတွင် သူ့အနေနှင့် အနည်းငယ်တော့ ချင့်ချိန်နေရသေးသည်။ သို့ပေမဲ့ လုံလောက်သည့် ဂိုဏ်းစုဆောင်းမှတ် များသာ ရှိမည်ဆိုပါက သူ့အနေနှင့် တပည့်များကို တစ်ယောက်တစ်ခုပေးရန် မည်သို့မှ နှစ်ခါပြန် စဉ်းစားလိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ လက်နက်ကို ကြည့်ပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် တိတ်တဆိတ် ကြိတ်ကာ ကြေကွဲနေမိ၏။ သူ၏တပည့် ကိုင်ဆောင်သော လက်နက်သည် အလွန်တရာ ကောင်းမွန်လွန်းလှပြီး ကြည့်ရှုလိုက်သည်နှင့် ခံ့ညားသော အော်ရာများ ထွက်ပေါ်လျက်ရှိနေ၏။ သူ၏လက်နက်မှာတော့ …..ချီးတဲ့မှ …. လက်နှစ်ချောင်းကို ကောင်းကင်ပေါ်သို့ ထောင်ထားသည့် သောက်တလွဲပုံစံနှင့် လက်နက်ဖြစ်လို့နေသည်။

ငြင်းပယ်ရန်ပြင်နေသော လီချင်းယန်သည် ဓားအိမ်ပေါ်တွင် မိုးကြိုးလှိုင်းများ ရစ်သိုင်းလျက်ရှိသည့် ဓားကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်မိ၏။

“ဂိုဏ်းချုပ်”

သူပြောလိုက်မိသည်။ “လက်နက်က သာမန်ထက် ပိုတာပဲ”

“သိပ်ဟုတ်တာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ နတ်ဘုရားအဆင့်လေ”

“နတ်ဘုရားအဆင့် ဟုတ်လား”

လီချင်းယန်သည် ဆွံ့အသွားမိ၏။ “ကောင်းကင်ဘုံ...”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်အမြင့်ဆုံး လက်နက်ပင်ဖြစ်သည်။ ဂိုဏ်းချုပ်သည် သူ့အား ဤကဲ့သို့ ပေးလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ရွှီး

လီချင်းယန်သည် ဓားကို ကိုင်ပြီးသည့်နောက် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်၊ ဒီဓားကို တပည့် ….”

“ဆက်မပြောနဲ့တော့”

ကျွင်းချောင်ရှောင်းက တားမြစ်လိုက်သည်။ “မြန်မြန်... ဒီဓားကို ဆွဲထုတ်လိုက်တော့၊ ငါလည်း ကြည့်ချင်တယ်” သူသည် ဝယ်ယူပြီးကတည်းက သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိချိန်တွင် ဓားကို ဆွဲထုတ်ကာ ကြည့်ရှုချင်မိ၏။ သို့ပေမဲ့ သူသည် မည်သို့မှ ဆွဲထုတ်လို့ မရခဲ့ချေ။ ဓားဆီမှ တွန်းကန်မှုကိုပင် ဖြစ်ပေါ်ခဲ့၏။ ဤနတ်ဘုရားလက်နက်သည် လင်းယွမ်ခန်းမဆောင်ထဲတွင်ရှိသော တပည့်များသာ ကိုင်ဆောင် အသုံးပြုရသည့် လက်နက်ဖြစ်၏။ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော ကုန်းရှန့်ပင်လျှင် ဤအရာကို ကိုင်ဆောင်၍ မရနိုင်ချေ။

“ကောင်းပါပြီ” လီချင်းယန်သည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် ဓားနှောင့်ပေါ်သို့ လက်တင်လိုက်၏။

ချလွမ်

ရွှီး ရွှီး

တစ်မီတာခန့်ရှိသော မိုးကြိုးဓားသည် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။ ဓား၏ ကိုယ်ထည်သည် ဖြူဖွေးပြီး တောက်ပလျက်ရှိ၏။ နှစ်ဖက် နှစ်ချက်တွင် ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများ ရေးထိုးထားပြီးသည့်နောက် ဓား၏ အစပ်တွင် ရွှေရောင်အလင်းတန်းများလည်း ဖြစ်တည်နေသည်။ အလွန်တရာ ပြိုင်စံရှားလှသည့် အော်ရာများသည် ဤဓားဆီမှ ထွက်ပေါ်နေသည်ဟု ဆိုရမည်။

စကားလုံး တစ်ခွန်း နှင့် ပြောရမည်ဆိုလျှင် လှပသည်။

စကားလုံး နှစ်ခွန်း နှင့် ပြောရမည်ဆိုရင်တော့ အလွန်လှပသည်။

“ဟမ့်”

ထိုအချိန်မှာတော့ လီချင်းယန်၏ လက်ပေါ်ရှိ တည်ငြိမ်မှုဆိုသည့် စကားလုံးသည် လင်းလက်သွားခဲ့၏။ ထိုစကားလုံးသည်လည်း မိုးကြိုးဓား၏အပေါ်တွင် ပေါ်လာခဲ့တော့သည်။ ထိုနှစ်ခုသည် ချက်ချင်းပဲ ချိတ်ဆက်မှုများ ဖြစ်ပေါ်သွား၏။

................

ကျွင်းချောင်ရှောင်းသည် ငိုချင်သွား၏။ သူ့တပည့်၏ လက်နက်သည် သောက်ရမ်း ကောင်းလွန်းနေသည်။ သူ၏ ကိုယ်ပိုင်နတ်ဘုရားလက်နက်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တော့ သိုလှောင်လက်စွပ်ထဲသို့ ဝင်၍ တစ်ခါတည်း လွှင့်ပစ်ချင်စိတ်ပင် ပေါက်မိနေသည်။ မည်ကဲ့သို့ သောက်ကျိုးနည်းအရာနည်း။ သူဆက်လက်၍ မလိုချင်တော့ချေ။

“ဂိုဏ်းချုပ်”

လီချင်းယန်၏ မျက်လုံးများသည် တောက်ပလျက် ရှိနေ၏။ “တပည့်နဲ့ ဓားနဲ့က သီးသန့် နားလည်မှုကို ဖွဲ့တည်နိုင်ခဲ့ပြီ”

“ဒါဆိုရင် အပြင်ထွက်ပြီးတော့ စမ်းကြည့်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ကောင်းပါပြီ”

...............

အဓိက တောင်ထွတ်၏ လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာတော့ လီချင်းယန်သည် မိုးကြိုးဓားကို ကိုင်ကာဖြင့် ခပ်မတ်မတ် ရပ်လျက်ရှိသည်။

“အမ်”

လီဖေး၊ ထျန်းချီနှင့် တခြားသောသူများ အားလုံးသည် ထိုအချင်းအရာကို မြင်တော့ အံ့အားသင့်မိသွား၏။ “ဒုတိယစီနီယာအစ်ကိုရဲ့ လက်ထဲက ဓားက အရမ်းကောင်းလွန်းတယ်”

ဘုတ်

ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်လျက်ရှိသော ရီရှင်းချန်သည် လီချင်းယန်ကိုင်ဆောင်ထားသည့်ဓားကို မြင်ရသည့်အချိန်မှာတော့ အောက်သို့ ခုန်ချလာမိ၏။ သူသည် တည်ငြိမ်စွာ ပြောလိုက်မိသည်။ “ဓားဆိုတာ လူတွေကို သတ်ဖို့အတွက်ပဲ၊ ဒီဓားကို ကြည့်ရတာ ဟိတ်ဟန်ထုတ်ဖို့အတွက် အသုံးပြုတဲ့ဓားဖြစ်မယ်”

ဟယ်ဝူတီကလည်း စဉ်းစားလိုက်မိသည်။ “ဓားရဲ့အော်ရာတွေက မိုးကြိုးအော်ရာတွေပဲ၊ ဒါက ရှားပါးလှတဲ့ မိုးကြိုး အမျိုးအစားလက်နက် ဖြစ်ရမယ်”

“အမ်”

ထိုအချိန်မှာတော့ လီချင်းယန်၏ မျက်လုံးများသည် အေးစက်သွား၏။ သူ၏ ညာဘက်လက်တွင် ကိုင်ဆောင်ထားသောဓားသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်သွားပြီးသည့်နောက်မှာတော့ သူ၏ မိုးကြိုး စိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာဖြင့် စွမ်းအင်လှိုင်းများ အားလုံးသည် ဓားထဲသို့ တိုးဝင်နေတော့သည်။

ဟူး ဟူး

မိုးကြိုးဓားပေါ်တွင် ရေးသားထားသော စာလုံးများသည် လင်းလက်လာပြီးသည့်နောက်မှာတော့ ဓားတစ်ခုလုံး သည် ရွှေရောင်အလင်းတန်းများနှင့် တောက်ပလာခဲ့၏။

“ကောင်းကင်ဘုံ” လီဖေး၊ ထျန်းချီနှင့် တခြားသောသူများသည် ပါးစပ်အဟောင်းသား ဖြစ်မိနေသည်။

ရွှီး

ရီရှင်းချန်သည် မယုံကြည်နိုင်စွာ ပြောလိုက်၏။ “နတ်ဘုရားအဆင့်လား”

ဟယ်ဝူတီသည်လည်း ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။ “ဒီလိုကြောက်မက်ဖွယ်ရာကောင်းတဲ့ မိုးကြိုးဓာတ် သဘာဝလက်နက်မျိုးက သေမျိုးလောကထဲမှာ ရှိတဲ့အရာလား”

တည်နေရာရွှေ့ပြောင်းခြင်းဂိတ်တံခါးရှေ့တွင်ရှိနေသော ခရမ်းရောင်ဘုရင်သည် ဆွံအသွားမိ၏။ “ငါဘယ်လို လုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ”

သူသည် အထဲသို့ လျှောက်ဝင်လိုက်မိ၏။ ခရမ်းရောင်ဘုရင်သည် တည်နေရာ ဂိတ်တံခါးဆီမှတဆင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်ဆီသို့ လျှောက်ဝင်လာသည့်နောက် လေ့ကျင့်ရေးကွင်းပြင်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်နေသည်ကို မြင်လိုက်ရပြီး မိုးကြိုးဓာတ် သဘာဝများ ပေါက်ကွဲထွက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးများ ပြူးထွက်သွား၏။

အဓိက မေးချင်သည့်မေးခွန်း ရှိနေသေးသည်။ ဟောခန်းသခင်ကျိသည် လက်ရှိအချိန်တွင် အဘယ်ကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ရောက်ရှိလာခဲ့ရသနည်း။

All Chapters