← Chapters

ဖောက်ပြန်တတ်တဲ့ပါရမီရှင်လား မဟုတ်ရင် နတ်ဆိုးလား

Vol. 009 Ch. 880

ဖောက်ပြန်တတ်တဲ့ပါရမီရှင်လား မဟုတ်ရင် နတ်ဆိုးလား

Vol. 009 Ch. 880

ဟွာပေါင်မြောင်သည် သူမအား ရိုက်ရန်ကြိုးစားလိုက်သော်လည်း ရှီမာယူယူသည် သူမလက်ဖဝါးနှင့် ကာလိုက်သည်။

သူမလက်ဖဝါးမှာ သေချာပေါက် ဒဏ်ရာရမည်ဟု အားလုံးက ထင်ထား ကြသော်လည်း သူတို့၏ လက်ဖဝါးများတွေ့ဆုံသောအခါ ကိုယ့်နေရာကိုယ် ပြန်ရောက်သွားကြလေသည်။ ရှီမာယူယူ၏ လက်ကျိုးသွားမည်ဟု အားလုံး က ထင်ထားသည့်အတိုင်းဖြစ်မလာပေ။

“သန်မာလိုက်တဲ့ခန္ဓာကိုယ်ပဲ” ဝမ်စီမြောင်သည် ရှီမာယူယူအားကြည့် ပြီး အော်လိုက်လေသည်။

“မင်းခန္ဓာကိုယ်ထက် ဆယ်ဆလောက်သန်မာတယ်” မိုဘင်း ပြော လိုက်သည်။

သူနှင့် ဝမ်စီ်မြောင်တို့သည် ခန္ဓာကိုယ်အား လေ့ကျင့်လာခဲ့ကြသည်။ သူတို့သည် ခန္ဓာကိုယ်ပျိုးထောင်ခြင်းကို သီးသန့်လုပ်ခြင်းမရှိသော်လည်း တခြားသူများထက် သန်မာနေတုန်းပင်။

သို့သော် ထိုနေရာမှာသာ သူတို့ဆိုလျှင် ဟွာပေါင်မြောင်၏ ရိုက်ချက်ကို မဖမ်းရဲပဲ အရိုက်ခံလိုက်ရမည်သာ။

ဟွာပေါင်မြောင်သည် အနောက်သို့ မီတာအနည်းငယ်ဆုတ်သွားပြီး နောက် ရပ်လိုက်သည်။ သူမ လက်ဖဝါးမှနာကျင်မှုကိုခံစားပြီး ရှီမာယူယူကို မယုံကြည်စွာ အံ့အားသင့်ပြီးကြည့်လိုက်သည်။

ရှီမာယူယူ၏ လက်သည်လည်း နာကျင်မှုကိုခံစားရသဖြင့် အကြိမ် အနည်းငယ် လှုပ်ရမ်းပြီးနောက် ရေရွတ်လိုက်သည် “ဒီမိန်းကလေးရဲ့ လက်ဖဝါးက တောင့်တင်းနေတာပဲ နာလိုက်တာ”

အနားမှလူများသည် သူမပြောစကားကိုကြားလိုက်သည်နှင့် သူတို့နှစ် ယောက်၏ လက်များကိုကြည့်လိုက်ကြရာ အလွန်အံ့အားသင့်သွားကြလေ သည်။

ဟွာပေါင်မြောင်ရဲ့ လက်ကတုန်နေပြီ၊ မင်းလက်က တုန်တောင်မတုန် ဘူး၊ အဲဒါကို မင်းကနာတယ်လို့ပြောနေတာလား။

“ဟင်း”

ဟွာပေါင်မြောင်၏ နတ်ဆိုးရောင်ဝါသည် တိုးလာကာ သူမသည် ခြေ ဆောင့်ပြီး ရှီမာယူယူဆီသို့ပျံလာသည်။

“လာပြန်ပြီ” ရှီမာယူယူ အော်ပြီးနောက် သူမနှင့် ထပ်ရင်ဆိုင်လိုက် သည်။

အနီးကပ်တိုက်ခိုက်ရာ သူတို့နှစ်ယောက်လုံးသည် မြန်ဆန်ကြသည်။ အပြင်လူများသည် သူတို့၏ အမြန်နှုန်းကို မျက်လုံးဖြင့်လိုက်မှီအောင် မကြည့် နိုင်သည်ကို သိလိုက်ရသည်။

သူတို့နှစ်ယောက်လုံးသည် ၁၀မိနစ်ကျော်အဆက်မပြတ်တိုက်ခိုက်ပြီး နောက်တွင် ရှီမာယူယူ၏ လက်များစတင်နာကျင်လာသည်။

ဒီငှက်လူသား အရေထူလိုက်တာ။

“ယူယူ သူမငှက်မွေးတွေအကုန်နှုတ်လိုက်” ရှောင်ချီသည် ကွင်း အောက်မှအော်ရာ သူမသည် ထိုအကြံကိုမစွန့်လွှတ်နိုင်သေးသည့်ပုံပင်။

ဟွာပေါင်မြောင်သည် ရှောင်ချီ၏ပြောစကားကိုကြားလိုက်သောအခါ ပို၍ ဒေါသထွက်လာသည်။ သူတို့နှစ်ယောက်ပေါင်းပြီး သူမကိုအရှက်ခွဲနေ တာပဲ။

သူမူကိုသတ်… ရှီမာယူယူကိုသတ်

သူမခန္ဓာကိုယ်ထဲမှ အသံသည် အော်နေရာ တဖြည်းဖြည်းနှင့် သူမ၏ ကျိုးကြောင်းစဉ်းစားနိုင်စွမ်း လျော့ကျလာပြီး ညှာတာမှုမရှိသော တိုက်ခိုက်မှု ကိုပြုလုပ်သည့် အရူးတစ်ယောက်လိုဖြစ်လာသည်။

သူ၏ ပြောင်းလဲမှုကို ရှီမာယူယူ ခံစားမိသည်။ ဟွာပေါင်မြောင်၏ မျက်လုံးများ နီရဲလာသည်ကိုကြည့်ပြီး သူမခန္ဓာကိုယ်သည် ဝိဉာဉ်မိစ္ဆာသွေး ၏ ထိန်းချုပ်မှုကိုခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။

“ငါ့ကိုလာသတ်ကြည့်လေ အဲလိုစွမ်းရည်ရှိမလားကြည့်ကြတာပေါ့”

ဟွာပေါင်မြောင်သည် သူမခေါင်းဆီသို့ တစ်ချက်ကန်လိုက်ရာ ဒီ တစ်ကြိမ်တွင် ရှီမာယူယူသည် လှည့်ဖြားမှုမလုပ်ပဲ သူမ၏ တိုက်ခိုက်မှုကို ရှောင်ရုံသာရှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်ပြီး လက်မှဝိဉာဉ်စွမ်းအင်ကို လျင်မြန်စွာစုစည်းပြီး မီးတောက်အသွင်ပြောင်းလိုက်သည်။

“အာ…”

သူမ၏ ခြေတစ်ချောင်းလုံး မီးလောင်လုနီးပါးဖြစ်သွားသည်။ သူမသည် ကျယ်လောင်စွာအော်ကာ ရှီမာယူယူ၏ လက်ကိုကန်ထုတ်ပြီး ရေထဲသို့ ပြန် သွားကာ ခြေထောက်မှမီးကိုငြှိမ်းလိုက်သည်။

မီးငြိမ်းသွားသော်ညလ်း ခြေထောက်မှငှက်မွေးများသည် လောင်ကျွမ်း နေကာ ကျိုးတို့ကျဲတဲဖြစ်သွားပြီး ခြေထောက်တစ်ခုလုံး မည်းနက်သွားလေ သည်။

“ဟားဟားဟား” ရှောင်ချီသည် ကွင်းအောက်မှ ကသောင်းကနင်းရယ် မောကာ “ယူယူက ငှက်မွေးကိုနှုတ်မပစ်ပဲ မီးလောင်တိုက်သွင်းလိုက်တာပဲ အဲအကြံလည်းမဆိုးဘူး ဟားဟားဟား….”

“ပါးစပ်ပိတ်” ဟွာပေါင်မြောင်သည် ရှောင်ချီအား အော်လိုက်သည်။ ဒေါသအကြည့်နှင့်အတူ သူမသည် အရင်ကသူမနှင့်ယှဉ်လျှင် နူးညံ့ခြင်း၊ တင့်တယ်ခြင်းများမရှိတော့ပေ။

ရှောင်ချီသည် သူမအား ရုပ်ဆိုးသောမျက်နှာပြုလုပ်ပြပြီး ပြော လေသည် “မလုပ်နဲ့လို့ပြောလေ လုပ်ချင်လေပဲ ဟားဟားဟား ယူယူ သူမ ငှက်မွေးတွေကို အကုန်မီးလောင်တိုက်သွင်းလိုက် လုပ်လိုက်”

ဟွာပေါင်မြောင်သည် ဆင်းပြီး ရှောင်ချီကိုမသတ်နိုင်ပေ။ ထို့ကြောင့် သူမ၏ ဒေါသကို ရှီမာယူယူဘက်လှည့်လိုက်သည်။

“ငါ့ရဲ့အဖိုးတန်ငှက်မွေးတွေကို လောင်အောင်လုပ်ရဲတယ် မင်းက ဒါကို တောင်းဆိုလိုက်တာပဲ”

သူမသည် အတောင်ပံများကို အနောက်သို့ဆွဲလိုက်ရာ ကြိုးကြာထောင် ချီအသွင်သည် သူမနောက်တွင်ပေါ်လာသည်။

အသွင်ပြောင်းအရိပ်၏ မျက်လုံးများသည် ပိတ်ထားသည်။ သူမသည် ထိုအကောင်၏ မျက်လုံးကိုမမြင်ရသော်လည်း သူ၏ အားကောင်းမှုကို ခံစားမိ သည်။

စင်ပေါ်တွင် တာဝန်ကျဆရာသည် မုန့်ဆန်းချွယ်အး ကြည့်ကာ မေး လိုက်သည် “ဒါရိုက်တာမုန့် ကျွန်တော်တို့…”

မုန့်ဆန်းချွယ်သည် ဂရုစိုက်ရန်မလိုဟု အဓိပ္ပာယ်နှင့် ခေါင်းရမ်းလိုက် သည်။

ထိုကိစ္စလေးသည် သူမအတွက် အခက်အခဲမဖြစ်နိုင်ပေ။

ထိုဆရာသည် ဘာမှပြန်မပြောသော်လည်း အလွန်စိတ်လှုပ်ရှားကာ ကွင်းကိုကြည့်နေလေသည်။ တစ်စုံတစ်ခုဖြစ်လာပါက သူသည် ချက်ချင်းပင် တုန့်ပြန်နိုင်ရန်ဖြစ်သည်။

ရှီမာယူယူသည် မျက်လုံးပိတ်ထားသော ကြိုးကြာထောင်ချီကိုကြည့် လိုက်သည်။ ထိုအရာသည် အန္တရာယ်များလွန်းသည်ဟု သူမ၏ စိတ်ထဲမှ သူမကို ပြောနေသည်။

“အံ့ဖွယ်ကြိုးကြာ သူ့ကိုစားလိုက်”

ဟွာပေါင်မြောင်သည် ဖြူဖျော့နေကာ သူမစကားပြောလိုက်ချိန်တွင် အားနည်းနေပုံပေါက်သည်။

သူမ၏ လက်ရှိအားကိုပေးရမည်ဆိုလျှင် သူမသည် အံ့ဖွယ်ကြိုးကြာကို ဆင့်ခေါ်ရန် အားအလုံအလောက်မရှိပေ။ သို့သော် သူမသည် ကျိုးကြောင့် သင် စဉ်းစားနိုင်စွမ်းပျောက်ဆုံးနေသဖြင့် သူမသာ ရှီမာယူယူကိုသတ်ရမည် ဆိုလျှင် နောက်ဆက်တွဲများကို ဂရုမစိုက်ပေ။

အံ့ဖွယ်ကြိုးကြာသည် ခေါင်းမော့လိုက်ရာ မြင့်မြတ်ပြီး အားကြည့်းသည့် ပုံပေါ်သည်။ သူသည် သူမ၏ အမိန့်ကိုမနာခံလိုသော်လည်း အတောင်ပံများ ကိုလှုပ်ခတ်လိုက်သည်။

သူသည် အနည်းငယ်သာလှုပ်ရှားလိုက်ခြင်းဖြစ်သော်လည်း မုန်တိုင်း တစ်ခုသည် ကွင်းထဲတွင်ဖြစ်ပေါ်လာကာ ထိုမုန်တိုင်းသည် အားပြင်းလာပြီး ရှီမာယူယူဆီသို့တိုက်ခတ်လေသည်။

ရှီမာယူယူ၏ လက်များသည် အလိုလိုအရှေ့သို့ရောက်လာပြီး လေ စွမ်းအင်ကို တားဆီးရန်ကြိုးစားသော်လည်း အလွန်အားကြီးလွန်းသဖြင့် ကုတ်ခြစ်ရာဖြင့် ဒဏ်ရာရသွားလေသည်။

“လေဟာပြင် ပိတ်ခြင်း”

သူမသည် ပတ်ပတ်လည်အား ပိတ်လိုက်ရာ လေမည်မျှပင် တိုက်စေ ကာမူ သူမကို လာမထိပေ။

“လေဟာပြင် ပိတ်ခြင်းလား” စင်ပေါ်မှ ဆရာများသည် အံ့အားသင့်လေ သည်။

ပွဲကြည့်စင်မှ ကြည့်ရှုသူများသည် လေ၏ စွမ်းအားကိုခံစားမိ သော်လည်း ကွင်းအားဝိဉာဉ်အတားအဆီးဖြင့် ပိတ်ထားသဖြင့် လေအား မပြင်းပေ။

ရှီမာယူယူသည် လေကြောင့် မျက်လုံးမဖွင့်နိုင်ရာမှ ရုတ်တရက် လေ သည် သူမကို ထိတွေ့နိုင်ခြင်းမရှိသည်ကို သူတို့မြင်တွေ့လိုက်ရသဖြင့် သိ ချင်စိတ်များ ပြင်းပြသွားကြသည်။ စင်ပေါ်မှဆရာများ လေဟာပြင်ပိတ်ခြင်းဟု ပြောသည်ကို ကြားလိုက်သည်နှင့် သူတို့သည် သဘောပေါက်ကြသည်။

“လေဟာပြင်ပိတ်ခြင်း ဟုတ်လား၊ အဲဒါက တည်ဆောက်မှုသခင်တွေပဲ လုပ်နိုင်တာမလား၊ သူက တည်ဆောက်မှုသခင်လား”

“ဟုတ်တာပေါ့ မဟုတ်ရင် ဒီအကွက်ကိုဘယ်လိုသိမှာလဲ”

“ဒါပေမဲ့ မှားတာတော့မှားနေတယ် တည်ဆောက်မှုသခင်တွေက ဒီအကွက်ကိုသိတယ် ဒါပေမဲ့ အဲဒါက ဒီအကွက်ကိုတည်ဆောက်မှုသခင် တွေပဲ သိတယ်လို့ မဆိုလိုဘူး၊ ပါရမီရှိမှရမယ်”

“သူက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးလား ဘယ်လိုလုပ် တည်ဆောက် မှုသခင်ဖြစ်နေတာလဲ”

“ခင်ဗျားကရူးနေတာလား သူက အဂ္ဂိရတ်ပညာရှင်ဖြစ်သလို တည်ဆောက်မှုသခင်လည်းဟုတ်တယ်”

“သေစမ်း မီး၊ သတ္တု၊ လျှပ်စီး အရည်အချင်းသုံးမျိုး ဝိဉာဉ်သခင်ဖြစ်ပြီး အဂ္ဂိရတ်ပညာရှင်လည်းဖြစ်သလို တည်ဆောက်မှုသခင်လည်းဖြစ်နေတယ် သာမာန်လူတစ်ယောက်က ဘယ်လိုလုပ်အဲလိုဖြစ်နိုင်မှာလဲ”

“မဟုတ်ဘူး” လူတစ်ယောက်သည် ခေါင်းရမ်းလေသည်။

“ဘာလဲ”

“ဖောက်ပြန်တတ်တဲ့ ပါရမီရှင်တွေပဲ အဲလိုလုပ်နိုင်တာ ဒါပေမဲ့ သူက တကယ့်ကိုနတ်ဆိုးပဲ”

“ဟား..”

ဖက်တီးကျူသည် ကြားလိုက်ရာ နှာမှုတ်လေသည်။

“ဖောက်ပြန်တတ်တဲ့ပါရမီရှင်မဟုတ်ရင် နတ်ဆိုးလား” သူ ရယ်မော လိုက်သည် “ယူယူ့ကို ဘယ်လိုခေါ်သင့်တယ်လို့ထင်လဲ”

“မင်းသွားပြီးမေးလိုက်လေ” ဝေကျိရွှီ ပြောလိုက်သည်။

“မဟုတ်သေးဘူး သူ ငါ့ကိုသေချာပေါက်ရိုက်လိမ့်မယ်” ဖက်တီးကျူ သည် ငြင်းဆန်လေသည်။ ဒီလူက သူ့ကိုဗုံးကြဲစေချင်နေတာ.. သူငြင်းတာ ပေါ့။

“ပြိုင်ပွဲကိုဆက်ကြည့်ရအောင်” ဘေဂုံထန် ဆက်ပြောလေသည် “အဲဒါ လုံခြုံမယ်လို့ ငါမထင်ဘူး”

ထိုသည်မှာ ထင်ယောင်ထင်မှား မိစ္ဆာဖြစ်နေကာ ကိုင်တွယ်ရန် လွယ်ကူ မည်မဟုတ်ပေ။

သူမသည် မုန့်ဆန်းချွယ်နှင့် တခြားသူများကိုကြည့်လိုက်သည်။ သူတို့ သည် ပြိုင်ပွဲရပ်ရန် ဆရာများကို မပြောသဖြင့် လုံခြုံမှုရှိသည် မရှိသည်ကို မသိ နိုင်ပေ။

ရှီမာယူယူမှာတော့ နည်းဗျူဟာတွေအများကြီးရှိတာ သူမ ကိုင်တွယ်နိုင် ပါ့မလား။

အံ့ဖွယ်ကြိုးကြာဟုခေါ်သော အကောင်သည် မျက်လုံးအနည်းငယ်ပွင့် လာကာ ထူးခြားစွာအော်ကာ ခေါင်းငုံ့လိုက်သည်။

သူ အတောင်ပံဆက်ခတ်ရာ ကွင်းထဲမှ လေသည် ချက်ချင်းပင် ရပ်တန့် သွားလေသည်။

“မင်းက တည်ဆောက်မှုသခင်ပဲ…” ဟွာပေါင်မြောင်သည် သူမ ရင်ဘတ်ကို ကိုင်လိုက်သည်နှင့် သူမပါးစပ်ထောင့်မှ သွေးများစီးကျလာ သည်။

သူမသည် အံ့ဖွယ်ကြိုးကြာကို အတင်းအကြပ် ဆင့်ခေါ်ခဲ့ရာ ထပ်ပြီး တောင့်မခံနိုင်တော့ပေ။

***

All Chapters