← Chapters

အခန်း (၉၆၃)

Vol. 65 Ch. 963

အခန်း (၉၆၃)

Vol. 65 Ch. 963

လီချင်းယန်သည် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ ခန္ဓာကိုယ်ထဲတွင်ရှိသော မိုးကြိုး ဓာတ်သဘာဝ စွမ်းအားများကို မိုးကြိုးဓားဆီသို့ ထည့်သွင်းပေးလိုက်သည့်အချိန်မှာတော့ အလွန်ကောင်းမွန်လှသော အားအင်တစ်ခုသည် ဖြစ်တည်လာပြီးသည့်နောက် ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်အား ဂြိုဟ်တိုက်ပွဲဆီသို့ အတင်းကို ဆွဲယူခဲ့တော့၏။

အဘယ့်ကြောင့်နည်း။ ဤအရာသည် ရှင်းပြရခက်ခဲလှပြီး သေချာမသိရှိချေ။

“ဒီဟာက”

ခရမ်းရောင်ဘုရင်သည် မျက်လုံးပြူးသွားမိ၏။ သူကပြောလိုက်မိသည်။ “ဒါ အထက်လောကဆီက ဖြစ်လိမ့်မယ်။ ဖျက်ဆီးခြင်းကိုးပါးမိုးကြိုးရေကန်ထဲမှာ သန့်စင်ခြင်းခံထားရတဲ့ ဓားများ လား။”

မိုးကြိုးဓာတ်သဘာဝလက်နက်များသည် သေမျိုးကုန်းမြေတိုက်ကြီးတွင်တော့ သာမန်သာဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ နတ်ဘုရားအဆင့် မိုးကြိုးဓာတ်သဘာဝလက်နက်မျိုးဆိုသည်မှာတော့ သေမျိုးလောကထဲတွင် မရှိချေ။ အထက် လောက၏ မိုးကြိုးရေကန်ထဲတွင် သန့်စင်ခြင်းခံထားရသည့် ဓားမျိုးသာဖြစ်ပေလိမ့်မည်။

လီချင်းယန်သည် မိုးကြိုးဓားကို အသက်သွင်းပြီးသည့်နောက်မှာတော့ အလွန်သန့်စင်ပြီး အားကောင်းလွန်းလှသော စွမ်းအင်များသည် ဖြစ်တည်လာခဲ့တော့သည်။

ထို့ကြောင့် ရီရှင်းချန်၊ ဟယ်ဝူတီ နှင့် ခရမ်းရောင်ဘုရင်တို့အားလုံးသည် ဤအရာမှာ ကျိန်းသေပေါက် သေမျိုး ကုန်းမြေတိုက်ကြီးဆီမှမဟုတ်ဘဲ အထက်နယ်မြေဆီမှ ရသည့်အရာဖြစ်ကြောင်း နားလည်လိုက်မိခြင်းဖြစ်တော့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်၏ မျက်လုံးများသည် တောက်ပလျက်ရှိနေသည်။ “ဓားကိုစမ်းဖို့အတွက် စမ်းသပ်ဖော်တစ်ယောက်ယောက်ကို ရှာလို့ရလား။”

“ဟောခန်းသခင်ကျိ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူနဲ့တိုက်ခိုက်ကြည့်ပါအုံး။”

…

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ကြည့်ရသည်မှာ သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး ဆီသို့ ရုတ်တရက်စိတ်ပြောင်းကာ ရောက်ရှိလာခဲ့ခြင်းသည် ဤကဲ့သို့ တိုက်ခိုက်ရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

“ကောင်းပြီ။”

ခရမ်းရောင်ဘုရင်က လျှောက်ထွက်သွားလိုက်၏။

အားကောင်းလှသော မိုးကြိုးဓာတ်သဘာဝများအားလုံးသည် ဖြစ်တည်လာသည်ကို မြင်သည့်အချိန်မှာတော့ သူသည် အလွန်တရာစိတ်ဝင်စားနေမိ၏။ ထိုမိုးကြိုးဓာတ်သဘာဝ မည်မျှအားကောင်းသည်ဆိုသည်ကို သူသိချင်နေမိ၏။

“ဟောခန်းသခင်ကျိ”

လီချင်းယန်က ပြောလိုက်သည်။ “အပြင်သွားပြီးတော့ တိုက်ခိုက်ကြည့်ရအောင်။”

ဤအဓိကတောင်ထွတ်သည် အဆောက်အဦများ တည်ဆောက်နေသည်ဖြစ်သောကြောင့် ထိခိုက်သွားမှာကို စိုးရိမ် ရ၏။ ထို့ကြောင့် အပြင်ဘက်ဆီသို့ သွားမှသာပိုမို၍ သင့်တော်ပေလိမ့်မည်။

…

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်နှင့် မိုင်အနည်းငယ်အဝေးမှာတော့ လီချင်းယန်သည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိနေ၏။ သူ၏ လက်ထဲတွင်တော့ တောက်ပလျက်ရှိနေသော မိုးကြိုးလက်နက်ကို ကိုင်ဆောင် ထား၏။

သူ၏ မျက်နှာချင်းဆိုင်မှာတော့ ခရမ်းရောင်ဘုရင်သည် ၎င်း၏ ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားပြီးသည့်နောက် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ခပ်မတ်မတ်ရပ်လျက်ရှိ၏။

ရှောင်ကျီနှင့်တစ်ခြားသူများအားလုံးသည် အဝေးတစ်နေရာတွင် ရပ်လျက်ရှိနေကြပြီး စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုနေကြသည်။

ခန်းမသခင်ကျိသည် များပြားလှသည့်စွမ်းအားမြင့်ကျင့်ကြံသူများနှင့်ပင် တစ်ယောက်တည်း တိုက်ခိုက်နိုင်သော အံ့အားသင့်စရာ သားရဲတစ်ယောက်ဖြစ်၏။

ဒုတိယစီနီယာအစ်ကိုအနေဖြင့် ခန်းမသခင်ကျိနဲ့ ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုသည်မှာ သူတို့အတွက် အလွန် အံ့အားကြီးနပန်းဖြစ်လို့နေတော့၏။ ဒုတိယစီနီယာအစ်ကိုသည် လက်နက်အပေါ်တွင် အလွန်ယုံကြည်မှုရှိနေခြင်း ကြောင့်လည်း ဖြစ်နေနိုင်သည်။

အမှန်တကယ်မှာတော့ သူတို့တွေးထင်ထားခဲ့သလိုမဟုတ်ပေ။ ခရမ်းရောင်ဘုရင်သည် အလွန်အားကောင်းလွန်း လှ၏။ ထို့ကြောင့် လီချင်းယန်အနေဖြင့် လက်ထဲတွင်ရှိသော လက်နက်ကို အပြည့်အဝ အားအင်ထုတ်ဖော်နိုင်မည်ဆိုလျှင်တောင်မှ မည်သို့မျှ စိုးရိမ်စရာမလိုတော့ချေ။

၎င်းတို့သည် တူညီသည့်ဂိုဏ်းထဲတွင်ဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက်ထိခိုက်နာကျင်မှုမျိုး မဖြစ်ပေါ် အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းရမည်မဟုတ်လား။ ထို့အပြင် ဟောခန်းသခင်ကျိသည် အကာအကွယ်ရာတွင် အလွန်အားကောင်းလှသည့်လူတစ်ယောက်လည်း ဖြစ်လို့နေသေးသည်။

“စကြရအောင်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရွှီ

လီချင်းယန်သည် လက်ထဲတွင်ရှိသော ဓားကို ကိုင်ဆောင်ကာဖြင့် ရှေ့သို့ ပျံသန်းလိုက်တော့၏။ မိုးကြိုးဓာတ်သဘာဝ များသည် အလွန်အားကောင်းစွာ ဖြစ်တည်လာခဲ့၏။

ရီရှင်းချန်က တွေးလိုက်၏။ “ဒီဓားနဲ့ဆိုရင် ငါက သူရဲ့ ပြိုင်ဘက်မဟုတ်ဘူး။”

ဟယ်ဝူတီ သည်လည်း ထိုကဲ့သို့ တွေးတောမိ၏။ ၎င်းတို့နှစ်ယောက်သည် လီချင်းယန်ထက်ပိုမို၍ အားကောင်း လှသည်ဆိုသော်လည်း အလွန်အစွမ်းထက်လှသော လက်နက်၏ ထောက်ပံ့မှုသာရှိမည်ဆိုပါက ၎င်းတို့ကြားတွင် ရှိသော အားအင်ကွာခြားမှုသည် ပြောပလောက်သည့်အရာမဟုတ်တော့ချေ။

ဆွစ်

ရွှေရောင်အလင်းတန်းများဖြတ်ပြေးသွားပြီးနောက် ရွှေရောင်ဓားကြီးများသည် ရှေ့နောက် လွန်းထိုး လှုပ်ရှားလာခဲ့၏။

ဟူး ဟူး ဟူး

မိုးကြိုးဓာတ်သဘာဝနှင့် လျှပ်စီးလှိုင်းများအားလုံးသည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးသည့်နောက် မိုးကြိုးပစ်ချသည့်အသံများကိုပါ ဆူညံစွာ ထွက်ပေါ်လာသည်။

ခရမ်းရောင်ဘုရင်သည် လက်ကိုမြှောက်ကာဖြင့် ဓားချီများကို လှမ်းကာဖမ်းတတ်၏။ ပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကောင်လေး မင်းရဲ့ ဓားက အရမ်းကို အားကောင်းတယ်ဆိုပေမဲ့ ဒီဟောခန်းသခင်ကိုတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”

ဘုန်း

ရုတ်တရက်အားအင်များဖြစ်တည်လာပြီးသည့်နောက်မှာ ဓားချီများသည် ပျောက်ကွယ်သွားခဲ့သည်။ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူအများအပြားကို တစ်ယောက်တည်းတိုက်ခိုက်ယှဉ်ပြိုင်ခဲ့သူဖြစ်သော မွန်းစတားဘုရင် တစ်ယောက်ဖြစ်သည်မို့ သူ၏ခန္ဓာကိုယ်အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ နတ်ဘုရား အဆင့်လက်နက်နဲ့တိုက်ခိုက်မယ်ဆိုရင်တောင်မှ သူ့ကို ဒဏ်ရာရရှိအောင် ပြုလုပ်ဖို့ဆိုသည်မှာ မလွယ်ကူချေ။

လီချင်းယန်သည် အံ့အားမသင့်ချေ။ သူ့အနေနှင့် ဟောခန်းသခင်ကျိ၏ ခန္ဓာကိုယ်ပေါ်ရှိ ဂိုဏ်းဝတ်စုံများ တစ်စစီဖြစ် သွားအောင်ပြုလုပ်နိုင်လျှင်ကို ကျေနပ်မည်ဖြစ်သည်။

ဆွစ် ဆွစ်

သူသည် လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာဖြင့် မိုးကြိုးဓာတ်သဘာဝဓားချီများကို ထုတ်ဖော်ကာ အပိုင်းပိုင်း ခုတ်ပိုင်း လျက်ရှိနေ၏။

ဘုန်း ဘုန်း ဘုန်း

ခရမ်းရောင်ဘုရင်သည် တည်နေရာထဲမှာပဲ ရပ်တန့်လျက်ရှိနေ၏။ သူ၏ လက်များသည် ရွှေ့လျားနေတော့သည်။ သူ့ဆီသို့ ပျံသန်းရောက်ရှိလာသော ဓားချီများအားလုံးကို ကြောက်မက်ဖွယ်ရာအားအင်နှင့်အတူ ဖယ်ရှားနေတော့ သည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “နတ်ဘုရားလက်နက်တွေက အရမ်း အားကောင်းမယ်ထင်ထားတာ။ ဒါပေမဲ့ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ကို တော့ ဘာမှလုပ်လို့မရပါလား။”

စနစ်က ပြောလိုက်သည်။ “အစ်ကိုကြီး မင်း ဟောခန်းသခင်ကျိက သာမန်သိုင်းနယ်မြေဟုတ်လို့လား။”

ပြီးနောက် သူက ထပ်ပြောလိုက်သည်။ “အဆင့်မြင့်လက်နက်တွေဆိုတာက အသုံးပြုသူရဲ့အဆင့်ပေါ်မှာ မူတည်ပြီးတော့ အားအင်ကွာခြားသွားတာလေ။ မင်းရဲ့ ဒုတိယတပည့်က အခု သိုင်းအုပ်စိုးသူ အဆင့်ပဲရှိသေးတယ်လေ။ ဒီတော့ နတ်ဘုရားလက်နက်ကို ကိုင်ဆောင် ထားတော့လည်း ဘာထူးမှာမလို့လဲ။”

“ဒါကတော့ အဟုတ်ပဲ။”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်တော့၏။ “ချင်းယန် … နတ်ဘုရားလက်နက်ရဲ့ အောက်ခြေမှာ ခလုတ်တစ်ခုရှိနေတယ်။ အဲဒါကို အသက်သွင်းပြီးတော့ ဟောခန်းသခင်ကျိနဲ့ တိုက်ခိုက်ကြည့်။”

သူ့အနေနှင့် မိုးကြိုးဓား၏ အဆုံးစွန်တိုက်ခိုက်ကွက်သည် မည်သည့်အရာဖြစ်မည်နည်းဆိုသည်ကို သိချင်နေမိ၏။

“ခလုတ်ဟုတ်လား။”

လီချင်းယန်သည် ဓားနောက်ပေါ်တွင်ရှိသော တည်နေရာတစ်ခုကို အသာကြည့်ရှုကာ ပြောလိုက်သည်။ “ဒီဟာလား။”

ဆွစ်

သူသည် လက်မနှင့်ဖိနှိပ်လိုက်သည်။

ဟူး ဟူး

ရုတ်တရက် သူ၏လက်ထဲတွင်ရှိသော မိုးကြိုးဓားသည် တုန်ခါလာ၏။ ပြီးသည့်နောက်မှာတော့ လက်ထဲမှာ ပျံသန်း ထွက်ခွာကာ လေထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ ရွှေရောင်အလင်းတန်းများသည်လည်း တလက်လက်နှင့် တောက်ပနေ၏။

“ဟမ်”

ခရမ်းရောင်ဘုရင်သည် အသာမော့ကြည့်လိုက်ပြီးသည့်နောက်မှာတော့ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။

ဟူး ဟူး

ဓား၏ထိပ်သည် အောက်ဘက်ဆီသို့ ကျဆင်းလာပြီးသည့်နောက် အထူးဓာတ်သဘာဝများသည် ဓားဆီမှ ထွက်ပေါ် လာ၏။ ပြီးသည့်နောက်မှာတော့ မိုးကြိုးသွားတစ်ခုကဲ့သို့ ဖြစ်တည်လာပြီးသည့်နောက် မိုးကြိုးလို ပစ်ချတော့သည်။

ရှောင်ကျီ၊ လီချင်းယန်နှင့် တစ်ခြားသောသူများအားလုံးသည် ကောင်းကင်ပေါ်တွင်ရှိသော တိမ်များကို မြင်ရသည့် အချိန်မှာတော့ ရုတ်တရက်ဘဲ ဖင်များကိုပင် အုပ်ထားလိုက်မိ၏။ ဂိုဏ်းချုပ်ကြောင့် ၎င်းတို့၏ စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခု လွှမ်းမိုးနေကြပြီဖြစ်၏။

“အကြီးဆုံးစီနီယာအစ်မကြီး”

လင်းယွမ်ရွှယ် သည် ဇဝေဇဝါဖြစ်သွားသည်။ “စီနီယာအစ်ကိုတွေ ဘာဖြစ်နေတာလဲ။”

“မသိဘူး။ သူတို့တွေဟာ ဦးနှောက်တစ်ခုခုဖြစ်နေတာနေလိမ့်မယ်။” လုချင်းချင်းသည် ပေါ့ပေါ့ပါးပါးပြောလိုက်၏။

ဟူး ဟူး

ခနလောက်ကြာပြီးသည့်နောက်မှာတော့ ကောင်းကင်၏တည်နေရာ ပေတစ်ရာအထက်တွင်တော့ များပြားလှသည့် မိုးကြိုးသွားများ ဖြစ်တည်လာခဲ့၏။ မြွေတစ်ကောင်ကဲ့သို့ လျှပ်စီးလှိုင်းများသည် ထိုတိမ်များကြားတွင် တလက်လက် နှင့်ဖြစ်တည်နေ၏။ မိုးကြိုးသွားသည် မိုးကြိုးများကို စုဖွဲ့ပြီးသည့်နောက်မှာတော့ အလင်းတန်းများအဖြစ် ပစ်လွှတ် တိုက်ခိုက်တော့သည်။

“ဒါက” ကျွင်းချောင်ရှောင်းအံ့အားသင့်မိသွား၏။

“ဒါက မိုးကြိုးအပြစ်ပေးမှုနဲ့ ဆင်တူနေတာပဲ။ မိုးကြိုးဓာတ်သဘာဝဓားနဲ့အတူ မိုးကြိုးလှိုင်းတွေ ပစ်ချတာ။ ဒါက ဖျက်ဆီးခြင်းကိုးပါးမိုးကြိုးရေကန်ထဲမှာ သန့်စင်ခံထားရတာ ကျိန်းသေပေါက်ပဲ။” ခရမ်းရောင်ဘုရင်က တွေးလိုက်မိသည်။

လေထဲတွင် ရပ်တန့်လျက်ရှိနေသော လီချင်းယန်သည် မျက်လုံးကို စုံကာ မှိတ်ထားမိ၏။ မိုးကြိုးဓာတ်သဘာဝများ ဖြစ်တည်နေသော လျှပ်စီးတန်းများအားလုံးသည် သူ၏ခန္ဓာကိုယ်ကို ရပ်သိုင်းကာဖြင့် ရွှေရောင်အလင်းတန်းများ အဖြစ် ဖြစ်တည်နေစေ၏။

တစ်ချိန်တည်းမှာပဲ သူနှင့်မသက်ဆိုင်သော မှတ်ဉာဏ်များအားလုံးသည် သူ၏စိတ်ထဲသို့ ရောက်ရှိလာပြီးသည့် နောက်မှာ လှုပ်ရှားမှုတိုက်ကွက်တစ်ခုကို ထုတ်ဖော်နိုင်စွမ်းရှိလာတော့သည်။

ဆွစ်

ရုတ်တရက်ဆိုသလိုဘဲ လီချင်းယန်သည် မျက်လုံးကို ဖွင့်လိုက်၏။ မျက်လုံးထဲတွင်တော့ မိုးကြိုးအလင်းတန်းများ ဖြစ်တည်လာ၏။

မိုးကြိုးအပြစ်ပေးမှု …။

ဘုန်း

အသံထွက်ပေါ်လာလာချင်းမှာဘဲ မိုးကြိုးဓားသည် ရုတ်တရက် လင်းလက်သွား၏။ အလင်းတန်းများသည် ဓား၏ ထိပ်တွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်ကို ဆက်တိုက်ဆိုသလိုပဲ ပစ်လွှတ်ပြန်သည်။

“ဒါဘာကြီးလဲ။”

မိုင်တစ်ရာအဝေးတွင်ရှိသော တစ်ခြားသောဂြိုဟ်များမှ သိုင်းကျင့်ကြံသူများအားလုံးသည် လေထဲတွင် ဖြစ်တည်နေ သော မိုးကြိုးလှိုင်းများကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးပြူးသွားမိကြ၏။

ဘုန်း

ထိုအချိန်မှာတော့ ပေါက်ကွဲသံကြီးတစ်ခုလုံးသည် တည်နေရာတွင် ဖြစ်တည်နေကြ၏။ ၎င်းတို့သည် အဝေးတစ်နေရာ တွင် ရှိသည်ဆိုသော်လည်း ထိုအသံကြီးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရ၏။ လေထဲတွင်တော့ အက်ကွဲကြောင်း များနှင့်ပေါ်လာနေပြီး လက်ရှိအခြေအနေမှာတော့ အဝေးမှလှမ်း၍ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံး သည် အလွန်ထိတ်လန့်တုန်လှုပ်နေမိကြ၏။

တောင်တစ်ခု၏အပေါ်မှာတော့ ခရမ်းရောင်ဘုရင်သည် မတ်မတ်ရပ်လျက်ရှိနေပြီး မိုးကြိုးသွားများကို ခုခံလျက် ရှိနေသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ အရာအားလုံးသည် တည်ငြိမ်သွားခဲ့သည်။

အနီရောင်အတွင်းခံကို ဝတ်ဆင်ထားသော ခရမ်းရောင်ဘုရင်သည် သူ၏ တောင့်တင်းလှသော ကြွက်သားအပြည့် နှင့် ခန္ဓာကိုယ်ကို ထုတ်ဖော်လျက်ရှိ၏။ လေထဲတွင်တော့ ခရမ်းရောင်ဆံပင်များသည် လွင့်လျက်ရှိနေ၏။ သူသည် ဒဏ်ရာမရရှိခဲ့ပေ။ သို့ပေမဲ့ အနည်းငယ်တော့ ရှက်ရွံ့နေမိ၏။

“ကောင်လေး”

ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “မင်းရဲ့ဓားက အရမ်းကိုအားကောင်းတယ်။ ငါ့ရဲ့အားအင် ၃၀ ရာခိုင်နှုန်းလောက်ကို ထုတ်ပြီးတော့ ကာကွယ်ခဲ့ရ တယ်။”

လီချင်းယန်သည် ပြုံးကာ ညာဘက်လက်ကို မြှောက်လိုက်၏။

ဆွစ်

လေထဲတွင်ရှိနေသော မိုးကြိုးဓားသည် သူ၏လက်ထဲသို့ ရောက်ရှိလာ၏။ သူသည် ဓားအား ဓားအိမ်ထဲသို့ ထည့်သွင်းကာဖြင့် လက်သီးဆုပ်၍ ပြောလိုက်သည်။ “ဟောခန်းသခင်ကျိ ကျေးဇူးပါပဲ။”

“ဂိုဏ်းချုပ်”

သူသည် စိတ်လှုပ်ရှားစွာဖြင့် အသံပို့လွှတ်လိုက်၏။ “ဒါကအဆုံးစွန်ထိ တိုက်ကွက်လား။”

“အမှန်ပဲ။” ကျွင်းချောင်ရှောင်းက ပြန်ဖြေလိုက်သည်။

ပုံမှန်ကဲ့သို့ တည်ငြိမ်လျက်ရှိနေသော လီချင်းယန်သည် စိတ်ထဲမှာတော့ ကြိတ်ကာပျော်ရွှင်လျက်ရှိနေတော့၏။ သူသည် ဟောခန်းသခင်ကျိအား အားအင် ၃၀ရာခိုင်နှုန်း ထုတ်သုံးအောင် ပြုလုပ်နိုင်စွမ်းရှိနေပြီဖြစ်၏။ အကယ်၍ အဆင့်မြင့်သော သိုင်းသူတော်စင် သို့မဟုတ် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူအဆင့်ကို ရောက်ရှိမည်ဆိုပါက ကျိန်းသေပေါက် အံ့အားသင့်စရာကောင်းသော တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်ပေလိမ့်မည်။

သူ့အနေနှင့် ဤဓားသည် အဆုံးစွန်တိုက်ကွက်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ထပ်မံအသုံးပြု၍ မရနိုင်တော့ ချေ။ အချိန်ကာလတစ်ခုအထိ ဤအရာသည် ကြာမြင့်နေမှာဖြစ်သည်။

သို့ပေမဲ့ ဓားဖြစ်သည်မို့ တစ်ခြားသော တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိနေသေး၏။

အခြား တစ်ဖက်မှာတော့ ကုန်းရှန့်၏ ကိုယ်ပိုင်နတ်ဘုရားလက်နက်သည် ဘာတစ်ခုမှ ဆက်၍ မပြုလုပ်နိုင်ချေ။ ယား၍ပင် ကုတ်၍မရနိုင်ပေ။

ဟုတ်ပေသည်။ မိုးကြိုးဓား၏ အဆုံးစွန်သောတိုက်ကွက်သည် ပစ်မှတ်တစ်ဦးတစ်ယောက်တစ်ယောက်တည်းကိုသာ တိုက်ခိုက်နိုင်ခဲ့၏။ သူ၏လောကလက်ချောင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက အလွန်တရာ ကွာခြားနေပေသေးသည်။

“ချင်းယန်ရဲ့ လက်နက်က အားကောင်းလား၊ အားမကောင်းဘူးလား မြင်ပြီးပြီပေါ့။”

အဓိကဟောခန်းထဲတွင်ရှိသော ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “မင်းတို့အနေနဲ့ ဂိုဏ်းကို ပိုပြီးတော့အကျိုးပြုနေမယ်ဆိုရင် ဒီလို နတ်ဘုရား လက်နက်မျိုး ကိုရဖို့အခွင့်အရေးရှိလိမ့်မယ်။”

ရှောင်ကျီနှင့် တစ်ခြားသူများ၏ မျက်လုံးများသည် တောက်ပသွား၏။ သူတို့အနေနှင့် အလွန်အားကောင်းလှသော နတ်ဘုရားလက်နက်များကို ပိုင်ဆိုင်ချင်သည်ဆိုသည်မှာ သဘာဝပင်ဖြစ်သည်။

“ဂိုဏ်းချုပ်”

လီဖေးက ပြောလိုက်သည်။ “ဂိုဏ်းကို ဘယ်လိုအကျိုးပြုလို့ရှိရင် ရမှာလဲ။”

“အရမ်းကို ရိုးရှင်းတယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့ရဲ့ဂိုဏ်းတူ ညီလေးတွေကို သိုင်းပညာနဲ့ပတ်သက်ပြီး သင်ပြပေးတာ။ ဂိုဏ်းရဲ့ အဆောက်အဦ ဆောက်လုပ် တာကို ကူညီတာ၊ ဂိုဏ်းတာဝန်တွေကို ပြုလုပ်ပေးတာ။ ဒါမျိုးတွေပြုလုပ်မယ်ဆိုရင် ငါ မင်းတို့ကို မနှေးနဲ့မမြန် ဆိုသလို ဆုလာဘ်တွေပေးမှာပဲ။”

ယနေ့မှာတော့ အလွန်မတ်စောက်လှသော တောင်ကြီးပေါ်တွင် ရီရှင်းချန်နှင့် ဟယ်ဝူတီ တို့သည် ပြင်းပြင်းထန်ထန် အလုပ်လုပ်လျက်ရှိနေကြ၏။ ၎င်းတို့သည် အုတ်များကိုသယ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် တွင် တစ်စက်လေးမှ ရေသာမခိုဘဲ ကူညီလျက်ရှိနေ၏။

…

အထက်နယ်မြေ၏ အုပ်ချုပ်ရေး ဟောခန်း

သူတော်စင်ကဲ့သို့သော အကြီးအကဲများအားလုံးသည် ဆွေးနွေးလျက်ရှိနေကြ၏။ ၎င်းတို့ဆွေးနွေးနေသည်မှာ နောက်ငါးနှစ်မှ ဝင်ရောက်ရမည့် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အဘယ့်ကြောင့် ဤနေရာသို့ ဝင်ရောက်နေသည် ဆိုသည့် အကြောင်းပင်ဖြစ်နေ၏။

ထိုသူများအားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ကြိုတင်ကာ ဝင်ရောက်နိုင်သည်သာမက များပြားလှသော လူများကိုလည်း သတ်ဖြတ်ပစ်ခဲ့သေး၏။ သူတို့အား ဇဝေဇဝါဖြစ်မိသည်ဆိုခြင်းမှာ အချိန်အတိုင်းတိုအတွင်း ဂြိုဟ်တိုက်ပွဲအတွင်းတွင် မြှုပ်နှံထားခဲ့သော အမွေအနှစ်ပစ္စည်းများအားလုံးကို ရယူသွားခဲ့ခြင်းပင်ဖြစ်သည်။

“လင်းရောင်”

အုပ်ချုပ်ရေးဟောခန်းတွင် တာဝန်ယူထားသည့်လူသည် အေးစက်စက်မျက်နှာနှင့် ပြောလိုက်၏။ “ဒါကို ဘယ်လိုဖြေရှင်းပေးမှာလဲ။”

အလွန်ကျက်သရေရှိပြီး ကြည့်ကောင်းလှသော အမျိုးသမီးသည် တိမ်များကြားမှလှမ်းလျှောက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဂြိုလ်တိုက်ပွဲကြီးက များပြားလှတဲ့ စွမ်းအင်မြင့်ကျင့်ကြံသူတွေ အားအင်စိုက်ထုတ်ပြီး ဖန်တီးထားတာလေ၊ ကျွန်မက ကျွန်မတာဝန်ကို ကျွန်မလုပ်ရုံပဲ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးအား ဘယ်လိုရောက်လာလဲဆိုတာကို ဘယ်လိုလုပ်သိမှာလဲ”

“ဟမ့်”

တစ်စုံတစ်ယောက်သည် နှာခေါင်းရှုံလိုက်၏။ “ဒါတော့ငါလည်းသိတာပေါ့။ မင်းအနေနဲ့ မင်းရဲ့စွမ်းရည်တွေကို အသုံးပြီးတော့ သူတို့ကို ဝင်ခိုင်းလိုက်တာ မဟုတ် လား။”

“ဒီလိုစွမ်းအင်မျိုးရှိတယ်ဆိုရင် ကျွန်မကဘာလို့ အုပ်ချုပ်ရေးဟောခန်းဆီကို လာပြီးတော့ ညှိုနှိုင်း ပြောဆိုနေရမှာလဲ။” ကြည့်ကောင်းလှသည့်အမျိုးသမီးသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“မင်း” အကြီးအကဲများသည် ဒေါသထွက်သွားမိ၏။

အုပ်ချုပ်ရေးဟောခန်းကို တာဝန်ယူထားသည့်လူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိသည်။ “ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးဆိုရင်တောင်မှ ဒီဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ဒီတစ်ကြိမ်မှာ တာဝန်ယူထားရတာ မင်းပဲ။ ဒီတော့ထိုင်ကြည့်နေလို့မဖြစ်ဘူးလေ။”

“နားလည်ပါပြီ။”

ကြည့်ကောင်းလှသော အမျိုးသမီးသည် လှည့်ကာပြောလိုက်၏။ “ဒါက ကျွန်မတာဝန်ကို ကျွန်မလုပ်မယ်။ ဒါပေမဲ့”

သူမသည် ခနရပ်တန့်ကာ ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်ရောက်လာပြီဆိုမှတော့ ကောင်းကင်ရဲ့ လိုအင်ဆန္ဒအတိုင်းလည်း ဖြစ်နိုင်တယ်လေ။”

ထိုစကားကို သူမပြောလိုက်သည့်နောက်မှာတော့ အကြီးအကဲများ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် များပြားလှသော စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ဖန်တီးထားသောအရာဖြစ်သည်။ ထိုအရာသည် ချိုးဖြတ်နိုင်သည့် ဟာကွက်တစ်ခုရှိနေသည်ဆိုလျှင်တောင်မှ ထိုဟာကွက်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း သည် ကောင်းကင်၏ အလိုဆန္ဒအတိုင်းသာ ဖြစ်ပေလိမ့်မည်။

“ကောင်းကင်ရဲ့ဆန္ဒဆိုတာက ခန့်မှန်းဖို့ခက်ခဲတယ်။”

အကြီးအကဲဟောခန်းကို တာဝန်ယူထားသည့်လူသည် ခနလောက်ငြိမ်သက်ပြီးသည့်နောက် ပြောလိုက်သည်။ “ဒါပေမဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီဆိုမှတော့ အပြစ်ပေးခံရမှာပဲလေ။ အပြစ်ပေးလိုက်။”

“ပေါ့ပေါ့ပါးပါးအပြစ်လား။ ပြင်းပြင်းထန်ထန် အပြစ်လား။” ကြည့်ကောင်းလှသည့် အမျိုးသမီးက မေးလိုက်သည်။

တာဝန်ယူထားသည့်လူက ပြောလိုက်၏။ “အဆင့်နိမ့်ဂြိုဟ်တွေအတွက် ကြီးမားတဲ့ပြစ်ဒဏ်ကိုတော့ မလိုအပ်ပါဘူး။”

“နားလည်ပါပြီ။” အမျိုးသမီးသည် ဟောခန်းထဲမှ ပြန်လည်ထွက်ခွာသွားခဲ့တော့၏။

All Chapters