ပြန်လည်မွေးဖွားခြင်း
Vol. 009 Ch. 883
ရှီချူးရှောင် သစ္စာဆိုပြီးသည်နှင့် ရှီမာယူယူ ဆက်ပြောလေသည် “ခင်ဗျားကိုယ်ပေါ်က အရေပြားတွေက အကုန်ပုပ်ကုန်ပြီ၊ ခင်ဗျားအခုချိန်ထိ အသက်ရှင်နေနိုင်တဲ့အကြောင်းက ခင်ဗျားရဲ့ အတွင်းဝိဉာဉ်စွမ်းအားကြောင့် ပဲ”
သူမပြောပြီးသည်နှင့် ရှီချူးရှောင်သည် ခန္ဓာကိုယ်အားရွေ့လိုက်ရာ သွေးများထွက်လာသည်။
သွေးများသည် အိပ်ရာပေါ်ကျသွားရာ မြင်ရသည်ပင် အော်ကလီဆန် စရာကောင်းလေသည်။
“မလှုပ်နဲ့” ရှီမာယူယူ ပြောလိုက်သည် “အခုချိန်မှာ ရွံစရာကောင်းလိမ့် မယ် ဒါပေမဲ့ ကုပြီးသွားရင် အဆင်ပြေသွားမှာပါ ခင်ဗျားကအဆိပ်မိထားတာ၊ ဘာမှရှက်စရာမရှိဘူး”
ရှီချူးရှောင်သည် ရှီမာယူယူမှ စိတ်ထဲမထားသလို မရှောင်သည်ကိုပါ တွေ့လိုက်သဖြင့် များစွာသက်တောင့်သက်သာဖြစ်သွားလေသည်။
“နောက်ကျရင် ခင်ဗျားကိုယ်ပေါ်က အရေပြားတွေအားလုံးကိုလှီးထုတ် ရမယ်” ရှီမာယူယူ ဆက်ရှင်းပြလေသည် “အဲကျရင် ကျွန်တော် ထုံအောင် လုပ်ပေးမယ် ဘာမှကိုခံစားရမှာမဟုတ်ဘူး၊ ဒါပေမဲ့ စိတ်ချမှဖြစ်မယ်”
“အင်း ကျွန်မနားလည်ပါတယ်” ရှီချူးရှောင် ပြောလေသည်။
“အဟွတ် အဟွတ် အဲဒါက ကျွန်တော်က ခင်ဗျားရဲ့ခန္ဓာကိုယ်က အရေ ပြားကို ဖြတ်ထုတ်ရမှာဆိုတော့ မကိုင်သင့်တဲ့နေရာတွေလည်း ထိရလိမ့်မယ် ဒါပေမဲ့ ဒီမှာက မိန်းကလေးတွေချည်းပဲဆိုတော့ ပြဿနာတော့မဖြစ်လောက် ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက မိန်းကလေးလား” ရှီချူးရှောင်သည် သူမအား သံသယဝင်စွာ ကြည့်လိုက်သည်။
ရှီမာယူယူသည် လက်စွပ်လှည့်လိုက်ပြီး သူမ၏ မူလပုံစံကို ရှီချူးရှောင် အား ပြသလိုက်သည်။
တချို့ထိခိုက်လွယ်သော နေရာများကို ထိတွေ့ရမည်သာ မဟုတ်လျှင် သူမသည် သူမ၏ သရုပ်မှန်ကိုပြမည်မဟုတ်ပေ။
“တချို့အကြောင်းများကြောင့် ကျွန်တော် မိန်းကလေးဆိုတာကို ထုတ် ပြောလို့မရဘူး၊ အဲဒါကြောင့် ဒါကိုလျှို့ဝှက်ထားမှဖြစ်မယ်” ရှီမာယူယူ ပြော လိုက်သည်။
“စိတ်ချပါ လျှို့ဝှက်ထားမယ်လို့ ကျွန်မကျိန်ဆိုပါတယ်” သူမ ဘာကြောင့် ကျိန်ဆိုခိုင်းသည်ကို ရှီချူးရှောင် နားလည်သွားသည်။
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပြီးရင်တော့ ပိုနာ လိမ့်မယ် ဒါပေမဲ့ ကျွန်တော့်ကိုတော့ ယုံမှဖြစ်မယ်၊ ကျွန်တော်တို့ ဒီလမ်းကို အပြီးထိ သေချာပေါက်လျှောက်ရမယ်”
“ကျွန်မ မင်းကိုယုံပါတယ်၊ မင်းရဲ့အသက်က တကယ်ပဲ မယုံကြည်စရာ ကောင်းပေမယ့်ပေါ့” ရှီချူးရှောင် ပြောလေသည်။
“ကောင်းပြီ” ရှီမာယူယူသည် ထိုယုံကြည်မှုပမာဏရှိသည်ကို သဘော ကျသည် “ကျန်တာကို ကျွန်တော့်ကိုသာ အပ်ထားပါ”
“အင်း”
“ဒါဆိုရင် စဖို့ပြင်လိုက်ကြမယ်”
ရှီမာယူယူသည် ကြီးမားသောသတ္တုကန်တစ်ခုကို ထုတ်လိုက်သည်။ သူမသည် ရှီချူးရှောင်အတွက်သုံးရန် ဖက်တီးကျူကို တီထွင်ခိုင်းထားခြင်းဖြစ် သည်။
သူမသည် အထဲသို့ ဆေးဖက်ဝင်ပစ္စည်းများ၊ ရေများထည့်ပြီးနောက် ရှောင်ချီကို ရေဆူအောင် အပူပေးခိုင်းလိုက်သည်။
နောက်တွင် သူမသည် ရှီချူးရှောင်အား ဆေးများကျွေးပြီးနောက် အလွန်ထက်မည့်ပုံရှိသည့် တောက်ပသော ဓားများကိုထုတ်လိုက်သည်။
သူမ သေးငယ်သောဓားတစ်ချောင်း ကိုင်ထားသည်ကို ရှိချူးရှောင် ကြည့်နေလိုက်သည်။ ဓားပေါ်မှ သူမပုံရိပ် အယောင်ဟတ်သွားသည်ကို မြင် လိုက်ရာ သူမ၏ ပုံစံသည် ကြောက်မက်ဖွယ်ကောင်းလေသည်။ သူမသည် အန်မိတော့မလိုပင်။
ထိုအရာကြောင့်ပင် ရှီမာယူယူ သူမအား ကုသပေးမည့် နည်းလမ်းမှာ ကိုအကဲဖြတ်မိလေသည်။
ဆေးများ စိမ့်ဝင်သည်အထိ စောင့်ပြီးနောက် ရှီမာယူယူသည် သူမ ဘေးသို့လျှောက်သွားလေသည် “စတော့မယ်နော်”
သူမသည် သတ္တုရေပုံးတစ်လုံးထုတ်ကာ သူမ အိပ်ရာဘေးထားလိုက် သည်။ သူမသည် ဓားဖြင့် ပုပ်နေသောအရေပြားများဖြတ်ထုတ်ရာ ရေပုံး ပြည့် သွားလေသည်။
ထိုလုပ်ငန်းစဉ်ပြီးသွားသည်နှင့် နေ့တစ်ဝက်ကုန်သွားလေပြီ။ အိပ်ရာ ပေါ်တွင် အဖြူရောင်အရိုးစုသာကျန်ခဲ့လေသည်။
“ကျွန်တော် ခင်ဗျားရဲ့နှလုံးကို ကာကွယ်ဖို့ ဝိဉာဉ်စွမ်းအင်သုံးပေးပါမယ် အဆင်ပြေမှာပါ” ရှီမာယူယူ ပြောလိုက်သည် “အခုအဆိပ်ဖြေဆေးပေးတော့ မယ်နော်”
ရှီချူးရှောင်သည် လှုပ်လည်းမလှုပ်နိုင်၊ စကားလည်းမပြောနိုင်ဖြစ်လေ သည်။ သူမသည် မျက်တောင်ခတ်ပြီးသာ တုန့်ပြန်နိုင်လေသည်။
“နည်းနည်းတော့နာလိမ့်မယ် တောင့်ခံထားရမယ်”
ရှီမာယူယူ ပြောပြီးသည်နှင့် သူမဖော်စပ်ထားသော ဆေးထုတ်ပြီး တိုက်လိုက်သည်။ ထို့နောက် သူမကိုပွေ့ကာ ရေကန်ထဲထည့်လိုက်သည်။ သူမသည် ရှောင်ချီအပူပေးသည်ကို ရပ်ခိုင်းလိုက်သည်။
“အာ”
နာကျင်မှုသည် သူမတစ်ကိုယ်လုံးကို ညှဉ်းပန်းလေသည်။ သူမ စားလိုက်သောဆေးသည် သက်ရောက်မှုမရှိတော့ပေ။ ရှိချူးရှောင်သည် နာ ကျင်လွန်းသဖြင့် တုန်ယင်နေသော်လည်း မငိုပေ။
ရှီချန်းကျိသည် အပြင်မှာရှိနေကာ တစ်စုံတစ်ရာကိုအာရုံခံမိသဖြင့် အကြိမ်ပေါင်းများစွာ ပြေးသွားချင်လေသည်။ သို့သော် ရှောင်ချီ၏ အတားအဆီးမှ ဝင်ခွင့်မပေးပေ။
ရှီမာယူယူသည် အထဲမှဆေးများကိုထိန်းချုပ်ရင်း ရှီချူးရှောင်၏ လက်ရှိ အခြေအနေကို သတိပြုနေသည်။ သူမ အပြင်မှလှုပ်ရှားမှုကို သတိထားမိ သည်နှင့် ရှောင်ချီအား ပြောလိုက်သည် “သူ့ကိုဝင်ခိုင်းလိုက်”
အတားအဆီးပျောက်သွားသည်နှင့် ရှီချန်းကျိသည် ချက်ချင်းခံစားမိ ကာ တံခါးကိုတွန်းဖွင့်ရာ ပွင့်သွားလေသည်။ ရှီချူးရှောင်သည် သတ္တုရေကန် ထဲတွင် ထိုင်နေသည်ကို သူ ချက်ချင်းပင်မြင်သွားလေသည်။
“ဂျူနီယာညီမလေး” သူပြေးသွားကာ သတ္တုကန်ကိုကိုင်လိုက်ရာ အပူ ကြောင့် အပူလောင်သွားလေသည်။
“သူမ အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ခင်ဗျား လက်ကို ပြန်မရုတ်ရင် သူမ အကြာကြီးခံမှာမဟုတ်ဘူး”
ရှီချန်းကျိသည် လက်များကိုသိမ်းလိုက်ရာ သူမ လက်ဖဝါးသည် အပူ လောင်နေလေပြီ။
“ခင်ဗျားက ငတုံးလား ကန်ကဒီလောက်ပူနေတာ သတ္တိရှိရှိကို သွားကိုင် သေးတယ်” ရှောင်ချီသည် သူ့ကိုအရူးတစ်ယောက်လိုကြည့်လေသည်။
ထိုအခါမှပင် ရှီချန်းကျိသည် နာကျင်မှုကို သတိထားမိလေသည်။ သူ အမြန်ဆေးထုတ်ကာ လက်ဖဝါးကိုလိမ်းလိုက်သည်။ မိနစ်အနည်းငယ်ကြာ သောအခါ သူ့လက်မှာသက်သာသွားလေသည်။
ရလဒ်ကတော့ မဆိုးဘူးပဲ။ ရှီမာယူယူသည် သူ့ကိုကြည့်ပြီးနောက် ရှီချူးရှောင်အား အာရုံပြန်စိုက်သည်။
“သူမ နာကျင်နေတဲ့ပုံပဲ” ရှီချန်းကျိသည် ရင်နာစွာပြောလေသည် “သူမ နာကျင်တာသက်သာအောင် ငါလုပ်နိုင်တာတစ်ခုခုမရှိဘးလား”
“သူမကို သက်သာအောင်ခင်ဗျားဘာလုပ်နိုင်မလဲ” ရှီမာယူယူ ပြော လိုက်သည် “သူမက အရေပြားကိုလုံးဝလဲပစ်ဖို့လိုတာ၊ ခင်ဗျားက အဆိပ် သခင်ပဲ အဲဒါကဘယ်လိုလဲဆိုတာ ခင်ဗျားသိမှာပဲ”
ရှီချန်းကျိသည် ထပ်မပြောနိုင်တော့ပေ။ သူသည် ထိုလုပ်ငန်းစဉ်နှင့် ရင်းနှီးသည်။ သူသည် ကျန်းကျူးကျိ အပြုတ်ခံရသည်ကို သူ့မျက်စိနှင့်တွေ့ခဲ့ ရသည်။ သူ့ကို စိတ်ထဲမှပင် အသိအမှတ်ပြုမိလေသည်။
သူ၏ ဂျူနီယာညီမမှာပင် တူညီသောအဖြစ်မျိုး ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ခဏအကြာတွင် ရှီမာယူယူသည် ရွှေမြွေအသီးထုတ်ကာ အရည်ညှစ် ပြီး ရေထဲထည့်လိုက်လေသည်။
“ရွှေမြွေအသီးလား” ရှီချန်းကျိသည် ရွှေမြွေအသီးကိုမြင်သောအခါ အလွန် အံ့သြသွားလေသည်။
ရှီမာယူယူသည် သူ့ကိုအာရုံမထားတော့ပေ။ ပါဝင်ပစ္စည်းများထည့်ရ မည့်အချိန်တွင် သူမသည် ဖော်စပ်ထားပြီးသော ဆေးဖက်ဝင်ပစ္စည်းများ အဆက်မပြတ်ထည့်လိုက်သည်။ သူမသည် သူ့ကိုပြောရန် အချိန်မရှိပေ။
ရှီချန်းကျိသည် ရှီမာယူယူထုတ်လိုက်သော ဆေးဖက်ဝင်ပစ္စည်းများကို မြင်လိုက်သည်နှင့် ရှားပါးသောပစ္စည်းများဖြစ်သည်ကို သိလိုက်သည်။ ထိုပစ္စည်းများသည် ပျောက်ကွယ်သွားခြင်း သို့မဟုတ် ရှာရန်မလွယ်သော ပစ္စည်းများဖြစ်ကြလေသည်။ သူမ ထိုပစ္စည်းများထည့်လိုက်သည်မှာ ကျောက်သန်းချီထက်ပိုသော တန်ကြေးရှိလိမ့်မည်။
သူမသည် မျက်တောင်မခတ်ပဲ ထိုပစ္စည်းများထည့်သည်ကိုတွေ့သည် နှင့် သူ ပထမဆုံးတွေးမိသည်မှာ ‘အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ’ ဒုတိယတွေးမိသည်မှာ ‘သူမက တကယ်ပဲချမ်းသာတာပဲ’ တတိယတွေးမိ သည်မှာ ‘သူမ သူတို့ကို ဘယ်လောက်တောင်းနိုင်မလဲ’
သို့သော် သူ မည်မျှပင် ကုန်ကျစေကာမူ ဂျူနီယာညီမလေး သက်သာ သွားမည်ဆိုပါက ဝမ်းပန်းတသာပေးမည်။
ရှီမာယူယ သူ့ကိုဝင်ခိုင်းသည်မှာ အကြောင်းအရင်းရှိသည်။ သူမ ပစ္စည်း မည်မျှလိုအပ်သည်ကို သူ့ကိုမြင်စေချင်၍ဖြစ်သည်။ ထိုမှသာ သူ၏ ဂျူနီယာ ညီမကိုကုသရာတွင် မည်မျှခက်ခဲကြောင်း နားလည်သွားမည်။
ယူယူသည် အဆိပ်ဖြေဆေးကို သူမ၏ခန္ဓာကိုယ်အတွင်းထည့်ကာ အပြင်မျ ဆေးများ၏ အဆီအနှစ်များဖြင့် ကုပေးသည်။ ရှီချူးရှောင်သည် သူမ ၏ ခန္ဓာကိုယ်မှာ သိသိသာသာပြောင်းလဲလာသည်ကို ခံစားမိသည်။ သူမ သည် အားနည်းကာ အော့အန်ဖွယ်ကောင်းပြီး အနံ့ထွက်သည်။ သို့သော် အခုတော့ သူခန္ဓာကိုယ်သည် တင့်တယ်ကာ အားအင်အပြည့်ဖြစ်နေသည်။
သူမခန္ဓာကိုယ် နည်းနည်းချင်းစီပြောင်းလဲလာမှုကို ခံစားမိပြီး ငရဲမှ နတ် ပြည်တက်သွားသလားပင် ခံစားရလေသည်။ သူမ ပတ်ဝန်းကျင်မှ ကမ္ဘာ သည် မှောင်မနေတော့ပဲ နောက်တစ်ခေါက် အလင်းရောင်ကို ပြန်မြင်နိုင် မည်။
သို့သော် ထိုအခွင့်အရေးအသစ်ကိုရအောင် ပေးသူမှာ သူမ အိပ်ရာ ဘေးမှ တစ်ယောက်ပင်ဖြစ်သည်။
အရိုးသားဆုံးပြောရလျှင် သူမ ရှီချူးရှောင်သည် လက်တွင် သွေးများစွာ စွန်းထင်းပြီးသူတစ်ယောက်ဖြစ်သည်။ သူမသည် လူကောင်းတစ်ယောက် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ သူမသည် အနာဂတ်တွင် သွေးအေးသောလူ တစ်ယောက်ဖြစ်လျှင်တောင် ယူယူ့အပေါ်တွင်တော့ စိတ်ရင်းနှင့်ဖြစ်လိမ့် မည်။
နောက်တွင် ရှီမာယူယူသည် ဆေးပစ္စည်းတချို့ကိုထပ်ထည့်လိုက် သည်။ ရှီချူးရှောင်သည် အားလုံးကိုစုပ်ယူပြီးသည်နှင့် သူမ၏ အသားအရေ သည် ပြန်ဖြည့်တင်းမှုပြီးဆုံးသွားလေသည်။
“ကြည့်လိုက်ပါ” ရှီမာယူယူသည် မှန်တစ်ချပ်ထုတ်ပြီး သူမရှေ့ထားပေး လိုက်သည်။
ဖြတ်ထားသော အရေပြားများ ရေထဲတွင် ပေါ်လောပေါ်နေချိန်တွင် အထဲတွင် ကလေးတစ်ယောက်မွေးဖွားလာသည်။ သူမသည် ပုပ်နေသည့် နေရာမရှိတော့ပဲ အော့အန်စရာလည်းမကောင်းတော့ပေ။ ရုပ်ဆိုးသော အနာ များနှင့် သွေးများလည်း လဲလှယ်လိုက်သဖြင့် ဘာမှမကျန်တော့ပေ။
သူတို့ရှေ့မှပေါ်လာသူသည် လုံးဝအသစ်စက်စက်သူမဖြစ်လေသည်။
သူမသည် သူမမျက်နှာကိုကိုင်ကြည့်ရာ ပါးပြင်တွင် မျက်ရည်များစီးကျ လာလေသည်။
***