အစ်ကိဟွာရှုံအားထပ်တွေ့ဆုံခြင်း
Vol. 009 Ch. 888
ရှီမာယူယူ အိမ်ပြန်သည်နှင့် အိမ်ထဲတွင် အမည်မသိအမျိုးသားတစ် ယောက်ထိုင်နေသည်ကို တွေ့လိုက်သည်။ ရှောင်ချီသည် ဘေးတွင် ပျင်းရိစွာ ဖြင့် အိပ်နေသည်။
“ပုံစံအသစ်ကမဆိုးဘူးပဲ” သူမ လျှောက်သွားကာ လက်ဆန့်ထုတ်ပြီး သူ့မျက်နှာကို ပွတ်လိုက်သည် “လူသားမျက်နှာဖုံးမဟုတ်ဘူးလား”
ဝူလင်းယူသည် သူမ သူ့ကိုစနောက်သည့်ပုံစံကို သဘောကျကာ “လူသားမျက်နှာဖုံးက မှတ်မိဖို့အရမ်းလွယ်တယ်”
“ဒါဆို မျက်နှာကိုပြောင်းလိုက်တာလား ဘယ်လိုလုပ်တာလဲ” ရှီမာယူယူသည် သူ့ကိုလွှတ်ပြီး ဘေးတွင်ဝင်ထိုင်လိုက်သည်။
“လွယ်ပါတယ်” ဝူလင်ယူသည် သူ့လက်ချောင်းမှ လက်စွပ်ကိုညွှန်ပြ လေသည်။
“ထင်ယောင်ထင်မှားလက်စွပ်လား”
“ဟုတ်တယ်” ဝူလင်းယူသည် သူမ လက်ကိုဆွဲကာ “မင်းလက်စွပ်က မင်းရဲ့ လိင်နဲ့ရောင်ဝါကိုပြောင်းပေးမယ်၊ ဒါပေမဲ့ ငါ့လက်စွပ်က ငါ့အပြင်ပန်း ပုံစံနဲ့ ရောင်ဝါကိုပြောင်းပေးတယ်”
ရှီမာယူယူသည် သူ့လက်ကို ဖယ်လိုက်ကာ “ဒီလိုပုံစံကကောင်းတာပဲ ကိစ္စတွေပိုအဆင်ပြေတာပေါ့”
“ဒါဆိုလည်း သွားရအောင်”
“ယူယူ ၁နှစ်က အများဆုံးအကန့်အသတ်ပဲလို့ အဘိုးမိုပြောလိုက် တယ်၊ လုပ်ရမယ့်ဟာတွေပြီးတာနဲ့ မြန်မြန်ပြန်ရမယ်” ရှောင်ချီ ပြောလေ သည်။
“အချိန်၁နှစ်က ဟုတ်တယ် ဒါပေမဲ့ ပေါင်းစပ်တာက ပြဿနာတော့ မဖြစ်သင့်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အချိန်မဆွဲတော့ဘူး သွားကြ မယ်”
ဝူလင်းယူသည် လေဟာပြင်ဝင်ပေါက်ဖွင့်ကာ ရှီမာယူယူနှင့် ရှောင်ချီတို့ ကိုဦးဆောင်သွားလေသည်။
ရက်အနည်းငယ်ကြာသောအခါ သူတို့သုံးယောက်အဖွဲ့သည် မြောက်ပိုင်း၆ခုမြောက်နယ်မြေ၊ မြို့အနီးရှီ သွေးဂူသို့ ရောက်လေသည်။ သူတို့ ရောက်သောအခါ မိုရှားပြောသောဆိုင်သို့ တိုက်ရိုက်သွားလိုက်သည်။
“မင်္ဂလာပါ ဘာလိုအပ်ပါသလဲခင်ဗျာ” စာရေးသည် ဝင်လာသော လူ များကိုတွေ့သည်နှင့် ရှေ့တိုးလာကာ သူတို့ကိုနှုတ်ဆက်လေသည် “ကျွန်တော်တို့ ဒီမှာ နတ်ဆိုးလောကရဲ့ ကိရိယာတွေအများကြီးရှိပါတယ်၊ အဲဒါတွေကို ကောင်းကောင်းသုံးနိုင်ရင် လူကြီးမင်းတို့ရဲ့ တိုက်ပွဲစွမ်းရည်က သေချာပေါက်တိုးတက်လာမှာပါ၊ တကယ့် အရည်အသွေးကောင်းတဲ့ လက်နက်ကိရိယာတွေပါ”
ရှီမာယူယူသည် ဆိုင်ထဲမှ လက်နက်ကိရိယာများကိုကြည့်လိုက်သည်။ အမှန်တကယ်ပင် နတ်ဆိုးလောက၏ ကိရိယာများဖြစ်ကာ လူသားလောက မှ လက်နက်တချို့လည်းရှိသည်။
သွေးဂူအနီးအနားရှိမြို့တချို့ရှိ ဆိုင်များတွင် အမှန်တကယ်ပင် နတ်ဆိုး လောက၏ ကိရိယာများကိုရောင်းလေသည်။ ထိုလက်နက်ကိရိယာများသည် သွေးဂူမှ ယူထားခြင်းဖြစ်သည်။ သို့သော် ထိုဆိုင်မှာ ထိုကဲ့သို့မဟုတ်ပေ။
ထိုဆိုင်သည် မွမ်းမံခြယ်သထားခြင်းမရှိပေ။ စီးပွားရေးမှာဆိုးလှသဖြင့် ဆိုင်တွင် ဝယ်ယူသူ ၃ယောက်သာရှိသည်။
ရှီမာယူယူသည် ထွင်းထုထားသော နတ်ဆိုးညွှတ်ကွင်းကို ထုတ် ပြီးပြောလိုက်သည် “ကျွန်တော် ခင်ဗျားတို့အကြီးအကဲကိုတွေ့ချင်တယ်”
ထိုပန်းကိုမြင်သောအခါ စာရေး၏အကြည့်သည် သတိကပ်သွားလေ သည်။
“မင်းဘယ်သူလဲ ငါတို့ ဆိုင်တာဝန်ခံကိုဘာလို့တွေ့ချင်တာလဲ”
“မဟုတ်ဘူး ခင်ဗျားတို့ ဆိုင်တာဝန်ခံကိုပြောတာမဟုတ်ဘူး ကျွန်တော် က တာဝန်ယူထားတဲ့သူကိုတွေ့ချင်တာ” ရှီမာယူယူသည် လက်ထဲမှ ပန်းနှင့် ဆော့နေလေသည် “ကျွန်တော်က ပန်းကိုထုတ်လိုက်မှတော့ ခင်ဗျားတို့စောင့် နေတဲ့သူဆိုတာ သေချာနေပြီလေ”
သူမပြောလိုက်သည်နှင့် စာရေးအား ပန်းကိုပစ်ပေးကာ ပြောလိုက် သည် “ကျွန်တော့်ကို အဲဒီကိုခေါ်သွားပြီး သူတို့ကိုထွက်လာခိုင်းလိုက်ပါ”
စာရေးသည် ပန်းကိုယူပြီး ပြောလေသည် “ဒီမှာစောင့်နေပါ”
ပြောပြီးနောက်တွင် သူလှည့်ထွက်ကာ အနောက်ခြံဝန်းဆီသို့ ဦးတည် သွားလေသည်။
သူတို့သုံးယောက်သည် ဆိုင်အားလှည့်ပတ်ကြည့်ရာ နတ်ဆိုးလောကမှ လက်နက်ကိရိယာအားလုံးကို ကြည့်မပြီးခင်တွင် သူတို့ရှေ့သို့ လေထန်လာ လေသည်။
“ငါ အဲဒီပန်းကိုမြင်လိုက်တော့ မင်းလာမယ်ဆိုတာ ငါသိတယ်”
“ဟွာရှုံလား ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ” သူတို့စောင့်နေသော တာဝန်ခံသည် သူဖြစ်လိမ့်မည်ဟု ရှီမာယူယူ မထင်ထားမိပေ။ သူက ဘယ်လို ဖြစ်ပြီး လူသားလောကကိုလာတာလဲ။
“ဟုတ်တယ် ဟုတ်တယ် ငါပဲ တကယ်ပဲမထင်ထားဘူးလား” ဟွာရှုံ သည် သူတို့အား ရယ်ပြလေသည်။
သူသည် သွေးဂူအစောင့်ဖြစ်ခဲ့စဉ်က ပုံစံနှင့် အတူတူပင်။ လူသားပုံစံ အတိုင်းးပင်။
“တကယ်ကိုထင်မထားဘူးပဲ” ရှီမာယူယူ ခေါင်းညိမ့်လေသည် “တာဝန် ကျတဲ့သူက ရင့်ကျက်ပြီး တည်ငြိမ်တဲ့သူဖြစ်မယ်လို့ ထင်ထားတာ….”
“ဒီမှာ ဒီမှာ ဒီမှာ ငါ့ကိုအဲလိုမျိုးတော့ မဆော်နဲ့လေ” ဟွာရှုံ ပြန်ပြောလေ သည်။ သူက ရင့်ကျက်ပြီးတည်ငြိမ်တဲ့သူမဟုတ်ဘူးလို့ သူမ ပြောလိုက်တာ မလား၊ ဟုတ်တယ်မလား။
“ကျွန်တော်က ဒီအတိုင်းပဲပြောလိုက်တာပါ၊ တခြားလူသားတွေသာ ဒီ နေရာအကြောင်းသိသွားရင် တကယ်ပဲပြဿနာဖြစ်လာနိုင်တယ် အနည်းဆုံး တော့ ဒီနေရာကကိစ္စတွေကို လုပ်နိုင်မယ့်သူရှာတာကောင်းမယ် မင်းကတော့ ဖြစ်နိုင်သလောက် ဒီနေရာကနေ ဝေးဝေးထွက်သွားသင့်တယ်” သူမ ပြော သည့်စကားကို လက်ခံနိုင်ရန် သူမသည် ခေါင်းညိမ့်ပြီး လေးနက်စွာပြောလေ သည်။
“ငါလည်း ရင့်ကျက်ပြီး တည်ငြိမ်ပါတယ်၊ ပြီးတော့ ငါကိစ္စတွေ ကိုင် တွယ်နိုင်ပါတယ်၊ ဟုတ်ပြီလား အဲတုန်းက ငါက မင်းတို့လူတွေကြားမှာ နှစ် ပေါင်းများစွာ ပုန်းနေခဲ့တာလေ” ဟွာရှုံသည် မသဲမကွဲပြောလေသည်။
“ကိုယ်ရံတော်တစ်ယောက်ဖြစ်ရတာနဲ့ ဒီဆိုင်ရဲ့ တာဝန်ခံတစ်ယောက် ဖြစ်ရတာ အတူတူပဲမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့က အချိန်တွေကို အတူကုန်ဆုံးခဲ့တာပဲ၊ ငါ့ကိုတွေ့တိုင်း ဒီလိုမျိုး နာကျင်အောင်လုပ်မှဖြစ်မှာလား”
“ကျွန်တော်က တွက်ကတ်ပြောတဲ့နေရာမှာ တော်တယ်လေ၊ ငါ့ကို ပြန်ပေးဆွဲဖို့ ဘယ်သူပြောတာလဲ”
“ငါ….”
“သခင်လေးရှီမာပြောတာမှန်တယ်၊ ဘယ်တော့မှ နည်းနည်းကြီးလာ မှာလဲ” ဟွာကျင်းသည် အနောက်မှထွက်လာကာ ရှီမာယူယူအား ကြည့် လိုက်သည်။ သူသည် ဦးညွှတ်ကာနှုတ်ဆက်လေသည် “ကျွန်တော်တို့ဒီမှာ စောင့်နေတာကြာပါပြီ”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “လုံခြုံတဲ့နေရာကိုသွားပြီး စကား ပြောရအောင်”
“နောက်ကလိုက်ခဲ့ပါ”
ဟွာကျင်းနှင့် ဟွာရှုံတို့သည် သူတို့သုံးယောက်ကို ခြံအနောက်သို့ ခေါ် သွားလေသည်။ ရှီမာယူယူ အတားအဆီးလုပ်ပြီးသည်နှင့် မိုရှားသည် နတ်ဆိုးညွှတ်လက်ပတ်ထဲမှ ထွက်လာသည်။
“ဘုရင်ကြီးကိုနှုတ်ဆက်ပါတယ်”
ဟွာရှုံနှင့် ဟွာကျင်းတို့သည် ဒူးထောက်လေသည်။
“ထပါ” မိုရှားသည် လက်ကိုဝေ့ရမ်းလိုက်သည်။ သူ၏ ဘုရင်ရောင်ဝါ သည် ရှင်းလင်းစွာမြင်နေရသည်။
ရှောင်ချီသည် မိုရှားကိုမြင်သောအခါ မျက်လုံးပြူးသွားလေသည်။
“ယူယူ ယူယူ ဒီအချိန်တွေမှာ နတ်ဆိုးဘုရင်က ယူယူ့ဘေးမှာရှိနေတာ လား၊ ရှောင်ချီ ဘယ်လိုဖြစ်ပြီးမသိရတာလဲ၊ မိုက်လိုက်တာ” သူမသည် ယူယူ ၏လက်မောင်းကိုဆုပ်ကိုင်ပြီးနောက် မိုရှားအား တက်ကြွစွာအော်လေသည်။
“ဘာလို့ဘာလုပ်မယ်ဆိုတာ မသိဘူးလား”
“ယူယူက ဝိဉာဉ်တွေကိုပေါင်းစပ်ဖို့ကူညီမယ်ဆိုတာပဲသိတာ၊ အဲဒါ နတ်ဆိုးဘုရင်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး”
မိုရှားသည် ရှောင်ချီ့အားကြည့်လိုက်ရာ ချက်ချင်းပင်ငြိမ်ကျသွားလေ သည်။
“ဒီနေ့ဘုရင်ကြီးကဘာအမိန့်ပေးပါမလဲ” ဟွာကျင်းမေးလေသည်။
“ပြီးခဲ့တဲ့တစ်ခေါက်က မင်းတို့ကိုပြင်ခိုင်းထားတဲ့ကိစ္စတွေ ဘယ်လိုနေ လဲ” မိုရှားမေးလေသည်။
“ပြီးခါနီးပါပြီ၊ ကျွန်တော်တို့ ဒီတစ်ခေါက်လာတော့ ပစ္စည်းတချို့သယ်ခဲ့ တယ် တချို့ကမနေ့ကရောက်တယ်၊ ဒါပေမဲ့ ပစ္စည်းတချို့ကိုခြေရာခံတုန်းပဲရှိ သေးတယ်” ဟွာကျင်းပြန်ဖြေလေသည်။
“အဲပစ္စည်းတွေကြည့်ရအောင်”
ဟွာကျင်းသည် သူတို့ပြင်ထားသည် ပစ္စည်းများထုတ်ပြရာ မိုရှားသည် တစ်ခုချင်းစီ စစ်ဆေးလေသည်။
သူ၏ အလျင်သည် သူတို့ထင်ထားသည်ထက် မြန်ဆန်သည်။ သူသည် အမှန်တကယ်ပင် သိုင်းတချို့ကို တတ်ထားသည့်ပုံပင်။
“ကျွန်တော်တို့ ကျန်တဲ့ပစ္စည်းတွေအတွက် ရအောင်ယူဖို့ အကောင်းဆုံး ကြိုးစားပါမယ် အကြံတွေလည်းတွေးထားပါပြီ၊ ၁နှစ် ၂နှစ်အတွင်းတော့…”
“မလိုတော့ဘူး” မိုရှား စကားဖြတ်ပြောလိုက်သည် “အဲနေရာကို ပြော လိုက်၊ ငါ အဲဒီကိုဝင်ပြီး ငါ့ဝိဉာဉ်ကိုပေါင်းစပ်မယ်”
“ဒါပေမဲ့ အဲပစ္စည်းတွေကို ရှာလို့မပြည့်စုံသေးဘူး၊ အခုပေါင်းစပ်မယ် ဆိုရင် စွန့်စားလွန်းရာမကျဘူးလား” ဟွာရှုံးမေးလေသည်။
မိုရှား ဘာမှပြန်မဖြေပေ။ သို့သော် ရှီမာယူယူသည် သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်သောအခါ ပြောလေသည် “အဲပစ္စည်းတွေက နောက်ကျ ငါ့ဝိဉာဉ်ကိုသန်မာစေမှာ၊ အစတုန်းကတော့ ငါ့ဝိဉာဉ်က အားနည်း နေလို့ အဲဒါတွေကိုရှာခိုင်းတာ၊ အဇူရာရဲ့ဝိဉာဉ်နဲ့ပေါင်းစပ်ပြီးတော့ ငါ့ဝိဉာဉ်က အဲတုန်းကနဲ့ နည်းနည်းမတူတော့ဘူး၊ အဲဒါကြောင့် အဲပစ္စည်းတွေမလိုတော့ ဘူး”
“ဒါဆိုရင် ကျွန်တော်တို့မျိုးနွယ်ခေါင်းဆောင်ကို အသိပေးလိုက်ပါမယ်” ဟွာကျင်းသည် စိတ်လှုပ်ရှားစွာပြောလေသည်။ မိုရှားခေါင်းညိမ့်သည်ကို မြင် သောအခါ သူလှည့်ပြီးထွက်သွားလေသည်။
“ရှောင်ချီတို့ အခုနတ်ဆိုးလောကကိုသွားမှာလား” ရှောင်ချီသည် ယူယူ ကိုမေးလေသည်။
သူမသည် နတ်ဆိုးလောကကို အရင်ကမရောက်ဖူးပေ။ သွားကြည့်တာ လည်းမဆိုးဘူးပဲ။
ရှီမာယူယူလည်း မသိပေ။ ထို့ကြောင့် သူမသည် မိုရှားအား မေးခွန်း ထုတ်သလိုကြည့်လေသည်။
“မသွားဘူး ငါတို့ လူသားလောကမှာပဲ ပေါင်းစပ်မယ်၊ ခန္ဓာကိုယ်က လူသားဖြစ်နေတယ် အဲဒါကြောင့် ဒီမှာပဲ ပေါင်းစပ်တာ ပိုလုံခြုံတယ်” မိုရှား ပြောလေသည် “ပြီးတော့ ပေါင်းစပ်တာက ဒီကလူတွေကို ဆွဲဆောင်နိုင်မှာလဲ မဟုတ်ဘူး”
မသွားရဘူးလား… ရှောင်ချီသည် ပျော်ရွှင်မှုများပျောက်သွားသလိုပင်။
ရှီမာယူယူကတော့ မိုရှားပြောသည်ကို သတိထားမိလေသည်။
အဲလူတွေလား…
***