ဘယ်တော့မှပြန်မလာတော့
Vol. 009 Ch. 882
ဖန်လိုင် ဟွာပေါင်မြောင်ကိုခေါ်သွားပြီးနောက်တွင် ဆရာဒိုင်လူကြီး သည် စင်ပေါ်တက်လာကာ ပြောလေသည် “တိတ်ကြ”
ပွဲကြည့်စင်မှလူများသည် ရလဒ်ကြောင့် အဆက်မပြတ် ဆူညံနေသည်။ ထိုရလဒ်မှာ သူတို့ထင်ထားသည်နှင့် လုံးဝကွဲထွက်နေကာ ရှီမာယူယူ မည်မျှ သန်မာသည်ကို သူတို့မြင်လိုက်ရလေပြီ။ ထို့ကြောင့် သူတို့ အပူတပြင်း အချေ အတင်ပြောနေကြခြင်းဖြစ်သည်။
ဆရာ၏ စကားကိုကြားပြီးနောက်တွင် နောက်ဆုံးတွင် အားလုံးသည် ငြိမ်ကျသွားလေသည်။
ဆရာဒိုင်လူကြီးသည် ကွင်းကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည် “ဒါ ပြီးတော့ အဆင့် ၆ကနေ ၁၀အထိ ပြိုင်ပွဲတွေဖြစ်တယ်၊ မင်းတို့အားလုံး ရှေ့ လာပြီး မဲနှိုက်ကြပါ”
ရှီမာယူယူသည် ပြိုင်ပွဲဝင်များနားနေရာသို့ပြန်လာသည်။ သို့သော် ဝမ်စီမြောင်နှင့် မိုဘင်းတို့သည် အာရုံခံမိကြသည်။ သူမ လျှောက်လာသည်ကို သူတို့ မြင်သောအခါ ပါးစပ်ဖွင့်လိုက်ပိတ်လိုက်နှင့် တစ်စုံတစ်ခုကို စကားပြောလိုကြသည်။ သို့သော် နောက်ဆုံးတွင် ဂုဏ်ပြုစကားကိုသာ ပြောထွက်ကြသည်။
ရှောင်ချီသည် ခုန်ပေါက်ပြေးလာကာ ပျော်ရွှင်စွာပြောလေသည် “ယူယူ ယူယူက အားအရမ်းကောင်းတာပဲ ငှက်လူသားကိုတောင် ရှင်းလိုက်နိုင်တယ် ကောင်းတယ် ငှက်မွေးမနှုတ်ပဲနဲ့ သူမခြေထောက်က ငှက်မွေးတွေကို လောင် ရုံပဲလုပ်လိုက်ရတာတော့ နှမြောဖို့ကောင်းတယ်”
ရှီမာယူယူသည် ပြုံးပြီး သူမခေါင်းကိုပုတ်ကာ ပြောလိုက်သည် “တော်ပြီ ထိုင်ရအောင် ကျန်တဲ့ပြိုင်ပွဲတွေကြည့်ရအောင်”
သူမသည် ရှောင်ချီကို မိုဘင်းတို့ထိုင်နေရာသို့ ဆွဲသွားလိုက်သည်။ အားလုံးသည် ပျော်ရွှင်စွာ နောက်ပြောင်လျက် နောက်ပြိုင်ပွဲ၂ပွဲကိုကြည့်ကြ လေသည်။
ထန်ယန်းသည် ကံကောင်းသည်။ သူသည် ဗလာကျသဖြင့် ဒီနေ့တွင် တိုက်ခိုက်ရန်မလိုပေ။
ဟော်ဖန်သည် ပြိုင်ဘက်ကိုရှုံးသွားသဖြင့် အဆင့် ၉ သို့မဟုတ် ၁၀သာ ရတော့မည်ဖြစ်သည်။
ပြိုင်ပွဲများသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ရှီမာယူယူ၏ ပြိုင်ပွဲကြည့်ပြီးနောက်တွင် အသက်မပါသလိုဖြစ်နေသည်။
ရှီမာယူယူသည် ထိုအရာကို သတိထားမိသည်။ သူမသည် ပြိုင်ပွဲကို ကြည့်နေသော်လည်း အားလုံးသည် သူမကိုသာကြည့်နေကြသည်။ သည်လို နှင့် သူမသည် ဟော်ဖန်၏ ပြိုင်ပွဲကိုကြည့်ပြီးသည်နှင့် ရှောင်ချီနှင့်အတူ ထွက် သွားလေသည်။
နောက်တစ်နေ့တွင် ပထမဆုံးပွဲမှာ ရှီမာယူယူနှင့် ဝမ်စီမြောင်တို့ဖြစ်ကြ သည်။ အနိုင်ရသူသည် ရှောင်ချီနှင့် တိုက်ရမည်။
ဝမ်စီမြောင်သည် အလွန်အားကောင်းကာ ဟွာပေါင်မြောင်ထက်ပင် သန်မာသည်။ သို့သော် သူသည် ရှီမာယူယူကို ရှုံးဆဲပင်ဖြစ်သည်။
ဝမ်စီမြောင် နောက်ဆုံးတွင် ပြောလိုက်သည် “မင်းက အားအပြည့်သုံး တာမဟုတ်မှန်း ငါသိတယ်၊ ငါမင်းကို လိုက်မှီဖို့ မျှော်လင့်ပါတယ်၊ နောက် တိုက်ပွဲကွင်းမှာ ထပ်တွေ့ကြမယ်”
ဒိုင်လူကြီးကြေညာပြီးနောက်တွင် သူတို့နှစ်ယောက်သည် စင်ပေါ်မှ ဆင်းရန် ပြင်ကြလေသည်။ ရှောင်ချီ ရုတ်တရက်ပျံလာကာ ပြောလေသည် “ခဏလေး တိုက်ကြမယ်”
အားလုံးသည် အံ့သြသွားကြသည်။ ဝမ်စီမြောင်သည် ပထမဆုံးတုန့်ပြန် သူဖြစ်ကာ စင်ပေါ်မှ ဆင်းလိုက်သည်။
ဒိုင်လူကြီးသည် ရှောင်ချီအားကြည့်ပြီး ပြောလိုက်သည် “ကျောင်းသား ရှီမာက အခုလေးတင်မှတိုက်ပြီးတာ အခုတိုက်မယ်ဆိုရင်….”
“ယူယူ သဘောတူရင်ရတယ်” ရှောင်ချီသည် ရှီမာယူယူအား ကြည့် လိုက်သည် “ယူယူ သဘောမတူူဘူးလား”
ရှောင်ချီ ဘာလုပ်ရန်ကြိုးစားနေသည်ကို ရှီမာယူယူ မသိသော်လည်း သူမကို မျက်စိမှိတ်ပြသည်ကိုတွေ့သောအခါ သူမ ခေါင်းညိမ့်လိုက်သည် “ကောင်းပြီ”
မည်သို့ပင်ဖြစ်စေကာမူ သူမသည် ရှောင်ချီကို မနိုင်နိုင်ပေ။ သူမ အနားယူလျှင်လည်း အသုံးဝင်မည်မဟုတ်ပေ။
“ကြည့် သူ သဘောတူတယ်” ရှောင်ချီသည် ဒိုင်လူကြီးအား ပြောလိုက် သည်။
“နှစ်ဖက်လုံးသဘောတူမှတော့ စလို့ရပြီ” ဒိုင်လူကြီးသည် ပြောပြီး နောက်တွင် အနောက်သို့ဆုတ်လိုက်သည်။
ရှီမာယူယူသည် ရှောင်ချီအားကြည့်လိုက်သည်။ သူမသည် ရှောင်ချီ မည်မျှသန်မာကြောင်းကို သိချင်သော်လည်း သူမနှင့် ယှဉ်နိုင်သည့် နည်းလမ်း မရှိကြောင်းကို သူမ သိသည်။ သူမ အရှုံးပေးတော့မည်အလုပ် တွင် ရှောင်ချီ ပြောလိုက်သည်ကို ကြားလိုက်သည်။
“ငါ အရှုံးပေးတယ်” ရှောင်ချီသည် ကျယ်လောင်စွာ ကြေညာလေ သည်။
ဘာ…
“ငါအရှုံးပေးတယ်” ရှောင်ချီသည် ထပ်ပြောလေသည်။
“ရှောင်ချီ…” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
ရှောင်ချီသည် ရှီမာယူယူအား မျက်စိမှိတ်ပြီးနောက် ဒိုင်လူကြီးဘက် လှည့်လိုက်သည် “ကျွန်မရှုံးသွားပြီ ကြေညာလိုက်တော့”
“ရှောင်ချီ မင်းအားက….”
“သန်မာတဲ့သူက အရှုံးပေးရမယ်လို့ ဘယ်သူမှ ကြေညာထားတာမရှိ ဘူးလေ ဟုတ်တယ်မလား”
အဲလိုမျိုး… စည်းမျဉ်းက တကယ်မရှိဘူးပဲ။
“ရှောင်ချီ ဘာလုပ်နေတာလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
“ရှောင်ချီတို့ ပြန်တာနဲ့သိလိမ့်မယ်” ရှောင်ချီသည် သူမအား မျက်စိမှိတ် ပြလေသည်။
အာ…
“ရှောင်ချီက အရှုံးကိုဝန်ခံမှတော့ ဒီပြိုင်ပွဲရဲ့ အနိုင်ရသူက ရှီမာယူယူပါ” ဒိုင်လူကြီး ကြေညာလေသည်။
သူ၏ကြေညာမှုနှင့်အတူ ရှီမာယူယူသည် ထိပ်တန်းအဆင့်ပြိုင်ပွဲ၏ အနိုင်ရသူဖြစ်လာသည်။
ရှောင်ချီကတော့ ပြောစရာမလိုပေ။ သူမသည် ဒုတိယဖြစ်ကာ ဝမ်စီမြောင်သည် တတိယဖြစ်လာသည်။
ရှီမာယူယူသည် အမည်နာမကိုဂရုမစိုက်ပေ။ သို့သော် ရှောင်ချီ ပထမ နေရာကို လက်လျော့ပေးသည့် နည်းလမ်းကို အနည်းငယ် သက်တောင့် သက်သာမဖြစ်မိပေ။
“ယူယူ သိလား မသိဘူးလား ပြိုင်ပွဲပြီးသွားတာနဲ့ နှစ်တစ်ဝက် စိန်ခေါ် လို့ရတယ်”
“စိန်ခေါ်တဲ့အချိန် ဟုတ်လား အဲဒါဘာလဲ”
“ပြိုင်ပွဲက ရာထူးတွေက ကန့်သတ်ချက်ရှိတယ်၊ အဲဒါကြောင့် ကိုယ့် အရှေ့ကလူကို ကျောင်းသားတွေက စိန်ခေါ်လို့ရတယ်၊ နိုင်တဲ့သူက သူတို့ နေရာကိုယူသွားမှာ” ရှောင်ချီ ရှင်းပြလေသည် “ယူယူက ဒီနှစ်မှာ ဂုဏ်အများ ကြီးရသွားတယ်၊ လူအများစုက တစ်ခဏတော့ သေချာပေါက် ယူယူ့ရာထူး ကို ရဖို့ကြိုးစားကြမှာပဲ၊ ရှုံးသွားမယ်ဆိုရင်တောင် သူတို့ကကြိုးစားကြမှာပဲ၊ အဲလိုဆိုရင် နောက်ကျဒေါသဖြစ်လာမှာပဲ၊ အဲလိုတွေဖြစ်လာရင် ရှီချူးရှောင် ရဲ့ အဆိပ်ဖြေဆေးကို လေ့လာဖို့အချိန်ရှိမှာမဟုတ်ဘူး၊ ရှောင်ချီသာ ယူယူ့ အနောက်မှာရှိနေရင် အဲလူတွေ ယူယူ့ဆီကိုတောင်လာရဲမှာမဟုတ်ဘူး ယူယူ အေးအေးဆေးဆေးနေလို့ရမယ်”
ရှီမာယူယူ စဉ်းစားကြည့်ရာ မှန်သည်။ သူမသည် အစကပင် ပထမရ မည်ဟု မစဉ်းစားခဲ့ပေ။
သူမ ပြိုင်ပွဲပြီးချိန်တွင် ဝိဉာဉ်စေတီသို့ ပြန်ပြီး လေ့လာမှုဆက်လုပ်လေ သည်။ ပြိုင်ပွဲကြီးပြီးဆုံးသည့်အချိန်တွင် သူမသည် အဆိပ်ဖြေဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်လေသည်။
သူမ အောင်မြင်စွာ အဆိပ်ဖြေဆေးဖော်စပ်နိုင်သည်ကို မိုရှားမြင်ရာ အနည်းငယ်အံ့သြနေတုန်းပင်။
သူမသည် သူထင်ထားသည်ထက် အနည်းငယ်သန်မာသည့်ပုံပင်။
ရှီမာယူယူသည် ဖြေဆေးကို ယူသွားပြီး ရှီချန်းကျိ စိုးရိမ်တကြီးဖြင့် သူမကို စောင့်နေသည့် အမှတ်တရစားသောက်ဆိုင် သွားလိုက်သည်။
“ဖြေဆေးတွေ့ပြီလား”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “ဖြေဆေးက အောင်မြင်ပေမယ့် သူမကို ကုချင်တယ်ဆိုရင် ရောဂါကုထုံးတော့လိုမယ်၊ ခင်ဗျားသိထားရမယ့် တစ်ခုရှိတယ်”
“ဘာလဲ”
ရှီချန်းကျိနှင့် ရှီချူးရှောင်တို့သည် ကြားရမည့်အကြောင်းအရာကို ကြောက်ရွံ့သည့်အလား သူမကိုကြည့်လိုက်ကြသည်။
လတစ်ဝက်ကုန်ဆုံးပြီးနောက်တွင် ရှီချူးရှောင်သည် သူမ၏ အရင်ပုံစံ အတိုင်း ပြန်ဖြစ်သွားသည်။
“အဆိပ်ဖြေဆေးသုံးပြီးသွားရင် သူမခန္ဓာကိုယ်က အရင်လိုမဖြစ်တော့ ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်တော့မှမဖြစ်တော့ဘူးလား၊ ဒါဆိုရင် သူမက ဒီပုံစံအတိုင်း တစ်သက်လုံးဖြစ်သွားတော့မှာလား” ရှီချန်းကျိ မေးလိုက်သည်။
“အဲလိုတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “သူမခန္ဓာကိုယ်က အဆိပ်ကြောင့်မို့ သေးသွားတာ၊ လုံးဝကြီးပျက်စီးသွားတာမဟုတ်ဘူး၊ သူမ ရှေ့လျှောက် ပြန်ကြီးထွားလာမလားတော့ ကျွန်တော်လည်းမသိဘူး၊ သေချာ တာတော့ လက်တလောကတော့ သူမက ဒီပုံစံအတိုင်းဖြစ်နေမှာပဲ”
ရှီချန်းကျိသည် ရှီချူးရှောင် နာကျင်သွားသည်ကိုကြည့်ပြီး ပြောလိုက် သည် “သူမ အရင်ပုံစံကို ပြန်ဖြစ်ဖြစ် မဖြစ်ဖြစ် ဖြေဆေးသုံးပြီးမှ ထပ်ပြောကြ တာပေါ့”
“ဒါဆိုလည်း ကောင်းပါပြီ ခင်ဗျား အပြင်မှာစောင့်ပေးပါ၊ ကျွန်တော် ကုသနေတုန်းမှာ ဘယ်သူမှမနှောင့်ယှက်နိုင်အောင် လုပ်ပေးပါ၊ အနှောင့် ယှက်ခံရရင် သူမ ဒါကိုခံနိုင်ပါ့မလားဆိုတာ မသေချာဘူး” ရှီမာယူယူ ပြော လိုက်သည်။
“စိတ်ချပါ ဘယ်သူမှ မနှောင့်ယှက်စေရပါဘူး” ရှီချန်းကျိ ပြောလိုက် သည် “ဂျူနီယာညီမလေး ငါအပြင်မှာရှိနေမယ်၊ စိတ်ချပါ မင်းမကြာခင်ပြန် ကောင်းလာမှာပါ၊ အဲကောင် ကျန်းကျူကျိက ပြောတယ် သူက မသေချာတာ ကို ဘာမှမလုပ်ဘူးတဲ့”
ရှီချူးရှောင် ခေါင်းညိမ့်သည့်အခါ သူထွက်သွားလေသည်။
“ရှောင်ချီ တံခါးမှာစောင့်နေ ဘယ်သူမှဝင်လာအောင်လုပ်”
ရှီမာယူယူ ထိုမျှသာပြောသော်လည်း ရှောင်ချီသည် အိမ်တစ်အိမ်လုံး ကို အတားအဆီးဖြင့်ကာထားလိုက်သည်။ ထို့နောက် သူမသည် ယူယူ့ကို လှည့်ကြည့်လေသည်။
“….”
ရှီမာယူယူသည် ဆွံ့အသွားလေသည်။ ထိုသို့လုပ်ရခြင်းမှာ သူမ အတွက် မြင်မကောင်းသော မြင်ကွင်းမှ တားဆီးရန်ဖြစ်သည်။ ဒါပေမဲ့ ဒီကောင်မလေး ကတော့ တကယ်ပဲ….
“ဒါဆို နောက်မှ မကြောက်နဲ့နော်”
ရှောင်ချီ ခေါင်းညိမ့်လိုက်သည်။
မဟုတ်တောင် သူမသည် တကယ့်လောကကြီးကို မြင်ပြီးဖြစ်ရာ သူမ ကို ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းမှ ရပ်တန့်ရတော့မည်။
ရှီမာယူယူသည် ရှီချူးရှောင်ဘက်လှည့်ပြီး ပြောလိုက်သည် “ခင်ဗျားကို မကုသခင်ကို ကျွန်တော့်ကို ကတိတစ်ခုပေးရမယ်”
“ပြောပါ” ရှီချူးရှောင်၏ အသံမှာ အားနည်းနေသည်။
“ကျွန်တော့် ကုသတဲ့နည်းလမ်းကို ဘယ်သူ့ကိုမှမပြောပါနဲ့ အထူးသဖြင့် ကျွန်တော့်ရဲ့ သရုပ်မှန်ကို” ရှီမာယူယူသည် အလွန်လေးနက်လေသည်။
သူမရဲ့ သရုပ်မှန်ဟုတ်လား။ ဖြေဆေးတစ်ခုလောက်က ဘယ်လိုဖြစ်ပြီး သူမရဲ့ သရုပ်မှန်ကို ဖော်ထုတ်နိုင်မှာလဲ။ သူမရဲ့ သရုပ်မှန်ကဘာလဲ။
သူမသည် နားမလည်နိုင်ဖြစ်သော်လည်း ကတိပေးလိုက်သည် “ကောင်းပါပြီ ကျွန်မကျိန်ဆိုပါတယ် ရှင့်ရဲ့ ကုသမှုအကြောင်းကို ဘယ်သူ့ကို မှမပြောပါဘူး….”
***