တောင်အနက်ဘက်ရှိအိမ်ပျံ
Vol. 009 Ch. 875
ရှီမာယူယူ သူ့ကိုသိလိုက်သေ်ာလည်း သူသည် သူမအားကို မှတ်မိ သည့်ပုံမပေါ်ပေ။ သူသည် ရှီမာယူယူအား သူစိမ်းတစ်ယောက်လိုကြည့်နေ သည်။
ထိုသည်မှာ… သူသည် သူမကိုတစ်ခါမှမမြင်ဖူးသည့်ပုံပင်။
တစ်ခုခုပဲ…
သူမသည် စာအုပ်ငှားရန်မကြာခဏသွားခဲ့ကာ ထိုအဘိုးကြီးနှင့် ရင်းနှီး သည်ဟု သတ်မှတ်ခဲ့သည်။ သူက ဘယ်လိုလုပ်သူမကိုမေ့သွားတာလဲ။ ဒါက ဝိဉာဉ်သခင်တစ်ယောက်အနေနဲ့ မဖြစ်သင့်တာပဲ။
သူ သူငယ်ပြန်တာမဟုတ်ရင်တော့ အရင်ကကိစ္စတွေကို မေ့သွားစရာ အကြောင်းမရှိဘူး။
ဒါပေမဲ့ ဝိဉာဉ်သခင်တစ်ယောက်က သူငယ်ပြန်တတ်လား။
“သူမဟုတ်ဘူး” ရှောင်ချီသည် ရှီမာယူယူ၏အတွေးကိုသိသဖြင့် “ရှောင်ချီအဲအဘိုးကြီးကို အရင်ကတွေ့ဖူးတယ်၊ သူူက အပြင်စာကြည့်တိုက် ကနေဘယ်တုန်းကမှထွက်မလာဘူး သူတို့ရောင်ဝါတွေလည်းမတူကြဘူး”
အဲတော့ သူတို့က ရုပ်ပဲတူတာလးာ။
အဲအဘိုးကြီးမှာ အမွှာရှိတာလား။
ခဏအကြာတွင် ဖန်လိုင်ရောက်လာကာ မြေပေါ်တွင်ချည်နှောင်ခံထား ရသော လူအားမြင်သောအခါ အလွန်ရှုပ်ထွေးသွားသည်။ သူ မုန့်ဆန်းချွယ် ဆီလျှောက်လာပြီး နှစ်ယောက်သားတီးတိုးပြောပြီးနောက်တွင် ထွက်သွား လေသည်။
ထူးဆန်းတယ်…
ဂိုဏ်းထဲမှာ ပျက်စီးနေတဲ့လူတစ်ယောက်ကို ဖမ်းမိပြီးတဲ့နောက် မုန့်ဆန်းချွယ်နဲ့ သူနဲ့က ဖြေရှင်းရမှာမဟုတ်ဘူးလား။ သူတို့က မြေပေါ်မှာလဲ နေတဲ့လူကို လျစ်လျူရှုပြီး ဘေးမှာသွားစကားပြောနေသေးတယ်။
သူတို့က ဒီလူကို တကယ်ပဲသိတဲ့ပုံပဲ။
နောက်တစ်ခဏကြာသွားသည်။ လေဟာနယ်တွင် လှုပ်ရှားမှုတချို့ဖြစ် သဖြင့် ရှီမာယူယူ ကြည့်လိုက်သည်။ လေဟာပြင်ဝင်ပေါက်ပွင့်လာသည်ကို သူမ တွေ့လိုက်ရပြီး အဘိုးကြီးတစ်ယောက် ထွက်လာသည်။
ထိုအဘိုးကြီးသည် စာကြည့်တိုက်မှ အဘိုးကြီးဖြစ်သည်။
“အကြီးအကဲလီ” မုန့်ဆန်းချွယ်နှင့် ဖန်လိုင်တို့သည် သူ့ကိုအရိုအသေ ပေးကြလေသည်။ ဂျူနီယာများမှ စီနီယာတစ်ယောက်ကို အရိုအသေပေး သကဲ့သို့ပင်။
လီလောင်သည် သူတို့ကိုခေါင်းညိမ့်ပြလိုက်သည်။ သူသည် မြေပေါ် တွင် လဲနေသော လူကိုလျစ်လျူရှုပြီး ရှီမာယူယူကိုကြည့်လိုက်သည်။
မုန့်ဆန်းချွယ်နှင့် တခြားသူများသည် သူ့ကိုနှုတ်ဆက်ပြီးဖြစ်သဖြင့် သူ တို့သုံေးယာက်သည် သူ့ကိုကျိုးနွံစွာ နှုတ်ဆက်လိုက်ကြသည်။
“အကြီးအကဲလီ”
“မဆိုးဘူး” အကြီးအကဲလီသည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမ သည် အချိန်တိုအတွင်းတွင် ဒီလောက်တိုးတက်လာခဲ့ရာ ပျိုးချမှုကောင်း သည်။
“အပြင်ကိစ္စတွေကိုဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီး အကဲလီ” ရှီမာယူယူ ပြောလိုက်သည်။
သူမ စာအုပ်ငှားရန်သွားခဲ့စဉ်က သူသည် သူမနှင့် ကြုံရင်ကြုံသလို စကားပြောလေ့ရှိကာ အကြံပေးလေ့ရှိသည်။ နောက်တော့ သူမ ရှီမန်ဖန်၏ ကိစ္စများနှင့် အလုပ်များနေရာ စာကြည့်တိုက်မသွားဖြစ်တော့ပေ။
သူ့ကိုဒီနေ့တွေ့ရလိမ့်မည်ဟု သူမ မထင်ထားပေ။
“မင်းကိုဂရုစိုက်ပေးတယ်လို့ငါမပြောပါဘူး ငါက မင်းနဲ့ ကြုံလို့စကား ပြောတာပါ နောက်ကျ ဒီအဘိုးကြီးဆီမလာတော့တာတော့ နှမြောစရာ ကောင်းတယ်” ဆရာလော့သည် သက်ပြင်းချပြီးပြောလေသည်။
ဒီနှစ်များတွင် သူသဘောကျသော လူငယ်များရှာခြင်းမှာ မလွယ်ကူခဲ့ ပေ။
“မင်းအခုတလော ဘယ်လိုနေလဲ” သူ မေးလိုက်သည်။
ရှီမာယူယူ ပြန်ဖြေတော့မည်အလုပ်တွင်….
“အကြီးအကဲလီ သူ…” ဖန်လိုင်သည် မြေပေါ်တွင်လဲနေသော လူကို ကြည့်ပြီး သတိပေးလိုက်သည်။
အကြီးအကဲလီက ဘာဖြစ်တာလဲ။ ဒါကိုအရင်ဖြေရှင်းရမှာမဟုတ်ဘူး လား။ ဒီအချိန်ကြီးမှာ ဘာလို့ ရှီမာယူယူနဲ့ အလ္လဘသလ္လဘပြောတာလဲ။
အကြီးအကဲလီသည် ဖန်လီအားကြည့်လိုက်ရာ သူစိတ်ရှားနေသည်ကို မြင်သည်နှင့် ပြောလိုက်သည် “ကောင်းပြီ ငါတို့ပြန်မှ ဒီကလေးနဲ့ စကားပြော တော့မယ် ဒါကိုအရင်ရှင်းလိုက်မယ်”
ပြောပြီးနောက်တွင် သူသည် ထိုလူရှေ့သို့လျှောက်သွားလိုက်သည်။
မြေပေါ်မှလူသည် အကြီးအကဲလီလာသည်ကိုတွေ့သည်နှင့် အမူအရာ ပြောင်းကာ ဖြူဖျော့သွားလေသည်။ သူသည် သူ့ရှေ့ရပ်သည်ကို တွေ့သည်နှင့် အဆက်မပြတ်တုန်ယင်သွားသည်။
“လီဂျူ သွား” သူသည် အကြီးအကဲလီကိုအော်လိုက်သည်။
အကြီးအကဲလီသည် သူ့ဆီလျှောက်သွားပြီးနောက် ရပ်ရုံသာရပ်ပြီး သူ တုန်ယင်နေသည်ကို တွေ့လိုက်သည်။ “လီရင်း မင်းအသက်ရှင်သေးတာပဲ”
လီရင်းသည် စကားကိုဆက်မပြောချင်သည့် သဘောနှင့် ခေါင်းလှည့် လိုက်သည်။
“မင်းသေသွားပြီလို့ ငါတစ်ချိန်လုံးထင်နေခဲ့တာ၊ မင်းက အသက်ရှင်နေ ရုံတင်မကပဲ ဂိုဏ်းမှာကိုယ်ယောင်ဖျောက်ပြီး လူသတ်ဂိုဏ်းကိုတောင် ထောင်သေးတယ် ကျောင်းသားတွေကိုဂိုဏ်းကိုဝင်ဖို့ဆော်သြပြီး သူတို့ အသွေးအသားကို တူးဆွနေတာပဲ” လီဂျူ ပြောလိုက်သည်။
“မင်းဘယ်လိုသိတာလဲ”
“ငါတို့က အမွှာတွေပဲလေ မင်းဘာပဲလုပ်လုပ် ငါကြည့်တာနဲ့သိတယ်” လီဂျူ ပြောလိုက်သည် “မုန့်လေးနဲ့ တခြားကလေးတွေက မင်းကို သေချာ မဖြေရှင်းနိုင်ဘူး အဲဒါကြောင့် ငါ့ကိုခေါ်လိုက်ကြတာ၊ မင်း တစ်ရက်တော့ ဖမ်း မိမယ်ဆိုတာ မင်းသိပြီးသားပဲ”
အကြီးအကဲလီ၏ အသံမှာ တိုးညင်းသည်။ အလောတကြီးမရှိသလို စိတ်လှုပ်ရှားခြင်းလည်းမရှိပေ။ သို့သော် သူ့စကားလုံးများမှာ ပြတ်သားသည်။
သို့သော် ရှီမာယူယူနှင့် တခြားသူများသည် ရယ်ချင်သွားသည်။
ကျောင်းသားများသည် မုန့်ဆန်းချွယ်ကို တလေးတစားဖြင့် ဒါရိုက်တာ မုန့်ဟု ခေါ်ကြကာ ဖန်လိုင်နှင့်တခြားသူများသည် သူသည် အသက်ကြီး သဖြင့်သူ့ကိုအဘိုးမုန့်ဟု ခေါ်ကြသည်။ သို့သော် တစ်စုံတစ်ယောက်က သူ့ ကို တကယ်ပဲ မုန့်လေးလို့ခေါ်လိုက်တယ်။
မုန့်လေး…
သူ့ကိုအမည်တပ်လိုက်သည်ကို သူမတွေးမိသောအခါ ရယ်ချင်မိသွား သည်။
မုန့်ဆန်းချွယ်သည် သူတို့သုံးယောက်ကိုကြည့်လိုက်ရာ သူတို့သည် ချက်ချင်းပင်မျက်နှာပိုးသတ်လိုက်ကြသည်။
“မင်းတို့အရင်ပြန်သင့်တယ်၊ ငါတို့လုပ်စရာရှိတာတွေလုပ်မယ်” လီဂျူ ပြောလိုက်သည် “ငါတို့က ညီအစ်ကိုသံယောဇဉ်ပြတ်တာအတော်ကြာပြီ မင်း တို့ ငါ့ကိုစိုးရိမ်စရာမလိုဘူး”
“ဟုတ်ကဲ့ပါ အကြီးအကဲလီ” မုန့်ဆန်းချွယ် ပြန်ဖြေလေသည်။
“အကြီးအကဲလီ ကျွန်တော်တို့နဲ့ မလိုက်ဘူးလား” ဖန်လိုင် မေးလိုက် သည်။
အကြီးအကဲလီသည် သူတို့နောက်မှ တောင်များကိုကြည့်ပြီး ပြော လိုက်သည် “အဲအထဲမှာအိမ်ပျံတွေရှိနေသေးတယ် ဒါပေမဲ့ သူတို့က အပြင် ရောက်နေတယ်ဆိုတော့ မင်းတို့သွားကြည့်လိုက်ကြ၊ မဟုတ်ရင် အဲအဘိုး ကြီးတွေပြန်လာရင် မင်းတို့ကိုသေချာဂရုမစိုက်ဘူးလို့ သူတို့ပြောလိမ့်မယ်”
အကြီးအကဲလီပြောသော ထိုအဘိုးကြီးများဆိုသည်မှာ ကျောင်းအုပ် များကို ရည်ညွှန်းခြင်းမဟုတ်သည်မှာ သေချာနေသည်။
“အကြီးအကဲလီတို့က အဲဒါကိုသိတာကြာပြီလား” ရှီမာယူယူသည် မဝံ့မရဲမေးလေသည်။
“သိတယ်” လီဂျူ ပြောလိုက်သည် “ဒါပေမဲ့ အဲဒါကအိမ်ပျံတွေပဲကို ဘာမှမလုပ်နိုင်ဘူး အဲဒါကြောင့် ငါတို့သူတို့ကိုလွှတ်ထားပြီး ဂရုမစိုက်ခဲ့တာ၊ အဲလူတွေ ဒီလောက်ကြာအောင်ဘာလှုပ်ရှားမှုမှမလုပ်တာကို ဘယ်သူသိ မလဲ”
“ငါတို့ သူတို့အကုန်ထွက်လာအောင်ဆွဲမရသေးဘူး အစတုန်းက သူတို့ အားလုံးကိုမှိုင်းတိုက်ပြီးတော့ တစ်ချိန်တည်းရှင်းပစ်မလို့” မုန့်ဆန်းချွယ် ပြော လိုက်သည်။
“ဒီလောက်နှစ်တွေကြာနေပြီ… ငါတို့အဲလူတွေကို သေချာသင်ခန်းစာ ပေးသင့်နေပြီ၊ ဒီနှစ်တွေမှာ မင်းတို့ကိုအလျော့ပေးလွန်းနေပြီ မင်းတို့ကတော့ ဂိုဏ်းမှာ အများကြီးရှုပ်ထားပြီးပြီ” လီဂျူ ပြောလိုက်သည် “ငါ အပြင်မသွားလို့ ဘာမှမသိဘူးလို့မထင်နဲ့”
အပြစ်တင်ပြီးနောက်တွင် မုန့်ဆန်းချွယ်နှင့်ဖန်လိုင်တို့သည် ခေါင်းငုံ့ သွားကြသည်။
“ငါပြန်လာတာနဲ့ ဒါကိုဆက်မယ်” လီဂျူသည်လည်း လူငယ်မျိုးဆက် များရှေ့တွင် သူတို့ကို အရှက်ရအောင်မလုပ်ချင်ပေ။ “ဖန်လေး လီရင်းကို ပြန် ခေါ်သွားပြီး သူ့ကိုစောင့်ကြည့်ထား မုန့်လေး ငါ့နောက်လိုက်ခဲ့၊ ငါတို့ အိမ်ပျံ တွေကို သွားကြမည့်မယ် မင်းတို့်ကလေးသုံးယောက် ကိုယ့်ဘာသာပြန်လိုက် ကြတော့”
ပြောပြီးနောက်တွင် သူသည် မုန့်ဆန်းချွယ်နှင့်အတူ တောင်အနောက် ကိုသွြးလေသည်။ ဖန်လိုင်သည် မြေပေါ်မှလူကိုကောက်ပြီးထွက်သွားလေ သည်။ တစ်ချိန်တည်းမှာပင် သူသည် သူတို့သုံးယောက်ကို မြန်မြန်ထွက်သွား ရန် သတိပေးလေသည်။
သူတို့သုံးယောက်သည် အပေါ်ယံသဘောတူလိုက်သည်။ သို့သော် သူတို့ထွက်သွားသည်နှင့် သူတို့သည် ထိုနေရာတွင်သာကျန်ခဲ့လေသည်။
“အကြီးအကဲလီ သူကလွှမ်းမိုးနိုင်လိုက်တာ” ရှီမာယူယူ သက်ပြင်းချ လေသည် “အရင်တုန်းက သူ့ကိုစာကြည့်တိုက်တာဝန်ခံလို့ပဲထင်နေတာ ဒါရိုက်တာမုန့်နဲ့ တခြားသူတွေကတောင် သူ့ကို လေးလေးစားစား ဆက်ဆံ လိမ့်မယ်လို့မထင်မိဘူး”
“သူပြောပုံအရ အဘိုးမုန့်နဲ့ တခြားသူတွေက သူ့အုပ်ထိန်းမှုအောက်မှာ ပဲ သူ့သရုပ်မှန်ကဘာလဲမသိဘူး” ရှောင်ချီ ပြောလိုက်သည်။
“အရင်ဒုကျောင်းအုပ် မျိုးရိုးနာမည်က လီလို့ပြောကြတယ်” ဝမ်စီမြောင် ပြောလိုက်သည်။
“သူဖြစ်မလား” ရှောင်ချီသည် မယုံကြည်စွာပြောလိုက်သည် “အရင် မျိုးဆက်ကအကြီးတွေ မရှိတော့ဘူးလို့ပြောကြတယ်မလား”
“တစ်ယောက် နှစ်ယောက်တော့ကျန်မှာပေါ့…”
“ပန်ကျားနန်နဲ့တွေ့တဲ့လူတော့ မိသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။
“နီရဲပျားတွေသတင်းပို့လာတာလား”
“ဟုတ်တယ်”
“အကြီးအကဲလီက တခြားသူတွေအကြောင်း တကယ်သိတဲ့ပုံပဲ” ရှောင်ချီ ပြောလိုက်သည် “ဒါဆို သူ လီရင်းအကြောင်းလည်းသိမှာပဲ”
“မသိတာလည်းဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “လီရင်းနဲ့ အကြီးအကဲလီတို့က အမွှာတွေ အဲဒါကြောင့် သူကောင်းကောင်းသိမှာပဲ၊ သူ့ညီအကြောင်းဘယ်လောက်သိလဲဆိုတာကြည့်ရင် သိဖို့ကမခက်ဘူးပဲ”
“အမှန်ပဲ” ရှောင်ချီခေါင်းညိမ့်လိုက်သည်။ သူမ ပြုံးလိုက်သည် “အဘိုးကြီးမုန့်နဲ့ တခြားသူတွေတော့ ဒုက္ခရောက်ပြီ၊ အကြီးအကဲလီက သူတို့ ကိုရှင်းမယ်လို့ပြောသွားတယ် သူတို့ရှေ့နေ့ရက်တွေကတော့ မကောင်းတော့ ဘူး ဟားဟားဟား”
“တကယ်ကိုအူမြူးနေပါလား” ရှီမာယူယူသည် သူမခေါင်းကိုရိုက်လိုက် သည်။ သူမသည် မုန့်ဆန်းချွယ်နှင့် တခြားသူများ အဆုံးသတ်မည်ကို ကြည့်ရ မည်ကို အနည်းငယ်စိတ်လှုပ်ရှားနေသည်။
**