← Chapters

ကံမကောင်းခြင်း

Vol. 009 Ch. 881

ကံမကောင်းခြင်း

Vol. 009 Ch. 881

“သန်လည်းမသန်မာပဲ အတင်းကြီး ဆင့်ခေါ်ချင်တာလား၊ ခင်ဗျား အထိန်းအချုပ်မဲ့နေပြီပဲ ဟုတ်တယ်မလား” ရှီမာယူယူသည် သူမ၏ အခြေအနေကို တစ်ချက်တည်းနှင့်သိသဖြင့် သူမကို သတိပေးလိုက်သည်။

“ငါ အထိန်းအချုပ်မဲ့နေပေမယ့် မင်းကိုအရင်ရိုက်မယ်” ဟွာပေါင်မြောင် ပြောလေသည်။

“အဲဒါကတော့ ခင်ဗျားမှာ လုပ်နိုင်စွမ်းရှိ မရှိပေါ်မူတည်တယ်” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ ခင်ဗျားက ကံမကောင်းသွားတာ ပဲ”

“ဘာလဲ”

“ခင်ဗျားက ငှက်ပဲ”

“သူမက ငှက်ဖြစ်နေလို့ ကံမကောင်းတာလား”

အဲဒါဘယ်လိုနိသေသလဲ။

အကယ၍ သူမသာ ရှီမာယူယူကို အထင်မသေးပဲ၊ သူမကိုယ်သူမ အာရုံပိုစိုက်ခဲ့ပါက ဒီနေ့ဒီလောက်ဆိုးရွားစွာ ရှုံးမည်မဟုတ်ပေ။

ထို့အပြင် ယူယူ၏ အခြေအနေကို သိသည့်သူ ဂိုဏ်းတွင်များသည်။ ဥပမာအနေနှင့် ငှက်များ၏ ဘုရင်သည် သူမ၏ စာချုပ်မိစ္ဆာဖြစ်သည့် အချက် ပင်။

သူမသာ် ထိုအကြောင်းကိုသိပါက ရှီမာယူယူ ဘာကြောင့် သူမကို ကံမကောင်းဘူးဟု ပြောမည်ကို သေချာပေါက်နားလည်သွားမည်။

“အံ့ဖွယ်ကြိုးကြာ  ဒီလူသားက မင်းရဲ့ တည်ရှိမှုကို မထီမဲ့မြင်လုပ်ရဲတဲ့ သူပဲ မင်းသူ့ကို သေချာပေါက် သင်ခန်းစာပေးရမယ်” ဟွာပေါင်မြောင်သည် အံ့ဖွယ်ကြိုးကြာအားလှည့်ပြီးပြောလေသည်။

ပြောပြီးနောက်တွင် သူမသည် ဓားတစ်ချောင်းထုတ်ကာ သူမ လက်ဖဝါးကိုလှီးဖြတ်လိုက်ပြီး အံ့ဖွယ်ကြိုးကြာပေါ်သို့ လတ်ဆတ်သော သွေး များကို ချလိုက်သည်။

ထိုသည်မှာ သူမ ဖန်တီးထားသော ဝိဉာဉ်မိစ္ဆာဖြစ်သည်မှာသေချာပါ လျက်နှင့် သူမ၏ လတ်ဆတ်သောသွေးများချလိုက်သည်နှင့် စုပ်ယူသွားလေ သည်။

အံ့ဖွယ်ကြိုးကြာ သွေးစုပ်ယူပြီးနောက်တွင် မျက်လုံးပွင့်လာကာ ရှီမာယူယူအား သွေးဆာသလိုကြည့်လေသည်။

“သွား အံ့ဖွယ်ကြိုးကြာ” ဟွာပေါင်မြောင်သည် ခြေထောက် လောင်ကျွမ်းထားသော နာကျင်မှုကြောင့် မြေပေါ်တွင် အားလျော့စွာထိုင်ချ လိုက်သည်။

“ရွှီး…”

အံ့ဖွယ်ကြိုးကြာသည် ကျယ်လောင်စွာအသံပြုကာ ရှီမာယူယူဆီသို့ ပျံသွားလေသည်။

သတ်လိုက် သူ့ကိုသတ်လိုက်…

ဟွာပေါင်မြောင်သည် နိုးကြားစွာတွေးလိုက်သည်။

သို့သော်….

အံ့ဖွယ်ကြိုးကြာက သူမရှေ့မှာ ဘာလို့ရပ်သွားတာလဲ။ သူ ဆက်ပြီး တိုက်သင့်တာလေ။

ဟွာပေါင်မြောင်သည် ပါးစပ်မှ သွေးများထွက်လာပြီး အံ့ဖွယ်ကြိုးကြာ အား ရှုပ်ထွေးစွာြက်ည့လိုက်သည်။

ရှုပ်ထွေးသွားသည်မှာ သူမတစ်ယောက်တည်းမဟုတ်။ တခြားသူများ လည်း ထိုနည်း၎င်းပင်။ သူမကို သွားတိုက်မှာရှင်းနေတာကို ဘာလို့ရပ်သွား တာလဲ။

ဒိုင်လူကြီးဆရာများသည် ကြားင်ရန်ပြင်ဆင်ထားသော်လည်း အံ့ဖွယ် ကြိုးကြာသည် မလှုပ်ရှားခင်ရပ်သွားရာ သူတို့အချိန်မှီရပ်လိုက်ကြသည်။

“ဘာဖြစ်တာလဲ”

အားလုံးသည် စင်ကိုကြည့်ရင်း ရှုပ်သွားကြသည်။ အံ့ဖွယ်ကြိုးကြာက ရုတ်တရက်နိုးလာပြီး သတိပြန်ဝင်လာတာလား။

“သူတုန်နေတာ အံ့ဖွယ်ကြိုးကြာကတုန်နေတာ” တချို့လူများသည် အမြင်စူးရှသဖြင့် အံ့ဖွယ်ကြိုးကြာကိုညွှန်ပြပြီးအော်လေသည်။

“တကယ်လား မြန်မြန် ကြည့်လိုက် အံ့ဖွယ်ကြိုးကြာက တကယ် တုန် နေတာ”

အားလုံးသည် အနီးကပ်ကြည့်ရာ အံ့ဖွယ်ကြိုးကြာသည် အဆက်မပြတ် တုန်ယင်နေလေသည်။

“ဘာတွေဖြစ်နေတာလဲ” ဟွာပေါင်မြောင် အော်လေသည်။

အံ့ဖွယ်ကြိုးကြာက ဘာလို့ရှီမာယူယူရှေ့မှာ တုန်ယင်နေတာလဲ။

“ဟင် ကြိုးကြာသေးသေးလေးက ဒီသခင်ကြီးရဲ့ စာချုပ်သခင်ရှေ့မှာ လှုပ်ရှားရဲသေးတာလား”

ပထမဆုံးအသံထွက်လာမှုနှင့်အတူ ငှက်လေးသည် ရှီမာယူယူရှေ့တွင် ပေါ်လာသည်။ သူသည် ဟန်ပန်အပြည့် မောက်မာစွာထွက်ပေါ်လာခြင်းမျိုး မဟုတ်ပေ။ သို့သော် ရှီမာယူယူအရှေ့တွင် ရပ်လိုက်ခြင်းသည် အားလုံးကို မွန်းကြပ်သွားစေသည်။

“ဒါက ဒဏ္ဍာရီလာဂဠုန်ငှက်ရဲ့ ရောင်ဝါမလား” လူတစ်ယောက် အော် လေသည်။

“ဒဏ္ဍာရီလာဂဠုန်ငှက်ဟုတ်လား သေစမ်း အဲဒါ ငှက်တွေရဲ့ဘုရင် မလား ငါတို့ တကယ်ပဲ မျက်လုံးနဲ့ ကိုယ်တိုင်မြင်ရပြီပဲ”

“သူက တကယ်ပဲ ငှက်ဘုရင်ရဲ့ စာချုပ်သခင်ပဲ၊ အဲဒီ ကောလဟလ တွေကို အမှားလို့ထင်နေတာ”

“အမှန်သာဆိုရင် တခြားကောလဟလတွေလည်း အမှန်လား သေစမ်း အဲဒါက စည်းဖောက်လွန်းနေပြီ”

ငှက်လေးပေါ်လာသည်ကို ဟွာပေါင်မြောင်မြင်သောအခါ အဆုံးသတ် သွားပြီကို သိလိုက်သည်။ သူမ ငှက်လေးကိုမြင်လိုက်ချိန်တွင် သူမ၏ သွေးသားသည် အလိုလိုပင် ပြိုလဲကာ ရိုသေသွားသည်။

“ငှက်ဘုရင်…” သူမသည် မြေပေါ်တွင် အကြောသေနေလေပြီ။ သူမ သည် ရပ်ရန်ပင် စွမ်းအင်မရှိတော့ပေ။

အဲဒါကြောင့် ရှီမာယူယူက သူမကိုကံမကောင်းဟု ပြောခဲ့တာလား။ ငှက်တစ်ကောင်အတွက် ငှက်ဘုရင်ကိုတွေ့ရခြင်းက အထူးသဖြင့် သူ့သခင်နဲ့ တိုက်ခိုက်တာက သေလမ်းရှာလိုက်တာပဲပေါ့။

အကယ်၍ သူမသာ ငှက်မျိုးနွယ်မဟုတ်ပဲ ရှီမာယူယူသာ ဒဏ္ဍာရီလာ ဂဠုန်ငှက်နှင့် စာချုပ်ချုပ်ထားခြင်းမရှိပါက ဒီနေ့ရလဒ်မှာ ဒီလိုဖြစ်ချင်မှဖြစ်လာ မည်။

‘အကယ်၍’ ဆိုသည့်စကားလုံးအတွက် နေရာမရှိသည်မှာတော့ နှမြော ဖွယ်ကောင်းသည်။

ငှက်လေးသည် အံ့ဖွယ်ကြိုးကြာအားကြည့်နေလေသည်။ သူသည်ငှက် အိုကြီး ချန်ထားခဲ့သောအမှတ်အသားသာသာဖြစ်သည်။ သို့ော် သူသည် တစ္ဆေတစ်ကောင်လို ဟန်ဆောင်နေတုန်းပင်။

“မင်းက တကယ်ပဲသတ္တိရှတာပဲ၊ ငါ့သခင်ကို တိုက်ခိုက်ရဲတယ်” ငှက်လေးသည် သူ့ရောင်ဝါကိုထုတ်လွှတ်ရာ ကြက်သွေးရောင်မီးတောက် အနည်းငယ်ကိုပင်ထည့်လိုက်သေးသည်။ သူသည် ထိုငှက်အိုကြီးကို တစ်ပိုင်း သေသည်အထိ ဖိအားပေးလေသည်။

သူမထွက်ခင်တွင် ထိုငှက်အိုကြီးသည် အလွန်အားကောင်းကြောင်းကို ကြက်သွေးရောင်မီးတောက် ပြောပြခဲ့သည်။ သူရှိခဲ့သည်မှာ အချိန်ကြာပြီဖြစ် သည်။ သူသာ သူတစ်ယောက်တည်းရဲ့ ရောင်ဝါတစ်ခုတည်းကိုသာ အသုံးပြု ပါက သူ့ကိုဖိနှိပ်ရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ထိုငှက်အိုကြီးကို ဖိနှိပ် ရန် သူ့စွမ်းအားကို ငှက်လေးကို ငှားပေးခဲ့သည်။

ထင်ထားသည့်အတိုင်းပင် ငှက်အိုကြီးသည် တိုက်ခိုက်မှုကို ရပ်တန့် စေသောအရာကြောင့် ခေတ္တမျှမှင်တက်သွားလေသည်။ သို့သော် သူသည် နောက်ဆုတ်ခြင်းမရှိသလို ကြောက်ရွံ့ခြင်းလည်းမရှိပေ။ သို့သော် သူသည် ကြက်သွေးရောင်မီးတောက်၏ ရောင်ဝါကိုခံစားလိုက်ရချိန်တွင် ပြိုင်ဘက် အား သေချာပေါက်ကြောက်ရွံ့သွားကာ ခန္ဓာကိုယ်သည် စတင်တုန်ယင်လာ သည်။

အခု သူသည် အားထည့်လိုက်ရာ ထိုငှက်အိုကြီးကို ဒူးထောက်စေလေ သည်။

ရှီမာယူယူသည် ငှက်လေးအနောက်မှ ခေါင်းထွက်ကာ ပြောလိုက် သည် “ဒါကိုကိစ္စကြီးလိုလုပ်မနေနဲ့ အဆုံးသတ်လိုက်တော့”

ငှက်လေးခေါင်းညိမ့်ပြီး အံ့ဖွယ်ကြိုးကြာကိုပြောလိုက်သည် “ငါ မင်းရဲ့ တည်ရှိမှုကို ပြတ်ပြတ်သားသားပြောမယ်၊ နားမလည်တာက မင်းရဲ့အမှား မဟုတ်ဘူး၊ ငါပြန်ရောက်ရင် မင်းရဲ့ အမှားကို မှတ်တမ်းထဲမထည့်တော့ဘူး”

အံ့ဖွယ်ကြိုးကြာ၏ မျက်လုံးများသည် စိတ်မပါစွာ အရောင်တောက် လာသည်။ သို့သော် ငှက်လေး၏ ဖိအားသည် သူ့ကိုမလှုပ်နိုင်အောင် လုပ် ထားသည်။ တိုက်ခိုက်ရန် လှုပ်မရပေ။

“မရဘူး မင်းလက်လျော့လို့မရဘူး” ဟွာပေါင်မြောင်သည် မြေပေါ်မှ အော်လေသည် “မင်းက ငါ့သွေးကိုစုပ်ယူထားတာ ငါ့ကိုမနာခံလို့မရဘူး သူတို့ကိုရိုက်ဖို့ မင်းကိုငါ အမိန့်ပေးတယ်”

တွေဝေမှုသည် အံ့ဖွယ်ကြိုးကြာ၏ မျက်လုံးထဲတွင် အရောင်လက်သွား သည်။

ဟွာပေါင်မြောင်သည် သူနှင့် မတူပေ။ သူမသည် ဖြူစင်သောငှက်သွေး သားမဟုတ်ပေ။ ထို့ကြောင့် ငှက်လေး၏ သွေးသားဖိနှိပ်မှုသည် သူမအပေါ် ကြီးမားသော သက်ရောက်မှုမရှိပေ။

သို့သော် သူနှင့် မတူပေ။

ဟွာပေါင်မြောင်သည် ငှက်လေး၏ ဖိနှိပ်မှုကို လျစ်လျူရှု၍ရသော်လည်း သူက မရနိုင်ပေ။

သို့သော် အခုချိန်တွင် သူသည် သူမနှင့် စာချုပ်ရှိနေသည်။ သူတို့တွင် ဆက်သွယ်မှုရှိနေသဖြင့် သူမ၏ စကားများကို လျစ်လျူရှုမရပေ။ အထူး သဖြင့် သူမ သွေးကိုယစ်ပူဇော်ခဲ့ချိန်ဖြစ်သည်။

သူမ အမိန့်ရပြီးနောက်တွင် သူ လှုပ်ရှားရမည်။ သူ ကြောက်သော် လည်း စိတ်မာရမည်။

“စိတ်ကြီးဝင်နေတာပဲ”

သူသည် သူတို့ကိုတိုက်ခိုက်ရဲသည်ကို ငှက်လေးမြင်သောအခါ သူ့ လက်ကို ဝေ့ရမ်းလိုက်ရာ မြင့်မြတ်ထူးကဲသော စွမ်းအားသည် ထွက်လာပြီး တိုက်ခိုက်လေသည်။

အံ့ဖွယ်ကြိုးကြာသည် စကတည်းကပင် ကြောက်ရွံ့နေသည်။ ဟွာပေါင်မြောင်သည် ထိုနေရာရှိ လူများကို အနိုင်ရလောက်အောင် သူ့ကို စွမ်းအားများစွာပေးရန် မဖြစ်နိုင်ပေ။ သို့သော် အခုငှက်လေး၏ သွေးသား သည် သူ့ကိုဖိအားပေးထားသဖြင့် အရင်သန်မာသလောက်၏ တစ်ဝက်သာရှိ လေသည်။

ငှက်လေးသည် ကြက်သွေးရောင်မီးတောက်၏ အားကိုလည်း ထည့်ပေး လိုက်သည်။ တစ်ချက်တည်းထိသော်လည်း သူသည် အစကတည်းကပင် ယိမ်းယိုင်နေသဖြင့် အဆုံးသတ်သွားလေသည်။

“ဖူး…”

အံ့ဖွယ်ကြိုးကြာပျောက်ကွယ်သွားသည်နှင့် ဟွာပေါင်မြောင်သည် ပါးစပ်မှ သွေးများထွက်လာကာ ချက်ချင်းပင်မေ့မြောသွားလေသည်။

ထိုအချိန်တွင် သူမ၏ သွေးဆူမှုသည် ငြိမ်ကျသွားလေပြီ။ သူမ၏ ဒေါသ ထွက်ထားသော ခန္ဓာကိုယ်သည် လူသားပုံစံပြန်ပြောင်းသွားလေသည်။ သူမ ၏ အဝတ်များမှာ ပြဲနေကာ ခန္ဓာကိုယ်ကို မဖုံးနိုင်ပေ။

ဒိုင်လူကြီးသည် တစ်မိနစ်စောင့်ပြီးနောက် သူမ မလှုပ်နိုင်သည်ကို တွေ့ သည်နှင့် ပြောလိုက်သည် “ဒီပြိုင်ပွဲက ရှီမာယူယူ အနိုင်ရပါတယ်”

မုန့်ဆန်းချွယ်သည် သူမကို စင်ပေါ်မှချစေပြီး ဖန်လိုင် ဘက်လှည့်ကာ “ကျောင်းအုပ်လိုင် ငါမင်းကိုဒုက္ခပေးရတော့မှာပဲ”

ဖန်လိုင်သည် မုန့်ဆန်းချွယ်ကိုကြည့်ပြီး ပြောလိုက်သည် “ကိုယ့် ဘာသာ သွားလေ၊ မင်းကငါ့ကိုအမြဲလုပ်ခိုင်းနေတာပဲကို”

“ငါကစိတ်လည်းမရှည်ဘူး လုပ်နိုင်စွမ်းလည်းမရှိဘူးလေ” မုန့်ဆန်းချွယ် ပြောလိုက်သည် “သူမက ကြိုးကြာထောင်ချီမျိုးနွယ်က ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး၊ အခု သူမခန္ဓာကိုယ်ကို မြင်ပြီးသွားကြပြီ၊ ငါတို့ သူမကို မကယ်ရင် နောက်ကျရင် ပြဿနာဖြစ်လာလိမ့်မယ်၊ အဲလူတွေက ဒေါသကို ယူယူ့အပေါ်ပုံချလိမ့်မယ်၊ ရှုဂျင်းသိရင်တော့…”

“တော်ပြီ ငါသွြးမယ် ငါ့ကိုရှုဂျင်းအကြောင်းလာမပြောနဲ့ ငါ လူတွေကို အတူခေါ်သွားမယ်၊ သူမကို ကယ်နိုင်မလား မကယ်နိုင်မလားဆိုတာတော့ အာမ မခံနိုင်ဘူး” ဖန်လိုင်သည် သူမကိုခေါ်ကာ ထွက်သွားလေသည်။

***

All Chapters