← Chapters

အားလုံး၏ စိုးရိမ်မှု

Vol. 009 Ch. 889

အားလုံး၏ စိုးရိမ်မှု

Vol. 009 Ch. 889

နတ်ဆိုးလောက၏ လည်ပတ်ပုံအကျိုးသက်ရောက်မှုမှာ မြင့်မားသည်။ ရှီမာယူယူတို့ ထိုနေရာတွင် နေသည်မှာ ရက်အနည်းငယ် မကြာခင်မှာပင် ဟွာမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်နှင့် ကျောက်စိမ်းနက်မျိုးနွယ်တို့ ရောက် လာကြသည်။

“ဘုရင်ကိုနှုတ်ဆက်ပါတယ်” မျိုးနွယ်ခေါင်းဆောင်များပင် မိုရှားကို တွေ့သောအခါ ဒူးထောက်ကြကာ ရိုသေသမှုကို ပြကြလေသည်။

“ထပါ” မိုရှား ပြောလေသည် “အခြေအနေကိုသိလား”

“ဟုတ်ကဲ့ ပြင်ဆင်ထားပြီးပါပြီ ဘုရင်ကြီးသာ စာချုပ်ကိုဖျက်မယ်ဆိုရင် ပေါင်းစပ်လို့ရပါပြီ” ဟွာမျိုးနွယ်အကြီးအကဲ ပြန်ဖြေလေသည်။

“နောက်တစ်ခေါက် အတည်ပြုပြီးတော့ ၁၀ရက်ကြာရင် ပေါင်းစပ်ကြ တာပေါ့” မိုရှား ပြောလေသည်။

နောက်ထပ် ၁၀ရက်စောင့်ရဦးမှာလား။ အခုမဟုတ်ဘူးလား။

မျိုးနွယ်ခေါင်းဆောင် ၂ယောက်အခန်းထဲမှထွက်သွားသောအခါ ပဟေဠိဆန်သော တခြားမျက်လုံးများကို သတိထားမိလေသည်။

“ဘုရင်ကြီး….”

“မျိုးနွယ်ခေါင်းဆောင် ဘာဖြစ်လို့လဲ” ဟွာကျင်းနှင့် ဟွာရှုံတို့သည် အပြင်တွင်စောင့်နေကာ သူတို့မျက်မှောင်ကြုတ်သည်ကိုတွေ့သည်နှင့် မေး လေသည်။

“ငါတို့ကအကုန်ပြင်ပြီၤးနေပြီ ဒါပေမဲ့ ဘုရင်ကြီးက နောက်၁၀ရက်ကြာမှ ပေါင်းစပ်ချင်နေတယ်၊ ဘာကြောင့်လဲ ငါမသိလို့” ဟွာမျိုးနွယ်ခေါင်းဆောင် ဟွာဒိ ပြောလေသည်။

“အဲဒါကရှင်းပါတယ်” ဟွာရှုံ ပြောလေသည်။

“မင်း နားလည်တာလား”

“ဘုရင်ကြီးက သခင်လေးနဲ့ စာချုပ်ဖျက်ဖို့ကို တွန့်ဆုတ်နေတာ ဖြစ်မယ်” ဟွာရှုံ ပြောလေသည်။

“တွန့်ဆုတ်နေတာလား”

“သခင်လေးက မိန်းကလေးပါ၊ ဘုရင်ကြီးက သူမကို သဘောကျနေ တာ၊ သူမနဲ့ တစ်ခါတည်း စာချုပ်မဖျက်ချင်တာ အဲဒါကြောင့် သူတွန့်ဆုတ်နေ တာ” ဟွာရှုံ ရှင်းပြလေသည်။

“ပေါင်းစပ်ပြီးရင် အတူနေလို့ရသွားနိုင်တယ်လေ” ဟွာကျင်း ပြောလေ သည်။

“မတူဘူးလေ” ဟွာရှုံ ကန့်ကွက်လေသည် “ဆရာက လူသားလောက ကိုမရောက်တာ ကြာနေပြီဆိုတော့ စိတ်ခံစားချက်အကြောင်းကို နားမလည် ဘူး၊ ဘုရင်ကြီးက ပေါင်းစပ်ပြီးမှ သခင်လေးနဲ့တွေ့ရင်တောင် စာချုပ် အဆက်အသွယ်လိုမဟုတ်တော့ဘူး၊ စာချုပ်က တစ်ယောက်နဲ့ တစ်ယောက် ရဲ့ ခံစားချက်ကို သိစေတယ်၊ အဲဒါခံစားချက်ဆက်သွယ်မှုပဲ ဟားဟားဟား ဘုရင်ကြီး တွန့်ဆုတ်နေတာ သဘာဝကျပါတယ်”

ထိုသို့ကြားလိုက်သောအခါ ထိုလူများသည် အကြောင်းအရင်းအား သိ သွားကြကာ သက်ပြင်းရင်း ခေါင်းရမ်းပြီးထွက်သွားကြလေသည်။

သူတို့ နောက်ထပ်၁၀ရက်စောင့်ရဦးမည်ဖြစ်သဖြင့် ပြင်ဆင်မှုများကို သေချာအတည်ပြုရမည်။

နောက်ခြံဝန်းတစ်ခုတွင် ရှီမာယူယူသည် ရှောင်ချီနှင့် စကားပြောနေ သည်။ ရုတ်တရက်ပင် တစ်စုံတစ်ယောက်ဝင်လာသည်ကို သူမ ခံစားမိလိုက် သည်။ ရှောင်ချီသည် ထိုလူအား ဖမ်းရန်ပြင်လိုက်သော်လည်း ရှီမာယူယူ သူမကို ပြန်ဆွဲထားလိုက်သည်။

“ငါ့အသိပဲ” ရှီမာယူယူသည် ရှောင်ချီအား ပြောလိုက်သည်။ ပြီးနောက် သူမသည် ခြံဝန်းအဝင်ဝကိုပြောလိုက်သည် “ဘာကျားဇီ ဘာလို့ဝင်မလာ တာလဲ အပြင်မှာ ဘာလို့ပုန်းနေတာလဲ”

တွန့်လူးနေသော ဘာကျားကျိသည် ရှီမာယူယူပြောစကားကိုကြား သည်နှင့် ဝင်လာလေသည်။ “မင်းရဲ့ ဝိဉာဉ်အာရုံက ဘာလို့အဲလောက် ပါးရ တာလဲ၊ ငါရောက်တာနဲ့ သိပြီးနေပြီ”

ရှီမာယူယူ ပြုံးလိုက်သည် “မင်းက အဝင်မှာရောက်နေတာကို ဘာလို့ ဝင်မလာတာလဲ”

ဘာကျားကျိသည် ရှောင်ချီအားကြည့်ပြီး “ဒီမှာ ဧည့်သည်ရှိနေတာကို ငါ မသိပါလား”

“ဒါက ရှောင်ချီ ငါ့သူငယ်ချင်း” ရှီမာယူယူ မိတ်ဆက်ပေးလေသည် “ဒါက ဘာကျားဇီ နတ်ဆိုးလောကမှာတုန်းက တွေ့ခဲ့တဲ့ ကျောက်စိမ်းနက် မျိုးနွယ်ရဲ့ မင်းသမီး”

သူတို့နှစ်ယောက်သည် ခေါင်းညိမ့်ပြီး နှုတ်ဆက်လေသည်။

ရှီမာယူယူသည် ခုံတစ်ခုံထုတ်ပြီး ဘာကျားကျိကို ထိုင်ခိုင်းလိုက်သည်။

“မင်းအဘိုးနဲ့ လာခဲ့တာလား” သူမ မေးလိုက်သည်။

“အင်း” ဘာကျားဇီသည် ထိုင်ပြီးနောက် ခင်းထားသောမုန့်ကို ကောက် ကိုင်လိုက်သည်။  “အဘိုးက အစတုန်းကငါ့ကိုမလာခိုင်းဘူး၊ ဒါပေမဲ့ ငါ့ကို စိတ်မချတာနဲ့ ခေါ်လာတာ၊ လူသားလောကကို ရောက်ဖူးတာ ပထမဆုံးပဲ၊ လူသားအရင်းအမြစ်တွေက များလွန်းလို့ မျက်စိတောင်ကျိန်းတယ်၊ အဘိုးက အဲလောက်ကောင်းတဲ့ နေရာတစ်ခုကို ငါ့ကိုခေါ်မလာချင်ဘူး”

“မင်းအဘိုးက မင်းရဲ့လုံခြုံမှုကိုစိုးရိမ်တာပါ” ရှီမာယူယူ ပြောလိုက် သည် “မင်းက နတ်ဆိုးလောကကဆိုတာကို လူတွေသိရင် သူတို့က မင်းကို သတ်မှာစိုးရတယ်လေ”

“မင်းတို့ လူသားမျိုးနွယ်က ငါတို့နတ်ဆိုးမျိုးနွယ်ကို ငြင်းပယ်တာကိုး” ဘာကျားဇီ ပြောလေသည်။

“မင်းတို့ နတ်ဆိုးမျိုးနွယ်ကရော လူသားမျိုးနွယ်လည်း မငြင်းပယ်လို့ လား” ရှီမာယူယူ ပြောလိုက်သည် “ဒါက ဖြစ်နေတာကြာတဲ့ ကိစ္စတစ်ခုပဲ၊ လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်တွေက ဆန့်ကျင်ဘက်တွေ ချည်း၊ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူမှလက်မခံနိုင်ကြဘူး”

“သူတို့က မင်းနဲ့တူရင်တော့” ဘာကျားဇီ မသဲမကွဲပြောလေသည်။

“ငါကကျ မတူဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “အစကတည်းက မိုရှားကြောင့်သာမဟုတ်ရင် ငါလည်းနတ်ဆိုးမျိုးနွယ်ကိုလက်ခံနိုင်မှာမဟုတ် ဘူး”

“အမှန်ပဲ” ဘာကျားဇီ သက်ပြင်းချလေသည်။ “ဘုရင်ကြီးကြောင့်သာ မဟုတ်ရင် ငါတို့လည်း မင်းကိုလက်ခံမှာမဟုတ်ဘူး”

ထို့ကြောင့် ရန်လိုမှုမှာ အဆုံးမသတ်နိုင်ပေ။

ရှီမာယူယူ ပြုံးလိုက်သည်။ အကယ်၍ လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ် နှင့် တစ္ဆေမျိုးနွယ်များသာ ပြန်လည်သင့်မြတ်ပါက နှစ်ပေါင်းထောင်ချီရှိခဲ့ သော သွေးဂူဖြစ်လာမည်မဟုတ်ပေ။

“ဒါနဲ့ မင်း ဘုရင်နဲ့ စာချုပ်ဖျက်မယ်လို့ ကြားတယ်” ဘာကျားဇီ မေးလေ သည်။

“အင်း စာချုပ်ကိုအပြီးမသတ်ရင် သူနဲ့ စီနီယာအစ်ကိုတို့က ပေါင်းစပ်လို့ မရဘူး” ရှီမာယူယူ ပြောလိုက်သည်။

“စာချုပ်ဖျက်တာက မင်းကိုသက်ရောက်မှုဖြစ်မလား၊ မင်းကိုထိခိုက် သွားမလား”

“ဖြစ်နိုင်ပါတယ်” ရှီမာယူယူ ပြန်ဖြေလေသည် “စာချုပ်ကို အတင်းဖျက် ရင် သက်ရှိတဲ့ဖက်က ထိခိုက်မှာပေါ့၊ မိုရှားရဲ့ ဝိဉာဉ်ပေါင်းစပ်တာက အရမ်း အန္တရာယ်များတဲ့ကိစ္စပဲ အဲဒါကြောင့် သူ့ရဲ့ဝိဉာဉ်စွမ်းအားကို အာမခံနိုင်တဲ့သူ က ငါတစ်ယောက်တည်းပဲရှိတာ ဒါပေမဲ့ ငါလည်းအဲဒါကို မကြုံဖူးတော့ ဘယ် လောက်ပျက်စီးမလဲဆိုတာကို ငါမသိဘူး”

“ယူယူ မစိုးရိမ်ပါနဲ့၊ ရှောင်ချီ ကာကွယ်ပေးမယ်” ရှောင်ချီ ပြောလေ သည်။

“ကံကောင်းလို့ ဘာမှဆိုးတာမဖြစ်လာပါစေနဲ့” ရှီမာယူယူ ပြောလိုက် သည် “ငါနဲ့မိုရှားကြားက စာချုပ်က အရမ်းကြီးလေးနက်တာမဟုတ်ဘူး၊ ထိခိုက်မှုဖြစ်လာရင်တောင် မပြင်းထန်လောက်ပါဘူး၊ အသက်စာချုပ်လို လေးနက်တဲ့ ဝိဉာဉ်စာချုပ်ဆိုရင်သာ စာချုပ်ဖျက်တဲ့ ပျက်စီးမှုက ပြင်းထန် တာ”

ပြောပြီးနောက်တွင် သူမ သက်ပြင်းရှည်ချလိုက်သည်။

နှစ်ပေါင်းများစွာပြီးနောက်တွင် သူမသည် သူ နိုးနေသည်ဖြစ်စေ အိပ်နေသည်ဖြစ်စေ စာချုပ်အဆက်အသွယ်မှတစ်ဆင့် အာရုံခံနိုင်ခဲ့သဖြင့် စိတ်သက်သာရာရခဲ့သည်။

သူတို့ သိကျွမ်းခဲ့ပြီး မကြာခင်တွင် စာချုပ်ဖျက်ရန်သဘောတူခဲ့ကြ သည်။ အခုတော့ စာချုပ်ဖျက်ရမည့် အချိန်ရောက်ာလေပြီ၊ သူမ စိတ်ထဲတွင် ရုတ်တရက် ဗလာကျင်းသွားသည်။

ပေါင်းစပ်ပြီးနောက်တွင် သူဘယ်လိုပေါ်လာမလဲဆိုသည်ကို သူမ မသေချာပေ။ ဝူလင်းယူ၏ ခန္ဓာကိုယ်မှာ ဝိဉာဉ်တစ်ဝက်ရှိသည်။ သူဘယ်လို ပုံစံဖြစ်သွားမည်ကို သူမ မသိပေ။

ရှောင်ချီသည်လည်း ထိုကိစ္စကိုစဉ်းစားနေသည်။

“ယူယူ ယူယူရဲ့စီနီယာအစ်ကိုက လူသား၊ ခန္ဓာကိုယ်ကလည်း လူသား ခန္ဓာကိုယ်ပဲ၊ ဘုရင်ကြီးနဲ့ သူနဲ့ပေါင်းစပ်လိုက်ရင် ဘယ်လိုဖြစ်မလဲမသိဘူး နော်၊ နတ်ဆိုးမျိုးနွယ်အကျင့်တွေများရှိမလား”

ဘာကျားဇီသည် ပြန်ပြောလေသည်။

“ဟီးဟီး ယူယူ့ရဲ့ စီနီယာအစ်ကိုမှာ နတ်ဆိုးမျိုးနွယ်အကျင့်စရိုက်မရှိ ဘူးဆိုရင် သူက နတ်ဆိုးဘုရင်ဖြစ်နေဦးမလား” ရှောင်ချီ ဆက်ပြောလေ သည်။

“ဒါက… မဖြစ်လာနိုင်ပါဘူး” ရှောင်ချီ ဆက်ပြောလေသည်။

“ဖြစ်နိုင်တာပဲလေ” ရှောင်ချီ ပြောလေသည် “ယူယူ့ရဲ့ စီနီယာအစ်ကိုရဲ့ ခန္ဓာကိုယ်က နတ်ဆိုးမျိုးနွယ် အကျင့်တွေဘာမှမရှိတဲ့ လူသားခန္ဓာကိုယ်လေ၊ ဝိဉာဉ်ပေါင်းစပ်တာကို အတွင်းပိုင်းကိစ္စလေ ခန္ဓာကိုယ်ကို သက်ရောက်မှု မရှိ နိုင်ဘူးမလား”

“ဖြစ်မလား မဖြစ်နိုင်ဘူးလား” ဘာကျားဇီ၏ မျက်လုံးများ ကျယ်လာ သည်။

ဘုရင်ကြီးသာ နတ်ဆိုးမဟုတ်ပဲ လူသားဖြစ်ရင် သူတို့ဘာလုပ်ရမလဲ။ လူသားတစ်ယောက်ကို နတ်ဆိုးဘုရင်တစ်ယောက်အနေနဲ့ လက်ခံရမှာလား။

ဒါက မဖြစ်နိုင်ဘူး….

“ယူယူ ရှောင်ချီပြောသလိုပဲ အဲလိုဖြစ်လာမလား” သူမသည် အဆိုး ဆုံးအဖြေကို မျှော်လင့်ထားသည့်အနေနှင့် ရှီမာယူယူကိုကြည့်လိုက်သည်။

“မဖြစ်နိုင်လောက်ပါဘူး” ရှီမာယူယူသည်လည်း ထိုကိစ္စတွင် မသေချာ စွာပြောလေသည် “မိုရှား က သေချာပေါက် ဒီကိစ္စကိုစဉ်းစားထားမှာပါ၊ သူက မင်းကိုလာရှာမှတော့ ဒီကိစ္စကိုလည်း စဉ်းစားထားပြီးသားပဲ”

ဘာကျားဇီလည်း ထိုကဲ့သို့စဉ်းစားထားသည်။ သူသာ အနာဂတ်တွင် လူသားတစ်ယောက်ဖြစ်လာပါက သူတို့ကိုလာရှာမည်မဟုတ်ပေ။ သူ သူတို့ ကိုရှာခဲ့သဖြင့် ထိုကဲ့သို့ဖြစ်မလာနိုင်ပေ။

ထိုသို့စဉ်းစားလိုက်ရာ သူမ စိတ်အေးသွားရသည်။

***

All Chapters