ငှက်လူသား သူမရဲ့ငှက်မွေးတွေကို ဆွဲနှုတ်လိုက်
Vol. 009 Ch. 879
ဟွာပေါင်မြောင်သည် သူမအားကြည့်လိုက်သည်။ သူမသည် တည်ငြိမ် ကာ ယုံကြည်ချက်ရှိသည်။ သူမရဲ့ ဝိဉာဉ်အရည်အချင်းနဲ့ ရင်ဆိုင်ဖို့အတွက် တခြားအကွက်ရှိနေတာလား။
ရှီမာယူယူ လက်ဆန့်ထုတ်သည်ကို သူမမြင်လိုက်သည်။ သူမ၏ လက်ဖဝါးမှ မီးထွက်ပေါ်မလာသော်လည်း ရွှေရောင်ဝိဉာဉ်စွမ်းအင်လုံး တစ်လုံးထွက်လာလေသည်။
“ရွှေအရည်အချင်းဝိဉာဉ်စွမ်းအင်လား မင်းလည်း အရည်အချင်းနှစ်မျိုး ဝိဉာဉ်သခင်လား”
ဟွာပေါင်မြောင်သည် အံ့သြသွားသည်။ ရှီမာယူယူသည် အရည်အချင်း နှစ်မျိုးဝိဉာဉ်သခင်ဖြစ်ကြောင်းကို ဘယ်သူမှမသိခဲ့ပေ။ သူမ တခြားသူများနှင့် တိုက်ခဲ့စဉ်က သူမသည် အမြဲမီးအရည်အချင်းဝိဉာဉ်စွမ်းအင်ကိုသာ အသုံးပြု ခဲ့သည်။ သူမ အခုထုတ်သုံးလိမ့်မည်ဟု မထင်ထားပေ။
ပွဲကြည့်စင်မှ ကြည့်ရှုသူများလည်း အံ့သြသွားကြသည်။ သူတို့သည် အရည်အချင်းနှစ်မျိုး ဝိဉာဉ်သခင်ကို မမြင်ဖူးခြင်းကြောင့်မဟုတ်ပဲ နှိမ့်ချပြီး နေတတ်သော အရည်အချင်းနှစ်မျိုး ဝိဉာဉ်သခင်ကိုတစ်ခါမှမမြင်ဖူး သောကြောင့်ပင်။ တခြားသူများသာဆိုလျှင် လူသိများနေလောက်ပြီ။
ရှီမာယူယူ၏ လက်ထဲမှဝိဉာဉ်စွမ်းအင်သည် လှံတံရှည်အဖြစ်ပြောင်း သွားသည်။ ထိုလှံသည် ကောင်းကင်လှံတော်နှင့် တူလေသည်။ သူမသည် လှံတံကိုကိုင်ကာ ရေခဲပြင်အလယ်ကို မြဲမြံစွာ ထိုးစိုက်လိုက်သည်။
သူမခြေထောက်နားမှ ရေခဲတုံးများ အပိုင်းပိုင်းကွဲပြီးနောက်တွင် သူမ သည် ခြေကြွကာ ခန္ဓာကိုယ်ပေါ်မှ ရေခဲများကိုခါချပြီး လေထဲသို့ပျံလိုက် သည်။
တစ်ချိန်တည်းမှာပင် သူမ၏ လက်ဖဝါးသည် မီးအရည်အချင်း ဝိဉာဉ် စွမ်းအင်ကို ခဲလိုက်သည်။ ဝိဉာဉ်စွမ်းအင်သည် မီးအဖြစ်ပြောင်းသွားပြီး ပဒါး ငှက်လေးပြန်ထွက်လာသည်။
သို့သော် ဒီတစ်ကြိမ်တွင် ပဒါးငှက်လေးသည် သေးငယ်ခြင်းမရှိတော့ ပေ။ ငှက်လေးသည် အပေါ်အောက်ကွေ့ကောက်ပျံလိုက်ချိန်တွင် ပိုကြီးလာ ပြီး ကွင်းအတွင်းရောက်သောအခါ ကွင်းတစ်ဝက်စာ အရွယ်အစားဖြစ်သွား လေသည်။
ဟွာပေါင်မြောင်သည် မီးတောက်မှထွက်လာသော မီးအရှိန်ကို ခံစားမိ ပြီး ဂရုမစိုက်ပဲမနေရဲတော့ပေ။ သူမသည် သူမ ပတ်လည်မှ ရေမှုန်များကို လျင်မြန်စွာ စုစည်းပြီးနောက် သူမကို ဝန်းရံကာ မီးကိုပိတ်တားလိုက်သည်။
သူမ အမြင်တွင် ရှီမာယူယူသာ ထိုသန်မာသောမီးတောက်ကို ထိန်း မည်ဆိုပါက ဝိဉာဉ်စွမ်းအင်များစွာလိုကာ သူမအတွက် အကာအကွယ်ကို အသုံးပြုနိုင်ခြင်းမရှိဟု တွေးသည်။ သူမသည် မီးအရည်အချင်းဝိဉာဉ်စွမ်းအင် ကို ကာထားပြီး ရေအရည်အချင်းဝိဉာဉ်စွမ်းအင်ဖြင့် သူမ၏ ရွှေအရည်အချင်း ဝိဉာဉ်စွမ်းအင်ကို တိုက်လိုက်ပါက သူမ အနိုင်ရနိုင်သည်။
ခဏအကြာတွင် မီးတောက်သည် အားနည်းလာသည်။ ရေမျက်နှာပြင် မှတစ်ဆင့် သူမ ခဲထားသောရေခဲများသည် ရေအဖြစ်ပြောင်းသွားကာ ကွင်း သည် စိုရွှဲနေသည်ကို ဟွာပေါင်မြောင်မြင်လိုက်ရသည်။
သူမသည် ရေမျက်နှာပြင်မှ မျက်နှာလွှဲကာ ရှီမာယူယူ ခဲလိုက်သော တခြားရင်းနှီးသောဝိဉာဉ်စွမ်းအင်ကို ကြည့်ရန် ခေါင်းမော့ပြီး ကြည့်လိုက် သည်။
“ပြီးသွားပြီ”
ရှီမာယူယူသည် သူမ၏ လျှပ်စီးအရည်အချင်းကိုသုံးကာ အဆက်မပြတ် ပစ်ချလေသည်။ တစ်ချက်မှာ ဟွာပေါင်မြောင်အား တိုက်ရိုက်ထိပြီး တခြား အချက်များသည် ရေထဲသို့ကျသွားသည်။
“ရွှီး ရွှီး…”
ရေခဲသည် လျှပ်ကာနိုင်သော်လည်း ရေသည် လျှပ်စီးနိုင်သဖြင့် လျှပ်စီး များသည် ကွင်းထဲတွင် စီးဆင်းပြီးနောက် ဟွာပေါင်မြောင်ဆီသို့ သွားလေ သည်။
“အာ…”
ဟွာပေါင်မြောင်သည် လေထဲမှလျှပ်စီးကို တားလိုက်နိုင်သော်လည်း ရေထဲမှ လျှပ်စီးများကြောင့် ဓာတ်လိုက်ကာ မည်းတူးသွားပြီး ဆံပင်များ လိပ် တက်သွားသည်။
“ရွှတ် ရွှတ် ရွှီး…”
လျှပ်စီးများသည် သူမခန္ဓာကိုယ်တစ်လျှောက် စီးဆင်းရာ သူမ တောင့်ခံ နိုင်ခြင်းမရှိတော့ကာ ရေထဲကျသွားလေသည်။
“လျှပ်စီးအရည်အချင်း သူမက အရည်အချင်းသုံးမျိုး ဝိဉာဉ်သခင်ပဲ” ကြည့်ရှုသူများ အော်လေသည်။
အရည်အချင်းနှစ်မျိုး ဝိဉာဉ်သခင်မှာ များသော်လည်း အရည်အချင်းသုံး မျိုး ဝိဉာဉ်သခင်မှာ နေရာတိုင်းတွင်တွေ့ရန် ရှားပါးသည်။ သူမသည် အရည်အချင်းသုံးမျိုး ဝိဉာဉ်သခင်ဖြစ်လိမ့်မည်ဟု ထင်မထားမိပေ။
သိုသိုသိပ်သိပ်နေတတ်တဲ့ အရည်အချင်းသုံးမျိုး ဝိဉာဉ်သခင်ပါလား။
အားလုံးသည် သူမကြောင့် ကြောက်လန့်သွားကြသည်။ သူမသည် အားလုံး၏ အသိအမှတ်ပြုမှုကို ပြန်ပြန်ပြီးဆန်းသစ်နေသည်။
ရှီမာယူယူသည် လေထဲမှ ရေထဲသို့ဆင်းသက်လိုက်သည်။ လျှပ်စီးများ သည် သူမခန္ဓာကိုယ်အတွင်းစီးဝင်သွားသော်လည်း သူမကို နာကျင်စေသည့် ပုံမပေါ်ပေ။
သူမသည် ကြမ်းပြင်ပေါ်မှ လူကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည် “စီနီယာအစ်မဟွာ ရှုံးသွားပြီပဲ လူသစ်တစ်ယောက်အနေနဲ့ တောင်းပန်ပါ တယ် ကျွန်တော် အစ်မကို မတော်တဆနိုင်သွားပြီ”
ဟွာပေါင်မြောင်သည် သူမအား နာကျင်စွာကြည့်လိုက်ပြီး သူမ မျက်လုံး ထဲမှ အေးစက်မှုကိုတွေ့သောအခါ သူမအား သတ်ချင်သည့် ဒေါသဖြစ်သွား လေသည်။
“စီနီယာအစ်မဟွာ ကျွန်တော့်ကိုသတ်ချင်လို့လား” ရှီမာယူယူသည် သူမအား ခံစားမိသဖြင့် ပြောလိုက်သည် “ဒါပေမဲ့ ဒါကပြိုင်ပွဲတစ်ခုပဲလေ စီနီယာအစ်မဟွာ ဒီပြိုင်ပွဲမှာရှုံးသွားလို့ ကျွန်တော့်ကိုသတ်ချင်တာလား စီနီယာအစ်မရဲ့ မိဘတွေက စိတ်သဘောထားသေးတဲ့ သမီးကိုမွေးထားတဲ့ ပုံပဲ”
ဟွာပေါင်မြောင်သာ သူမကိုသတ်ချင်ပါက သူမလည်း နှစ်ကြိမ်ပြန် မစဉ်းစားပေ။
ယူယူ၏ စကားလုံးများသည် ဟွာပေါင်မြောင်၏ သွေးများကို ဆူပွက်စေ သည်။ ပြိုင်ပွဲမတိုင်ခင်တွင် သူမ၏ အပြုအမူမယဉ်ကျေးမှုအတွက် ထေ့ငေါ့ ခဲ့သည်။ ဒီလောက်မြန်မြန် စကားတုန့်ပြန်လိမ့်မည်ဟု သူမ ထင်မထားပေ။
သူမရဲ ဟွာမိသားစုရဲ့ ဂုဏ်ကို နိမ့်ကျတဲ့လူသားတစ်ယောက်က ဘယ် လိုဖြစ်လို့ သွားပုပ်လေလွှင့်ပြောရတာလဲ။ သူမရဲ့ ဂုဏ်ယူရတဲ့ ကြိုးကြာ ထောင်ချီ မျိုးနွယ်ရဲ့ လူတွေက လူတစ်ယောက်ကို အရှုံးမပေးနိုင်ဘူး။
ထိုအကြောင်းစဉ်းစားမိရာ သူမ၏ခန္ဓာကိုယ်သည် အဖြူရောင်ငှက်မွေး များ စတင်ထွက်လာပြီး ဝိဉာဉ်မိစ္ဆာတစ်ကောင်တွင်သာ ရှိတတ်သော အနံ့သည် သူမခန္ဓာကိုယ်မှ ရုတ်တရက်ထွက်လာသည်။
“ငှက်မျိုးနွယ်လား” ဟွာပေါင်မြောင်သည် ထိုပုံစံအတိုင်းဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားမိသဖြင့် အံ့အားသင့်နေလေသည်။
သူမသည် ငှက်မျိုးနွယ်ဖြစ်သည်ဆိုသည့်သတင်းကို ရှီမာယူယူ မကြား ဖူးပေ။
သူမတစ်ယောက်တည်းမဟုတ်ပဲ ဂိုဏ်းမှ ကျောင်းသားများနှင့် ဆရာ များပါ အံ့အားသင့်သွားလေသည်။ သူမသည် ဝိဉာဉ်သားရဲ တစ်ကောင်ဖြစ် သည်ကို ဘယ်သူမှမသိခဲ့ကြပေ။
“မဟုတ်ဘူး ဒါက ဖြူစင်တဲ့ငှက်မျိုးနွယ်အနံ့မဟုတ်ဘူး” ရှီမာယူယူ သည် သူမအတွေးကိုငြင်းဆန်လိုက်သည် “သူမမှာ ငှက်မျိုးနွယ်အနံ့ရှိနေ တယ် အဲဒါက သူမသွေးဖြစ်မယ်၊ ငှက်မျိုးနွယ်ရဲ့သွေးရှိနေတဲ့ လူတစ်ယောက် ဆိုတော့ အိုး အဲဒါက ငှက်လူသားလား”
သူမ၏ စကားများကြောင့် ဟွာပေါင်မြောင်၏ သွေးများသည် ဆူပွက်ပြီး သားပင်။ သူမ၏ စကားကြောင့် ကြည့်ရှုသူများသည် ရယ်မောကြလေသည်။ အထူးသဖြင့် အနားယူသည့်နေရာတွင် ရှိနေသည့် ရှောင်ချီနှင့် ဖက်တီးကျူ တို့သည် ဗိုက်နာလောက်အောင် ကသောင်းကနင်းရယ်မောကြလေသည်။
“ငှက်လူသား ဟားဟား ငှက်လူသား ဒီအခေါ်အဝေါ်ကောင်းတယ်” ရှောင်ချီသည် အနားယူသည့်နေရာရှိခုံပေါ်တွင်လဲနေကာ ဗိုက်ကိုလက်နှစ် ဖက်ဖြင့်ဖိထားပြီး ခြေကိုအနောက်သို့ကန်ကာ ရယ်မောလေသည်။
ဟွာပေါင်မြောင်သည် မတ်တပ်ရပ်ပြီး ရှီမာယူယူကိုကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် ညှာတမှုကင်းမဲ့ကာ စူးရှနေသည်။
ထိုအခိုက်အတန့်တွင် သူမသည် လူသားအသွင်ဖြစ်သော်လည်း နောက်ကျောမှ အတောင်ပံတစ်စုံပေါက်နေသည်။ သူမ၏ အဝတ်များသည် ပြဲနေကာ သူမ၏ခန္ဓာကိုယ်သည် နှင်းအဖြူရောင်ငှက်မွေးများဖြင့် ပြည့်နေ သည်။
“ငါ့ကို ဒီအထိရောက်လာအောင် ဘယ်သူမှမတွန်းနိုင်ဘူး” သူမသည် အတောင်ပံနှစ်ခုလုံးကို လှုပ်ရှားကာ ရေပေါ်မှပျံတက်သွားပြီး ကွင်းမှထွက် သွားလေသည်။
“ဒီလိုကျ အစ်မက ငှက်လူသားနဲ့ တကယ်တူတယ်” ရှီမာယူယူ ပြော လိုက်သည်။
“ဟင်း နိမ့်ကျတဲ့လူသားတစ်ယောက်ကများ ငါ့ရဲ့ တော်ဝင် ကြိုးကြာ ထောင်ချီသွေးကို သွားပုပ်လေလွင့်ပြောရဲသေးတယ် မင်းပြေးမလွတ်ဘူး” ဟွာပေါင်မြောင်သည် အော်ပြီးသည်နှင့် အတောင်ပံခတ်ကာ ရှီမာယူယူဆီသို့ ပြေးဝင်လေသည်။
သူမခန္ဓာကိုယ်ထဲမှ သွေးသည် ဝိဉာဉ်မိစ္ဆာများနှင့် ယှဉ်နိုင်သည်။ ကြိုးကြာထောင်ချီမျိုးနွယ်၏ ခန္ဓာကိုယ်သည် ဝိဉာဉ်မိစ္ဆာများအားလုံးတွင် အသန်မာဆုံးမဟုတ်သော်လည်း လူသားဝိဉာဉ်သခင်နှင့်ယှဉ်လျှင် သန်မာကြ သည်။
သိုပသော် သူမ တစ်ချက်လိုသွားသည်။ ယူယူ၏ခန္ဓာကိုယ်သည် သာမာန်ခန္ဓာကိုယ်မဟုတ်ပေ။ သူမသည် ခန္ဓာကိုယ်အား ပျိုးထောင်ထားကာ မိုးကြိုးသွားများဖြင့် ရှည်ကြာစွာ လေ့ကျင့်ထားသဖြင့် သူမခန္ဓာကိုယ်၏ အား သည် ဝိဉာဉ်မိစ္ဆာများနှင့် ယှဉ်နိုင်သည်။
သေချာတာတော့ သူမ၏ နှုတ်ခမ်းနှင့် နားရွက်ကဲ့သို့ အပိုင်းများက တော့ နူးညံ့တာပေါ့။ မဟုတ်ရင် မိုရှားက သူမနှုတ်ခမ်းတွေကို ပေါက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
“ယူယူ သွားတော့ သူမကိုရိုက်လိုက် သူမရဲ့ ငှက်မွေးတွေအကုန်နှုတ် ပစ်လိုက်” ရှောင်ချီသည် အဖွဲ့ထဲခုန်ဝင်လာကာ ရှီမာယူယူအားအော်လိုက် သည်။
“……”
အားလုံးသည် ရှောင်ချီအား ဆွံ့အစွာကြည့်မိကြသည်။ သူမတွင် ဝိဉာဉ်မိစ္ဆာသွေးရှိသည်။ ဟုတ်ပြီ။ ရှီမာယူူယူက ခန္ဓာကိုယ်ပျိုးထောင်ထားပြီး တခြားဝိဉာဉ်သခင်တွေထက်သန်မာတယ်ဆိုတဲ့ ကောလဟလတွေပြန့်နေ တာဆိုတော့ သူမက ဝိဉာဉ်မိစ္ဆာသွေးရှိတဲ့သူကိုတောင် အနိုင်ရနိုင်ခြေရှိတယ် ဆိုတဲ့သဘောမလား။
ပြီးတော့ ဘယ်သူက အဲလိုမျိုးအားပေးလို့လဲ။ သူမရဲ့ ငှက်မွေးတွေ အကုန်လုံးကိုနှုတ်ပစ်လိုက်ဆိုတာက ဘာသဘောလဲ။ မယဉ်ကျေးလိုက်တာ။
သူတို့အတွေးများကို ရှောင်ချီသိပါက သူမသေချာပေါက်ပြန်ပြောမည် မှာ ‘ယဉ်ကျေးတယ်ဆိုတာဘာလဲ စားရတဲ့ဟာလား မဟုတ်ရင် ပါးစပ်ပိတ် ထား’
ဟွာပေါင်မြောင်သည် မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ရှီမာယူယူ၏ အရှေ့တွင်ရောက်နေသည်။ သူမသည် လက်များကို ရှီမာယူယူ ဆီသို့ ဆန့်ထုတ်ပြီး သူမအား အပိုင်းပိုင်းဆွဲဖြဲချင်နေသည်။
ထိုအချိန်တွင် သူမလက်များတွင် လက်သည်းများရှိနေသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။ အဲဒါက…ရုပ်ဆိုးလိုက်တာ။
***