နောက်ဆိုရင် ငါက မင်းအပိုင်ပဲ
Vol. 009 Ch. 891
တစ်ယောက်နှင့် တစ်ယောက်အကဲခတ်ရင်း အကြည့်ပြိုင်ပွဲ ကျင်းပနေ ကြသည်။
ခဏကြာမှပင် ဟုန်ယွမ်သည် အကြည့်ကိုရုတ်ကာ မိုရှားအား ခေါင်း ညိမ့်ပြလေသည်။
“ဟုန်ယွမ် ဘုရင်ကြီးကိုနှုတ်ဆက်ပါတယ်”
သူ့အကြည့်ကိုပြန်ရုတ်ပြီးနောက်တွင် ရှီမာယူယူသည် သူမပတ်ဝန်း ကျင်မှ လေများ တဟုန်ထိုးဖြတ်သွားသလိုခံစားရလေသည်။ နောက်ကျောမှ ချွေးများ စီးကျလာသည်။
သန်မာလိုက်တဲ့ ရောင်ဝါ။ သူမ တိတ်တဆိတ် တွေးနေသည်။ သူသာ ဆက်ကြမည့်မယ်ဆိုရင် သူမ အနိုင်ရမည်မဟုတ်ပေ။
“ဟုန်မင်ရဲ့ ဆက်ခံသူ၊ မင်းက ဒီမျိုးဆက် ဘုန်းတော်ကြီးလား”
“ဟုတ်ပါတယ်” ဟုန်ယွမ်သည် ပြောရင်း သူ၏ဝတ်ရုံကိုချွတ်လိုက်ရာ ငွေရောင်မျက်လုံးများနှင့် ငွေရောင်ဆံပင်များ ပေါ်လာသည်။
ငွေရောင်ဆံပင်များသည် နေရောင်အောက်တွင် တောက်ပနေကာ အလွန် ပျော့ပျောင်းနေသည်။
ငွေရောင် မျက်လုံးတွေလား။
သူမ သူ့ကိုကြည့်ခဲ့စဉ်က သူ့အကြည့်များသည် ခက်ခဲနက်နဲသည်ကို ခံစားမိသော်လည်း သူ၏ မျက်လုံးအရောင်ကို မမြင်ရပေ။ သို့သော် မိုရှား သူ၏ ငွေရောင်ဆံပင်နှင့် ငွေရောင်မျက်လုံးများကို မြင်သည်နှင့် အတိတ်ကို လွမ်းဆွတ်စွာပြောလေသည် “နတ်ဆိုးလောကမှာ မျိုးနွယ်တွေအများကြီးရှိ တယ် မင်းတို့မိသားစုကပဲ သန့်ရှင်းနိုင်တယ်”
“ချီးကျူးတဲ့အတွက် ဘုရင်ကိုကျေးဇူးတင်ပါတယ်” ဟုန်ယွမ် ပြောလေ သည်။
“အဲနှစ်က မင်းရဲ့ ဘိုးဘေးက ဒီဘုရင်ကြီးကို အဲလိုပဲဖြေခဲ့တယ်၊ အဲစကားတွေ အဲအသံနဲ့ပဲ” မိုရှားပြောလေသည်။
“ဘိုးဘေးတွေသာ ဘုရင်ကြီးပြန်လာတာကိုသိရင် အရမ်းပျော်မှာပဲ” ဟုန်ယွမ် ပြောလေသည်။
“နောက်တစ်ခေါက် ငါ နတ်ဆိုးလောကကိုသွားရင် သူ့ကိုသွားတွေ့ရ မယ်” မိုရှားပြောလိုက်သည်။
“ဘုရင်ကြီးပြန်လာတာကို ဂုဏ်ပြုပါတယ်” ဟုန်ယွမ် ပြောလိုက်သည် “ဘုရင်ကြီး ဘုန်းတော်ကြီး မျိုးဆက်တွေက ဘုရင်ကိုအမြဲအထောက်အပံ့ပေး ခဲ့တာ၊ ကျွန်တော့်ကို ဘုရင်ကြီးနောက်ကလိုက်ခွင့်ပြုပါ”
“မင်းဘာပြောချင်လဲဆိုတာ ငါသိတယ်” မိုရှား ပြောလိုက်သည် “စာချုပ် ပျက်ပြီးတာနဲ့ အံ့ဖွယ်နတ်ဆိုးကို ငါကျိန်ဆိုထားတယ်၊ ငါ သူ၊ သူ့မိသားစုနဲ့ မိတ်ဆွေတွေကို မနှောင့်ယှက်ဘူးလို့၊ မင်းလုပ်ချင်တာတွေ လုပ်လို့မရဘူး”
“ဘုရင်ကြီး ဘယ်လိုလုပ်….”
ဟုန်ယွမ် ပထမဆုံးအကြိမ်ဝင်လာပြီးမှ ပထမဆုံး အံ့သြသော မျက်နှာ ထားပြခြင်းပင်။ မိုရှားထိုသို့လုပ်မည်ဟု သူမထင်ထားပေ။
ဘေးတွင်ရှိသော ရှီမာယူယူသည် မိုရှား၏ စကားများကိုကြားသောအခါ သူ နတ်ဆိုးလောကကိုသွားခဲ့စဉ်က သူမ စိတ်အေးစေရန် ကျိန်ဆိုခဲ့သည်ကို ပြန်တွေးခဲ့သည်။
ထိုအချိန်က သူမသည် အများကြီးမစဉ်းစားခဲ့ပေ။ အခုကြည့်ရသည်မှာ သူမကို စိတ်ချအောင်လုပ်သည်သာမက သူ၏ လက်အောက်ငယ်သားများပါ နားလည်စေရန်ဖြစ်သည်။
သူတို့သည် သူတို့၏ ဘုရင်ကို ဒီလိုဘဝကိုအစွန်းထင်းမခံနိုင်ပေ။ ထို့ကြောင့် သူတို့သည် သူမကိုသတ်မည်။ ထိုအကြောင်းကို လူတိုင်းသိ သည်။ အခု သူသည် အံ့ဖွယ်နတ်ဆိုးကိုတိုင်တည်လိုက်သဖြင့် အလွယ်တကူ မလှုပ်ရှားရဲပေ။
ယူယူ့ကိုသတ်သည့်ကိစ္စမှာ ဘာမှမဟုတ်သော်လည်း မိုရှားကို ဆိုးဆိုး ရွားရွားထိခိုက်နိုင်သည်။
ဝူလင်းယူ၏ ခန္ဓာကိုယ်သည် ထိုအချိန်က အိပ်ပျော်နေခဲ့သဖြင့် ထိုကျိန်ဆိုခြင်းကို မသိခဲ့ပေ။ သူသည် ရှီမာယူယူ၏ တည်ငြိမ်သော အမူအရာ ကို ကြည့်ပြီး သူမ ဘာကြောင့် အဲလောက်တည်ငြိမ်နိုင်သလဲဆိုသည်ကို သိ ချင်ခဲ့သည်။ မိုရှားသည် သူ့အသက်ကို သူမကို ပေးပြီးသားဖြစ်နေသော ကြောင့်ပင်။
“နောက်ကို ယူယူရဲ့ကိစ္စကို မကြိုးစားနဲ့တော့” မိုရှား ပြောလိုက်သည် “သူနဲ့ ငါ့ကိစ္စကို မင်းစီစဉ်စရာမလိုဘူး”
“… ဟုတ်ကဲ့ပါ ဘုရင်ကြီး” ဟုန်ယွမ် ပြန်ဖြေသော်လည်း ရှီမာယူယူအား ကြည့်သည့် လူသတ်ချင်သည့်အကြည့်မှာ ရှိနေတုန်းပင်။
“ငါဒါကို အကုန်လုံးကိုလိုက်မရှင်းပြချင်ဘူး၊ အဲဒါကြောင့် ဒါကိုရှင်းဖို့ အတွက် မင်းကိုပဲ အပ်ထားတော့မယ်” မိုရှား ပြောလိုက်သည်။
သူသည် ဟုန်မင်ကိုယုံသကဲ့သို့ ဟုန်ယွမ်ကို ယုံကြည်သည်။
“ကျွန်တော် ဟုန်မင်သည် ဒီဘဝမှာ ဘုရင်ကြီးတစ်ဦးတည်းကိုပဲ သစ္စာ ရှိပါမည်ဟု ကျိန်ဆိုပါသည်။ ကျွန်တော်၏ ဆက်ခံသူများသည်လည်း ဘုရင် ကြီး၏ ဆက်ခံသူများကိုသာ သစ္စာရှိပါမည်”
နှစ်ပေါင်း သောင်းချီကုန်ဆုံးသွားသည်မှလွဲ၍ ကျိန်ဆိုသည့်အသံသည် နားထဲစွဲနေကာ ပျောက်ကွယ်မသွားပေ။
ဟုန်မင်၏ ဆက်ခံသူများသည် ထိုမူရင်းကျိန်ဆိုမှုကို ဆက်ခံခဲ့သည့် ပုံ ပေါ်သည်။ နတ်ဆိုးဘုရင်၏ မျိုးဆက်များကိုသာ သစ္စာရှိပြီး နတ်ဆိုးဘုရင် ပြန်လာသည်ကို စောင့်ဆိုင်းကာ သစ္စာရှိတုန်းပင်။
“မင်းမှာ ဟုန်မင်ရဲ့ ရောင်ဝါရှိတာပဲ မင်းက သူ့ရဲ့ဆက်ခံသူလား” မိုရှား မေးလိုက်သည်။
“ဟုတ်ပါတယ်” ဟုန်ယွမ် ဝန်ခံလေသည်။
“အခု မင်းက ဒီရောက်နေပြီ၊ ပေါင်းစပ်ဖို့ကိစ္စကို ကိုယ်တွယ်ဖို့ မင်းအပေါ် မူတည်သွားပြီ” မိုရှားသည် ဟုန်မင်အကြောင်းကို ဆက်မမေးပေ။ မမေးပဲနှင့် ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းနိုင်ခြင်းဖြစ်နိုင်သည်။
“ဟုတ်ကဲ့ပါ”
“ယူူယူ ပြီးခဲ့တဲ့တစ်ခေါက်က မင်းရခဲ့တဲ့ နတ်ဆိုးဖန်ကျောက်ကို သူ့ကို ပေးလိုက်” မိုရှား ပြောလိုက်သည်။
ရှီမာယူယူသည် ခေတ္တမျှ မှင်တက်ပြီးနောက် ဝမ်ဟိုင် လေကအသေးမှ ရခဲ့သော ကြီးမားသော နတ်ဆိုးဖန် ကျောက်ကို သတိရသွားလေသည်။
ထိုအချိန်က သူနှင့် စီနီယာအစ်ကိုတို့ ပေါင်းစပ်ချိန်တွင် ထိုကျောက်မှ နတ်ဆိုးစွမ်းအင်သည် များစွာအထောက်အကူပြုနိုင်မည်ဟု မိုရှားပြောခဲ့ သည်။ နောက်တော့… သူက နတ်ဆိုးညွှတ်လက်ပတ်ထဲမှာ သူ့ဘာသာသူ သိမ်းထားခဲ့တာမဟုတ်ဘူလား။ ဘာလို့ အခုမှ သူမကိုထုတ်ခိုင်းနေတာလဲ။
ကံကောင်းစွာပင် နတ်ဆိုးညွှတ်လက်ပတ်သည် သူမနှင့် ဆက်သွယ်နေ သေးသည်။ စဉ်းစားလိုက်သည်နှင့် ကြီးမားသော နတ်ဆိုးဖန်ကျောက်သည် အားလုံးရှေ့တွင်ပေါ်လာသည်။
“ဒီနတ်ဆိုးဖန်ကျောက်…” ရတနာများစွာနှင့် အကျွမ်းတဝင်ရှိသော ဟုန်ယွမ်သည် ထိုနတ်ဆိုးဖန်ကျောက်၏ အရွယ်အစားကြောင့် ပြန်တွေးမိ သွားလေသည်။ “မှတ်တမ်းတွေအရ ဘုရင်ကြီးက လူခေါင်းအရွယ်အစား ရှိတဲ့ အကြီးဆုံးနတ်ဆိုးဖန်ကျောက်ကိုရဖူးတယ်တဲ့၊ မထင်မှတ်ပဲ အဲထက် နှစ်ဆကြီးတဲ့ နတ်ဆိုးဖန်ကျောက်ရှိနေတာပဲ၊ ပေါင်းစပ်ဖို့ကို နတ်ဆိုးစွမ်းအင် နည်းမှာစိုးရိမ်ဖို့မလိုတော့ဘူး၊ ဘုရင်ကြီးရဲ့ ဝိဉာဉ်ပေါင်းစပ်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”
ရှီမာယူယူသည် နတ်ဆိုးဖန်ကျောက်ကို ဟုန်ယွမ်ဆီသို့ လက်လွှဲပေး လိုက်သည် “ငါကိုတူးဖို့ တော်တော်ကြိုးစားလိုက်ရတယ်၊ သေချာသိမ်းထား ပါ”
“မင်း ဟွာဒိတို့ကိုသွားကြည့်လိုက်ဦး၊ ပေါင်းစပ်ဖို့အတွက် တခြား သက်ရောက်မှုမဖြစ်အောင်လို့ သေချာအောင်ကြည့်ပေးလိုက်” မိုရှား အမိန့် ပေးလေသည်။
“ဒါဆို ဟုန်ယွမ် အရင်သွားလိုက်ပါမယ်” ဟုန်ယွမ်သည် မိုရှားအား အရိုအသေပေးပြီးနောက် ထွက်သွားလေသည်။
ရှီမာယူယူဆီမှ ရတနာကိုထွက်လာသည်ကို သိလိုက်သောအခါ သူမ သည် ဝင်ရောက်စွက်ဖက်ခြင်းနည်းသည်ကို သိလိုက်ရသည်။ သို့သော သူမ ကိုလက်ခံရန် မဖြစ်နိုင်သေးပေ။ အများဆုံးမှာ သူ၏ လူသတ်မည့်စိတ်မှာ လျော့နည်းလာရုံပင်။
အနီရောင်ဝတ်ရုံဖြင့် ထွက်သွားသော သူမကို ရှီမာယူယူ ကြည့်နေ သည်။ သူမအပေါ်ကျရောက်သော သူ့အကြည့်ကိုစဉ်းစားလိုက်ရာ မိုရှား ဘာကြောင့် သူမကို နတ်ဆိုးဖန်ကျောက်ထုတ်ခိုင်းသည်ကို သူမ နားလည် သွားသည်။
“ဟုန်မင်နဲ့ ငါ့ရဲ့ဆက်ဆံရေးက မတူဘူး၊ အဲဒါကြောင့် ငါ သူ့ဆက်ခံသူ ကို ဖိအားပေးလို့မရဘူး” မိုရှား ရှင်းပြလေသည်။
“ကျွန်တော် နားလည်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် လည်း ဘာမှမပြောပါဘူး၊ ကျွန်တော့်အသက်ကို ရန်မရှာသရွေ့ ခင်ဗျားလူ တွေကိုလည်း ထိခိုက်အောင်မလုပ်ပါဘူး”
ထိုဟုန်ယွမ်၏ အားသည် မြင့်သော်လည်း သူမ၏ စွမ်းအား အကုန်လုံး နှင့်ဆိုလျှင် အကုန်လုံးအတူတူ ပျက်ဆီးအောင်လုပ်ရန်မှာ မဖြစ်နိုင်သည် မဟုတ်ပေ။ ပြောရလျှင် သူမသည် မိုးကြိုးဘေးသင့်မှုကိုခေါ်နိုင်ပြီး ပဒါးရောင် ငှက်လေးနှင့်ဆိုလျှင် နတ်ဆိုးလောကတစ်ခုလုံးကို ရှင်းပစ်ရန်လုံလောက် သည်။
မိုရှားသည် ထိုအချက်ကိုနားလည်သည်။ ထို့ကြောင့် ကာကွယ်ရန်လို အပ်သူမှာ သူမ မဟုတ်ပဲ ဟုန်ယွမ်ကိုဖြစ်သည်။
မိုရှား ခေါင်းညိမ့်ပြီးနောက် နတ်ဆိုးညွှတ်လက်ကောက်သို့ ပြန်သွား လေသည်။
ရှီမာယူယူသည် ဝူလင်းယူအား ကြည့်ပြီးနောက် အနည်းငယ်ဝမ်းနည်း စွာပြောလေသည် “စီနီယာအစ်ကို ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို မိုရှားနဲ့ ပေါင်းစပ် ပြီးရင်တောင်မှ အစ်ကိုက ကျွန်တော့်ရဲ့ စီနီယာအစ်ကိုဖြစ်တုန်းပဲ”
ဝူလင်းယူသည် မျက်ခုံးပင့်လိုက်သည် “ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဝမ်းနည်းသွားတာလဲ”
ရှီမာယူယူ သက်ပြင်းချလိုက်သည် “အခုမှ သတိရသွားတာ… ပေါင်းစပ်ပြီးသွားရင် အစ်ကိုက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သော သားတော်မဟုတ်တော့ပဲ သူတို့ရဲ့ နတ်ဆိုးဘုရင်ဖြစ်လာနိုင်တယ်၊ အံ့ဖွယ် နတ်ဆိုးတောင်ကြားက အစ်ကို့ကိုလက်မခံတော့လို့ အစ်ကိုက အံ့ဖွယ် နတ်ဆိုးတောင်ကြားကလူမဟုတ်တော့ရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ စီနီယာအစ်ကိုဖြစ်တုန်းပဲ”
ဝူလင်းယူသည် ရယ်မောလိုက်သည် “မင်းက အင်အားကြီးတည်ထောင် မှာမဟုတ်ဘူးလား၊ နတ်ဆိုးလောကနဲ့ ဂိုဏ်းကငါ့ကိုမလိုဘူးဆိုရင် မင်းငါ့ကို ခေါ်သွားပေါ့”
“အင်း” ရှီမာယူယူသည် တွေဝေခြင်းမရှိ ခေါင်းညိမ့်လေသည်။ ထို့နောက် သူမသည် သူ၏ အပြုံးကိုသတိထားမိသည်။ ဘာကြောင့် အဲဒါကို ထူးဆန်းတယ်လို့ ခံစားမိတာလဲ။
“ဒီနေ့ မင်းပြောတာကို မှတ်ထားရမယ်နော်၊ ငါ့ကိုခေါ်သွားမယ်လို့ မင်း ကတိပေးပြီးပြီ” ဝူလင်းယူသည် သူမအား ကြည့်ပြီးနောက် ငါးခိုးနိုင်သည့် ကြောင်တစ်ကောင်သဖွယ် သွားဖြဲလေသည်။ သူသည် သူမအရှေ့တွင် မှီကာ အနီးကပ်ကြည့်ပြီး “နောက်ဆိုရင် ငါက မင်းအပိုင်ဖြစ်သွားပြီ”
ရှီမာယူယူသည် ချမ်းစိမ့်မှုကိုခံစားရကာ ဝမ်းနည်းမှုသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ သူမသည် သူ့မျက်နှာကို ရိုက်ဖယ်လိုက်ပြီး သူမ သဘောတူသည်ကို နောင်တရသည့် ပုံပြလေသည်။
***