ဂျူနီယာညီလေး ငါပြန်လာပြီ…
Vol. 009 Ch. 884
ရှီချူးရှောင်ကို ကန်ထဲမှ မထုတ်ခင်ကို ရှီချန်းကျိကို အပြင်ထွက်ခိုင်း လိုက်သည်။
သန့်ရှင်းသော အခင်းအသစ်များကို အိပ်ရာပေါ်ခင်းကာ ရှီချူးရှောင်ကို ထိုအပေါ်သို့တင်လိုက်သည်။ သူမသည် အလွန်သေးငယ်သည့်ပုံပေါက် သည်။
ရှီမာယူယူသည် ရှောင်ချီ၏ အဝတ်တချို့ထုတ်ကာ သူမအား ဝတ်ပေး လိုက်သည်။ သူမသည် နူးညံ့ကာ အားအင်အနည်းငယ်မှမရှိပဲ အားနည်း သည်။ ရှီမာယူယူသည် သူမအား အဝတ်ကူဝတ်ပေးလေသည်။
သူမ မွေးဖွားစဉ်ကတည်းက ဘယ်သူမှထိုကဲ့သို့မဆက်ဆံသဖြင့် သူမ ၏ အေးစက်ကာခံစားချက်မဲ့သော မျက်နှာသည် ရှက်သွေးဖြာသွားသည်။
“ဒါ ရှောင်ချီရဲ့အဝတ်တွေပဲ ခင်ဗျားနဲ့သေးငယ်ဆိုပေမယ့် အခုတော့ ဝတ်ထားလိုက်ပါ၊ ပြန်ရင်တော့ ခင်ဗျားစီနီယာအစ်ကိုကို ဝတ်စုံတချို့ လောက်ဝယ်ခိုင်းလိုက်ပေါ့” ရှီမာယူယူသည် သူမအား ဝတ်ပေးပြီးသည်နှင့် ပြောလိုက်သည် “အခုတော့ နေထိုင်ရတာနည်းနည်းခက်တယ်လို့ ခံစားရ လိမ့်မယ်၊ ပြီးတော့ အသားအရေအသစ်နဲ့ အသားကျဖို့ကအချိန်တော့ယူရ လိမ့်မယ်၊ နောက်ရက်နည်းနည်းလောက်နေရင် အဆင်ပြေသွားမှာပါ”
“အင်း”
“ပြီးတော့ ဒီအချိန်အတွင်းကို ခင်ဗျားအတွက် နည်းနည်း အသစ်အဆန်းဖြစ်နေလိမ့်မယ် ခင်ဗျားခန္ဓာကိုယ်က အားနည်းပေမယ့် ကျင့်စဉ်လုပ်ဖို့အတွက် အချိန်ကောင်းလည်းဖြစ်တယ်၊ ဆေးရေစိမ်ပြီးရင် တော့ နာလိမ့်မယ် ဒါပေမဲ့ အဲဒါကခင်ဗျားအတွက် အခြေခံအုတ်မြစ်ကောင်း ဖြစ်မှာပါ၊ ခင်ဗျားခံနိုင်ရင်တော့ စမ်းကြည့်လို့ရပါတယ်” ရှီမာယူယူ ပြောလိုက် သည်။
“သိပါပြီ” ရှီချူးရှောင် ပြောလိုက်သည်။
သူမ လည်ချောင်းမှာ အခုပိုကောင်းလာကာ အရင်ကကဲ့သို့ အသံမှာ ကွဲအက်မနေတော့ပေ။ ပိုပြီးတောင် ဖျော့သွားသေးသည်။
“ခင်ဗျားစီနီယာအစ်ကိုက အဆိပ်သခင်တစ်ယောက်ဆိုတော့ ဘယ်လို ပြင်ပေးရမလဲဆိုတာ သိမှာပါ၊ သူ့ကို ပြန်ကောင်းလာမယ့်ဆေး ဖော်စပ်ခိုင်းရုံ ပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ရှင်ကူလုပ်ပေးနိုင်မလား” ရှီချူးရှောင် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ဘာပဲဖြစ်ဖြစ် စီနီယာအစ်ကိုက ယောက်ျားလေးလေ၊ ကျွန်မကအခု အားနည်းနေတာ အဲအချိန်ကျရင်…”
“ခင်ဗျား အစေခံမိန်းကလေးရှာလို့မရဘူးလား”
“ကျွန်မဘေးမှာ တခြားတစ်ယောက်ရှိနေတာကို နေသားမျက်ဘူး၊ အရင်ကလည်း အစေခံမိန်းကလေးမထားခဲ့ဖူးဘူး” ရှီချူးရှောင် ပြောလိုက် သည်။
ထိုအကြောင်းကို မယုံသည့်သူများလည်း ရှိသည်။ သူမကတော့ ထူးဆန်းသည်ဟု မထင်ပေ။
“ကောင်းပါပြီ ကျွန်တော်ကူညီပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ဂိုဏ်းရဲ့ ပြိုင်ပွဲကလည်းပြီးထားတာ မကြာသေးတော့ ကျွန်တော့်မှာအချိန်ရှိ ပါတယ်၊ ပြီးတာနဲ့ ကျွန်တော်ထပ်မကူညီနိုင်တော့ဘူး”
“ဘာလို့လဲ”
“ကျွန်တော့်မှာလုပ်စရာရှိလို့ ဒီနေရာကနေထွက်သွားမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ စိတ်ပူဖို့မလိုပါဘူး၊ ပြီးတာနဲ့ ခင်ဗျားသေချာပေါက် ကောင်းသွားမှာပါ၊ ပြီးတာနဲ့ ခင်ဗျားလည်း ထွက်သွားနိုင်တယ်”
“ကျေးဇူးတင်ပါတယ် ယူယူ ကျွန်မ ယူယူလို့ခေါ်လို့ရမလား”
“ရတာပေါ့၊ နာမည်ဆိုတာ ခေါ်ဖို့မဟုတ်ဘူးလား” ရှီမာယူယူသည် စိတ်ထဲမထားပေ။
ရှီချူးရှောင် ပြုံးပြီး ပြောလိုက်သည် “ကျွန်မကို ချူးရှောင်လို့ခေါ်လို့ရပါ တယ်”
“ချူးရှောင်” ရှီမာယူယူသည် သူမ၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို လက်ခံရန် အဆင်သင့်ဖြစ်ကာ ခေါ်လိုက်သည်။
“ယူယူ ငါသိပါတယ် ငါ့ကိုကုနေတုန်းကို ဈေးကြီးတဲ့ပစ္စည်းတွေ အများ ကြီးသုံးလိုက်တယ်၊ ဂိုဏ်းကို သေချာပြန်ဆပ်ခိုင်းပါမယ်” ရှီချူးရှောင် ပြော လေသည်။
သူမ ရင်ထဲထိသွားသော်လည်း ရှီမာယူယူသည် အမှန်အတိုင်း ပြော လေသည် “ခင်ဗျားတို့ဂိုဏ်းနဲ့ သဘောတူညီချက်ရှိပါတယ်”
“အဲဒီသဘောတူညီချက်ကို ငါသိပါတယ်” ရှီချူးရှောင်သည် ရှောင်ချီကို ကြည့်ကာ “ကမ္ဘာမြေကြီးမျက်လုံးက တန်ဖိုးရှိပေမယ့် ငါတို့က သဘောတူပြီး ပြီဆိုမှတော့ ကိုယ့်စကားကိုပြန်မရုတ်သိမ်းပါဘူး၊ ငါတို့ကို ကြေးစားလူသတ် သမားတွေအဖြစ်ပဲမကြည့်ပါနဲ့ ငါတို့က ကိုယ်ကျင့်တရားရှိပါသေးတယ်”
“အဲလိုပဲမျှော်လင့်ထားပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဂိုဏ်းတစ်ဂိုဏ်းကကြီးလာရင် လောက်ကောင်ဆိုတာ ရှိစမြဲပဲလေ” ရှီချူးရှောင် မငြင်းဆန်ပေ “ဒါပေမဲ့ ရာထူးအကြီးပိုင်းလောက်ပဲ ရှောင်ချီ အကြောင်းကိုသိတာပါ၊ ငါတို့မှာ အဲအတွက် အကန့်အသတ်ရှိပါတယ်”
“ကျွန်တော် ခင်ဗျားတို့ကို အချိန်တစ်ခုထိယုံပါတယ်” ရှီမာယူယူ ပြော လိုက်သည်။
“ကျေးဇူးဆပ်ဖို့အတွက်ကတော့ အချိန်တစ်ခုအတွက်မပြောပါဘူး၊ အချိန်ကျရင် မင်းသိလာမှာပါ” ရှီချူးရှောင်သည် စကားနိုင်မလုပဲ ပြောလေ သည် “ပြီးတော့ မင်းအကူအညီလိုတာ တစ်ခုရှိသေးတယ်”
“ဘယ်လိုကူညီပေးရမလဲ” ရှီမာယူယူသည် မျက်တောင်ခတ်လိုက် သည်။
“မင်းက ဆေးရည်စိမ်တာအတွက် ဆေးညွှန်းကောင်းကောင်းသိမယ်လို့ ငါမှန်းမိတယ်”
ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ သူမ ဘာမှပြောပဲ ရှီးချူးရှောင် ပြောလာသည်ကို စောင့်နေလိုက်သည်။
“အကောင်းဆုံးရလဒ်ဖြစ်မယ့် ဆေးနည်းကိုမရွေးခင်ကို ငါ့စီနီယာ အစ်ကိုနဲ့ ပြိုင်စေချင်တယ်” ရှီချူးရှောင် ပြောလေသည် “ငါသန်မာချင်တယ်”
“ခင်ဗျားအကြည့်က စူးရှပြီး အမုန်းတရားတွေနဲ့ပြည့်နေတယ်၊ လက်စား ချေဖို့ စီစဉ်နေတာပဲ နတ်ဆိုးဂူမှာဘာတွေဖြစ်ခဲ့တာလဲ” ရှီမာယူယူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
ရှီချူးရှောင်သည် ခေတ္တမျှ တွေဝေပြီးနောက် ခေါင်းညိမ့်လေသည်။ သို့သော် သူမသည် ထပ်မပြောပေ။
တခြားသူမှ မပြောချင်သောအရာအတွက် သူမ နှိုက်ချွတ်မနေပေ။ သည်လိုနှင့် သူမသည် ဆက်မမေးတော့ပဲ အရင်စကားကိုသာ ပြန်ဆက် ဆွေးနွေးလေသည်။
“ကျွန်တော့်မှာ ဆေးရည်စိမ်ဖို့အတွက် ဆေးညွှန်းရှိမယ်ဆိုတာ ဘာလို့ ခံစားမိတာလဲ”
“အဲဒါကိုပြောတဲ့အချိန်မှာ မင်းမှာတွေဝေမှုမရှိဘူး၊ အဲဒါ မင်းနဲ့ တရင်းတနှီးရှိတယ်ဆိုတာ ပြနေတာပဲ” ရှီချူးရှောင် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည် “မင်းက ငါ့ကိုကုတဲ့အချိန်မှာ ဆေးပစ္စည်းအကောင်းတွေ အများကြီးသုံးခဲ့တယ်၊ အဲတော့ မင်းရဲ့ဆေးရည်စိမ်ကလည်း ကောင်းမှာပဲ အဲဒါက မင်းအရည်အချင်းလေ မင်းသာ ငါ့ကိုပိုကောင်းတဲ့ ဆေးရည်ပေးရင် နောက်ကိုပြန်ကောင်းလာဖို့ ပိုအဆင်ပြေသွားမယ်”
“ခင်ဗျားစီနီယာအစ်ကိုရဲ့ ဆေးရည်စိမ် နည်းလမ်းကို ကျွန်တော် အရင် ကြည့်ဖို့လိုမယ်” ရှီမာယူယူ ပြောလိုက်သည် “သူ့နည်းက ကျွန်တော့်ထက် ပိုကောင်းနေရင် ကျွန်တော့်ဟာကိုသုံးဖို့မလိုတော့ဘူး”
“ကောင်းပါပြီ”
“ဒါဆို သူ့ကို ဝင်ခိုင်းလိုက်မယ်”
ရှီချန်းကျိ ဝင်လာပြီးနောက် သူတို့၏ဆွေးနွေးချက်ကိုကြားလိုက်သော အခါ အခက်တွေ့သွားသည်။ သူသည် အပြင်လူကိုပြသလေ့မရှိပေ။
“ကျွန်တော့်ကို အဆင့်တိုင်းကိုပြဖို့မလိုပါဘူး ဘာပစ္စည်းတွေသုံးလဲဆို တာပဲ ပြောလိုက်ပါ” ရှီမာယူယူသည် သူ့အခက်အခဲကိုသိသဖြင့် ပြောလိုက် သည်။
ရှီချန်းကျိသည် ရှီမာယူယူ၏ နားလည်ပေးမှုကို ကျေးဇူးတင်ကာ မည်သည့်ပါဝင်ပစ္စည်းများကို သုံးသည်ကိုပြောလေသည်။ အချိုးအစားနှင့် အဆင့်များကိုတော့ ထည့်မပြောတော့ပေ။
“ဘယ်လိုလဲ ယူယူ မင်းဟာက ပိုကောင်းလား”
ရှီမာယူယူသည် ရှီချန်းကျိအား ပြောလေသည် “ခင်ဗျားသုံးတဲ့ပစ္စည်း တွေက ကျွန်တော့်ဟာနဲ့သိပ်မကွာပါဘူး၊ တချို့နေရာလေးတွေပဲ ကွာတာပါ၊ အပြန်အလှန်အနေနဲ့ ကျွန်တော့ရဲ့ဆေးညွှန်းကိုလည်း ပြောပြမယ်”
ရှီမာယူယူသည် သူမကိုယ်ပိုင်နည်းလမ်းမှ ဆေးပစ္စည်းများကို ပြောပြ ရာ ရှီချန်းကျိသည် မျက်လုံးများအရောင်တောက်သွားလေသည်။
“မင်းနည်းလမ်းက ငါ့ထက် ပိုပြီးထူးခြားတာပဲ” သူသည် ပြောရင်းနှင့် လက်ခုတ်တီးလေသည် “ဂျူနီယာညီမလေးရဲ့ ဆေးရည်စိမ်ဖို့အတွက်ကို မင်း ကိုပဲ ဒုက္ခပေးရတော့မှာပဲ၊ မင်းရဲ့ ပါဝင်ပစ္စည်းတွေကို ငါပြင်ဆင်လိုက်ပါမယ်”
“ကောင်းပါပြီ ဒါဆိုရင် ကျွန်တော် မနက်ဖြန်ပြန်လာခဲ့မယ်”
ရှီမာယူယူသည် လျင်မြန်စွာပင် ပြန်ဖြေလေသည်။ ပါဝင်ပစ္စည်းများကို သူတို့ ပြင်ဆင်ပေးသည်မှာ အကောင်းဆုံးဖြစ်မည်။ ထို့အပြင် သူတို့သည် သုံး မည့် ဆေးဖက်ဝင်ပစ္စည်းများကိုသာသိကြသည်။ လုပ်ငန်းစဉ်ကို မသိကြ သဖြင့် အသုံးမဝင်ပေ။
ရှီချန်းကျိသာ ပါဝင်ပစ္စည်းများကို အခြေခံပြီး တစ်ယောက်တည်း လေ့လာနိုင်ပါကလည်း သူမ လုပ်ရန်မလိုတော့ပေ။
“ခဏလေး” ရှီချန်းကျိသည် သူမအား ခေါ်လိုက်သည် “ငါမင်းကိုလိုက် ပို့မယ် ဂျူနီယာညီမလေး ငါတို့ခဏနေပြန်လာမယ်”
သူတို့သုံးယောက်သည် အတူထွက်သွားပြီးနောက် ရှီချန်းကျိ၏ အိမ်သို့ လာကာ ပြောကြလေသည် “ဂျူနီယာညီမလေးကို ကုနိုင်တဲ့နည်းလမ်းကို ဘယ်လိုတွေ့တာလဲဆိုတာ ပြောပြပေးနိုင်မလား၊ ငါ ၁၀နှစ်လောက်ရှိပြီ မတွေ့ဘူး၊ ဒါပေမဲ့ မင်းကတော့ ၂လထဲနဲ့လုပ်နိုင်တယ်”
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ပြောလိုက်သည် “ဒါလျှို့ဝှက်ချက်ပါ ပြောလို့မရဘူး”
“…..”
ရှီချန်းကျိသည် စမ်းကြည့်ခြင်းဖြစ်သည်။ သူမ ပြောပြမည်ဟုလည်း တွေးမထားပေ။
ရှီမာယူယူသည် ပြုံးပြီးနောက် ပြန်ရန်လှည့်လိုက်သည်။
သူမ ဘယ်လိုလုပ်တွေ့မှာလဲ။ ဒါပေါ့ သူမရဲ့ ကိုယ်ပိုင်သွေးကိုသုံးလိုက် တာပဲ။ သူမ၏ သွေးကိုသုံးပြီး ရှီချူးရှောင်၏ သွေးနှင့်မရောလိုက်ပါက ဖြေဆေးကို ရမည်မဟုတ်ပေ။
သို့သော် ထိုအကြောင်းကို တခြားသူသို့ပြောပြရန် အကြောင်းမရှိပေ။
ရှီချန်းကျိသည် သူမကို အမှတ်တရစားသောက်ဆိုင်၏ ဝင်ပေါက်အထိ ပို့ပေးသည်။ ရှီမာယူယူသည် ရှောင်ချီအားလက်ဆွဲပြီး ပြန်မည်အပြုတွင် ရင်းနှီးသောအရိပ်တစ်ခုသည် သူမရှေ့တွင် ပေါ်လာသည်။
တောက်ပ ချောမောကာ အရည်အချင်းအကန့်အသတ်မရှိသော ပုံရိပ်… သူက သစ်ပင်ကြီးတစ်ပင်ကိုမှီပြီး ဘယ်လောက်များတဲ့မိန်းကလေးတွေကို ဆွဲဆောင်နေတာလဲ။
သူမ ပေါ်လာသည်ကို သူ မြင်သောအခါ တောက်ပစွာပြုံးလိုက်သော် လည်း သူ့မျက်လုံးများသည် ပင်ပန်းမှုကို ဖုံးကွယ်မရပေ။
သူပြောလိုက်သည် “ဂျူနီယာညီလေး ငါပြန်လာပြီ….”
***