← Chapters

အခန်း (၉၆၅-ခ)

Vol. 65 Ch. 965-B

အခန်း (၉၆၅-ခ)

Vol. 65 Ch. 965-B

ဆွစ်

ရှောင်ကျီသည် အရင်ဆုံး ရှေ့သို့ လှမ်းတက်လိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ အဓိကတိုက်ခိုက်သူ တစ်ယောက်ဖြစ်သည်နှင့် သူသည် တိုက်ခိုက်ပွဲများတွင် ရှေ့ဆုံးမှ ဦးဆောင်၍ တိုက်ခိုက်တတ်သည်မှ သဘာဝပင် ဖြစ်တော့၏။ အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် နေရာတွင် ရပ်တန့်မနေကြချေ။ အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် ၎င်းတို့၏ လှံထိပ်တွင် ထူးဆန်းသည့်စွမ်းအင်များ ဖြစ်တည်လာ၏။ ပြီးနောက် လေဟာနယ်ကို ထိုးခွင်းပြီးသည်နောက် အလင်းတန်းများနှင့် တိုက်ခိုက်ပြန်သည်။

“ဒိုင်းအကာအကွယ်”

ရှောင်ကျီသည် သူ၏သွားရာလမ်းမှ ရပ်တန့်လိုက်၏။ ပြီးသည့်နောက် သူ၏လက်ကို မြှောက်ကာလိုက်ပြီး မြေဓာတ်သဘာဝများသည် ဖြစ်တည်လာပြီးသည့်နောက် မြေနံရံကြီးတစ်ခုကဲ့သို့ ဖြစ်တည်၏။

ဝှစ် ဝှစ်

ထူထဲလှသော မြေနံရံကြီးသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။

ဘုန်း ဘုန်း

တောက်ပသည့်အလင်းတန်းများအားလုံးသည် မြေနံရံကြီးအား အမြှောက်ဆန်ကဲ့သို့ တဘုန်းဘုန်းနှင့် ထိတွေ့သည်။ သက်ရောက်မှုသည် အားကောင်းလွန်းလှသည်ဆိုသော်လည်း ရှောင်ကျီသည် မရွေ့လျားနိုင်သော‌ တောင်ကြီးတစ်လုံးကဲ့သို့ ခပ်မြဲမြဲရပ်လျက်ရှိ၏။

ဆွစ်

လီဖေးသည် တခြားသောသူများထက် ရှေ့ကို တစ်လှမ်းလှမ်းတက်လိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ညာဘက်ခြေထောက်တွင် စုစည်းပြီးသည့်နောက်မှာတော့ လေထဲသို့ ဖြတ်၍ ကန်လိုက်တော့သည်။ တစ်ဖက်လူ သည် ခြေကန်ရာကြီးတစ်ခု မျက်နှာပေါ်တွင် ထင်းထင်းကြီး ဖြစ်တည်သွားသည်။

ဘန်း

လီဖေးသည် ဆက်လက် မတိုက်ခိုက်ချေ။ အလောတကြီးဖြင့် နောက်သို့ ဆုတ်ခွာလိုက်ရ၏။ အဘယ်ကြောင့် ဆိုသော် ရေတွက်လို့မရအောင် များပြားသော အလင်းတန်းများသည် သူ့အား လာရောက်တိုက်ခိုက်သောကြောင့် ပင်ဖြစ်၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ကြမ်းတမ်းလှသော ပေါက်ကွဲသံများကြားတွင် ရှောင်ကျီ၏ရှေ့တွင် ရှိနေသော မြေနံရံကြီးသည် တစ်ခုပြီးတစ်ခု ပြိုလဲကျသွား၏။ ရှောင်ကျီသည် အနောက်ဘက်သို့ အနည်းငယ်ခြေလှမ်းပြီးမှသာ ၎င်း၏ ဟန်ချက်ကို ထိန်းသိမ်း နိုင်ခဲ့၏။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ရာကျော်တို့သည် သိုင်းအုပ်စိုးသူများနှင့် နှိုင်းယှဉ်၍ ရနိုင်ကြ၏။ ၎င်းတို့ အားလုံးသည် အဆင့်မြင့် အရည်အသွေးရှိသော လက်နက်များကို ကိုင်ဆောင်ကာဖြင့် အလင်းတန်းများကို ပစ်လွှတ်တိုက်ခိုက်နေသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ၎င်းတို့အနေနှင့် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရန် သိပ်ပြီး မလွယ်ကူလှချေ။

ဆွစ်

ရုတ်တရက် ဓားအလင်းတစ်ခု ဖြတ်သန်းသွားသည်။

ဒင် ဒင် ဒင်

ဓားနှင့် ချပ်ဝတ်တို့ ထိပ်တိုက်တွေ့ဆုံသည့်အသံ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တစ်ဖက်လူများ၏ ရင်ဘတ်ပေါ်တွင် ဓားရာများ ဖြစ်တည်လာခဲ့၏။ ရီရှင်းချန်သည် ဓားကို ပြန်သိမ်းကာ မျက်မှောင်ကုတ်လိုက်မိ၏။

ဟူး ဟူး

ရုတ်တရက် ပြင်းထန်လှသော စွမ်းအင်လှိုင်းများသည် သူ၏ ညာဘက်ခြမ်းမှ ဖြစ်တည်လာ၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင်သည် သူ၏ ရှည်လျားလှသော လှံကြီးနှင့် ထိုးလိုက်၏။

ဆွစ်

ရီရှင်းချန်သည် ထိုအလင်းတန်းကို ရှောင်ရှားပြီးသည့်နောက် တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ဦးခေါင်းသည် စောင်းရွှဲ့သွားသည်။ ထိုအရာကို အခွင့်ကောင်းယူ၍ သူသည် ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုန်း ……။

ထိုတိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ဦးခေါင်းပေါ်တွင်ရှိသော ခေါင်းစွပ်သည် ပြုတ်ကျသွားခဲ့တော့၏။

ကလောက်

ရှောင်ကျီသည် သူ၏ AWM စနိုက်ပါအား ကျည်ထည့်လိုက်၏။ ဤလက်နက်အတွက် ထည့်သွင်းထားသည့်ကျည်ဆန် သည် ဆဋ္ဌဂံကြယ်ကျောက်တုံးများပင် ဖြစ်သည်။

ဖြောင်း

တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် တစ်ခါတည်း သေဆုံးသွားခဲ့၏။

“သေသွားတာလား”

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ ကျည်ဆံဖြင့်ပစ်လွှတ်လိုက်သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို လှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ ခေါင်းတစ်ခုလုံး ပွင့်ထွက်နေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် အသံပို့လွှတ်ကာ ပြောလိုက်၏။ “အဲဒီကောင်တွေ အကုန်လုံးကို ခေါင်းကိုပဲချ”

ဘန်း

ပြောပြောပြီးချင်းမှာပဲ လီချင်းယန်သည် ရှေ့သို့တိုးသွားပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များကို မိုးကြိုး ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာဖြင့် ပြိုင်ဘက်၏ ဦးခေါင်းကို ထိုးနှက်ခဲ့၏။ ထိုတိုက်ခိုက်ရေးစိတ်ဝိညာဉ် မြေပြင်ပေါ်သို့ ကျဆင်းလာသည့်နောက်မှာတော့ မျက်လုံးပေါ်တွင်ရှိနေသော အလင်းတန်းများသည်လည်း မှေးမှိန်သွား၏။

ကျွင်းချောင်ရှောင်း၏ ခန့်မှန်းချက်သည် မှန်ကန်သွားခဲ့ပြီဖြစ်သည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ၏ အကာ အကွယ်သည် အလွန်အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ဦးခေါင်းကို ထိမှန်သွားလျှင် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်သည်။

ရီရှင်းချန်သည် ထိုအရာကို ချက်ချင်း နားလည်လိုက်မိ၏။ ထို့ကြောင့် နောက်တစ်ကြိမ် တိုက်ခိုက်ရာတွင် သူသည် ဓားအော်ရာများကို မဖွဲ့စည်းဘဲ ရန်သူ၏ ဦးခေါင်းများကိုသာလျှင် တစ်ချက်ချင်း ခုတ်ပိုင်းသတ်ဖြတ်ခြင်းကို ပြုမူခဲ့၏။

ဘန်း ဘန်း

တိုက်ခိုက်ရေးစိတ်ဝိညာဉ်နှစ်ကောင်သည် ဦးခေါင်းချင်းဆိုင်၍ ရိုက်မိသွားခဲ့တော့သည်။ ၎င်းတို့သည် လေထဲမှတဆင့် မြေပေါ်သို့ ပြုတ်ကျပြီး သေဆုံးသွားသည်။

ရီရှင်းချန်သည် လေထုထဲမှာတော့ ဓားကိုကိုင်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “အမှိုက်တွေပဲ”

လီဖေး၊ ထျန်းချီနှင့် တခြားသူများ အားလုံးသည်လည်း အနောက်မှ လိုက်လံ၍ တိုက်ခိုက်နေ၏။ ၎င်းတို့သည် ကျန်းယန်ဓားထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ တစ်ဖက်လူများ၏ ဦးခေါင်းများအား မထင်မှတ် ထားသော ရှုထောင့်များဆီမှ ဦးခေါင်းကို ထိုးနှက် တိုက်ခိုက်နေတော့၏။ ၎င်းတို့သည် အချိန်တိုအတွင်းမှာပဲ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ငါးကောင်၊ ခြောက်ကောင်လောက်ကို သတ်ဖြတ်ပြီး ဖြစ်နေ၏။

ဤတိုက်ပွဲတွင် အဓိက ဦးစီးပြီး တိုက်ခိုက်နေရသည့်လူများမှာ လီထျန်းထျန်း၊ မူဟုန်လင်နှင့် တခြားသူများဖြစ်၏။ ထို့ကြောင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်အနည်းငယ် သတ်ဖြတ်ပြီးသည့်နောက်မှာတော့ သူတို့သည် အနောက်သို့ ဆုတ်ကာဖြင့် သူတို့၏ ညီလေး၊ ညီမလေးများ တိုက်ခိုက်ကြစေရန် အခွင့်အရေးကို ပေးတော့သည်။

“ကောင်းကင်နီဓားခုတ်ပိုင်းချက်”

“သက်တန့်ရောင်စဉ်ကျမ်း”

ဘုန်း ဘုန်း

လီထျန်းထျန်းနှင့် တခြားသူများ အားလုံးသည် လှိုင်းအဆောင်၏ အကူအညီဖြင့် စတင်ကာ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်နိုင်နေပြီဖြစ်တော့သည်။ ၎င်းတို့သည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်မျှသာ ရှိသော်လည်း များပြားပြီး ကောင်းမွန်လွန်းလှသော ပစ္စည်းအမျိုးမျိုးကို အသုံးပြုကာဖြင့် ရန်သူများကို ရင်ဆိုင်တိုက်ခိုက်လျက် ရှိနေ၏။ ထို့အတူ ၎င်းတို့၏ သိုင်းတာအို အတွေ့အကြုံများသည်လည်း မိနစ်နှင့်အမျှ ပိုမိုကာ တိုးပွားလျက်ရှိနေ၏။

“ဒါက”

ပွဲကို လာရောက်ကြည့်ရှုလျက်ရှိနေကြသော သိုင်းကျင့်ကြံသူများသည်လည်း ဆွံ့အလျက်ရှိနေကြ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းကျင့်ကြံသူ အနည်းငယ်သာရှိသည်။ သို့ပေမဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ် ရာကျော်တို့နှင့် တိုက်ခိုက်ရာတွင်တော့ အထက်စည်းမှ တိုက်ခိုက်နေကြတော့သည်။ သူတို့အားလုံးသည် ကျွင်းချောင်ရှောင်း မည်မျှ ကြမ်းတမ်းသည်ဆိုကြောင်းကို မျက်မြင် မြင်ပြီးသားဖြစ်၏။ သို့ပေမဲ့ ၎င်း၏ တပည့် များသည်လည်း မွန်းစတားများကဲ့သို့ပင် ကြမ်းတမ်းလွန်းနေ၏။ ထိတ်လန့်တုန်လှုပ်စရာကောင်းလွန်းလှသည်။

ထို့ပြင် ၎င်းတို့ တိုက်ခိုက်နေကြသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များသည် ကြမ်းတမ်းလွန်းလှပြီး ခန့်မှန်းရလည်း ခက်ခဲလှ၏။ ဤအချင်းအရာကို ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည် ပေါ့သေးသေး မဟုတ်ကြောင်း အားလုံးက နားလည်လိုက်မိကြ၏။

အချက်အလက်အားဖြင့် ပြိုင်စံရှားဂိုဏ်းသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များနှင့် တိုက်ခိုက်နေရသည့်အချိန် မှာတော့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင်ရှိသော ထိပ်တန်းကျွမ်းကျင်သူများမှာတော့ မစားနိုင်၊ မသောက်နိုင်နှင့် စိတ်ပင်ပန်းလျက် ရှိနေကြ၏။ ၎င်းတို့သည် မူလအားဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်ရန် သုံးနှစ်ကျော် ကျန်ရှိနေသေး၏။ သို့ပေမဲ့ အချိန်ကာလသည် ရုတ်တရက် တိုတောင်းသွားပြီးသည့်နောက်မှာတော့ သေဆုံးရမည့်အချိန်သည် ပိုမို၍ တိုးပွားလာခဲ့သည်ဟု ခံစားမိနေကြသည်။

“သား”

ကြီးမားသော မိသားစုကြီးရှိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော အဘိုးအိုသည် လေးနက်တည်ကြည် စွာဖြင့် ပြောလိုက်၏။ “နှစ်နှစ် ကြာပြီးသွားရင် ငါ ဂြိုဟ်တိုက်ပွဲတည်နေရာကို ဝင်ရတော့မယ်၊ မိသားစုကို မင်းနဲ့အတူ ထားခဲ့မယ်”

“အဖေ” သူ၏ ဘေးမြေတည်နေရာတွင် ဒူးထောက်လျက်ရှိနေသော လူငယ်သည် မျက်ရည်များ ကျဆင်းနေတော့၏။

………………..

“တပည့်”

တောင်ထွတ်တစ်ခု၏ အပေါ်မှာတော့ သက်လတ်ပိုင်းလူသည် နောက်ကျောပေါ်တွင် ဓားကို လွယ်ပိုးထားရင်း လေးလေးနက်နက် ပြောလိုက်တော့၏။ “ငါ ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို ဝင်သွားပြီဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းကို လက်လွှတ်ခဲ့ရမှာပဲ၊ ဒီတော့ အဆုံးမဲ့ဓားတာအိုကို မင်းကိုလွှဲပေးခဲ့မယ်”

အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ရှိသော လူငယ်လေးတစ်ယောက်သည် မျက်နှာပေါ်သို့ ကျဆင်းလာ သော မျက်ရည်များကို သုတ်ကာဖြင့် ပြောလိုက်၏။ “ဆရာ့ကို စိတ်မပျက်စေရပါဘူး၊ ကျိန်းသေပေါက် ဒီနည်းစနစ် ကို တက်ကျွမ်းအောင် ကြိုးစားပါ့မယ်”

ဤကဲ့သို့ သေခြင်းရှင်ခြင်း အခြေအနေများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်တန်းကျွမ်းကျင်သူများတွင် တစ်ယောက်ပြီးတစ်ယောက် ဖြစ်တည်လျက် ရှိနေကြ၏။ ပထမဦးဆုံးအသုတ်တွင် ပါဝင်ခွင့်ရခဲ့သော သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့ သေဆုံးပြီးသည့်နောက် လုပ်စရာရှိသည်များကို သေသေချာချာ စီမံခြင်းကို ပြုမူနေကြ၏။

အလယ်ပိုင်းကုန်းမြေတိုက်ကြီးရှိ စောင့်ကြည့်ရေးမျှော်စင်ထဲမှာတော့ မြေအဆင့် စိတ်ဝိညာဉ်ပစ္စည်း၏ လက်ကျန် အချိန်ကာလသည် ထပ်မံ၍ လျော့ကျသွားခဲ့ပြန်သည်။

“ဟာ… မဟုတ်တော့ဘူး”

အကြီးအကဲသည် မတ်တပ်ထရပ်၍ စိတ်ဓာတ်တကျ ပြောလိုက်မိ၏။ “ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို ဝင်ရမယ့်အချိန်က တဖြည်းဖြည်း အရှေ့ကို တိုးတိုးလာတယ်၊ ဒါက ဘာကို ဆိုလိုတာလဲ”

………………

ဘုန်း ဘုန်း

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အပြင်ဘက်မှာတော့ လီထျန်းထျန်းနှင့် တခြားသူများအားလုံးသည် အလွန် ကောင်းမွန်လှသော လက်နက်ပစ္စည်းများကို အသုံးပြုကာဖြင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကို တိုက်ခိုက်လျက် ရှိနေကြ၏။ ၎င်းတို့သည် တစ်ကောင်ချင်းစီကို သတ်ဖြတ်ပြီးတိုင်း ခံတပ် တည်နေရာကြီးသည် ပေရာဂဏန်းချီ၍ ကျယ်ပြန့်လာခဲ့၏။

ကျွတ် ကျွတ်

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့်‌ ပြောလိုက်၏။ “ဒီလိုလည်း တိုးလာတာပဲလား”

အမျိုးသမီးစနစ်က ပြောလိုက်သည်။ “ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ… တိုက်ခိုက်ရေးစိတ်ဝိညာဉ်များက အထက်နယ်မြေရဲ့ ကျွမ်းကျင်သူများ ဖန်တီးထားခြင်းဖြစ်တာကြောင့် သူတို့ကို သတ်ဖြတ်လိုက်မယ်ဆိုရင် ခံတပ် တည်နေရာကြီးက ပိုပြီး တိုးလာပါလိမ့်မယ်”

“ကျုပ်သိပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဘုန်း

ထိုအချိန်မှာပဲ ကောင်းကင်ပေါ်တွင် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့၏။ ခရမ်းရောင်ဘုရင်သည် မြေအဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ဦးခေါင်းအား အကြိမ်ပေါင်းများစွာ လက်သီးဖြင့် ထိုးနှက်ကာ ဖောက်ခွဲပစ် လိုက်၏။ တစ်ဖက်လူ၏ ဦးခေါင်းသည် ဖရဲသီးခွဲခံလိုက်ရသလို ပွင့်ထွက်သွား၏။ ကြည့်ရှုနေသော သိုင်းကျင့်ကြံသူ များအားလုံးသည် ကြက်သီးများပင် ထလာကြ၏။ ဤခရမ်းရောင်ဆံပင်နှင့်လူသည် မည်မျှ ကြမ်းတမ်းလိုက် သနည်းဆိုသော် မြေအဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကိုပင် လက်သီးဖြင့် ထိုးနှက်ကာ သတ်ဖြတ်နေ၏။

ကျွင်းချောင်ရှောင်းမှာတော့ ဂရုမစိုက်ချေ။ သူ့အနေနှင့် တဖြည်းဖြည်းနှင့် ပိုမိုကျယ်လာခဲ့သော ခံတပ်တည်နေရာ ကြီးကိုသာ ကြည့်နေခဲ့၏။ “ဒါက အံ့အားသင့်စရာပဲ”

သူသည် အလွန်တရာ ကောင်းမွန်သော ခံစားချက်မျိုးကို ရရှိနေသည်။

အလယ်ပိုင်းကုန်းမြေတိုက်ရှိ စောင့်ကြည့်ရေးမျှော်စင်ထဲမှာ‌တော့ အချိန်သည် တစ်နှစ်ဆီမှာတင် မရပ်တန့်ဘဲ ရှေ့ဆီသို့ ပိုမိုကာ တိုးပွားလာခဲ့၏။

ဘုန်း

ခံတပ်အတွင်းမှာတော့ လီထျန်းထျန်းသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ကောင်အား ကျန်းယန်ဓားကို အသုံးပြု၍ သတ်ဖြတ်လိုက်သည့်အချိန်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အလယ်ပိုင်းဒေသရှိ စိတ်ဝိညာဉ်ပစ္စည်းသည် သုံးရာခြောက်ဆယ်ရက်မှသည် သုံးရာငါးဆယ့်ကိုးရက်ဆီသို့ လျော့ကျလာ၏။

“အကြီးအကဲ”

ဘေးတွင်ရှိသော အကြီးအကဲတစ်ယောက်က လှမ်း၍ ပြောလိုက်သည်။ “ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ”

“အင်း”

အချိန်ကာလသည် ခဏအတွင်းမှာပဲ နောက်ထပ်နှစ်ရက် လျော့ကျသွားသည်ကို မြင်ရသည့်အချိန်မှာတော့ စောင်ရှောက်သူ အကြီးအကဲသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဘာလုပ်လို့ရမှာလဲ၊ အချိန်နှေးတယ် ဆိုတာ ဒီအချိန်မှာ အရေးမကြီးတော့ဘူး၊ အဓိကဂိုဏ်းတွေကို သတင်းပို့ပြီးတော့ ဂြိုဟ်တိုက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ကြဖို့ ပြောလိုက်တော့”

“ကောင်းပါပြီ”

သတင်းသည် ချက်ချင်းပဲ ထိပ်တန်းဂိုဏ်းများနှင့် ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများဆီသို့ ရောက်ရှိသွားသည့် အချိန်မှာတော့ အားလုံးသည် သက်ပြင်းကို ချလိုက်မိကြ၏။ သူ့တို့အားလုံးသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် သေဆုံးရန် ပြင်ဆင်နေကြပြီ ဖြစ်တော့၏။

“မြို့တော်ဝန်မူ”

ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ လီလိုရှုက ပြောလိုက်သည်။ “ကြာပန်းနီက လက်ရှိ တံခါးပိတ် ကျင့်ကြံနေတယ်”

မူချန်းဟုန်သည် မတ်တပ်ထရပ်မိလိုက်၏။ သူ့ကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ အိုစာသွားသလိုပင်။ ပြီးသည့် နောက်မှာတော့ သူသည် စားသောက်ခန်းဆီသို့ အသာလျှောက်သွားပြီးနောက် ပြောလိုက်၏။ “မိန်းကလေးလျှို... ဒီအဘိုးကြီးကို ထမင်းနည်းနည်း ကျွေးပါ့လား”

“ကျွေးမှာပေါ့”

ထမင်းများသည် စားပွဲပေါ်တွင် ပြင်ဆင်ပြီး ဖြစ်နေတော့သည်။ မူချန်းဟုန်သည် တူကို ခက်ခက်ခဲခဲမြောက်ကာဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်ရန် စဉ်းစားလျက်ရှိနေသည်။ နောက်ဆုံးမှာတော့ သူသည် တူကို ဝမ်းနည်းပက်လက်ဖြင့် ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။

“သမီး” သူက တွေးတောနေလိုက်မိ၏။ “မင်းအနေနဲ့ ဂြိုဟ်တိုက်ပွဲကိစ္စကြီး ပြီးဆုံးသွားမှ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ အဖေ မျှော်လင့်မိတယ်”

ဘုန်း

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်အပြင်ဘက်မှာတော့ အလွန်တောက်ပနေသည့် မီးတောက်လက်သီးကြီး တစ်ခုသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ကောင်၏ ဦးခေါင်းကို ဖောက်ထွင်းသွားခဲ့သည်။

မူဟုန်လင်သည် သူမ၏ လက်ကိုရုတ်သိမ်းလိုက်ပြီးသည့်နောက် ခက်ထန်စွာ ကြည့်ရှု၍ ပြောလိုက်မိသည်။ “ဒီ တိုက်ခိုက်ပွဲနည်းနည်းလောက် တိုက်ခိုက်ပြီးတာနဲ့ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိတော့မယ်နဲ့ တူတယ်”

All Chapters