← Chapters

မှော်ဝိဇ္ဇာ

Vol. 014 Ch. 1378

မှော်ဝိဇ္ဇာ

Vol. 014 Ch. 1378

နတ်ဆိုးမြို့ဟောင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆိုးနယ်မြေအလယ်တွင် တည်ရှိသည်။ ဤနယ်မြေသည် အဆုံးမဲ့ ကျယ်ပြောလှသည်။ အင်အားစုများက ရှုပ်ထွေးသည်။ ထို့အပြင် နတ်ဆိုးဘုံတွင် ပြဿနာအများဆုံး နေရာဟု ကျော်ကြားသည်။

နတ်ဆိုးဘုံတွင် လူအများဆုံး နေရာလည်း ဖြစ်သည်။ ထိပ်တန်းနတ်ဆိုးကလန်အများစုသည် ထိုနေရာမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။

ယခုတွင် နတ်ဆိုးမြို့ဟောင်းမှ ထူးခြားသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

သတင်းကား နတ်ဆိုးမြို့ဟောင်း မြောက်ဘက်ရှိ နတ်ဆိုးဘုံ၏ မူလအစနယ်မြေ တောင်တန်းတွင် လူသားတန်ခိုးရှင်များ ထွက်ပေါ်လာသည်ဟူ၍ ဖြစ်သည်။

ထို့အပြင် ထိုသူသည် ကောင်းကင်အာဏာစက်ဘုံ ကောင်းကင်လမ်းစဉ်နှင့် နီးစပ်ခဲ့ပြီး လူသားလောကတွင် ကျော်ကြားသည့် ဂူထျန်းရှင်း ဖြစ်သည်ဟု ပြောကြသည်။

နတ်ဆိုးဘုံ၏ မူလနယ်မြေအကြောင်း ကောလာဟလများစွာ ရှိပေသည်။ ပြောကြသည်မှာ ထိုနေရာသည် တစ်ချိန်က နတ်ဆိုးအရှင်သခင် နေထိုင်ရာ ဖြစ်ခဲ့သည်ဟု ဆိုသည်။ ကောင်းကင်လမ်းစဉ် တိုက်ပွဲနောက်ပိုင်းတွင် နတ်ဆိုးအရှင်သခင်က သေဆုံးသွားခဲ့ပြီး သူ၏ သွေးများက မြစ်အဖြစ်ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်က မြေပြင်ဖြစ်သွားခဲ့ပြီး အရိုးများကတော့ မူလတောင်တန်းတွင် နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။

ထို့နောက်တွင် နတ်ဆိုးဘုံ၏ မရေတွက်နိုင်သည့် အစွမ်းထက် ဘိုးဘေးများက မူလတောင်တန်းမှ ထွက်ပေါ်လာခဲ့ကြသည်။

နောက်ထပ် ကောလာဟလများမှာ လူသားများနှင့် နတ်ဆိုးသားရဲများကြားမှ တိုက်ပွဲများစွာသည် မူလတောင်တန်းတွင် ဖြစ်ပွားခဲ့ကြပြီး မရေတွက်နိုင်သည့် ရန်ဟောင်များနှင့် နတ်ဆိုးအင်ပါယာများ၏ အရိုးများက ထိုနေရာတွင် မြှုပ်နှံခဲ့ရသည်ဟု ဆိုသည်။ ယနေ့ထိတိုင် မရေတွက်နိုင်သော လူသားများနှင့် နတ်ဆိုးသားရဲများ၏လိပ်ပြာဝိညာဉ်များသည် ထိုနေရာတွင် ကျန်ရှိနေသေးပြီး မူလတောင်တန်းကို ချိပ်ပိတ်ကာ တားမြစ်နယ်မြေအဖြစ် ပြုလုပ်ထားသည်။

နတ်ဆိုးဘုံမှ မည်မျှ အစွမ်းထက်သည့် ပုဂ္ဂိုလ်ဖြစ်စေ မူလတောင်တန်း အတွင်းပိုင်းသို့ မည်သူတစ်ဦးတစ်ယောက်မှ ခြေချနိုင်ခြင်းမရှိပေ။

သို့သော် ယခုတွင် ဂူထျန်းရှင်း၏ သတင်း ထွက်ပေါ်လာသည့်အတွက် နတ်ဆိုးဘုံသည် မူလတောင်တန်းပေါ်သို့ စတင်၍ အာရုံစိုက်လာကြသည်။

ပြောကြသည်မှာ နတ်ဆိုးဘုံ၏ နာမည်ကြီးများနှင့် ထိပ်တန်းနတ်ဆိုးကလန်များအပြင် အရပ်ရပ်မှ အစွမ်းထက် ပုဂ္ဂိုလ်များပင် ဤမြို့သို့ ရောက်ရှိလာကြသည်ဟူ၍ ဖြစ်သည်။

ရုတ်တရက် ရှုပ်ထွေးလှသည့် နတ်ဆိုးမြို့ဟောင်းသည် မုန်တိုင်းဗဟိုချက် ဖြစ်လာပြီး လူတိုင်းသည် ကိစ္စတစ်ခုခု ကြီးကြီးမားမား ဖြစ်လာလိမ့်မည်ဟု နိမိတ်ဖတ်ကြသည်။

ရီဖူရှင်း ကောင်းကင်နတ်ဆိုးမြို့မှ နတ်ဆိုးမြို့ဟောင်းသို့ ရောက်ရှိလာခဲ့သည်မှ ရက်ပေါင်းအတော်ကြာနေပြီ ဖြစ်သည်။ နတ်ဆိုးမြို့ဟောင်းမှ တည်းခိုခန်းများမှာ ဂူကြီးများဖြစ်ကြသည်။ ရီဖူရှင်းတို့ကလည်း နတ်ဆိုးသားရဲများအတိုင်း ထိုနေရာတွင် သွားရောက်တည်းခိုကြရသည်။

ထိုအချိန်တွင် များပြားလှသည့် နတ်ဆိုးသားရဲများသည် ထိုနေရာတွင် ထိုင်ကာ စားသောက်နေကြသည်။ နတ်ဆိုးသားရဲ အမျိုးအစား အားလုံး ရှိနေကြပြီး သူတို့ထဲမှ အချို့သည် ချက်ပြုတ်ပြီးသား အသားကို စားသောက်ကြသော်လည်း အချို့ကတော့ အသားစိမ်းများကို စားကြလေသည်။

ရီဖူရှင်းနှင့် သူ၏ အဖွဲ့သားများသည် အတူတူ ဝိုင်းထိုင်နေကြပြီး နတ်ဆိုးသားရဲများကဲ့သို့ပင် သူတို့အားလုံး ကြမ်းပြင်ပေါ်၌ ထိုင်နေကြ၏။

ထောင်းထျယ့်မင်းသားသည် အများဆုံးစားသောက်သူ ဖြစ်သည်။ သူ့အရှေ့တွင် အရိုးပေါင်းများစွာ စုပုံနေ၏။

ရှားရှင်းယွန်သည် ထိုအရိုးများ မြင်နေရခြင်းကို သည်းခံနိုင်ဟန်မတူတော့။ သူမသည် ရီဖူရှင်း၏ ဘေးတွင် ထိုင်နေကာ စားသောက်လိုစိတ် ပျောက်သွားပုံဖြင့် သူမ၏ခေါင်းအား တစ်ဖက်သို့ လှည့်လိုက်သည်။

ကျူးကျောက် သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ဒါက နတ်ဆိုးလောကပါ။ ဒီအမူအကျင့်တွေကို ရင်းနှီးနေသင့်တယ်”

“သူမ အရင်က နတ်ဆိုးဘုံကို တစ်ခါမှ မရောက်ဖူးဘူးလေ။ သူမမှာ ဒီလို တုံ့ပြန်မှုနည်းနည်း ရှိတာ ပုံမှန်ပါပဲ” ရီဖူရှင်းက ပြောလိုက်သည်။ သူက သိမ်းငှက်နက်နှင့်အတူ အသားကင်နေပြီး သိမ်းငှက်နက်သည် သရေယိုလုနီးပါး ဖြစ်နေလေသည်။

“ဒီလူသားတွေက အသားအရေကောင်းကောင်းနဲ့ နူးညံ့တဲ့ အသွေးအသား ရှိပုံပဲ။ သူတို့က အရသာ ကောင်းကောင်း ရှိရမယ်” အနီးမှ အသံထွက်ပေါ်လာပြီး ရယ်သံများက လိုက်ပါလာသည်။

“အဓိကကတော့ ဒီမိန်းကလေးတွေပဲ။ အဲဒီလူသားမိန်းကလေး တန်ခိုးရှင်က ကောင်းမွန်တဲ့ အသားအရေ ရှိသလို… ဒီဥဒေါင်းမိန်းကလေးရောပဲ…ဟဲဟဲ” နတ်ဆိုးသားရဲကီးတစ်ကောင်က ရှားရှင်းယွန်နှင့် ခွန်ရွှမ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

နတ်ဆိုးမြို့ဟောင်းကဲ့သို့ နေရာမျိုးတွင် လူသားတန်ခိုးရှင်မှာ အနည်းငယ်သာ ရှိတတ်သည်။ ဤလူသားများသည် နတ်ဆိုးသားရဲများနှင့် အတူတကွ ရှိနေကြပြီး ၎င်းက သူတို့၏ သရုပ်မှန်ကို အခြားသူများအား သိရှိလိုစိတ်များဖြစ်လာသည်။

သို့သော် နတ်ဆိုးမြို့ဟောင်း၏ နတ်ဆိုးသားရဲများမှာ ပုံမှန်အားဖြင့် လူသားများကို သဘောမကျတတ်ကြပေ။

“ညီသုံး” ကျူးကျောက် ပြောကာ ထောင်းထျယ့်ကို အချက်ပြလိုက်သည်။ ထောင်းထျယ့်သည် သူ့လက်ထဲမှ အသားကို ချကာ စကားပြောလိုက်သည့် နတ်ဆိုးသားရဲထံသို့ လျှောက်သွားသည်။

“မင်း ဘာလုပ်ချင်လို့လဲ” ထို နတ်ဆိုးသားရဲ၏ မျက်လုံးထဲတွင် အေးစိမ့်သည့် အလင်းဖျော့ဖျော့ လင်းလာ၍ မေးလိုက်သည်။

“ဂါး...” အော်သံက လူတိုင်း၏ နားစည်ကို တုန်ခါသွားစေသည်။ ထောင်းထျယ့်နတ်ဆိုးသားရဲ၏ ပါးစပ်က အလွန်ကျယ်ပြန့်ကြီးမားလာကာ တစ်ဘက်ခြမ်းမှ အရာအားလုံးကို ဝါးမျိုသွားခဲ့သည်။ နတ်ဆိုးသားရဲကြီး၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတို့ ပေါ်ပေါက်လာသည်။

နတ်ဆိုးမြို့ဟောင်းအတွင်းမှ မည်သူ့ကို မဆို သတ်ဖြတ်ပစ်လိုနေသည့် ဤသားရဲက မည်မျှ ရဲတင်းလိုက်သနည်း။

နတ်ဆိုးသားရဲသည် အလွန် ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ သူက ဝါးမျိုခံရတော့မည်ဟု ဝမ်းနည်းစွာ တွေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ဆက်တိုက် တုန်ယင်နေသည်။

သို့သော် ခဏအကြာ၌ သူ၏ မျက်လုံးကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်လျှင် ထောင်းထျယ့်သည် မူလနေရာသို့ ပြန်သွား၍ စားလက်စကို ဆက်စားနေသည်ကိုသာ တွေ့လိုက်ရလေသည်။

“နတ်ဆိုးသားရဲတွေ စဉ်းစားတဲ့ နည်းလမ်းတွေက လူသားတွေထက် ပိုပြီး ရိုးရှင်းတယ်။ သူတို့က အရင်ဆုံး စမ်းသပ်ကြည့်ပြီး မင်းတို့က ပြန်မတိုက်ခိုက်ရဲဘူးဆိုရင် သူတို့က တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီး မင်းတို့ကို စားပစ်လိမ့်မယ်” ကျူးကျောက် ရီဖူရှင်းနှင့် အခြားလူများကို ပြောလိုက်သည်။

ရီဖူရှင်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ကျူးကျောက်သည် နတ်ဆိုးဘုံရှိ နတ်ဆိုးသားရဲများ၏ အတွေးကို သူ့ထက်ပို၍ နားလည်ပေလိမ့်မည်။

“ဒီကိုလာခဲ့” ကျူးကျောက် အလွန်အေးစက်လှသည့် အသံဖြင့် ပြောလိုက်သည်။

ထို ခြင်္သေ့ခေါင်းနှင့် နတ်ဆိုးသားရဲက ရောက်လာခဲ့၏။ သူက ကျူးကျောက်၏ အသံအရ ဤနတ်ဆိုးသားရဲသည် အလွန် ထူးခြားသည့် ဇာစ်မြစ်ရှိမည်ကို ပြောနိုင်သော်လည်း သူသည် မည်သည့်အတွက် လူသားများနှင့်အတူ ရှိနေသည်ကို သူနားမလည်ပေ။ ‌ေ

“လတ်တလော နတ်ဆိုးမြို့ဟောင်းမှာ သတင်းအသစ် ဘာရှိလဲ” ကျူးကျောက်က အသားကို ကိုက်နေရင်း ထိုသားရဲကို မကြည့်ဘဲ မေးလိုက်သည်။ နတ်ဆိုးဘုံတွင် သူ မရှုပ်ရဲသည့် များပြားလှသော နတ်ဆိုးသားရဲများ ရှိသည်။ သို့ပေမဲ့ သူတို့က ဤနေရာသို့ ဝင်လာကြမည် မဟုတ်ပေ။

“မင်း အဖြေက စိတ်ကျေနပ်စရာမကောင်းရင် မင်းဟိုနေရာကို ရောက်သွားလိမ့်မယ်” ကျူးကျောက် သူ့ရှေ့မှ ပန်းကန်ပြားကို ညွှန်ပြလိုက်ပြီး ပြောသည်။

နတ်ဆိုးသားရဲ၏ ခေါင်းက သူ၏ ပုခုံးများကြားသို့ ပုဝင်သွားသည်။ သူက အသံနက်ဖြင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ လအနည်းငယ်က ကောင်းကင်အာဏာစက်ဘုံမှာ တစ်ချိန်က ကျော်ကြားခဲ့တဲ့ လူသားတန်ခိုးရှင် ဂူထျန်းရှင်း မူလတောင်တန်းမှာ ပေါ်လာတယ်လို့ သတင်းထွက်လာတာကြောင့် နတ်ဆိုးဘုံက နတ်ဆိုးတန်ခိုးရှင်အများကြီး ရောက်လာခဲ့တယ်။ ပြောကြတာတော့ နတ်ဆိုးအင်ပါယာတွေလည်း အများကြီး ရောက်နေကြပြီတဲ့။ ပြီးတော့ တခြား ထိပ်တန်းအဆင့် နတ်ဆိုးကလန်တွေကလည်း နတ်ဆိုးမြို့ဟောင်းကို တဖြည်းဖြည်း ဝင်လာနေတယ်”

“အဲဒါ အကုန်ပဲလား” ကျူးကျောက် သူ၏ ရွှေရောင်မျက်လုံးများနှင့် ထိုသူ့ထံသို့ ကြည့်လိုက်သည်။ ထိုသတင်းများမှာ သူတို့ နတ်ဆိုးမြို့ဟောင်းသို့ ရောက်ပြီးနောက်၌ ကြားသိပြီးသား ဖြစ်သည်။

“ပြီးတော့....” ခြင်္သေ့နတ်ဆိုးသည် အနည်းငယ် အေးစိမ့်သွားမှုကို ခံစားလိုက်ရပြီး ဆက်ပြောလိုက်သည်။ “အခုတလော နတ်ဆိုးမြို့ဟောင်းမှာ ပြောနေကြတာက အနာဂတ် နတ်ဆိုးဘုံမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိလိမ့်မယ်တဲ့။ နတ်ဆိုးဘုံတစ်ခုတည်း မဟုတ်ဘဲ လူသားတန်ခိုးရှင်နယ်မြေ ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးပါ အပါအဝင်လို့ ပြောတယ်”

“အဲဒီအကြောင်းကို ဘယ်က ကြားလာတာလဲ” ကျူးကျောက် မေးလိုက်သည်။

“အဲဒီသတင်းက မှော်ဝိဇ္ဇာနန်းတော်က ထွက်လာတာလို့ ပြောကြတယ်။”

သူ၏ စကားလုံးများကို ကြားပြီး ကျူးယန့်မင်းသား၏ ရွှေရောင်မျက်လုံးများက စူးစိုက်ကြည့်လိုက်ပြီး အလွန် ထက်ရှလာသည်။

“နောက်ထပ်ရှိသေးလား” ကျူးကျောက် မေးလိုက်သည်။

“မှော်ဝိဇ္ဇာနန်းတော်က နတ်ဆိုးမြို့ဟောင်းကို ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာမယ်လို့လည်း ပြောသေးတယ်”

“ဘယ်သူလဲ။” ကျူးကျောက် ရုတ်တရက် သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“မသိဘူး။ အခု နတ်ဆိုးမြို့ဟောင်းက နတ်ဆိုးသားရဲအားလုံးက မှော်ဝိဇ္ဇာ ပါးစပ်ဖျားထဲ ထည့်ရလောက်တဲ့ ပုဂ္ဂိုလ်ကြီးက ဘယ်သူဖြစ်မလဲ ခန့်မှန်းနေကြတာ” ထိုနတ်ဆိုးသားရဲက သူ၏ ခေါင်းကို ခါရင်း ပြောလိုက်သည်။ “အခု နတ်ဆိုးအင်ပါယာ အများကြီးလည်း ရောက်လာကြပြီ။ တခြား ပိုပြီး နာမည်ကြီးတဲ့ နတ်ဆိုးသားရဲတွေလည်း ရောက်လာတော့မှာ။ တချို့က မှော်ဝိဇ္ဇာ ရည်ညွှန်းတဲ့သူက သူတို့ထဲက တစ်ယောက်ယောက် ဖြစ်မလားလို့ ခန့်မှန်းနေကြတယ်”

“တကယ်သာ သူတို့ထဲက တစ်ယောက်ယောက် ဖြစ်မယ်ဆိုရင် မှော်ဝိဇ္ဇာက အရေးမပါတာကို ပြောနေတာ မဟုတ်ဘူးလား။ အဲဒါက မှော်ဝိဇ္ဇာ ရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းစေလိမ့်မယ်” ကျူးယန့်က အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။

နတ်ဆိုးဘုံ၏ ထိုအရေးကြီး ပုဂ္ဂိုလ်များ လာမည်ဖြစ်သော်လည်း မှော်ဝိဇ္ဇာက ထိုသူတို့ကို ရည်ညွှန်းမည်ဆိုလျှင် ပေါက်ကရ လျှောက်ပြောနေသကဲ့သို့ အဓိပ္ပာယ် မရှိ ဖြစ်သွားပေလိမ့်မည်။

မှော်ဝိဇ္ဇာ နှုတ်ဖျားမှ ထွက်လာသည့် ပုဂ္ဂိုလ်ကြီးဟူသည်မှာ ထူးခြားကွဲပြားရမည့်သူ ဖြစ်ပြီး မည်သူ ဖြစ်နိုင်သနည်း။

“ဖြစ်နိုင်ပါတယ်” ခြင်္သေ့သားရဲက တိုးတိုး ပြောလိုက်သည်။

“မဟုတ်ဘူး.. အဲဒါက ဖြစ်နိုင်တာမဟုတ်ဘူး။ မှော်ဝိဇ္ဇာက နတ်ဆိုးဘုံမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်တော့မယ်လို့ ပြောတယ်။ ပြီးတော့ ပုဂ္ဂိုလ်ကြီးတစ်ယောက် လာမယ်လို့လည်း ပြောသေးတယ်။ အဲဒါ အဲဒီလူက အနာဂတ် နတ်ဆိုးဘုံမှာ အပြောင်းအလဲ ကြီးကြီးမားမား သက်ရောက်စေမယ်လို့ ဆိုလိုတာပဲ။ ပြီးတော့ မှော်ဝိဇ္ဇာ ရှုထောင့်အရဆိုရင် သူတို့ပြောတဲ့ ပုဂ္ဂိုလ်ကြီးဆိုတာ မင်းတို့လို အရှုံးသမားတွေပြောတဲ့ ပုဂ္ဂိုလ်ကြီးနဲ့ မတူနိုင်ဘူး။”

ကျူးကျောက် အေးစက်စွာ ပြောလိုက်သည်။ “နောက်ထပ် ဘာရှိသေးလဲ”

“ကြီးကြီးမားမား ဖြစ်ရပ်တွေကတော့ ကျွန်တော် သိတာ အဲဒါ အကုန်ပါပဲ” ခြင်္သေ့နတ်ဆိုးသားရဲက သူ၏ ခေါင်းကို ငုံ့ရင်း ပြန်ဖြေလိုက်သည်။

“ဒါဆို သွားတော့” ကျူးကျောက် ပြောလိုက်၏။ နတ်ဆိုးသားရဲသည် တောင်းပန်ရင်းနှင့် ကုပ်ချောင်းကုပ်ချောင်း ထွက်ခွာသွားတော့သည်။ သူက အနီးတွင် အချိန်ကြာကြာ မနေရဲတော့ပေ။

ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင်နေသည်။ သူက တိတ်ဆိတ်စွာနှင့် ကျူးကျောက်ကို တွေဝေစွာ ကြည့်နေသည်။

“မှော်ဝိဇ္ဇာရဲ့ အဆင့်အတန်းက နတ်ဆိုးဘုံမှာ အတော်လေး မြင့်မားတယ်။ သူက အနာဂတ်ကို မြင်နိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားတယ်။ အဲဒီစွမ်းရည်မျိုးက လူသားတွေရဲ့ နက္ခတ်တာရာကို နားလည်နိုင်တာနဲ့ တူတယ်။  အရမ်းရှားတဲ့ စွမ်းရည်မျိုးပဲ။ ရှေးဟောင်းနတ်ဆိုးဘုံမှာ မှော်ဝိဇ္ဇာကလန်က အရမ်းကြီးမားတဲ့ ကလန်တစ်ခု ဖြစ်ခဲ့ပေမဲ့ သူတို့ရဲ့ စွမ်းရည်ကို ကောင်းကင်ကတောင် မနာလိုဖြစ်တာကြောင့် တစ်မျိုးလုံး အမြစ်ပြတ်သုတ်သင်ခြင်း ကြမ္မာဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောကြတယ်။ ဒီနေ့ နတ်ဆိုးဘုံမှာ မှော်ဝိဇ္ဇာနန်းတော် တစ်ခုတည်း တည်ရှိပြီး အဲဒီနန်းတော်မှာ မှော်ဝိဇ္ဇာသားရဲ တစ်ကောင်ပဲ ရှိတယ်။ ပြီးတော့ သူတစ်ယောက်တည်းကပဲ ကလန်ကို ကိုယ်စားပြုတယ်” ကျူးကျောက်၏ ဘေးတွင် ထိုင်နေသော မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောလိုက်သည်။ ဤတစ်ကြိမ်၌ သူလည်း လိုက်ပါလာခဲ့သည်။

ရီဖူရှင်းက တစ်ခဏမျှ တွေးလိုက်သည်။ နက္ခတဗေဒပညာရှင်များသည် လူသားတန်ခိုးရှင် လောကတွင် အလွန် ရှားပါးလှသည်။

ထို့အပြင် ထိုသို့သော ပုဂ္ဂိုလ်များက အသက်တိုတတ်ပေသည်။

သူ၏ ဆရာ ချင်ရွှမ်ကန်းသည် အနာဂတ်ကို သိမြင်နိုင်သည့် စွမ်းရည်အချို့ကို ဆုလာဘ်ရရှိထားသော်လည်း ၎င်းသည် သူ၏ ထူးခြားဆန်းကြယ်လှသော ကျင့်စဉ် ပညာရှိကျမ်းကြောင့်သာ ဖြစ်လေသည်။ သူက နက္ခတဗေဒပညာရှင် အစစ်အမှန် မဟုတ်ပေ။

“အဲဒါကြောင့်ပဲ မှော်ဝိဇ္ဇာနန်းတော်ရဲ့ အဆင့်အတန်းက ထူးခြားပြီး တသီးတခြားရှိတယ်။ မှော်ဝိဇ္ဇာနန်းတော်က နတ်ဆိုးဘုံရဲ့ အငြင်းပွားမှုတွေမှာလည်း မပါဝင်ဘူး။ ကလန်အားလုံးရဲ့ တန်ခိုးရှင်အားလုံးကိုလည်း မှော်ဝိဇ္ဇာကို တိုက်ခိုက်ဖို့ ခွင့်မပြုကြဘဲ နတ်ဆိုးဘုံက နတ်ဆိုးသားရဲကြီးတွေက အန္တရာယ်ကနေ ကာကွယ်ပေးထားတယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ဆက်ပြောလိုက်သည်။

“ဒီလိုပြောတယ်ဆိုတော့ မှော်ဝိဇ္ဇာရဲ့ ဟောကိန်းတွေက တကယ် ဖြစ်လာတတ်တယ်ပေါ့” ရီဖူရှင်းက မေးလိုက်သည်။

“ဟုတ်တယ်” ကျူးကျောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “နတ်ဆိုးမြို့ဟောင်းမှာ ထူးဆန်းတဲ့ နေရာတွေ အများကြီး ရှိတယ်။ မှော်ဝိဇ္ဇာနန်းတော်က အဲဒီထဲက တစ်ခုပဲ။ ပြီးတော့ သွားသင့်တဲ့ နေရာတစ်ခုလို့ ကျော်ကြားပြီးတော့ ထိပ်တန်းနတ်ဆိုးသားရဲ့ အများအပြားက နတ်ဆိုးမြို့ဟောင်းကို ရောက်တဲ့အခါမှာ သူတို့ရဲ့ အနာဂတ်ကို ဟောပြောပေးစေလိုတဲ့အတွက် မှော်ဝိဇ္ဇာနန်းတော်ကို သွားရောက်ကြတယ်။ ဒါပေမဲ့ မှော်ဝိဇ္ဇာက လက်ခံတွေ့ဆုံတယ် မတွေ့ဆုံဘူးဆိုတာက ကံတရားပေါ်မှာ မူတည်တယ်။ အများအားဖြင့် သူက တွေ့ဆုံမှုကို လက်မခံတတ်ဘူး”

“အဲဒီလိုဆိုတော့ အခု မူလတောင်တန်းမှာ ဂူထျန်းရှင်းတစ်ယောက်ပဲ ထွက်ပေါ်လာတာ မဟုတ်ဘဲ မှော်ဝိဇ္ဇာက ကောင်းကင်အာဏာစက်ဘုံရဲ့ အနာဂတ်က ငြိမ်းချမ်းတော့မှာ မဟုတ်ဘူးလို့ သတိပေးခဲ့တယ်ပေါ့ ဟုတ်လား”  ရီဖူရှင်းက မေးလိုက်သည်။

“မင်း အဲဒီလို ပြောလို့ရပါတယ်။ အခုက ဘာဖြစ်မယ်ဆိုတာ သေချာသေးတာမဟုတ်ဘူးလေ။ ဂူထျန်းရှင်းသာ အသက်ရှင်နေမယ်ဆိုရင် သူက နတ်ဆိုးဘုံက မူလတောင်တန်းကို ဘာလို့ လာခဲ့ရမှာလဲ။ သူက တစ်ခုခုများ စီစဉ်နေတာလား”  ကျူးကျောက် တွေးတောရင်း မေးလိုက်သည်။

ထို့အပြင် မှော်ဝိဇ္ဇာက ပြောခဲ့သော ပုဂ္ဂိုလ်ကြီးမှာ မည်သူ ဖြစ်သနည်း။

“ကြည့်ရတာ ကျုပ်တို့ အချင်းချင်း ပတ်မေးနေမိတာပဲ” ကျူးကျောက် ပြောလိုက်သည်။ “နတ်ဆိုးမြို့ဟောင်းရဲ့ သွားသင့်တဲ့ နေရာတစ်ခုကို သွားရတော့မယ် ထင်တယ်။ ကျုပ် ခန့်မှန်းရသလောက်ကတော့ နတ်ဆိုးသားရဲတွေ အများကြီးလည်း သွားကြလိမ့်မယ်။ မင်းတို့ရော အတူသွားချင်လား”

“ခင်ဗျားက မှော်ဝိဇ္ဇာနန်းတော်ကို သွားလည်ချင်လို့လား” ရီဖူရှင်းက မေးလိုက်သည်။

“မှော်ဝိဇ္ဇာက အဖြစ်အပျက်ကြီးကြီးမားမားတွေကိုပဲ နိမိတ်ဖတ်နိုင်တာ မဟုတ်ဘူး။ နတ်ဆိုးသားရဲတွေရဲ့ အနာဂတ် ကံကြမ္မာကိုလည်း မြင်နိုင်သေးတယ်။ ကျုပ်က အဲဒီအကြောင်း ကြားဖူးပေမဲ့ အရင်တုန်းက တစ်ခါမှ မသွားဖူးခဲ့ဘူး။ ဒီတစ်ခေါက်တော့ သွားကြည့်ချင်တယ်။ မင်းတို့က လူသားတွေ ဖြစ်နေပေမဲ့ အဲဒီမှာ ကိုယ့် ကံတရားကို စမ်းကြည့်ပြီး မှော်ဝိဇ္ဇာကို အနာဂတ်အကြောင်း မေးမြန်းလို့ ရတာပေါ့” ကျူးကျောက် ပြောလိုက်သည်။

ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “ကျုပ်က ကိုယ့်အနာဂတ်နဲ့ ပတ်သက်ပြီး သေချာသိပါတယ်။ အဲဒါကြောင့် ကျုပ်ရဲ့ အနာဂတ်ကို ဟောပြောပေးဖို့ မှော်ဝိဇ္ဇာကို ဒုက္ခပေးဖို့ မလိုပါဘူး။ ဒါပေမဲ့ အဲဒါက အံ့သြဖွယ်ကောင်းတယ်လို့ ခင်ဗျားက ပြောမှတော့ ကျုပ်တို့ လိုက်ခဲ့ပါ့မယ်”

***

All Chapters