ရင်းနှီးနေတဲ့လူလား
Vol. 009 Ch. 874
ပန်ကျားနန်သည် မြင်ကွင်းမှပျောက်သွားကာ အနက်ဝတ်လူသည် ရှီမာယူူယူအကြောင်းရလိုက်သည့် သတင်းကို စဉ်းစားနေသည်။ ဒီလူသည် ဆူးငြောင့်ဖြစ်သည်ဟု သူခံစားနေရသည်။
သူသည် ထိုအဆိပ်အမျိုးအစားကိုဖော်စပ်နိုင်သည်မှာ သာမာန်လူ မလုပ်နိုင်သော အရာဖြစ်သည်။
“ဘယ်သူလဲ”
သူသည် တစ်စုံတစ်ယောက်၏ ရောင်ဝါကိုခံစားမိသဖြင့် လှည့်လိုက်ချိန် တွင် အရိပ်သုံးခုသည် ကြီးမားသောအကွယ်နောက်မှ ပျံထွက်လာသည်ကို မြင်လိုက်ရသည်။
သူသည် ဝမ်စီမြောင်ကို သိလိုက်သော်လည်း ကျန်နှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့က ဒီလောက်နီးနီးလေးမှာရှိတာ သူတကယ်ပဲ မသိခဲ့ တာလား။
သူတို့သုံးယောက်သည် အလွန်လျင်မြန်ကာ မျက်စိတစ်မှိတ်အတွင်း သူ့ ဘေးတွင် ဆင်းသက်လိုက်ကြသည်။ သူသည် သုံးယောက်၏ ဝိုင်းခြင်းကိုခံ လိုက်ရသည်။
“ဝမ်စီမြောင်” ထိုလူသည် ဝမ်စီမြောင်ကိုကြည့်လိုက်သည်။ သူ့ကိုတွေ့ သွားသည်ကို အများကြီးမစဉ်းစားတော့ပေ။
“မင်းဘယ်သူလဲ” ဝမ်စီမြောင်သည် သူ့ကိုကြည့်လိုက်ရာ အနက်ဝတ်လူ သည် လုံအောင်ဖုံးလိုက်သဖြင့် သူ့ကိုလုံးဝမသိနိုင်ပေ။
“ဟီးဟီး… ငါဘယ်သူလဲဆိုတာကို သိဖို့ မင်းအဆင့်မမှီဘူး” အနက်ဝတ် လူပြောလိုက်သည် “အဲလူတွေက တကယ်ပဲမင်းကိုသတ်တာ ရှုံးနိမ့်မယ်လို့ မထင်ထားဘူး၊ အခုတော့ မင်းက ငါ့ရှေ့မှာလာရပ်နေတာပဲ”
“အဲတော့ မင်းက ငါ့ကိုသတ်ဖို့လူလွှတ်လိုက်တဲ့သူပေါ့” ဝမ်စီမြောင် ပြောလိုက်သည် “ဒါပေမဲ့ သူတို့ငါ့ကိုမသတ်နိုင်ဘူးလေ၊ အဲ့အပြင်ကို သူတို့ကို သေတွင်းပို့ပေးလိုက်တယ်၊ သူတို့ဆီက မင်းဘယ်သူလဲဆိုတာကို မသိလိုက် ရတာတော့ နှမြောဖို့ကောင်းသား”
“သူတို့က ငါ့လူတွေပဲ သူတို့ဆီက ငါ့သရုပ်မှန်ကို ဘယ်လိုလုပ်သိနိုင်မှာ လဲ” ထိုလူပြောလေသည် “သူတို့က မင်းသတ်တာခံလိုက်ရတော့ မင်းက ငါ့ လက်ထဲမှာသေမှာပဲ”
“ယူယူ ခုနက သူတို့က ယူယူ့ကိုသတ်မယ်လို့ ပြောနေကြတာမလား” ရှောင်ချီသည် လက်နှစ်ဖက်လုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အနက်ဝတ် လူကို လူသတ်မည့်အကြည့်ဖြင့် ကြည့်လိုက်သည် “ဟင်း မင်း ဝမ်စီမြောင်ကို သတ်ချင်တာက ရတယ်၊ ဒါပေမဲ့ မင်းကယူယူ့ကိုသတ်ဖို့ စဉ်းစားရဲတယ် ဟုတ်လား၊ ဒီနေ့ မင်းကိုသေအောင်ရိုက်နိုင်မလားကြည့်ကြတာပေါ့”
“….”
ဝမ်စီမြောင်သည် ဆွံ့အသွားသည်။ သူမဆိုလိုတာက သူ့ကိုသတ်လို့ ရတယ် ယူယူ့ကိုတော့ သတ်လို့မရဘူးပေါ့…
“ယူယူ… မင်းကရှီမာယူယူလား” အနက်ဝတ်လူသည် ချက်ချင်းပင် ရှီမာယူယူကို မှတ်မိလေသည်။ “ဟင်း သူက ငါ့ကိုဒီမှာလာရှာမယ်ဆိုတာကို မင်းတို့သိပြီးသားပဲ ဟုတ်တယ်မလား ငါပြောလိုက်မယ် မင်းတို့က တကယ် သတ္တိရှိတာပဲ”
“မင်းရဲ့ သတ္တိကလည်းမသေးဘူးပဲ၊ မဟုတ်ရင် ငါတို့မင်းကို မိနိုင် လောက်တဲ့နေရာမှာ မင်းထွက်မလာဘူး၊ မင်းလာရာလမ်းကို ကျိုးကျိုးနွံနွံနဲ့ ပြန်တာကောင်းမယ်၊ ငါတို့သေလမ်းကိုဖြောင့်ဖြောင့်ပို့ပေးနိုင်တယ်” ရှောင်ချီ သည် မေးမော့လိုက်သည်။
ရှီမာယူယူသည် နှဖူးတွင် အရေတွန့်သွားသလိုခံစားရလေသည်။ သူမ ဒီလိုမကောင်းတဲ့အရာတွေကို ဘယ်တုန်းကသင်လိုက်တာလဲ။
“ဟားဟားဟား…” အနက်ဝတ်လူ၏ ကွဲအက်သောအသံသည် သက် တောင့်သက်သာမဖြစ်စေပေ။ နှလုံး အသည်းများကို ကြိတ်လိုက်သလိုပင်။
“ငါက ကိုယ်တိုင်လှုပ်ရှားခဲပေမယ့် မင်းကငါနဲ့တွေ့ပြီးမှတော့ မစ်ရှင် တစ်ခုလိုလုပ်ရတော့မှာပေါ့၊ ငါဝမ်စီမြောင်ကိုသတ်ပြီးရင် မင်းတို့နှစ်ယောက် လုံးကိုသတ်ပေးမယ်”
“ဒါဆိုလည်း မင်းမှာအရည်အချင်းရှိမရှိကို ကြည့်ကြတာပေါ့” ရှောင်ချီ သည် အင်္ကျိလက်ကိုဆွဲပြီး လက်သီးတစ်ချက်ပျံဝဲလိုက်သည်။
ရှီမာယူယူသည် မထိခိုက်စေရန် ဝမ်စီမြောင်ကိုအနောက်သို့ဆွဲလိုက် သည်။
ရှောင်ချီ၏ အားသည် သာမာန်ထက်ကျော်လွန်သည်။ ဧကရာဇ် အဆင့်မြင့်ဖြစ်သော လေ့ထျန်ခွမ်းပင်လျှင် တစ်ချက်တည်းနှင့် အသက်ထွက် သွားသည်။ သို့သော် အနက်ဝတ်လူသည် သူမနှင့် အချိန်အတော်ကြာတိုက် ခိုက်လိမ့်မည်ဟု မထင်ထားမိပေ။
“ဒီလူက သန်မာတာပဲ၊ အဲဒါကြောင့် ဂိုဏ်းနယ်မြေမှာ သွားချင်သလို သွားလို့ရနေတာ” ရှီမာယူယူ ပြောလိုက်သည။
ပန်ကျးနန်နှင့် အဆက်အသွယ်ရှိနေသော လူသည် အပြင်သို့ မထွက်ရဲ ပေ။ သူသည် မထွက်လာဘဲ တောင်တွင်ပုန်းနေခဲ့သည်။
“သူက ဂိုဏ်းမြေနဲ့ တရင်းတနှီးရှိလို့ လျှောက်သွားရဲတာဖြစ်လောက် တယ်၊ သူက ပေါ်သွားမှာကို မစိုးရိမ်ဘူးပဲ”
“သူက ဂိုဏ်းရဲ့ ဆရာတစ်ယောက်ဖြစ်နိုင်တယ်လို့ ထင်လား” ရှီမာယူယူ မေးလိုက်သည်။
“ငါခန့်မှန်းမိတာပဲရှိတာ”
“ဂိုဏ်းရဲ့ဆရာတစ်ယောက်က ဘာလို့အဲလိုလုပ်ရမှာလဲ၊ ကျောင်းသား တွေကို သတ်မှာလား၊ ခင်ဗျား သူတို့ကိုပြောရင်တောင် ဘယ်သူမှယုံမှာ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “တကယ်သာဆိုရင်လည်း အပြင်လူ တွေအဲလောက်အများကြီး ဘယ်လိုဝင်လာလဲ ဂိုဏ်းကအဲလောက်မနိမ့်ဘူး မလား”
“နိမ့်တယ်ဟုတ်လား”
“အားနည်းတဲ့ ကြက်ပေါက်လေး” ရှီမာယူယူ စကားပြောင်းပြောလိုက် သည်။
“အားနည်းတဲ့ကြက်ပေါက်ဟုတ်လား အဲဒါဘာလဲ”
“ဂိုဏ်းကတကယ် ဆိုးတာပဲလို့ အားနည်းတယ်၊ အဲဒါကြောင့် အပြင်လူ တွေဂိုဏ်းကို ဝင်လာနိုင်တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“မဟုတ်သေးပါဘူး ဂိုဏ်းကအဲလောက်မနိမ့်ပါဘူး” ဝမ်စီမြောင်သည် စကားလုံးအသစ်ကို သင်လိုက်ရပြီ “ဂိုဏ်းကဘယ်လောက် အားကောင်းလဲ ဆိုတာ ငါမမြင်ဖူးပေမယ့် ဂိုဏ်းမှာ အားကောင်းတဲ့အကာအကွယ်တွေ အများ ကြီးရှိတယ်လို့ ငါအရင်ကကြားဖူးတယ်၊ လူတိုင်းဝင်နိုင်တာမဟုတ်ဘူး”
“ဒါဆို ဖန်မျိုးနွယ်ကအဲလူကဘာလဲ”
“သူကတော့ ချွင်းချက်ပဲ”
ဒါရိုက်တာမုန့်၏ ခန္ဓာကိုယ်သည် သူတို့ဘေးတွင် ရုတ်တရက် ရောက် ရာ သူတို့အံ့သြသွားကြသည်။
“ဒါရိုက်တာမုန့် ဒီကိုဘာလာလုပ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မင်းတို့က ဒီလောက်ကြီးတဲ့လှုပ်ရှားမှုလုပ်မှတော့ ဘယ်လိုလုပ် ငါက မရောက်လာပဲနေမလဲ” မုန့်ဆန်းချွယ် ပြောလိုက်သည် “ဒီလူက ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတာ၊ မင်းတို့ သူ့ကိုဘယ်လိုတွေ့တာလဲ”
“ကျွန်တော်တို့ ပန်ကျားနန်နောက်လိုက်လာတာ၊ သူက ဒီလူနဲ့ အဆက် အသွယ်ရှိတယ်၊ သူ့နောက်လိုက်တော့ ဒီလူနဲ့တွေ့တာပဲ” ဝမ်စီမြောင်ရှင်းပြ လေသည်။
“ဒါရိုက်တာမုန့် သူ့ကိုသိလား” ရှီမာယူယူ မေးလိုက်သည်။
“သိတယ် သူ့ကိုတင်မဟုတ်ဘူး မင်းတို့ ခုနကပြောတဲ့သူတွေလည်း သိ တယ်၊ သူ့လို ဂိုဏ်းနယ်မြေမှာ ပုန်းနေတဲ့ တခြားသူတွေလည်းရှိသေးတယ်” မုန့်ဆန်းချွယ် ပြောလိုက်သည်။
“ဂိုဏ်းကသိမှတော့ ဘာလို့ဘာမှမလုပ်တာလဲ” သူမ နားမလည်ပေ။
“ဒါက အခုကိုလုပ်ပြီးပြီမဟုတ်ဘူးလား” မုန့်ဆန်းချွယ် ပြောလိုက်သည် “အိုးကိုမွှေမှ အောက်မှာအနည်ထိုင်နေတာတွေက အပေါ်ကိုတက်လာမှာ”
“ရှောင်ချီလား အဲဒါကြောင့် ဆရာကရှောင်ချီ့ကိုပြိုင်ပွဲ ဝင်ပြိုင်ခိုင်းတာ ကိုး အဲလူတွေလှုပ်ရှားလာအောင်လို့” သူမသည် ရှောင်ချီအကြောင်းတွေး ကာ သူ့အား ပဟေဠိဆန်စွာကြည့်လိုက်သည်။
“ဟီးဟီး အဲလိုပဲပေါ့” မုန့်ဆန်းချွယ် ပြောလိုက်သည်။
ရှောင်ချီသည် ဘေးမှ သူတို့စကားများကိုနားထောင်ပြီးနောက် ဒေါသ ထွက်သဖြင့် ခြေဆောင့်လုနီးပါးဖြစ်သွားသည်။
“အဘိုးကြီးမုန့်၊ ငါ့ကိုဒီအထိလာပြီး နောက်ရဲသေးတယ်” သူမ အော် လိုက်သည်။
“ဘယ်သူက ပျော်နေလို့လဲ၊ ငါဒီကို အလောတကြီးလာခဲ့တာပဲ” မုန့်ဆန်းချွယ် ပြောလိုက်သည်။
“ဒါဆို ဘာလို့အဲလူကိုအခုထိ မချတာလဲ”
“မင်းလုပ်နိုင်မယ်လို့ငါယုံတယ်” မုန့်ဆန်းချွယ်သည် သူမအား ပြုံးရင်း နှင့် ပြောလိုက်သည် “မင်းတကယ်မလုပ်နိုင်ရင် ငါမင်းကိုခေါ်သွားမှာ”
အနက်ဝတ်လူသည် မုန့်ဆန်းချွယ်ပေါ်လာသည်ကို မြင်သောအခါ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူက ဘယ်လိုလုပ် ဒီလောက် မြန်မြန်ရောက်လာတာလဲ။ သူဒီကိုရောက်နေမှတော့ ဂိုဏ်းရဲ့ကျန်တဲ့ ကျွမ်းကျင်သူတွေကရော။
မဖြစ်တော့ဘူး… သူပြေးမှဖြစ်မယ်…
သူဘာစဉ်းစားနေသလဲဆိုသည်ကို ရှောင်ချီခံစားမိသဖြင့် သူ့ လက်မောင်းကိုဆွဲကာ ပြောလိုက်သည် “ငါမင်းရဲ့ ပုံစံအမှန်ကိုတောင်မမြင်ရ သေးတာ ဘာလို့ဒီလောက်မြန်မြန်သွားချင်နေတာလဲ၊ မင်းကိုဒီအတိုင်းထွက် သွားခွင့်ပေးလိုက်ရင် ငါကယောင်ချာချာမဖြစ်သွားဘူးလား”
သူ ဆုပ်ကိုင်ခြင်းခံလိုက်ရသည်နှင့် အလိုလို ခုခံသော်လည်း အချည်း အနှီးပင်။ သူသည် မုန့်ဆန်းချွယ်ရှေ့တွင် လှဲကျသွားသည်။
“စိတ်အားထက်သန်လိုက်တာ” မုန့်ဆန်းချွယ်သည် ကြိုးတစ်ချောင်း ထုတ်ကာ ပစ်ပြီး သူ့အားတင်းကြပ်စွာတုပ်ရန် ကြိုးစားလေသည်။
“ရွှီး”
ကြိုးသည် အသက်ဝင်နေကာ သူမလှုပ်နိုင်လောက်အောင် တင်းကြပ် စွာ ချည်တုပ်လေသည်။ သူသည် ဆန်ဖက်ထုတ်ကဲ့သို့ပင် ချည်နှောင်ခံရကာ လေထဲမှ မြေပေါ်သို့ကျလေသည်။
“လာခဲ့ ကြည့်၇အောင်၊ မင်းကဘယ်သူမို့လို့ ဂိုဏ်းမှာပုန်းပြီး ငါ့ ကျောင်းသားတွေကို သတ်ဖို့လုပ်နိုင်တဲ့အရည်အချင်းရှိနေရတာလဲ” မုန့်ဆန်းချွယ် လျှောက်လာကာ ပြောလိုက်သည်။
ရှီမာယူယူသည် သူ၏သရုပ်မှန်ကိုသိချင်သဖြင့် ဒါရိုက်တာမုန့်နောက်မှ လိုက်ခဲ့လိုက်သည်။
မုန့်ဆန်းချွယ်သည် သူ့ဆီလျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက် သည်။ သူသည် လက်ဆန့်ထုတ်ကာ သူ၏ဝတ်ရုံကိုဆွဲချွတ်လိုက်သည်။
“မင်းလား” မုန့်ဆန်းချွယ်သည် တအံ့တသြဖြင့်အော်လေသည်။
ရှီမာယူယူ အပြေးသွားကာ ကြည့်လိုက်သည်။ သူမသည် ထိုလူအား ညွှန်ပြရင်း မှင်တက်မိကာ ပြောလိုက်သည် “ဒါက….”
“မဟုတ်ဘူး” မုန့်ဆန်းချွယ်သည် သူမ မည်သူ့ကိုပြောသည်ကို သိ သည်။ တခြားသူတွေနှင့်အဆက်အသွယ်ရှိသည်ကို ထွက်မလာခင် သူငြင်း လိုက်သည်။
ရှီမာယူယူသည် မုန့်ဆန်းချွယ်အား သံသယဖြင့်ကြည့်လိုက်သည်။ ဒီ မျက်နှာအိုကြီးက အပြင်စာကြည့်တိုက်က ရေကြက်အိုကြီးပဲမလား။ မုန့်ဆန်းချွယ်က ဘာလို့မဟုတ်ဘူးလို့ ပြောရတာလဲ။
***