← Chapters

အရည်အချင်းနှစ်မျိုး ဝိဉာဉ်သခင်

Vol. 009 Ch. 878

အရည်အချင်းနှစ်မျိုး ဝိဉာဉ်သခင်

Vol. 009 Ch. 878

မီးလုံးသည် ဟွာပေါင်မြောင်ဆီပျံသွားကာ မီးတောက်သည် ရှီမာယူယူ ၏ ဒေါသပါနေသဖြင့် ပိုတောက်လောင်နေသည်။

ဟွာပေါင်မြောင်သည် သူမ၏ တိုက်ခိုက်မှုကို ဂရုမစိုက်ပေ။ သူမသည် ရင်ဘတ်ရှေ့တွင် လက်ကိုထားပြီး ရှုပ်ထွေးကာလှပသော လက်ဟန်လုပ် လိုက်သည်နှင့် သူမလက်ဖဝါးမှ ရေနဂါးတစ်ကောင်ထွက်လာသည်။

ရေနဂါးသည် သူမ ပတ်လည်တွင်အနည်းငယ်ပတ်ပျံပြီးနောက် သူမကို ကာကွယ်ထားလေသည်။

မီးလုံးသည် ရေနဂါးနှင့်နီးလာသောအခါ တဖြည်းဖြည်း ကွယ်ပျောက် သွားလေသည်။

“ပင်လယ်နဂါး” ဟွာပေါင်မြောင် အော်လိုက်သည်နှင့် သူမအား ပတ်ထားသော ရေနဂါးသည် ပျံထွက်ကာ သူမအနောက်တွင် လျင်မြန်စွာပင် ကြီးထွားလာသည်။ သေးငယ်သောရေနဂါးသည် ကြီးမားသော ဒဏ္ဍာရီလာ ပင်လယ်နဂါးအသွင်ပြောင်းသွားလေသည်။

“ဝါး…” ဒဏ္ဍာရီလာနဂါးအော်လိုက်ရာ အားလုံးသည် မှင်တက်သွား ကြသည်။

“တကယ်ပဲ အသံထွက်အောင်လုပ်နိုင်တာပဲ သူမဝိဉာဉ်အရည်အချင်း က အရမ်းအားကောင်းတာပဲ”

“တကယ်ပဲ ဝိဉာဉ်အရည်အချင်းကနေ မိစ္ဆာအသွင်ပြောင်းတဲ့ အကောင် တွေက အသံထွက်အောင်မလုပ်နိုင်ဘူး၊ သူမ အကောင်ကလုပ်နိုင်မယ်လို့ ထင်မထားဘူးပဲ”

“တကယ့်ကိုပဲ ထိပ်တန်းအဆင့်၃ပဲ ဒီအားကတကယ့်ကို မတူဘူး”

“စီနီယာအစ်မဟွာက ဒေါသထွက်သွားတာလား၊ ဒီနည်းထုတ်သုံးတာ အရင်ကမမြင်ဖူးပါဘူး”

“ပင်လယ်နဂါးနည်းပညာက ဟွာပေါင်မြောင်ရဲ့ တကယ့်ထူးခြားချက်ပဲ သူမက ပုံမှန်ဆိုမသုံးဘူး၊ လူသစ်နဲ့ရှင်းတာကို ဒီနည်းပညာသုံးလိမ့်မယ်လို့ မထင်ထားဘူး သူမ ဒေါသထွက်သွားတာထင်တယ်”

“ဟား စီနီယာအစ်မဟွာကို လျော့တွက်ဖို့ ဘယ်သူပြောလိုက်တာလဲ”

“အမှန်ပဲ စီနီယာအစ်မဟွာက သူ့ကိုကောင်းကောင်းသတိပေးတယ် ဒါပေမဲ့ သူက ဂရုမစိုက်ပဲ စီနီယာအစ်မဟွာကို မရိုမသေလုပ်ရဲသေးတယ်၊ သူမက စီနီယာအစ်မဟွာရဲ့ စွမ်းအားကို မြည်းစမ်းရတော့မှာပဲ၊ သူ ဒီလိုပြော ရဲဦးမလားကြည့်ကြတာပေါ့”

ရှီမာယူယူသည် ပင်လယ်နဂါးကြီးလာသည်ကို စောင့်ကြည့်နေသည်။ သို့သော် သူမသည် ကြောက်ရွံ့ခြင်းမရှိပေ။ ထိုအစား သူမသည် လက်နှစ် ဖက်ကို လျင်မြန်စွာအသုံးပြုပြီး ချိပ်ဖန်တီးလိုက်ရာ သူမရှေ့တွင် ပဒါးရောင် ငှက်ကလေးတစ်ကောင် ပေါ်လာသည်။

“ကျိ ကျိ…”

ပဒါးရောင်ငှက်ကလေး အသွင်ပြောင်းပြီးနောက်တွင်တောင် တစ်ပေ သာသာ,သာ ရှိသည်။ နဂါးနှင့်ယှဉ်လျှင် ဆင်နှင့်ပုရွက်ဆိတ်ကဲ့သို့ဖြစ်နေ သည်။

“ဟားဟား သူ့ရဲ့ဝိဉာဉ်အရည်အချင်းကိုကြည့်လိုက်ဦး ဝိဉာဉ်အရည် အချင်းကို အဲလောက်သေးတဲ့ သားရဲအဖြစ်ပြောင်းလိုက်တာ စီနီယာအစ်မ ဟွာရဲ့ ပင်လယ်နဂါးနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”

“အဲဒီနဂါးက အဲငှက်အသေးလေးကို မိနစ်ပိုင်းအတွင်း သေချာပေါက် သတ်နိုင်မှာပဲ”

“ပြောဖို့တောင်မလိုဘူး…”

ဖက်တီးကျူသည် သူတို့ဆွေးနွေးနေသည်ကို ကြားလိုက်သောအခါ ဒေါသထွက်ပြီး ပြောလိုက်သည် “အရူးတစ်သိုက်ပဲ၊ ယူယူ့ရဲ့ငှက်က အဲဒီ ပင်လယ်နဂါးကိုအဆုံးသတ်ပေးတဲ့အထိ စောင့်ကြည့်လိုက် မင်းတို့အဲလိုပြော နိုင်ဦးမလားကြည့်ကြတာပေါ့”

“သူတို့ကပြောချင်မှတော့ ထားလိုက်တော့ ရလဒ်က သူတို့မျက်နှာကို ဖြတ်ရိုက်သွားမှာပဲ” ဝေကျိရွှီ ပြောလိုက်သည်။

ဝိဉာဉ်မိစ္ဆာနှစ်ကောင်လုံး အသွင်ပြောင်းပြီးနောက်တွင် သူတို့၏ ပိုရှင် များ အမိန့်ပေးလိုက်သည်နှင့် တစ်ကောင်နှင့်တစ်ကောင် ဦးတည်သွားလေ သည်။

“ဝါး…”

“ကျိ ကျိ….”

သားရဲနှစ်ကောင်လုံး လေထဲတွင်တွေ့ဆုံရာ တစ်ကောင်သည် မီးဖြစ် ကာ တစ်ကောင်သည် ရေဖြစ်သည်။ အရည်အချင်းနှစ်ခုသည် ဖီလာဆန့်ကျင် ကာ တစ်ခုနှင့်တစ်ခုတွေ့ဆုံချိန်တွင် ကြီးမားသော သက်ရောက်မှုဖြစ်လေ သည်။ တကယ့်ဝိဉာဉ်မိစ္ဆာများကဲ့သို့ပင် တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအား များကိုထုတ်လွှတ်လေသည်။

“အဲဒါပျောက်မသွားဘူးပဲ” ပွဲကြည့်စင်မှကြည့်ရှုသူများသည် အံ့သြဖွယ် ပြောလေသည်။

ဟွာပေါင်မြောင်၏ အားအင်သည်ရှီမာယူယူထက်သန်မာတာကို ဝိဉာဉ် မိစ္ဆာနှစ်ကောင်လုံးတိုက်ခိုက်ရင် ပဒါးငှက်လေးက အစိတ်စိတ်ကွဲသွားရမှာ မဟုတ်ဘူးလား။

ဒါပေမဲ့ ဘာလို့ပဒါးငှက်လေးက ကွဲသွားတဲ့အရိပ်အယောင်မရှိပဲ တုန်ရုံ ပဲတုန်သွားရတာလဲ။ အဲအပြင်ကို ပင်လယ်နဂါးရဲ့ခန္ဓာကိုယ်က ယိမ်းယိုင် သွားသေးတယ်။

“ပင်လယ်နဂါး စားလိုက်” ဟွာပေါင်မြောင် အမိန့်ပေးလေသည်။

“ပဒါးငှက်လေး သွား မင်းကိုစားဖို့ သူ့မှာအရည်အချင်းမရှိဘူးဆိုတာ ပြ လိုက်” ရှီမာယူယူ ပြောလိုက်သည်။

ပိုင်ရှင်၏စိတ်ထဲမှ အမိန့်ပေးမှုနှင့်အတူ မိစ္ဆာနှစ်ကောင်လုံးသည် ပျံထွက်သွားကြပြန်သည်။ ပဒါးငှက်လေးသည် ပင်လယ်နဂါး၏ပါးစပ်ထဲသို့ ပျံ ဝင်သွားလေသည်။

“ဝါး”

ပင်လယ်နဂါးသည် ပဒါးငှက်လေးကိုဝါးစားပြီးနောက် အသံပြုကာ သူ၏ အောင်ပွဲကိုခံနေလေသည်။

သို့သော် ထိုအဆင့်တွင်ပြီးမသွားပေ။ အသံသည် ပိုစူးရှလာကာ နာကျင်သည့်အသံနှင့် တူလေသည်။

“ကျလိ ကျလိ…”

ပဒါးငှက်ကလေး အစိပ်စိပ်ကွဲသွားပြီဟု အားလုံးထင်လိုက်သော်လည်း အသံထွက်လာသည်။ ထိုအသံမှာ ပင်လယ်နဂါး၏ ဝမ်းဗိုက်ထဲမှထွက်လာ ခြင်းဖြစ်သည်။

“ကျိ ကျိ…”

“ဝါး”

ပဒါးငှက်လေးသည် ပင်လယ်နဂါး၏ဝမ်းဗိုက်ထဲမှ ပျံထွက်လာရာ ရေ ဝိဉာဉ်စွမ်းအင်မှ ရေစက်များအဖြစ် ပြိုကွဲသွားသော အသံများထွက်လာကာ လေထဲသို့ပြန့်သွားလေသည်။

“အဲဒီငှက်လေးက ဟွာပေါင်မြောင်ရဲ့ ပင်လယ်နဂါးကို မထင်မှတ်ပဲ အဆုံးသတ်လိုက်တာပဲ”

“အရည်အချင်းနှစ်ခုက ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ရေက မီးကိုငြှိမ်းနိုင် ပြီး မီးကလည်း ရေကို လေထဲတင်ပျောက်အောင်လုပ်နိုင်တယ်၊ သတိပြုရမှာ တော့ မီးအရည်အချင်းတိုက်ခိုက်မှုက ရေအရည်အချင်းထက်သန်မာရမယ်”

“ငါလဲအဲဒါပြောတာ” တစ်စုံတစ်ယောက်ပြောလိုက်သည် “ဟွာပေါင် မြောင်ရဲ့ ထူးခြားမှုကဒါတင်မဟုတ်သေးဘူး”

ထိုမီးအရည်အချင်းနှင့် တွေ့သောအခါ သူမ၏ပင်လယ်နဂါးဆုံးရှုံး လိုက်ရသည်မှာ အရည်အချင်းနှစ်ခုဆန့်ကျင်သည့် အကြောင်းအရင်းတစ်ခု တည်းကြောင့်မဟုတ်သည်ကို ဟွာပေါင်မြောင်သိသည်။ တခြားအကြောင်း အရင်းလည်းရှိသည်။

“ရေခဲဓားရှည်” သူမသည် လက်နှစ်ဖက်ဖြင့် ချိပ်လုပ်ရင်းအော်ရာ ရေခဲ ဓားများစွာသည် ရှီမာယူယူဆီသို့ ပျံသွားလေသည်။

“သူမက အရည်အချင်းနှစ်ခုဝိဉာဉ်သခင်လား” ရှီမာယူယူ ရေရွတ်လိုက် သည် “အရည်အချင်းနှစ်ခုဝိဉာဉ်သခင်က မရှားပါဘူး ဒါပေမဲ့ ရေနဲ့ ရေခဲ ပေါင်းစပ်မှုကတော့ မြင်ရခဲတယ်”

ရေခဲဓားများ သူမဆီလာသည်ကို မြင်သောအခါ သူမသည် မလှုပ်မယှက်ပဲ တွေဝေစွာရပ်ကြည့်နေမိလေသည်။

“ကျလိ ကျလိ..”

ပဒါးငှက်လေး ပျံလာကာ ရေခဲဓားများကိုစားလိုက်သည်။

ဒါကလည်း ကာကွယ်မှုတစ်မျိုးပဲ။

ပဒါးငှက်လေးသည် သူမ၏ ဝိဉာဉ်အရည်အချင်းကို စားရလောက် အောင် စွမ်းအားရှိလိမ့်မည်ဟု ဟွာပေါင်မြောင်မထင်ထားသဖြင့် သူမ၏ အားအင်အကုန်လုံးကိုထုတ်မသုံးပေ။ အခု ရေခဲဓားမှာအစားခံလိုက်ရသဖြင့် နောင်တရရန် နောက်ကျသွားလေပြီ။

“မင်းက အရည်အချင်းတော့ရှိသားပဲ” ဟွာပေါင်မြောင် ဆက်ပြောလေ သည် “နှမြောစရာပဲ ဒါမလုံလောက်သေးဘူး”

“လုံလောက်မလား မလုံလောက်ဘူးလားဆိုတာ စီနီယာအစ်မဟွာ ခဏနေရင်သိလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ယုံကြည်ချက်အပြည့်ပါလား အဲယုံကြည်ချက် ခဏနေထိရှိပါစေလို့ မျှော်လင့်ပါတယ်” ဟွာပေါင်မြောင်သည် ဆက်ပြောလေသည် “ငါက တိုက်ပွဲ ကိုအချိန်ဆွဲရတာကိုမကြိုက်ဘူး မြန်မြန်ပဲအဆုံးသတ်ကြတာပေါ့၊ ဒီလှုပ်ရှား မှုကို မင်းကောင်းကောင်းဖမ်းနိုင်ပါစေ”

သူမ စကားဆုံးသည်နှင့် လက်နှစ်ဖက်ဖြင့် ချိပ်ပြုလုပ်လိုက်သည်။ ရေ များသည် သူမလက်ဖဝါးမှ မြေပေါ်သို့စတင်စီးကျလာပြီး ပိုပိုကျလာရာ လျင်မြန်စွာပင် ကွင်းသည် ရေဖြင့်ပြည့်သွားလေသည်။

ကွင်းအပြင်တွင် ဝိဉာဉ်အတားအဆီးရှိသဖြင့် ရေသည် ကွင်းထဲတွင်ပင် စီးနေကာ အပြင်သို့လျှံမကျပေ။ ထိုအစား ပိုပိုမြင့်လာသည်။

ထိုရေသည် အနည်းငယ်စိတ်ညစ်ဖို့ကောင်းသည်။ သူမ ခြေထောက် များကို စိုစွတ်စေကာ မပျံနိုင်ရန် တားဆီးထားလေသည်။

“ရေခဲမိုင်ချီ”

သူမ လက်ဖဝါးနှင့် လက်ကိုမြှောက်လိုက်သည်။ သူမခန္ဓာကိုယ်မှ လေ အေးများထုတ်လွှတ်ပြီး ဝိဉာဉ်အတားအဆီးအတွင်းကို အပူချိန်ကျဆင်းစေ သည်။

ရှီမာယူယူသည် သူမမျက်နှာအေးလာသည်ကို ခံစားမိပြီး သူမကို တအံ့တသြကြည့်လိုက်သည်။ နှင်းကျနေတာပဲ။

ထိုနေရာသည် တောင်ထိပ်မဟုတ်၊ အေးသောနေရာမဟုတ်ပဲနှင့် သူမ သည် နှင်းကျအောင်လုပ်နိုင်သည်။ ဟွာပေါင်မြောင်၏ အားသည် သဘာဝ တရားနှင့် ပေါင်းစပ်ထားသည်။

နှင်းသည် သဘာဝနှင်းဖတ်များဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။ နှင်းများ ရေပေါ်သို့ကျသွားသောအခါ ရေသည် ရေခဲအဖြစ်ပြောင်းသွားကာ နှင်းဖတ် များကိုအာရုံစိုက်ကြည့်လျှင်လည်း ရေကိုခဲသွားစေသည်။

“ထစ် ထစ် ထစ်”

ရေခဲသောအသံသည် ကျယ်လောင်စွာထွက်လာသည်။ ရှီမာယူယူ ခေါင်းငုံ့ကြည့်ရာ ရေခဲသည် သူမခြေချင်းဝတ်ထိ ခဲနေလေပြီ။

“အခုမှအရှုံးပေးမယ်ဆိုနောက်ကျသွားပြီ” ဟွာပေါင်မြောင် ဆက်ပြော လေသည် “မင်းခန္ဓာကိုယ်တစ်ခုလုံးခဲသွားမယ်ဆိုရင် ငါ ငါ့အားကိုထိန်းချုပ် လိုက်ရင်တောင် မင်းဒဏ်ရာရသွားမှာပဲ”

သူမ ဟန်ဆောင်နေတုန်းပဲ။

ရှီမာယူယူသည် သူမအားကြည့်ကာ ငြင်းဆန်လိုက်သည်။

“အခုအရှုံးပေးမယ်လို့ ပြောဖို့က မစောလွန်းသေးဘူးလား”

“ဒါဆို ဆက်ကြတာပေါ့” ဟွာပေါင်မြောင် ဆက်ပြောလေသည် “မင်း အရှုံးကိုဝန်ခံမယ်ဆိုရင် ငါအခုချက်ချင်းရပ်ပေးမယ်”

ရှီမာယူယူ၏ ခန္ဓာကိုယ်သည်မီးတောက်အသွင်ပြောင်းသွားသည်။ သို့သော် ရေခဲပျံ့နှံ့လာသည်ကို မရပ်တန့်နိုင်ပေ။

“ဒါက ရေအရည်အချင်းမဟုတ်ဘူး မင်းရဲ့မီးလည်းအဲလောက် မတတ် နိုင်ဘူး” ဟွာပေါင်မြောင် ဆက်ပြောလေသည် “ရေခဲကိုရေအဖြစ်ပြောင်း လိုက်ရင် မင်းရဲ့မီး ငြိမ်းသွားလိမ့်မယ်၊ မင်းအဲဒါကိုသုံးမယ်လို့ စဉ်းစားရင် အသုံးဝင်မှာမဟုတ်ဘူး”

“ကျွန်တော် အဲနည်းကိုသုံးမယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒါက အရည်အချင်းနှစ်ခုပဲမလား၊ ဟင်း ခင်ဗျား တစ်ယောက်ပဲ အဲဒါရှိတာမဟုတ်ဘူး”

***

All Chapters