ဘုန်းတော်ကြီး
Vol. 009 Ch. 890
ဘာကျားဇီသည် သူမအား စိုးရိမ်နေသော သူမအဘိုး ဘာလျန်ချီ အားရှာရန်ထွက်သွားလေသည်။
ဘာလျန်ချီနှင့် တခြားသူများသည် ထိုကိစ္စကို အမှန်တကယ်ပင် မစဉ်း စားပေ။ အခု သူတို့ကိုမေးလာရာ သူတို့တွင် အဖြေရှိမနေပေ။
ပေါင်းစပ်ပြီးနောက်တွင် နတ်ဆိုးဘုရင်သည် နတ်ဆိုးမျိုးနွယ်မဟုတ် တော့ပါက သူတို့က ဒီလောက်နှစ်တွေအများကြီးစောင့်ပြီးတော့ ဘာလုပ်ရ မလဲ။
လူသားအသွင်ဖြစ်နေသော နတ်ဆိုးဘုရင်နောက်လိုက်ရန် မဖြစ်နိုင် ပေ။ သို့သော် သူတို့သာ သူတို့အဖြေကိုလက်လျော့လိုက်ပါက ထိုဇာတ်လမ်း ကို တွေးပင်မတွေးရဲပေ။
“သူတို့က အခုထိမပေါင်းရသေးဘူး အကုန်လုံးမသေချာဘူး” ဟွာဒိ ပြောလေသည် “အခုဒါကိုစဉ်းစားဖို့ကို စောပါသေးတယ်၊ ပေါင်းစပ်ပြီးတဲ့အထိ စောင့်ပြီး ဆွေးနွေးလို့ရပါတယ်”
“ဟုတ်တယ်” ဘာလျန်ချီ ခေါင်းညိမ့်လေသည် “ငါတို့အခု နိဂုံးချုပ်လို့ မရသေးဘူး အများကြီးစဉ်းစားလိုက်ရင် အကုန်လုံးစိတ်ယိုင်ကုန်လိမ့်မယ်”
“ဒါဆိုရင် ပေါင်းစပ်ပြီးတဲ့အခြေအနေကိုစောင့်ကြည့်ကြတာပေါ့”
“ဒေါက် ဒေါက် ဒေါက်”
တံခါးခေါက်သံသည် သူတို့၏ စကားဝိုင်းကို နှောင့်ယှက်လိုက်သည်။ ဟွာကျင်း တံခါးဖွင့်ရန်သွားရာ အပြင်တွင်ရပ်နေသောသူကိုတွေ့သောအခါ အံ့သြသွားလေသည်။
“ဟွာကျင်း ဘယ်သူလဲ” အားလုံးသည် ဟွာကျင်း၏ မလှုပ်မယှက် ဖြစ်နေသော အမူအရာကို တွေ့ သောအခါ နားမလည်ကြပေ။
ဟွာကျင်းသည် ရိုသေစွာဖြင့် ဘေးသို့ဖယ်ပေးလိုက်သည်။ အနီရောင် ဝတ်ရုံနှင့်လူတစ်ယောက် ဝင်လာသည်။
သူသည် ပတ်ဝန်းကျင်အား အကဲခတ်ပြီးနောက် ဝတ်ရုံချွတ်လိုက် သည်။ တည်ငြိမ်သောမျက်နှာတစ်ခုသည် အားလုံးရှေ့တွင် ပေါ်လာသည်။ ငွေရောင်တောက်နေသော မျက်လုံးများနှင့် ငွေရောင်ဆံပင်များသည် အမြင် ကိုဖမ်းစားလောက်စရာပင်။
အားလုံးသည် မှင်တက်သွားပြီးနောက် ရှေ့တိုးကာ အရိုအသေပေးကြ လေသည်။
“ဘုန်းတော်ကြီးကို အရိုအသေပေးပါတယ်”
“ဘုန်းတော်ကြီး ဘာလို့ဒီကိုလာတာလဲ”
“ငါတို့ဘုရင်ကြီးရော” ဘုန်းတော်ကြီး ဟုန်ယွမ် မေးလိုက်သည်။ သူ၏ အသံမှာ ပြတ်သားပြီး ကြီးသည်။ သူ၏ နတ်ဆိုးလက္ခဏာကြောင့်သာမဟုတ် လျှင် နားထောင်လိုက်သည်နှင့် လူသားသူတော်စင်ဟု အထင်မှားနိုင်သည်။
“ကျွန်တော်တို့် ဘုရင်ကြီးက သခင်လေးယူယူနဲ့ပါ” ဟွာဒိ ပြန်ဖြေလေ သည်။
“သခင်လေးယူယူ ဟုတ်လား၊ ဘုရင်ကြီးရဲ့ စာချုပ်သခင်လား” ဟုန်ယွမ် မျက်လုံးထဲတွင် မနှစ်မြို့သည့် အရိပ်အယောင် ဖြတ်ပြေးသွားကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နတ်ဆိုးဘုရင်၏ စာချုပ် သခင်ကို သဘောမကျပေ။
“ဟုတ်ပါတယ် ဘုန်းတော်ကြီး” ဟွာဒိ အတည်ပြုလေသည်။
“သူ့ကိုတွေ့ဖို့ ငါ့ကိုခေါ်သွား” ဟုန်ယွမ်သည် ပြောပြီးသည်နှင့် ဝတ်ရုံ ပြန်ခြုံပြီး လှည့်ထွက်လေသည်။
ဟွာဒိနှင့် ဘာလျန်ချီတို့သည် အလျင်အမြန်လိုက်သွားကြလေသည်။ ဟွာရှုံနှင့် တခြားသူများသာ အခန်းထဲတွင် ကျန်ခဲ့လေသည်။
သူတို့သည် လိုက်သွားရန် အရည်အချင်းမရှိကြပေ။
ဟုန်ယွမ်ထွက်သွားပြီးနောက်တွင် ဘာကျားဇီသည် သက်ကိုပြင်းပြင်းရှု လိုက်ပြီး ကြောက်ရွံ့သောအကြည့်ဖြင့် ရင်ဘတ်ကိုပုတ်လေသည်။ “ဘုန်းတော်ကြီး ဒီမှာရပ်နေတော့ ငါ့မှာ အသက်တောင်ပြင်းပြင်းမရှုရဲဘူး ကြောက်လိုက်တာ သူက ဘာလို့ လူသားလောကကိုလာတာလဲ”
“ဘုရင်ကြီးရဲ့ဝိဉာဉ်ပေါင်းစပ်မှာကြောင့်ဖြစ်နိုင်တယ်” ဟွာကျင်းပြန်ဖြေ လေသည်။ သူ စဉ်းစားပြီးမျက်မှောင်ကြုတ်လိုက်သည် “ဘုန်းတော်ကြီးက ဒီနေရောက်နေပြီ၊ လူသားမျိုးနွယ်သာ ဒါကိုသိသွားရင်…”
“ငါက လူသားမျိုးနွယ်သိသွားမှာ မစိုးရိမ်ဘူး၊ ယူယူ့ကိုတွေ့သွားရင် သူ့ ရဲ့ တုန့်ပြန်မှုကိုပဲ ပိုစိုးရိမ်တယ်” ဟွာရှုံ ပြောလေသည် “ထုံးတမ်းအစဉ်အလာ အရ ဘုန်းတော်ကြီးတွေရဲ့ ရင်ထဲမှာက ဘုရင်ဆိုတာက အနှိုင်းမဲ့ပဲ၊ အခု သူ့ ဝိဉာဉ်က စာချုပ်ချုပ်ထားတာကိုသာသိရင် ငါကြောက်တာက….”
“ဟုတ်တယ် ယူယူ အန္တရာယ်မများဘူးလား” ဘာကျားဇီ အော်လေ သည် “မဟုတ်သေးဘူး ငါသွားကြည့်မှဖြစ်မယ်”
ဟွာကျင်းသည် သူမအား တားထားလေသည် “သခင်လေးယူယူက အခုတော့ အန္တရာယ်မများသေးဘူး၊ အခု အလောတကြီးသွားလို့ ဘုန်းတော် ကြီးနဲ့ တိုးရင် ပြဿနာကြီးလာလိမ့်မယ်”
“ဟုတ်တယ် ယူယူနဲ့ ဘုရင်ကြီးတို့ စာချုပ်မဖျက်မချင်း သူလုံခြုံတယ်” ဟွာရှုံ ပြောလေသည်။
“ဒါဆို စာချုပ်ဖျက်ပြီးရင် အန္တရာယ်များနိုင်လား” ဘာကျားဇီ ပြောလေ သည် “ငါ ယူယူ့ကိုသတိပေးရမယ်”
“မင်းအခုသွားလို့မရဘူး ဘုန်းတော်ကြီးမရှိတဲ့အချိန်မှသွား” ဟွာကျင်း ပြောလေသည်။
ဘာကျားဇီသည် ဟုန်ယွမ်၏ ရောင်ဝါကိုပြန်တွေးပြီး ခေါင်းညိမ့်လိုက် သည်။
အဲလောက်အားကောင်းတဲ့သူတစ်ယောက်ကို ရှောင်တာကောင်းမယ်။
“ယူယူဘာမှမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်” ဟုန်ယွမ် ရှီမာယူယူအား မြင်လျှင် လာဖြစ်လာနိုင်သည်ကို မသေချာသလို သူမသည် တံခါးအား စိုးရိမ် တကြီးကြည့်လိုက်သည်။
ဟွာကျင်းနှင့် ဟွာရှုံတို့သည် ရှီမာယူယူအတွက် စိတ်လှုပ်ရှားလျက်ရှိ သည်။
အံ့သြစွာပင် ဟုန်ယွမ် ရှီမာယူယူကို မြင်သောအခါ သူမကို ချက်ချင်း ထိခိုက်အောင်မလုပ်ပေ။
“မင်းတို့အားလုံး အရင်သွားနှင့်” ဟုန်ယွမ်သည် သူ့နောက်က နှစ်ယောက်ကို ပြောလိုက်သည်။
“ဒါက… ဟုတ်ကဲ့ပါ ဘုန်းတော်ကြီး”
ဟွာဒိနှင့် ဘာလျန်ချီတို့သည် ပြန်ဖြေပြီးနောက် ထွက်သွားလေသည်။ ဟွာဒိသည် ရှီမာယူယူအား တစ်ချက်ကြည့်လိုက်သော်လည်း အချိန်မှာ တိုတောင်းလှသည်။ သူမ နားလည်ပါ့မလား သူ မသေချာပေ။
“မင်းတို့လည်းထွက်သွားပါ” ဟုန်ယွမ်သည် ရှောင်ချီနှင့် ဝူလင်းယူတို့ကို ကြည့်လိုက်သည်။
သို့သော် သူတို့နှစ်ယောက်သည် မကြားချင်ယောင်ဆောင်ကာ ဂရုမစိုက်ပေ။
မိုရှားသည် နတ်ဆိုးညွှတ်လက်ပတ်မှ ထွက်လာသည်။ သူသည် ဟုန်ယွမ်အားကြည့်ပြီးနောက် ဝူလင်းယူနှင့် ရှောင်ချီတို့ကို ကြည့်လိုက်သည်။ “သွားလိုက်ပါ”
“မသွားဘူး” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုဆွဲထားသည် “ဒီလူရဲ့ မျက်လုံးတွေက လူသတ်မယ့်ပုံကြီး၊ သူက လူကောင်းနဲ့မတူဘူး၊ ယူယူ့ကို ထိခိုက်အောင်လုပ်နိုင်တယ်၊ ငါမသွားဘူး”
ဝူလင်းယူသည် စကားမပြောသော်လည်း သူ၏ မလှုပ်ယှက်ခန္ဓာကိုယ် သည် သူ၏ သဘောထားကိုပြသနေသည်။
မိုရှားသည် ရှီမာယူယူကို ကြည့်လိုက်သည်။
ရှီမာယူယူသည် ရှောင်ချီ၏ လက်ကိုပုတ်ကာ “မိုရှားနဲ့ ငါက စာချုပ်မှ မဖျက်ရသေးတာ၊ သူငါ့ကိုသတ်ချင်ရင်တောင် မလုပ်ရဲပါဘူး ရပါတယ် မင်းတို့ ထွက်သွားလိုက်”
ဟုန်ယွမ်သည် နောက်ဆုံးမှ ရှီမာယူယူကိုကြည့်လိုက်သည်။ သူမက သူ့ရှေ့မှာ အဲလိုတောင်ပြောရဲတာပဲ။ သတ္တိရှိတာပဲ။
“တကယ်လား” ရှောင်ချီသည် စိုးရိမ်စွာပြောလေသည်။
“မိုရှားလည်းရှိတယ် ငါသေသွားရင် သူလည်းသေမှာပဲ” ရှီမာယူယူ အတည်ပြုလေသည် “သွား စီနီယာအစ်ကိုနဲ့ မြို့ထဲကိုပတ်လိုက် ပြန်လာရင် ငါတို့ပြီးလောက်ပြီ စီနီယာအစ်ကို”
ဝူလင်းယူသည် တွေဝေပြီးနောက် ပြောလေသည် “ငါလည်း တစ်စိတ်တစ်ပိုင်းပါတယ်ဆိုတော့ နေချင်တယ်”
အန္တရာယ်မရှိဟု မည်မျှပင် သူမ ပြောစေကာမူ သူမကိုတစ်ယောက် တည်းမထားခဲ့နိုင်ပေ။
ဟုန်ယွမ်သည် ဘာငြင်းဆန်မှုမှမပြုပဲ ရှောင်ချီကိုကြည့်ရုံသာကြည့် လေသည်။
“ရှောင်ချီ လိမ္မာတယ် သွားလိုက် ဘာကျားဇီနဲ့ သွားဆော့နေလိုက်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း” ရှောင်ချီသည် မလိုလားစွာထွက်သွားလေသည်။ သူမသည် ခြံမှ ဝေးဝေးပင်မသွားလိုက်ရ။ ဘာကျားဇီနှင့် တခြားသူများအပြင်တွင်စောင့်နေ သည်ကိုတွေ့လိုက်ရသည်။
“ရှောင်ချီ အထဲက အခြေအနေဘယ်လိုလဲ ဘုန်းတော်ကြီးက ယူယူ့ကို ထိခိုက်အောင်လုပ်လား” ဘာကျားဇီသည် ရှောင်ချီထွက်လာသည်ကိုမြင် သည်နှင့် လျင်မြန်စွာ လက်ရမ်းပြလေသည်။
ရှောင်ချီ လျှောက်လာရာ ဟွာဒိရောက်လာသဖြင့် မေးလေသည် “အဲလူရဲ့ သရုပ်မှန်ကဘာလဲ ခင်ဗျားတို့အားလုံး သူ့ကိုအရမ်းလေးစားနေ တယ်”
“အဲဒါ ဘုန်းတော်ကြီးပဲ၊ နတ်ဆိုးလောကမှ နတ်ဆိုးဘုရင်ကလွဲပြီး သူက နတ်ဆိုးမျိုးနွယ်ရဲ့ ရင်ထဲမှာ ဂုဏ်အရှိဆုံးပဲ၊ သူက နတ်ဆိုးဘုရင် နောက်လိုက်တယ်၊ ကောင်းကင်နဲ့မြေကြီးကို ယဇ်ပူဇော်တယ်၊ နတ်ဆိုး မျိုးနွယ်အတွက် အံ့ဖွယ်နတ်ဆိုးဆီကနေ ကောင်းချီးတောင်းခံပေးတယ်” ဟွာဒိ ပြောလေသည်။
“နတ်ဆိုးဘုရင်ဘေးက လူလား၊ အခုလက်ရှိ နတ်ဆိုးဘုရင်က ခင်ဗျား တို့နဲ့ လမ်းကြောင်းမတူဘူးလို့ကြားတယ်၊ ဘုန်းတော်ကြီးက အခုလက်ရှိ နတ်ဆိုးဘုရင်ကို ကူပြီး မိုရှားကိုသတ်ပေးရမှာမဟုတ်ဘူးလား” ရှောင်ချီ ပြော လိုက်သည်။
“မဟုတ်ဘူး ဘုန်းတော်ကြီးက ဘုရင်ကိုသစ္စာရှိတယ်၊ အခု နန်းတော် မှာ ထိုင်နေတဲ့သူကို သစ္စာရှိတာမဟုတ်ဘူး” ဘာလျန်ချီ ငြင်းဆန်လေသည်။
ရှောင်ချီ နှုတ်ခမ်းဆူကာ “သူ့မျက်လုံးထဲက လူသတ်မယ့်အကြည့်ကို တွေ့လိုက်တယ် သူက ယူယူ့ကိုသတ်ချင်နေတာ၊ ဟင်း သူသတ်ရဲရင် ငါတို့ က ခင်ဗျားတို့ နတ်ဆိုးလောကကို ပြောင်းပြန်လှန်ပစ်မယ်”
“အထဲမှာ အရမ်းတိတ်တယ် သူတို့ဘာပြောလဲဆိုတာ မကြားရဘူး” ဟွာရှုံ ပြောလိုက်သည်။
“လှုပ်ရှားမှုရှိရင် ကြောက်စရာကောင်းပြီး ဘာလှုပ်ရှားမှုမရှိတာက လန့် စရာကြီး” ဘာကျားဇီ ထပ်ပြောလေသည် “အရမ်းစိတ်ပူတာပဲ”
“ကောင်းပြီ ဒီမှာပဲ လိမ်လိမ်မာမာနေ၊ အထဲက သူတို့ကိုသွား နှောင့်ယှက်လိုက်ရင် အဘိုးက မင်းအတွက် ကာကွယ်မပေးနိုင်ဘူး” ဘာလျန်ချီသည် ဘာကျားဇီအားကြည့်လိုက်ရာ ချက်ချင်းပင် ငြိမ်ကျသွား လေသည်။
ခြံဝန်းအတွင်းတွင် ယူယူ၊ ဝူလင်းယူနှင့် ဟုန်ယွမ်တို့်သည် မတိုးသာ မဆုတ်သာအခြေအနေဖြစ်နေသည်။ သူတို့မျက်လုံးများသည် စူးရှနေကာ မသိမသာ ပြိုင်ဆိုင်နေသည်။ ဘယ်သူမှ စကားစမပြောပေ။
***