ဟော်ဖန်နှင့်တိုက်ပွဲ
Vol. 009 Ch. 876
ဗိုလ်လုပွဲဒုတိယနေ့တွင် ပန်ကျားနန် ပေါ်မလာပေ။
မနေ့က သူ တားမြစ်ဧရိယာသွားသည်၊ ဂိုဏ်း၏စည်းမျဉ်းကိုချိုးဖောက် သည်ဟုဆိုကာ ဂိုဏ်းမှထုတ်လိုက်သည်။
ထိပ်တန်းအဆင့်၃သည် ထိုအတိုင်းပင်အထုတ်ခံလိုက်ရသည်။ ထို့အပြင် ထိပ်တန်းအဆင့်ပြိုင်ပွဲအတွင်းတွင် ဖြစ်သွားခဲ့သည်။
ဂိုဏ်းမှကျောင်းသားများသည် ထိုသတင်းကြားသောအခါ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဒါကိစ္စကြီးတစ်ုခပဲ။
တားမြစ်ဧရိယာသို့သွားခဲ့သူများသည် ဂိုဏ်းမှသိသွားကာ သူတို့ပါ အထုတ်ခံရမည်ကို ကြောက်ကြသည်။
သို့သော် တချို့လူများသည် ဂိုဏ်း၏ကြေညာချက်ကို သံသယဝင်ကြ သည်။ ထို့အပြင် ထိုအချိန်တွင် ပန်ကျားနန်သည် ပြိုင်ပွဲဒုတိယရက်အတွက် ပြင်ဆင်သင့်သည်။ သူက ဘာလို့တားမြစ်ဧရိယာကိုသွားရတာလဲ။
အဓိပ္ပာယ်မရှိဘူး။
သူ ပြိုင်ပွဲတွင်ပေါ်မလာနိုင်တဲ့အချက်မှာ ဖုံးကွယ်ထားတာ တစ်ခုခုရှိရ မယ်။
သို့သော် ဂိုဏ်းမှမကြေညာလိုသဖြင့် သူတို့လည်း မသိကြပေ။
ပန်ကျားနန်သည် သန်မာသော်လည်း နောက်လိုက်များမရှိပေ။ သူသည် မာနကြီးသူတစ်ယောက်ဖြစ်သည်ကို အရင်က သူ့နောက် လိုက်သူများသိကြသည်။ သူသည် အပြင်ပိုင်းတွင် နွေးထွေးသည့်ပုံပေါက် သော်လည်း အမှန်တကယ်တော့ လူများကို အထင်သေးတတ်သူဖြစ်သည်။
ပြောရမည်ဆိုပါက သူနှင့်ရင်းနှီးသူ သူ့ကိုအမှန်တကယ်ဂရုစိုက်သူမှာ မရှိပေ။ ထို့ကြောင့် သူပြိုင်ပွဲအတွင်းထွက်သွားသောအခါ ကျောက်တုံး ရေထဲ ပစ်လိုက်သလိုပင် ပျောက်ကွယ်သွားလေသည်။
အရည်အချင်းမမှီသော လူတစ်ယောက်ထွက်သွားသဖြင့် အရင် လူ ကိုးယောက်သည် မဲနှိုက်ရမည်။ ဆယ်ယောက်ပြည့်ရန်အတွက် လူတစ် ယောက်ကို ဆွဲတင်လိုက်သည်။
“အခုမဲနှိုက်ပြီး ကိုယ့်ပြိုင်ဘက်ရွေးမယ်” ဆရာသည် ထိုလူ၁၀ယောက် အားပြောလိုက်သည်။
၁၀ယောက်အတွင်းဝင်သွားသောလူသည် ပျော်နေသည်။ အစပိုင်းတွင် သူသည် ပြိုင်ပွဲမှကပ်ပြုတ်သွားသဖြင့် စိတ်ဓာတ်ကျနေခဲ့သည်။ ထပ်ပြိုင်ရန် အခွင့်အရေးထပ်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူ၏ ပျော်ရွှင်မှု သည် ကြာရှည်မခံပဲ သူ၏စိတ်လှုပ်ရှားမှုကို ရေအေးနှင့်လောင်းလိုက်သလို ပင်။
သူ့ပြိုင်ဘက်မှာ ရှောင်ချီ…
ကွင်းထဲတွင် ရှောင်ချီသည် သူ့ကိုကြည့်ပြီး ပြောလေသည် “မင်းအရှုံး ပေးရင် ငါမင်းကိုမရိုက်ဘူး”
“မဟုတ်ဘူး” သူမ၏ ပြိုင်ဘက်သည် အကြောမာသည် “မင်းက သန်မာ ပေမယ့် ငါမင်းနဲ့တိုက်ခိုက်ချင်သေးတယ်”
“ကောင်းပြီ” ရှောင်ချီ ပြောလိုက်သည် “မင်းကအဲလောက်သတ္တိရှိမှ တော့ မင်းကိုအခက်တွေ့အောင်မလုပ်ပါဘူး စလို့ရပြီလား”
သူမ လှည့်ကာ ဒိုင်လူကြီးများကိုကြည့်လိုက်သည်။ ဒိုင်လူကြီးများ ခေါင်းညိမ့်သည်နှင့် သူမသည် လျင်မြန်သောအရှိန်နှုန်းဖြင့်ပြေးသွားကာ…. ပြီးနောက် သူပြိုင်ဘက်လွင့်သွားအောင် ထိုးလိုက်လေသည်။
သူသည် ပြည့်စုံသောကောက်ကွေ့မှုဖြင့် ကွင်းထဲမှ ကွင်းအောက်ခြေသို့ ကျသွားလေသည်။ သူမသည် အားအင်ကိုကောင်းစွာထိန်းချုပ်နိုင်လိုက် သဖြင့် ထိုပြိုင်ဘက်ကျသွားချိန်တွင် ဒဏ်ရာကြီးကြီးမားမားမရှိလိုက်ပေ။
တစ်ချက်တည်းနဲ့ဖြေရှင်းလိုက်ပြန်ပြီ။
သူမ၏ ထိုပုံစံကို မြင်သောခါ အားလုံးသည် စိတ်မလှုပ်ရှားတော့ပေ။
“ကွင်း၁ ရှောင်ချီ အနိုင်ရ” ဒိုင်လူကြီးများ ကြေညာလိုက်သည်။
ကြေညာပြီးနောက်တွင် ရှောင်ချီသည် ကွင်းထဲမှ ညင်သာစွာခုန်ချပြီး နောက် ကွင်းအောက်တွင်ရှိနေသော ရှီမာယူယူကို ပြုံးပြလိုက်သည်။
“ယူယူ မြန်မြန်လာခဲ့”
အလယ်ကွင်းမှာ ရှောင်ချီကြောင့်ပျက်ဆီးသွားပြီဖြစ်သဖြင့် ကျန် လေး ကွင်းသာ အသုံးပြုနိုင်သည်။ ၅သင်းမြောက်ဖြစ်သော ရှီမာယူယူသည် စောင့် နေရသည်။
“ငါအကောင်းဆုံးကြိုးစားမယ်” ရှီမာယူယူသည် ကွင်းဆီသို့ဦးတည်ရင်း ပြောလေသည်။
ဟော်ဖန်သည် စိတ်လှုပ်ရှားနေသည်။ အကြာကြီးစောင့်ပြီးနောက်… နောက်ဆုံးတွင် သူမနှင့်တိုက်ခိုက်ရတော့မည်။ သူ့အတွက်အောင်မြင်မှုနှုန်း မှာ နည်းပါးသော်လည်း အနည်းဆုံးတော့ သူ့အိမ်မက်ပြည့်တော့မည်။
သူကွင်းပေါ်တက်သွားကာ သူ၏ စာချုပ်မိစ္ဆာကိုခေါ်ထုတ်လိုက်သည်။
“ကျွန်တော်တို့ ကိုယ့်ဘာသာတိုက်ရအောင် ဝိဉာဉ်မိစ္ဆာတွေမသုံးဘူး” ရှီမာယူယူ ပြောလိုက်သည်။
သူတို့ စာချုပ်မိစ္ဆာများကိုအသုံးပြုပါက နှိုင်းယှဉ်နိုင်စရာရှိပေ။
ဟော်ဖန် သဘောတူကာ သူ့စာချုပ်မိစ္ဆာကိုသိမ်းလိုက်သည်။
“စရအောင်”
သူတို့နှစ်ယောက်သည် သူတို့၏ ဝိဉာဉ်စွမ်းအင်ကို တစ်ချိန်တည်းမှာ အသင့်ပြင်လိုက်ရာ ရှီမာယူယူ၏ ကနဦးအံ့ဖွယ်သူတော်စင်စွမ်းအား ပေါ်လာ သည်။
“တကယ်ပဲ ကနဦးအံ့ဖွယ်သူတော်စင်ပဲ”
“ငါ ကောလဟလို့ထင်နေတာ တကယ်ပဲဟ”
“လူသစ်တစ်ယောက်က ငါ့ထက် သန်မာနေတယ် အဲဒါက… လွန်လိုက် တာ”
“အော်မနေနဲ့ သူတို့တိုက်ပွဲကိုကြည့်ရအောင်”
ဟော်ဖန်သည်လည်း ကနဦးအံ့ဖွယ်သူတော်စင်ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုအရည်အချင်းသည် သတ္တုအရည်အချင်းဖြစ်သော ရွှေရောင်ဖြစ် သည်။ သို့သော် သူသည် တိုက်ပွဲအတွေ့အကြုံများသဖြင့် ဝိဉာဉ်အရည် အချင်းပြည့်ဝကာ ဓားရာချီလောက်ကို လျင်မြန်စွာ ထုထည်အဖြစ်လုပ်နိုင် သည်။ ဓားတစ်ချောင်းချင်းစီသည် ယှဉ်မရလောက်အောင် ချွန်ထက်လှ သည်။
ရှီမာယူယူသည် မီးအရည်အချင်းဖြစ်ကာ မီးတောက်ဓားသွားကို ပုံဖော် လိုက်သည်။
“မီးဓားနဲ့ ဓားအသေးရာချီ… သူ ခံနိုင်ပါ့မလား၊ ဒီအခြေအနေမှာဆို သူ မီးမိုးကို သုံးသင့်တယ်”
“သူကငယ်သေးတယ် တိုက်ပွဲအတွေကအကြုံအများကြီးမရှိသေးလို့ နေမှာပေါ့၊ ဓားကြီးတစ်လက်က ဓားအသေးတွေကို ပိတ်ထားနိုင်ရင်တော့ သူ ဒဏ်ရာများများစားစား မရလောက်ပါဘူး”
ပွဲကြည့်စင်မှ ကြည့်ရှုသူများသည် သူမအတွက် စိတ်လှုပ်ရှားကာ ဆွေးနွေးနေကြလေသည်။
“သွားတော့” ရှီမာယူယူ သူမ၏ ဓားရှည်ကြီးကို ဝေ့ရမ်းလိုက်သည်နှင့် ဟော်ဖန်သည် သူ၏ဝိဉာဉ်ဓားကို ထိန်းချုပ်ပြီး တိုက်ခိုက်လေသည်။
ရုတ်တရက်ပင် မပြေပြစ်သော ဓားကြီးသည် လျင်မြန်စွာအသုံးချခံ လိုက်ရသည်။ ဖြစ်စဉ်မှာ ဓား၏ ပုံတူများစွာပေါ်လာသကဲ့သို့ ဝိဉာဉ်ဓားများစွာ ကွဲသွားလေသည်။
“သူ တကယ်ပဲ…”
အားလုံးသည် သူမ၏ ကျွမ်းကျင်မှုကို အံ့သြသွားကြသည်။
ဓားများပြန့်ကျဲသွားသော်လည်း သူမလက်ထဲတွင် ဓားရှိနေသေးသည်။ သူမ၏ ထိန်းချုပ်မှုသဖြင့် ဓားကြီးသည် သူ့ဆီသို့သွားလေသည်။
ဟော်ဖန်သည် ဓားကြီးသူ့ဆီသို့လာသည်ကိုတွေ့သည်နှင့် ဘယ်ဘက် လက်ဖြင့် လျင်မြန်စွာ အကာအကွယ်ပြုလုပ်ပြီး ရှေ့မှ ဓားကြီးကိုပိတ်လိုက် သည်။
ချက်ချင်းပဲ ဝိဉာဉ်စွမ်းအင်ကိုရှောင်ရှားလိုက်တာပဲ။
ထိုတုန့်ပြန်မှု…ထိုအမြန်နှုန်း… သူ့အတွေ့အကြုံကြောင့်သာမဟုတ်ရင် မဖြစ်နိုင်ပေ။
သူ၏ ဘယ်လက်သည်ဓားကိုတားပြီးသည်နှင့် ဓားရှည်တစ်ချောင်း ထုတ်ပြီး ဝိဉာဉ်စွမ်းအင်ထည့်လိုက်သည်။ သူသည် ဓားကြီးကို အပိုင်းပိုင်း ဖြတ်လိုက်သည်။
ဝိဉာဉ်အရည်အချင်းတစ်ခုဖြင့် ဟော်ဖန်ကို အနိုင်ရမည်မဟုတ်မှန်း ရှီမာယူယူသိသည်။ သူ ဓားရှည်ထုတ်ကာ ဓားကြီးကိုပိုင်းဖြတ်လိုက်သည်ကို သူမ စောင့်ကြည့်ပြီးနောက် လျင်မြန်စွာပင် မီးနဂါးကြာပွတ်ဖန်တီးလိုက် သည်။
“ရွှီး”
မီးနဂါးကြာပွတ်ရိုက်လိုက်သည်နှင့် ဟော်ဖန်သည် ဓားရှည်ကိုရမ်းကာ အပိုင်းပိုင်းဖြတ်လိုက်ပြန်သည်။
သို့သော် ထိုသည်မှာ ကြာပွတ်၏ တကယ့်အရှည်မဟုတ်ပေ။ ပိုင်းဖြတ် ခံရပြီးနောက်တွင် ပြန်ဆုတ်ပြီး လျင်မြန်စွာပင် သူ၏ ဓားရှည်ကိုရစ်ပတ်လိုက် သည်။
သူ အနောက်ကိုပြန်ဆွဲသော်လည်း ဓားရှည်သည် တင်းကြပ်စွာ အချုပ် ခံထားရသည်။
အားကောင်းလိုက်တာ….
သူသည် လျှို့ဝှက်စွာ လက်မှတစ်ဆင့် ဝိဉာဉ်စွမ်းအင်စုစည်းပြီး ရှီမာယူယူဆီသို့ တိုက်ခိုက်လိုက်သည်။
ရှီမာယူယူသည် လျင်မြန်စွာပင် လူသားအရပ်လောက်ရှိသော မီးတောက်အကာအကွယ်လုပ်ပြီး သူ၏ ဝိဉာဉ်စွမ်းအင်ကို တားလိုက်သည်။ သူမ လက်များကိုလှုပ်ရှားသည်နှင့် မီးနဂါးကြာပွတ်သည် သူ့ဓားရှည်ကို လွှတ် လိုက်ပြီးနောက် သူ့ဆီကနေ လုယူရန်အခွင့်အရေးယူလိုက်သည်။
တစ်နာရီကြာပြီးနောက်တွင် ဟော်ဖန်သည် သူ၏ ဝိဉာဉ်စွမ်းအင် အားလုံးအသုံးပြုပြီးသွားသည်။ သို့သော် ရှီမာယူယူသည် ပင်ပန်းခြင်းသည့် လက္ခဏာမပြပဲ ပုံမှန်အတိုင်းသာ…
ဓားသည် သူ့လည်ပင်းပေါ်ကျလာသဖြင့် သူဘာမှမလုပ်နိုင်တော့ပဲ အရှုံးပေးလိုက်ရသည်။
သူ့အတွက်တော့ သူသည် အတွင်းထဲမှ လှိုက်လှိုက်လှဲလှဲတိုက်ခိုက်ခဲ့ သည်။ သို့သော် ရှီမာယူယူသည် စွမ်းအင်အများအပြားမသုံးလိုက်သည်ကို သူ သိသည်။ သူမသာ တိုက်ခိုက်ချင်ပါက သူသည် အချိန်တိုအတွင်း အဆုံး သတ်သွားမည်။
သူမသည် သူ့ကို အဖော်ပြုတိုက်ခိုက်ပေးခြင်းသာ။
“ငါ အရှုံးပေးပါတယ် မင်းကတော့ တကယ်တော်ပါတယ်”
သူ လိုလိုလားလားအရှုံးပေးခြင်းမှာ ပထမဆုံးဖြစ်သည်။ ပြီးခဲ့သည့် အခါ များက သူ မည်မျှပင်အရိုက်ခံရပါစေ ဘယ်တော့မှအရှုံးမပေးခဲ့ပေ။ သူသာ သူတို့နှင့်နောက်တစ်ခေါက် တိုက်ခိုက်ပါက သူ့အင်အားတိုးလာမည်ဟု အမြဲ တွေးနေခဲ့သည်။ သူ့အရှုံးကိုဝန်ခံခြင်းမှာလည်း ဒါပထမဆုံးအကြိမ်ဖြစ်သည်။
ရှီမာယူယူသည် လင်းလုံကိုသိမ်းကာ ရယ်မောရင်းပြောလိုက်သည် “ခင်ဗျားလည်း မဆိုးပါဘူး”
ဒိုင်လူကြီးသည် ထိုအခြင်းအရာကိုမြင်သောအခါ ကြေညာလေသည် “ကွင်း၁ ရှီမာယူယူအနိုင်ရ”
သူတို့နှစ်ယောက်လုံး ကွင်းမှဆင်းလာခဲ့သည်။ ဟော်ဖန်သည် ရှုံးသွား သော်လည်း စိတ်လှုပ်ရှားနေသေးသည်။ ပြီးခဲ့သည့်ပွဲများ အနိုင်ရသည်ထက် ပင် စိတ်လှုပ်ရှားနေသည်။
ပွဲကြည်စင်မှ ကျောင်းသားများသည် သူတို့တိုက်ပွဲကိုကြည့်ပြီး ရှီမာယူယူအပေါ် အမြင်ပြောင်းသွားကြသည်။
ပြီးခဲ့သည့်တစ်ခေါက် သူမနှင့် လျူမင်ယွမ်တို့တိုက်ပွဲကို ကျော်ငးသား များကြည့်ခဲ့သည်။ တိုက်ပွဲမှာ ဘယ်တော့မှ မကြာခဲ့ပေ။ သူမသည် တိုက်ပွဲကို အမြန်ဆုံးသတ်ခဲ့ချည်းသာ… ပြီးခဲ့သည့်တစ်ခေါက်ကလည်း စိတ်လှုပ်ရှား ဖွယ်ကောင်းခဲ့သော်လည်း တိုတောင်းလွန်းသည်။ ထိုစဉ်ကတံခါးပိတ်ကျင့်ကြံ သူများရှိသော်လည်း လူတော်တော်များများထိုအကြောင်းကိုသိကြသည်။ သူ တို့ထွက်လာချိန်တွင် ပြိုင်ပွဲမှာပြီးသွားခဲ့ပြီ။
ဒီနေ့တော့ မတူပေ။ ကျောင်းသားများအားလုံးရှေ့တွင် သူမ၏ ကိုယ်ပိုင် စွမ်းအားကိုသုံးပြီး တိုက်ပွဲရူးဟု အားလုံးကမြင်ကြသော ဟော်ဖန်ကို အနိုင်ရ ခဲ့သည်။ သူမသည် ဒီနေရာအထိရောက်လာခဲ့သည်မှာ ကံကောင်း၍ကြောင့် မဟုတ်ပဲ သူမ၏ တကယ့်အရည်အချင်းကြောင့်ဆိုသည်ကို အားလုံးကို ပြသ လိုက်သည်။
***