← Chapters

ယူယူ၏ ဒေါသ

Vol. 009 Ch. 877

ယူယူ၏ ဒေါသ

Vol. 009 Ch. 877

ထိုပွဲစဉ်မှာလူနည်းသောကြောင့် ပြိုင်ပွဲသည် နေ့လည်မရောက်ခင်တွင် ပြီးဆုံးသွားခဲ့သည်။ သို့သော် အားလုံးသည်ဝိဉာဉ်စွမ်းအင် ပြန်ဖြည့်တင်းရန် အတွက် ဒီနေ့တွင်ပြိုင်ပွဲမရှိပေ။

ထိုအဆင့်စာရင်းတွင် ရှီမာယူယူမှလွဲပြီးတခြားသူများသည် အံ့သြစရာ မရှိပေ။ ရှောင်ချီ၊ ဝမ်စီမြောင်၊ ဟွာပေါင်မြောင်နှင့် မိုဘင်းတို့စာရင်းတွင်ရှိနေ ကြသည်။

လက်ရှိထိပ်တန်းအဆင့်၅မှာ ပြီးခဲ့သည့်ပြိုင်ပွဲနှင့် ကွာခြားမှုများများစား စားမရှိပေ။ တစ်ခုကွာခြားသည်မှာ ရှီမာယူယူသည် ပန်ကျားနန်နေရာကို ယူ သွားခြင်းဖြစ်သည်။

ရှောင်ချီသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် ပြိုင်စရာပင်မလို ပဲ အဆင့်၃အတွင်းဝင်သွားသည်။

ဂိုဏ်း၏အကြောင်းပြချက်နှင့် သူမသည် အဆင့်၁ရရန်ဖြစ်သည်။ သို့သော် သူမ သဘောမတူကာ သူမကိုယ်တိုင်တိုက်ချင်ဟု ဆိုလာသဖြင့် ဆရာများ မွန်းကြပ်သွားလေသည်။

ရှေးဟောင်းအရှင်သခင်မလေး၊ လိုအပ်လို့သာ မင်းကိုပြိုင်ပွဲဝင်ပြိုင်ခိုင်း တာ။ မင်း တစ်ဆင့်ချင်းတိုက်ပြီး တက်သွားမယ်ဆိုလည်း အဆင့်၁ရဦးမှာပဲ မဟုတ်ဘူးလား။

သို့သော် သူမသည် တိုက်ပွဲတိုက်မည်ဟု တင်းခံနေသဖြင့် သူမကို အဆင့်၃အထိသာ တိုးပေးရသည်။။

နောက်တစ်နေ့တွင် တရားဝင်ဒုဗိုလ်လုပွဲဖြစ်သည်။ ရှောင်ချီမှာ တိုက် ရိုက်အဆင့်တက်သွားသဖြင့် ကျန်လေးယောက်သည် မဲနှိုက်ကာ ပြိုင်ဘက် ကို သတ်မှတ်ရသည်။

“ယူယူ ယူယူ ပြိုင်ဘက်ကဘယ်သူလဲ” ရှောင်ချီမေးလေသည်။

ရှီမာယူယူ ခေါင်းရမ်းကာ သူမစာရွက်ကိုရှောင်ချီ့ကို ပြလိုက်သည်။

“နံပါတ်၂” ရှောင်ချီဖတ်ပြီးနောက် ကျန်သုံးယောက်ဘက်လှည့်ကာ မေးလိုက်သည် “မင်းတို့ထဲက နံပါတ်၂ကဘယ်သူလဲ”

ဟွာပေါင်မြောင်သည် သူ့လက်ထဲမှ စာရွက်ကိုရမ်းပြလိုက်သည်။

“မင်းက နံပါတ်၂လား” ရှောင်ချီမေးလိုက်သည်။

ဟွာပေါင်မြောင်ခေါင်းညိမ့်လိုက်သည်။ ရှောင်ချီ တစ်စုံတစ်ရာပြော တော့မည်ဟု သူမထင်လိုက်သော်လည်း ရှောင်ချီသည် ရှီမာယူယူကို ဆွဲခေါ် ကာထွက်သွာေးလသည်။

ထိုပြိုင်ပွဲတွင် တစ်ချိန်တည်းတိုက်ရန်မလိုအပ်ပေ။ တစ်ယောက်ချင်းစီ ပွဲဖြစ်ကာ နံပါတ် ၁နှင့် ၂မှစမည်။

ရှီမာယူယူနှင့် ရှောင်ချီတို့သည် အနားယူသည့်နေရာသို့ သွားလိုက် သည်။

“ယူူယူ ခဏနေပြိုင်ပွဲမှာ မညှာနဲ့နော်” ရှောင်ချီ ဆက်ပြောလေသည် “ရှောင်ချီ သူမနဲ့ပြိုင်ပြီး သူမကို ကောင်းကောင်းလေးရိုက်ပစ်ချင်တာ ဒါပေမဲ့ အခုကြည့်ရတာတော့ သူမက ယူယူ့ကိုသေချာပေါက် မနိုင်နိုင်ဘူး အဲဒါ ကြောင့် ရှောင်ချီ သူမနဲ့ပြိုင်ဖို့အခွင့်အရေးမရှိတော့ဘူး ယူယူ့ကိုပဲအားကိုးရမှာ ပဲ”

“ဟင်”

“ကံကြမ္မာကန္တာရမှာတုန်းက သူမက ယူယူ့ကို မကောင်းပြောခဲ့တာ အဲဒါကို အမြဲမှတ်မိနေတုန်းပဲ” ရှောင်ချီ ဆက်ပြောလေသည် “ရှောင်ချီက သူမကိုအမြဲရိုက်ချင်ခဲ့တာ ဒါပေမဲ့အခွင့်အရေးမရှိခဲ့ဘူး၊ အခုက အခွင့်အရေး ပဲမဟုတ်ဘူးလား၊ အဲဒါကြောင့် ဒီအခွင့်အရေးကို အသုံးချရမယ်”

ရှီမာယူယူသည် သူမစကားများတွင် ဆွံ့အသွားခဲ့သည်။ သို့သော် သူမ သည် ထိုစကားများကို နားထောင်နေတုန်းပင်။

အရင်က သူတို့ကိုလူသစ်များဟုခေါ်ခဲ့သူများသည် နောင်တရနေကြပြီ။ သူမ၏ ဝိဉာဉ်စွမ်းအင်ကိုအနိုင်ရမည့် အခွင့်အရေးကောင်းပင်။ ထိုမှသာ သူမ သည် လူများကိုအထင်သေးခြင်းကို ရပ်တန့်သွားပေမည်။

ကွင်းထဲတွင် မိုဘင်းနှင့် ဝမ်စီမြောင်တို့၏ တိုက်ပွဲမှာ ကိုင်လှုပ်နိုင်သည် အထိမဟုတ်သော်လည်း ပြောင်မြောက်သည်။ ပွဲကြည့်စင်မှပရိသတ်များ သည် စိတ်လှုပ်ရှားစွာကြည့်ပြီး ကျယ်လောင်စွာအားပေးကြလေသည်။

ပြီးခဲ့သည့် ထိပ်တန်းအဆင့်၂ဖြစ်သော ဝမ်စီမြောင်၏ အားသည် အတုအယောင်မဟုတ်ပေ။ မိုဘင်းသည် အဆင့်၅ဖြစ်ခဲ့သော်လည်း ပြီးခဲ့ သည့် ၁၀နှစ်အတွင်းတွင် လျင်မြန်စွာတိုးတက်ခဲ့သည်။ သူတို့နှစ်ယောက်လုံး ၏ အားမှာ ညီမျှသဖြင့် တိုက်ပွဲမှာ ညီတူမျှတူဖြစ်နေသည်။

“ယူယူ ဘယ်သူနိုင်မယ်လို့ထင်လဲ” ရှောင်ချီ မေးလေသည်။

“ပြောဖို့ခက်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ငါထင်တာ တော့ ဘယ်သူနိုင်နိုင် အပြတ်အသတ်နိုင်မှာမဟုတ်ဘူး အခုသာ ကွင်းထဲမှာ မဟုတ်ပဲ တကယ့်တိုက်ပွဲဆိုရင် နှစ်ဖက်လုံးနာလိမ့်မယ်”

“ဟုတ်တယ် ဘယ်လောက်မှမကွာကြဘူး” ရှောင်ချီ ဆက်ပြောလေ သည် “ဒါပေမဲ့ သူတို့က ယူယူ့အတွက်ပြိုင်ဘက်မဟုတ်ဘူး”

“မင်း ငါ့ကိုအထင်ကြီးလွန်းနေပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေါ့ ယူယူ့ရဲ့အားကို ရှောင်ချီသိတယ် တိုက်ပွဲစွမ်းရည်ထက်ပြီး သန်မာတယ်” ရှောင်ချီ ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည်။

“ဒါပေမဲ့ မင်းကိုတော့ မနိုင်သေးဘူး၊ ဒါပေမဲ့ မင်းအခုလက်ရှိအားက အတိအကျဘယ်လောက်ရှိလဲ” ရှီမာယူယူသည် သူမအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက်က ရှောင်ချီသည် ဧကရာဇ်အဆင့်ပြိုင်ဘက်နှစ် ယောက်ကို တစ်ချက်တည်းနှင့် အနိုင်ပိုင်းခဲ့သည်ကိုမြင်ခဲ့သဖြင့် သူမအဆင့် သည်လည်း ဧကရာဇ်အဆင့် ဝန်းကျင်ရှိရမည်ဟု တွေးခဲ့သည်။ သို့သော် သူမ သည် လေ့ထျန်ခွမ်ကဲ့သို့ ဧကရာဇ်ကျွမ်းကျင်အဆင့်ကို သတ်ခဲ့သည်။ ထိုစဉ် အချိန်မှပင် ရှောင်ချီသည် ဧကရာဇ်အဆင့်ထက် သန်မာသည်ကို သူမ သိခဲ့ ရသည်။ သို့သော် သူမအားသည် ထိုနားဝန်းကျင်ဖြစ်သည်ဟု ခံစားရတုန်း ပင်။

သို့သော် ထိုနေ့က သူမ လီရင်းနှင့် ကြာရှည်စွာတိုက်ခိုက်ခဲ့သော်လည်း ကျမသွားခဲ့ပေ။ ဆိုလိုသည်မှာ ရှောင်ချီ၏ အားသည် သူမတွေးထား သလောက် မနည်းသည်ကို သိလိုက်ရသည်။

“ဟီးဟီး မပြောပြဘူး” ရှောင်ချီသည် ပါးလုံးများတက်အောင် ရယ်ပြီး သူမ လက်ကိုကိုင်ကာ ပြောလေသည် “ယူယူ့ရဲ့ကာကွယ်မှုလိုလောက် အောင် အားနည်းတယ်လို့ပဲ မှတ်ထားပေးပါ”

“….”

ရှီမာယယူသည် သူမအား ဆွံ့အစွာကြည့်လိုက်သည်။ ဒီကလေးမလေး က သူမအားကိုဖုံးပြီး အားနည်းတယ်လို့ဟန်ဆောင်နေတာလား။

ဒါပေမဲ့ သူမရဲ့ ဘယ်အပိုင်းက အားနည်းပုံပေါက်လို့လဲ။

သူမ မပြောချင်မှတော့ ထားလိုက်ပါတော့… မဟုတ်လည်း အရေးကြီး တာမှမဟုတ်တာ။

မကြာခင်တွင် အနိုင်ရသူပေါ်လာသည်။ ရှီမာယူယူ ခန့်မှန်းထားသလို ပင် ဝမ်စီမြောင်သည် မိုဘင်းကို အမှတ်အနည်းငယ်ဖြင့် ကပ်နိုင်သွားသည်။

“ပထမအဖွဲ့ ဝမ်စီမြောင်အနိုင်ရ ဒုတိယအဖွဲ့စပါမယ်”

ရှီမာယူယူနှင့် တခြားတစ်ဖက်တွင်ထိုင်နေသော ဟွာပေါင်မြောင်တို့ သည် အတူထလိုက်ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ကွင်းဆီသို့ တစ်ချိန်တည်းပျံသွားလိုက်ကြသည်။

“မင်းအခုထိ ကျန်နေမယ်လိုှ့ ငါထင်မထားဘူးပဲ” ဟွာပေါင်မြေင် မတ်တပ်ရပ်ကာ ပြုံးပြီးပြောလေသည်  “လူသစ်တစ်ယောက်အနေနဲ့ ရွှေလို ရလဒ်ကိုလုပ်လိုက်တာပဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ နတ်သမီးပုံပြင်ကတော့ ပြီးတော့မှာ၊ လူသစ်တစ်ယောက်အနေနဲ့ မင်းက သာလွန်နေပြီ၊ မင်းရဲ့ စီနီယာ တစ်ယောက်အနေနဲ့ မင်းအတွက်ဂုဏ်ယူတယ်”]

ရှီမာယူယူသည် သူမမျက်နှာပေါ်မှအပြုံးကိုကြည့်ပြီး အရင်ဘဝမှ ထို စာကြောင်းကို တွေးမိသွားသည်။ အဖြူရောင်ကြာပန်း… အပြင်ပိုင်းတွင် ဖြူစင်ပုံပေါ်သော်လည်း အထဲတွင် ပါးနပ်သည်မှာ သူမနှင့် အလိုက်ဖက်ဆုံး ဖြစ်သည်။

အစပိုင်းတွင် သူမ မျက်နှာအမူအရာကို မစဉ်းစားမိသော်လည်း သူမ သည် လူသစ်ဆိုသည့်စကားလုံးကို ဆက်တိုက်ပြောနေကာ မဆိုးဘူးဟု တစ်ခွန်းပြီးတစ်ခွန်းပြောနေကို ကြားရသည်မှာ သူမအတွက် သက်တောင့် သက်သာ မဖြစ်စေပေ။

သူမ တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ သူမကို တခြား တစ်ယောက်မှ အကဲဖြတ်ရန် မလိုပေ။

ဟွာပေါင်မြောင်သည် အမြဲအမြင့်တွင်နေကာ အောက်သို့သာ ကြည့်နေ ခဲ့သည်။ ဒါဆိုရင် သူမ တကယ့်လက်တွေ့ကိုဆင်းပြီး ရွံ့ထဲလူးရမယ့် အရသာကို မြည်းစမ်းကြည့်သင့်တာပေါ့။ သူမ တခြားကျောင်းသားသစ်များ ကိုကြည့်ရာ သူတို့ကို သိချင်စိတ်များဖြစ်ပေါ်စေသည်။

“စီနီယာအစ်မဟွာ တခြားဘာမှအပိုတွေပြောမနေနဲ့ စရအောင်” ရှီမာယူယူ စကားဖြတ်ပြောလိုက်သည်။

ထိုသည်မှာ ဟွာပေါင်မြောင်အတွက် ပထမဆုံးအကြိမ် လူအများရှေ့ တွင် စကားဖြတ်ပြောခံရခြင်းဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက် မိုဘင်း သူမကို လျစ်လျူရှုစဉ်က ထိုအတိုင်းမဟုတ်ပေ။ ဒီလူသစ်က လေးစားမှုကိုမရှိတာပဲ။

ပြီးတော့ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လေးစားမှုမရှိတာ မဖြစ်သင့်ဘူး။

ရှက်ရွံ့လာသဖြင့် သူမမျက်နှာမှာ မပြုံးနိုင်တော့ပဲ “ဟော်ဖန်ကို နိုင်တာ နဲ့ပဲ ဂိုဏ်းကိုလွှမ်းမိုးနိုင်မယ်လို့ထင်မနေနဲ့ ငါမင်းကိုနားလည်အောင်လုပ်ပေး မယ်…”

“စီနီယာအစ်မ စကားများလိုက်တာ” ရှီမာယူယူသည် သူမ စကားထပ်ပြောမည်ကို ကြည့်ပြီး ဝိဉာဉ်စွမ်းအင်ကို စုစည်းကာ စတင်တိုက် ခိုက်လေသည်။

ဟွာပေါင်မြောင်သည် မျက်နှာထားမထိန်းနိုင်တော့ပဲ မျက်မှောင်ကြုတ် ကာပြောလေသည် “လူသစ်တစ်ယောက်က ဘဝင်မမြင့်သင့်ဘူး ဘယ်လို ပြုမူရမလဲဆိုတာ မင်းမိဘတွေကိုယ်စား မင်းရဲ့စီနီယာအစ်မက သင်ပေးရမှာ ပေါ့”

ရှီမာယူယူသည် ထိုစကားကိုကြားပြီးနောက်တွင် ချက်ချင်းပင် မျက်နှာ ပျက်သွားသည်။

သူမ မိဘများအစား သူမကိုသင်ပေးမယ်ဟုတ်လား။ ဆိုလိုတာက သူမ မိဘတွေက သူမကိုကောင်းကောင်းသင်ပေးမထားဘူးလား။

သူမအကြောင်းကိုပြောနိုင်သည်။ သို့သော် သူမ မိဘများမကောင်း ကြောင်းပြောခြင်းကို ခွင့်မပြုပေ။

ပြီးခဲ့သည့်ဘဝ လူဝင်စားစဉ်က သူမ၏ မိဘများသည် အစဉ်ကောင်းခဲ့ သည်။ သို့သော် ဒီဘဝတွင် သူတို့သည် မိဘအရင်းများမဟုတ်ပဲ အမည်ခံများ ဖြစ်ကာ သူမအတွက် ထိုနေရာတွင်မရှိခဲ့ပေ။ သို့သော် သူတို့တွင် အခက်အခဲ များရှိသဖြင့် သူမကို ပျိုးထောင်နိုင်ခြင်းမရှိသည်ကို သူမ နားလည်သည်။

ကိုယ့်ကလေးကိုယ် မချစ်တဲ့မိဘရှိလို့လား။ ဘယ်သူကရော ကိုယ့် ကလေးနဲ့ အတူမကြီးပြင်းပဲ နေချင်မှာလဲ။ သူတို့တောင် ခက်ခဲစွာခံစားနေရပြီ ကို အပြင်လူက အကဲဖြတ်ဖို့ အရည်အချင်းရှိလို့လား။

ထိုအကြောင်းတွေးမိသောအခါ သူမ ဒေါသကိုမထိန်းနိုင်ပဲ မီးလုံးပစ် ကာ အေးစက်စွာ ပြောလိုက်သည် “ငါ့မိဘတွေအစားသင်ပေးမယ်ဟုတ်လား မင်းမှာ အဲလိုလုပ်ဖို့အရည်အချင်းမရှိဘူး”

***

All Chapters