မင်းသွားတဲ့နေရာ ငါသွားမှာ
Vol. 009 Ch. 887
“ပြဿနာမရှာနဲ့ ကျွန်တော့်ကို စမ်းခွင့်ပေး” ရှီမာယူယူသည် ခေတ္တမျှ ရုန်းပြီး ပြောလိုက်သည်။
“ငါအဆင်ပြေတယ် စမ်းကြည့်စရာမလိုဘူး” ဝူလင်းယူသည် သူမလက် ကို လွှတ်မပေးပေ။ သူ့သွေးကြောကို သူမကို မစမ်းစေချင်ပေ။
“ကျွန်တော်ဆူမှာစိုးလို့လား၊ မနေ့ကစမ်းပြီးပြီလေ အခု အစ်ကို့ရဲ့ အခြေ အနေက ဘယ်လောက်ဆိုးနေလဲဆိုတာ ကျွန်တော်သိတယ်” ရှီမာယူယူ သည် ပြောပြီးသည်နှင့် သူ့ကို ခက်ထန်စွာကြည့်လိုက်သည် “ကျွန်တော့်ကို လွှတ် အစ်ကို့လက်ပေး”
ဝူလင်းယူသည် သူမကို မနိုင်သဖြင့် သက်ပြင်းချကာ ကျိုးနွံစွာနှင့် သူ့ သွေးကြောကို စမ်းခိုင်းရလေသည်။
ရှီမာယူယူ စမ်းသပ်ကြည့်ရာ သူ၏ အခြေအနေသည် မနေ့ကထက်ပင် ပိုဆိုးနေသည်ကို သိလိုက်ရသည်။
“ဘယ်လိုဖြစ်ပြီး ဒီအခြေအနေထိဖြစ်သွားတာလဲ” သူမသည် လက်ကို ပြန်ရုတ်ပြီးနောက် ရင်နာစွာပြောလေသည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး…”
“စီနီယာအစ်ကို” ရှီမာယူယူသည် သူ၏ဆင်ခြေကို ဖြတ်ပြောလိုက် သည် “ဘယ်လိုဒဏ်ရာရခဲ့တာလဲ ပြောပြ ကျွန်တော်သိချင်တယ်”
ဝူလင်းယူသည် သူမအား စက္ကန့်အနည်းငယ်ကြည့်ပြီးနောက် ပြန်ဖြေ လေသည် “ကောင်းပြီ”
ရှီမာယူယူသည် ထိုင်နေရာမှ ကိုယ်ဆန့်လိုက်ရာ သူဖြစ်ပျက်ခဲ့သမျှကို နားထောင်ရန် ပြင်ဆင်လေသည်။ စကားအနည်းငယ်ပြောပြီးနောက်တွင် သူ ၏ ဇာတ်လမ်းပြီးသွားမည်ဟု ဘယ်သူထင်မိမလဲ။
သူပြောပြချက်အရ ဖြစ်ပျက်ခဲ့သည်မှာ… ပြီးခဲ့သည့်တစ်ခေါက် သူပြန် သွားစဉ်က ပညာရှိစံအိမ်တော်မှ အဘိုးကြီးသည် သူ့ကိုခေါ်ပြီး စိတ်စွမ်းအား ကျင့်ရာတွင် ကူညီရန် ပြောခဲ့သည်။ အဘိုးကြီးသည် သူ၏ အသိစိတ်ကို သူ့ ခန္ဓာကိုယ်ထဲစုပ်ယူပြီး သူ့ကိုယူရန် ကြိုပမ်းလေသည်။ သို့သော် အဘိုးကြီး ကြောင့် ဝူလင်းယူဒဏ်ရာရသွားကာ အဘိုးကြီးသည် သူ၏ စိတ်စွမ်းအင်မှာ သန်မာလွန်းသဖြင့်စသည်ဆင်ခြေများဖြင့် ဖာထေးခဲ့သည်။
ဝူလင်းယူသည် ရိုးရှင်းစွာပြောသော်လည်း ဘယ်လိုဖြစ်မလဲဆိုသည်ကို ရှီမာယူယူသိသည်။ ထိုအခိုက်အတန့်သည် မည်မျှ အန္တရာယ်များသလဲဆို သည်ကိုလည်း သိသည်။
“ဒါဆို အခုထွက်လာပြီဆိုတော့ မပြန်တော့ဘူးမလား”
“အချိန်တစ်ခုတော့ မပြန်ဘူး အဲအဘိုးကြီးလည်း နည်းနည်းတော့ ဒဏ်ရာရသွားတယ်၊ ငါထင်တာတော့ သူလည်းအချိန်တစ်ခုလောက် သီးသန့် ကျင့်ကြံဖို့လိုလိမ့်မယ် သူမထွက်လာမချင်း ငါအဆင်ပြေမှာပဲ”
“အချိန်တစ်ခုလောက်ဟုတ်လား အဲဒါဆိုရင် ပြန်တော့သွားရဦးမှာပဲပေါ့” ရှီမာယူယူ မျက်မှောင်ကြုတ်လေသည် “ကိစ္စတွေက ဒီလိုတွေဖြစ်နေပြီ အဲဒါ ကို ဘာလို့ပြန်သွားမှာလဲ၊ အစ်ကို့ရဲ့ခန္ဓာကိုယ်ကို ယူလိုက်မှာမကြောက်ဘူး လား”
“ငါလုပ်ရမှာတွေ မပြီးသေးတာတွေရှိသေးတယ်” ဝူလင်းယူ ပြောလေ သည် “ငါ့ဝိဉာဉ်က မပြည့်စုံသေးတော့ ဒီတစ်ကြိမ်ကို သူကိုင်တွယ်နိုင်ရင် ကိုင်တွယ်နိုင်လိမ့်မယ်၊ ငါ့ဝိဉာဉ်ပြည့်စုံသွားရင်တော့ စားမယ့်သူက သူ မဟုတ်တော့ဘူး ငါပဲဖြစ်လိမ့်မယ်”
“ဒါဆို အစ်ကိုမြန်မြန် မိုရှားနဲ့ ပေါင်းစပ်သင့်တယ်၊ နောက်ပိုင်းကို မိုရှား ရဲ့ အခြေအနေ ပိုကောင်းလာတယ်” သူသည် သူ့အသက်ကိုဂရုမစိုက်ပဲ တစ်စုံတစ်ခုကိုလုပ်ချင်မှတော့ သူမက ဘယ်လိုလုပ်လက်လျော့ခိုင်းလို့ရ မလဲ။ သူတို့အမြန်ပေါင်းပ်ဖို့သာ သူမ အားပေးနိုင်သည်။ ထိုမှသာ သူလုံခြုံ မည်ဖြစ်သည်။
“အင်း” ဝူလင်းယူသည်လည်း မြန်မြန်ပေါင်းစပ်ချင်သည်။ ပြီးခဲ့သည့် တစ်ခေါက်က အလွန်အန္တရာယ်များခဲ့သည်။ အဘိုးကြီးမှာ သွေးနထင်ရောက် နေသည်။ သူပေါင်းစပ်လိုက်မှပင် ပြန်တိုက်ခိုက်နိုင်မည်။ မဟုတ်လျှင် အခြေ အနေမှာ ပိုဆိုးလာရုံပင်။
“အပြင်မှာ ဘယ်လောက်ကြာအောင်နေမှာလဲ”
“၁နှစ် ၂နှစ်ပေါ့၊ ၃နှစ်ကနေ ၅နှစ်လည်းဖြစ်နိုင်တာပဲ၊ မသိဘူး အဲ ဘိုးတော်ရဲ့ အခြေအနေကို မူတည်မှာပဲ” ဝူလင်းယူ ပြောလိုက်သည် “သူ ထွက်မလာမချင်း ငါပြန်ဖို့မလိုဘူး”
“အစ်ကိုက အချိန်ကြာအောင်ထွက်လာတာကို ဘယ်သူမှ သတိမထား မိဘူးလား”
“ငါအဲမှာမရှိတာနဲ့ မြင့်မြတ်တဲ့သားတော်မရှိတာမှမဟုတ်တာ၊ သူတို့ ရှာတဲ့သူကို တွေ့မှာပဲ အဆင်ပြေတယ်”
“အစ်ကို ကိုယ်ပွားထားခဲ့တာလား” ရှီမာယူယူသည် မှင်တက်သွား သည်။
“ယူယူက အတော်ဆုံးပဲ” ဝူလင်းယူသည် ပြုံးပြီးပြောလေသည်
“အစ်ကိုက ကိုယ်ပွားကို အိမ်မှာထားခဲ့ပြီး ကိုယ်ကတော့ အပြင်မှာ လျှောက်သွားနေတယ်ပေါ့”
“အဲလိုမှပဲ မင်းကိုအဖော်ပြုဖို့အချိန်ရှိမှာပေါ့”
“ကျွန်တော့်ကို အဖော်ပြုပေးဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကျွန်တော်က ဂိုဏ်းထဲမှာ ကျွန်တော့်ကို အဖော်ပြုလို့မရဘူး”
“ဒါပေမဲ့ မင်းနောက်ပိုင်းကို ထွက်မလာဘူးလား”
“….” ဒီလူက ဘယ်လိုလုပ် အဲဒါကိုသိတာလဲ။
“ယူယူ ရှိတဲ့နေရာမှာ ငါရှိရမှာပဲ” သေချာသော စကားကို ထပ်ပြော လေသည်။
“လုပ်ချင်တာသာလုပ်တော့” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ နောက်အစီအစဥၤက အစ်ကိုနဲ့ မိုရှာတို့ ပေါင်းစပ်ဖို့ပဲ၊ အစ်ကိုဒီမှာရှိနေတာ ပိုကောင်းပါတယ်၊ နတ်ဆိုးလောကက ပြင်ဆင်ပြီးတာနဲ့ ပေါင်းစပ်ဖို့အတွက် ပြင်ချင်လို့ရတယ်”
“ဒါဆို ငါတို့ ဘယ်တော့သွားကြမလဲ”
“အစ်ကို ကုသပြီးတာနဲ့… အဲအချိန်ဆိုရင် ကျွန်တော်လည်း စာမေးပွဲပြီး လောက်ပြီ”
သူမသည် ရှီချူးရှောင်အား ဆေးရေစိမ်ရန် ၁၀ရက်ကျန်သေးသည်။ သူမ ကတိပေးပြီးဖြစ်သဖြင့် တစ်ဝက်တစ်ပျက်နှင့် ထွက်မသွားလိုပေ။
“ယူယူ ငါ မင်းရဲ့အိမ်ဟင်းလက်ရာလေး စားချင်တယ်…”
နောက်ရက်အနည်းငယ်တွင် ရှီမာယူယူသည် ဂိုဏ်းသို့မပြန်ပဲ ထိုနေရာ တွင်သာ နေလေသည်။ သူမသည် အချိန်ယူကာ အမှတ်တရစားသောက် ဆိုင်သို့သွားပြီး ရှီချူးရှောင်အတွက် ဆေးရေစိမ်ရန် ပြင်ပေးလေသည်။ သူမ သည် ဝူလင်းယူ ခန္ဓာကိုယ်အား သန်မာလာစေရန် မည်သို့ကူညီပေးရမည်ကို စဉ်းစားရင်းနှင့် ကျန်သည့်အချိန်များကို ကုန်ဆုံးသည်။
သူသည်လည်း အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ လက်ရှိအခြေအနေနှင့် သမားတော်တစ်ယောက် စစ်ဆေးပေးခြင်းသည် အမြန်သက်သာစေမည်။
၁၀ရက်ကြာသွားသည်။
ရှီချူးရှောင်သည် ရှီမာယူယူ၏အရှေ့တွင်ပင် အဝတ်ကိုချွတ်ကာ သစ်သားပုံးထဲဝင်သွားသည်။ ရင်းနှီးနေသောနာကျင်မှုသည် ချက်ချင်းပင် ပြန်ရောက်လာသော်လည်း ပထမအကြိမ်တုန်းကလို မတုန့်ပြန်မိတော့ပေ။
အစ်ပိုင်းတွင် သူမသည် တခြားသူတစ်ယောက်ရှေ့တွင် ကိုယ်လုံးတီး နေရသည်ကို အသားမကျပေ။ သူမသည် ပထမ ၂ရက် ၃ရက်တွင် အားနည်း သဖြင့် ရှီမာယူယူမှ အဝတ်များကိုကူချွတ်ပေးရပြီးနောက် ရှီမာယူယူရှေ့တွင် ချွတ်ရသည်ကို အသားကျနေလေပြီ။
“ဒါက ကျွန်တော် ချူးရှောင်ကို ဆေးရေစိမ်ဖို့လုပ်ပေးတာ နောက်ဆုံး အကြိမ်ပဲ” ရှီမာယူယူ ပြောပြီးသည်နှင့် ဆေးအရည်ထည့်လိုက်သည်။
“မင်းထွက်သွားတော့မှာလား” ရှီချူးရှောင်သည် သူမ ပြောလိုက်သော စကားကြောင့် အနည်းငယ် တွန့်ဆုတ်သွားကာ သစ်သားပုံးကိုမှီရင်း သူမ အားကြည့်လေသည်။
“အင်း ကျွန်တော်ကျောင်းကို တစ်နှစ်ခွင့်တိုင်ထားတာ လွန်ခဲ့တဲ့ ၂ရက် ကပဲပြည့်သွားပြီ” ရှီမာယူယူသည် သူမခြေထောက်ဖြင့် ခုံကိုဆွဲကာ ထိုင် လိုက်သည် “ဆေးရေစိမ်တာ ပထမအသုတ်တော့ပြီးသွားပြီ၊ နောက်ကို နေ့တိုင်းလုပ်ဖို့မလိုတော့ပါဘူး၊ နောက်ကျဆေးရေစိမ်လို့ရအောင် ကျွန်တော် ဆေးနည်းပေးခဲ့မယ် ဆေးညွှန်းအတိုင်းလုပ်လိုက်ရင်ရပြီ”
“ဒီဆေးနည်းကိုဘယ်သူ့ကိုမှ မပေးဘူးလို့ပြောခဲ့တယ်မလား”
“အဲဒါကြောင့် ကျွန်တော်က ချူးရှောင်ရဲ့စီနီယာအစ်ကိုကို ပိုက်ဆံ အများကြီးတောင်းတာလေ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ချူးရှောင်က ဘာတွေကြုံတွေ့ခဲ့ရလဲ ကျွန်တော်မသိပေမယ့် ဆေးရေစိမ် တာရဲ့ နာကျင်မှုကို ကြံ့ကြံ့ခံနေတာကိုကြည့်ရတာ ကိစ္စကြီးတစ်ခုဖြစ်လိမ့် မယ်၊ ခင်ဗျားကိုလည်း ကူညီပေးရင်း ပိုက်ဆံတွေအများကြီးရတော့ ကူညီချင် တာပေါ့”
“ကျေးဇူးတင်ပါတယ် ယူယူ” ရှီချူးရှောင်သည် ကျေးဇူးတင်စွာ ပြော လေသည် “ငါ ရှီချူးရှောင်က မိတ်ဆွေအများကြီးမရှိဘူး အခုကစပြီး မင်းက ငါ့သူငယ်ချင်းပဲ”
“ဒါဆိုရင် နောက်ပိုင်း ကျွန်တော်အတွင်းပိုင်းဒေသကိုသွားရင် ကျွန်တော့်ကို ဂရုစိုက်ပေးရမယ်” ရှီမာယူယူသည် မငြင်းဆန်ပဲ သူမ၏ အကူ အညီကိုလက်ခံလိုက်သည်။
“ဟူး အတွင်းပိုင်းဒေသတွေမှာတော့ ငါက နာမည်မကြီးဘူး၊ မင်းက ငါ့သူငယ်ချင်းဆိုတာ တခြားသူတွေသိရင် ပြဿနာတွေပဲရလာလိမ့်မယ်”
“ဟင် ဒါဆိုလည်း လျှို့ဝှက်သူငယ်ချင်းလုပ်ကြတာပေါ့”
“…. မင်းက ပွင့်လင်းလိုက်တာ”
“မင်းက အရမ်းကြင်နာတတ်တယ်” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “လူတစ်ယောက် ပွင့်လင်းတာကပိုကောင်းတယ်လေ”
“မင်းအရေထူတာတော့ ငါသတိထားမိတယ်”
“အရေထူတာကောင်းတာပေါ့ အအေးဒဏ်ခံနိုင်တယ်လေ”
“….” ရှီချူးရှောင်သည် အခုမှ သူမကိုသိသွားသလိုပင်။ အစ်ပိုင်းတွင် သူမသည် ပုံမှန်ဟုသာထင်ထားခဲ့သော်လည်း သူမကို သိလေလေ ပထမဆုံး တွေ့ဆုံသည့်ပုံစံနှင့် ဘာကြောင့် များစွာကွာခြားသွားတာလဲ။
“ဘယ်တော့ သွားဖို့စီစဉ်ထားလဲ” သူမ မေးလိုက်သည်။
“ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ပြင်တော့မှာ အချိန်မရှိဘူးဖြစ်နေ တယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းခန္ဓာကိုယ်က အခုမှအသစ်မွေးဖွား လာတာ၊ အဲဒါကြောင့် အဝတ်ပါးတွေမဝတ်သေးနဲ့ဦး ၂လနဲ့အထက် နလန်ထူ အောင်လုပ်ပြီးမှ ပြန်နော်”
ရှီချူးရှောင်သည် အစပိုင်းတွင် ယူယူထွက်သွားသည်နှင့် ပြန်ရန် စဉ်းစားခဲ့သော်လည်း အခုတော့မဖြစ်နိုင်သေးသည့်ပုံပင်။
သူမသည် နောက်ထပ် ၂လထပ်စောင့်ရဦးမည်။ အဲအချိန်ကျရင် အဲ ခွေးအတွဲက ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ။ ၂လ… သူမသည် အားတင်းပြီး စောင့်ရဦးမှာပေါ့။
“မင်း ပြန်သွားလို့ဘာလုပ်ချင်ချင်၊ မဖြစ်နိုင်တာကို မကြိုးစားသင့်ဘူး၊ ငါ အတွင်းပိုင်းဒေသကိုမရောက်မချင်းမသေနဲ့၊ ငါ့ရဲ့တန်ဖိုးကြီးတဲ့ ဆေးပစ္စည်း တွေကို မဖြုန်းတီးနဲ့ နားလည်လား”
“….”
“သြော် ဟုတ်သားပဲ မင်းငါ့ကို ကျေးဇူးဆပ်မယ်လို့ ပြောခဲ့တယ်မလား၊ ငါအခုတလော ပိုက်ဆံပြတ်နေလို့ များများလေးလိုနေတယ်၊ ငါ့ကို ကျေးဇူး ဆပ်ချင်ရင် ပိုက်ဆံသာပေး၊ ပမာဏက ကိစ္စမရှိဘူး များလေကောင်းလေပဲ”
“….”
***