← Chapters

ပေါင်းစပ်မှုမတိုင်မှီ

Vol. 009 Ch. 892

ပေါင်းစပ်မှုမတိုင်မှီ

Vol. 009 Ch. 892

ဟုန်ယွမ်ထွက်သွားရာ အပြင်မှစောင့်နေသူများသည် မတ်မတ်ရပ်လိုက် ကြသည်။ သူတို့သည် အသက်ကိုပင်ပြင်းအောင်မရှုရဲကြပေ။

ရှောင်ချီသည် သူ့ကိုကြည့်ပြီး ရှီမာယူယူ၏ အခြေအနေကို စစ်ဆေးရန် ခြံဝန်းသို့ပြေးသွားလိုက်သည်။ သူမ ဟုန်ယွမ်အားဖြတ်လျှောက်သွားချိန်တွင် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူမ ခြံဝန်းသို့ အပြေးသွား သည်ကို စိုက်မကြည့်ပေ။ သူမ ပျောက်သွားသောအခါ အကြည့်ကို ပြန်မရုတ် သိမ်းေးပ။

“ဘုန်းတော်ကြီး” ဟွာဒိသည် ညင်သာစွာ ခေါ်လိုက်လေသည်။

ဟုန်ယွမ်သည် အကြည့်ကိုပြန်ရုတ်ကာ “မင်းတို့နှစ်ယောက်ငါနဲ့လိုက်ခဲ့”

ထိုနှစ်ယောက်ဆိုသည်မှာ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်ကို ပြော ခြင်းဖြစ်သည်။

“ဟုတ်ကဲ့”

မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်သည် ဟုန်ယွမ်၏ နောက်သို့ ကျိုးနွံစွာ လိုက်သွားလေသည်။ ဝူလင်းယူသည် သူ့အခန်းသို့ ပြန်သွားလေပြီ။ ရှီမာယူယူနှင့် ရှောင်ချီတို့သာ ခြံထဲတွင် ကျန်ခဲ့လေသည်။

“ယူယူ အဆင်ပြေရဲ့လား” ဘာကျားဇီ လျှောက်လာကာ ရှီမာယူယူ အားစိုးရိမ်စွာကြည့်လေသည်။

“အဆင်ပြေပါတယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဟုတ်လို့လား” ဘာကျားဇီ မယုံပေ “ဘုန်းတော်ကြီးက စိတ်ဆတ်တယ် လို့ကြားတယ်၊ သူက လူသားတွေကို အထူးသဖြင့်မုန်းတယ်၊ အခု မင်းက ဘုရင်နဲ့ စာချုပ်ချုပ်ထားတာကို သူသိနေတော့ သူမင်းကို ထိခိုက်အောင် မလုပ်ဘူးလား”

“ငါ့ကိုကြည့် ထိခိုက်ထားတဲ့ပုံပေါက်လား” ရှီမာယူယူသည် လက်များ ကိုဖြန့်ကာ ပုခုံးတွန့်လေသည်။

“အင်း… အဆင်ပြေတဲ့ပုံပေါ်ပါတယ်” ဟွာရှုံသည် ပဟေဠိဆန်စွာ မေးစေ့ကိုပွတ်လိုက်သည်။ “သူမင်းကိုမသတ်တာက အကြောင်းရှိလိမ့်မယ် မင်းကိုတော့ အလွတ်ပေးမှာမဟုတ်ဘူး၊ ဘာလို့ ဘာမှမလုပ်ပဲထွက်သွားတာ လဲ၊ ထူးဆန်းတယ် ထူးဆန်းတယ်”

“မင်းတော့” ရှီမာယူယူသည် သူမလက်ကို ပြန်ရိုက်လိုက်သည် “မင်းက ငါထိခိုက်တာကို မြင်ချင်တာလား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး ဘယ်လိုလုပ် လုပ်ရဲမလဲ ငါကသိချင်တာပါ” ဟွာရှုံသည် လျင်မြန်စွာ ပြုံးလေသည်။

သူသည် စနောက်ခြင်းသာဖြစ်သည်။ ဒီမိန်းကလေးသည် ဘုရင်ကြီး နှစ်သက်သူဖြစ်သည်။ သူမ သူ့ကို မုန်းသည်ဟု ဘုရင်ကြီးသိပါက သူ့အတွက် နေ့ရက်ကောင်းများရှိတော့မည်မဟုတ်ပေ။

“ယူယူ သူ မင်းကိုလွှတ်အောင် ဘယ်လိုလုပ်လိုက်တာလဲ” ဘာကျားဇီ မေးလေသည်။

“ဘာမှမလုပ်လိုက်ရဘူး” ရှီမာယူယူ ပြောလေသည် “ပြီးတော့ သူက လည်း ငါ့ကိုဘာမှမလုပ်ဘူး၊ မင်းတို့အားလုံး ဘာလို့အဲလိုစိတ်လှုပ်ရှားနေကြ တာလဲ”

“ဘုန်းတော်ကြီးက ဘယ်လိုလူမျိုးလဲဆိုတာ မင်းမသိလို့” ဘာကျားဇီ ပြောလေသည် “သိသွားရင် ငါတို့ ဘာလို့စိုးရိမ်ပြီး အခုအံ့သြနေလဲဆိုတာ နားလည်သွားလိမ့်မယ်”

“ဟုတ်ပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် စိတ်ပူပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“ဘာကျေးဇူးတင်စရာလိုလဲ” ဘာကျားဇီသည် သူမလက်ကိုကိုင်ပြီး ပြောလေသည် “မင်းက လူသားဆိုပေမယ့် ငါတို့ကသူငယ်ချင်းတွေပဲ”

“အင်း”

တစ်ဖက်တွင် ဟွာဒိနှင့် ဘာလျန်ချီတို့သည် ဟုန်ယွမ်နောက်လိုက်ကာ အစည်းအဝေးခန်းသို့ သွားလေသည်။

“ဘုရင်ကြီး ပေါင်းစပ်ဖို့အတွက် ပြင်ဆင်ပြီးကြပြီလား” ဟုန်ယွမ်သည် အလယ်တွင်ထိုင်ကာ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်သည် သူ့ဘေးတွင် ထိုင်လေသည်။

“ဘုန်းတော်ကြီးကို ပြန်ဖြေပါတယ် ပြင်ဆင်ပြီးပါပြီ” ဟွာဒိ ပြန်ဖြေလေ သည် “ဒါပေမဲ့ စွမ်းအားက နည်းနေသေးတယ် ကျောက်တွေထပ်ရအောင် လူ လွှတ်လိုက်ပါမယ်”

“မလိုတော့ဘူး” ဟုန်ယွမ် ပြောလေသည်။

“ဘုန်းတော်ကြီး စွမ်းအင်မလောက်ရင် ဘုရင်ကြီးရဲ့ ပေါင်းစပ်မှုအတွက် သက်ရောက်မှုဖြစ်လိမ့်မယ်” ဘာလျန်ချီ သတိပေးလေသည်။

“ဟုတ်တယ်” ဟွာဒိပါ တစ်သံတည်းထွက်လေသည် “ဘုရင်ကြီးက ပေါင်းစပ်မယ့်အချိန်ကို ရွေ့ထားတယ်၊ အဲဒါကြောင့် ပိုပြင်ဆင်ထားရအောင် ကျွန်တော်တို့ နတ်ဆိုးလောကကို သွားလို့ရသေးတယ်”

“မလိုဘူးလို့ ငါပြောတယ်လေ” ဟုန်ယွမ် ထပ်ပြောလေသည် “နတ်ဆိုး စွမ်းအင်ကိစ္စက ဖြေရှင်းပြီးသွားပြီ”

“ဖြေရှင်းပြီးသွားတယ်ဟုတ်လား”

“အင်း”

ဟုန်ယွမ်သည် နတ်ဆိုးဖန်ကျောက်ကိုထုတ်လာရာ အဘိုးကြီးနှစ် ယောက်၏ မျက်လုံးများ ပင့်သွားကြသည်။ သူတို့သည် တုန်ယင်သော လက် များဖြင့် အနီးကပ်တိုးလာကြသည်။

“ကြီးလိုက်တဲ့ နတ်ဆိုးဖန်ကျောက်ပဲ၊ ဘုန်းတော်ကြီး ဘယ်ကတွေ့တာ လဲ၊ အရင်ကတစ်ခုထက် ၂ဆ ၃ဆ ပိုကြီးတာပဲ” ဘာလျန်ချီ၏ မျက်လုံးများ သည် ထွက်ကျမတတ်ပင်။

“ဒါနဲ့ဆိုရင် ပေါင်းစပ်ဖို့ စွမ်းအင်မရှိမှာမပူရတော့ဘူး” ဟွာဒိ ပြောလေ သည် “ဘုန်းတော်ကြီး ဒီလောက်ကြီးတဲ့ နတ်ဆိုးဖန်ကျောက်ကို ဘာလို့ လှုပ်လှုပ်ခတ်ခတ်မဖြစ်ကြတာလဲ၊ ဘယ်ကနေတူးလာလဲသိချင်ပါတယ်”

“ငါရှာတွေ့တာမဟုတ်ဘူး” ဟုန်ယွမ် ပြောလိုက်သည်။

“ဘုန်းတော်ကြီး တွေ့တာမဟုတ်ဘူးလား”

“အင်း” ဟုန်ယွမ်သည် နတ်ဆိုးဖန်ကျောက်ကို သိမ်းပြီးနောက် ဆက် ပြောလေသည် “ဒါကို ရှီမာယူယူက လောကအသေးကနေ တွေ့လာတာ”

“သခင်လေးယူယူက တွေ့လာတာလား” ဘာလျန်ချီသည် ခေတ္တမျှ မှင်တက်ပြီးနောက် အော်လေသည် “သခင်လေးယူယူက ဘုရင်ကြီးရဲ့ ကံကောင်းမှုပဲ၊ သူ့ကြောင့်သာမဟုတ်ရင် ဘုရင်ကြီးရဲ့ဝိဉာဉ်က အိပ်ပျော်နေ ဦးမှာ၊ အိပ်ပျော်ရင်းနဲ့ပဲ ပျောက်ကွယ်သွားမှာ၊ အခု ကျွန်တော်တို့မှာ နတ်ဆိုး ဖန်ကျောက်ကြီးရှိနေပြီဆိုတော့ ဘုရင်ကြီးပေါင်းစပ်မှုအတွက် အထောက် အကူ ဖြစ်မှာပဲ”

ဟွာဒိသည် မျက်မှောင်ကြုတ်ပြီး ဟုန်ယွမ်သည် ဘာလျန်ချီကို ကြည့် လိုက်ရာ ချင်ချင်းပင် ပါးစပ်ပိတ်သွားလေသည်။

မထင်ထားစွာပင် ဟုန်ယွမ်သည် သူတို့နှစ်ယောက်ကို ဒေါသမထွက် ပေ။ သူ ပြောရုံသာပြောလေသည် “ဘုရင်ကြီးက ပြင်ဆင်ဖို့ကို မင်းတို့ကို လက်လွှဲထားတော့ ကိုယ်တိုင် အကြိမ်ပေါင်းများစွာစစ်ဆေးပြီး အမှားလုပ်လို့ မဖြစ်ဘူး သိပြီလား”

“ဟုတ်ကဲ့ပါ ဘုန်းတော်ကြီး”

“ဘုန်းတော်ကြီး လူသားလောကကိုလာတယ်ဆိုတော့ နတ်ဆိုးဘုရင် ဘက်က ဘာကိစ္စမှမရှိလို့ပေါ့၊ သူတို့ မသိလောက်ပါဘူး…. ဟုတ်တယ်မလား” ဘာလျန်ချီ မေးလေသည်။

“ငါအကုန်လုံးကို စီစဉ်ပြီးပြီ မိုလော့ အချိန်တစ်ခုလောက်တော့ သံသယ ရှိမှာမဟုတ်ဘူး အခု အဲကိစ္စတွေကို ထပ်သွားစစ်ဆေးလိုက်ရအောင်….”

နောက်ရက်များတွင် အားလုံးသည် အလုပ်များနေကြသည်။ ဟွာကျင်း နှင့် တခြားသူများသည် ဟိုဟိုဒီဒီပြေးကြကာ ဟွာဒိတို့သည် အလုပ်များနေ သဖြင့် မြင်ရခဲ့သည်။ ဝူလင်းယူနှင့် မိုရှားတို့ပင် အတူထွက်သွားကြကာ ရက် အနည်းငယ်ကြာသည်အထိ ပြန်မလာပေ။

ရှီမာယူယူနှင့် ရှောင်ချီတို့သာ တစ်ချိန်လုံး ခြံထဲတွင် အားနေလေသည်။

“ယူယူ” ရှောင်ချီသည် ရှီမာယူယူအရှေ့ပြေးလာကာ သူမ စာအုပ်ကြား ထဲသို့ ပန်းတစ်ပွင့်ထည့်လေသည်။

“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် စာအုပ်ပိတ်ကာ မေးလေသည်။

“မနက်ဖြန်ဆိုရင် ပေါင်းစပ်မယ့်နေ့ပဲ မစိုးရိမ်ဘူးလား စာအုပ်ဖတ်နိုင် သေးတာလား” ရှောင်ချီမေးလေသည်။

“စာအုပ်မဖတ်ရဘူးဆိုရင် ဘာလုပ်ရမှာလဲ” ရှီမာယူယူ ငြင်းဆန်လေ သည်။

“ဘာလုပ်နိုင်မလဲဆိုတာ သွားကြည့်လို့ရတယ် စိတ်ပူတယ်ဆိုတာကို သွားပြဦးလေ” ရှောင်ချီ ပြောလိုက်သည်။

“ကံမကောင်းစွာနဲပဲ ငါစိုးရိမ်တာက အသုံးဝင်မှာမဟုတ်ဘူး၊ ငါတို့က ပြင်ဆင်နေတာလဲမဟုတ်ဘူး ပေါင်းစပ်တာကိုဝင်ပါမှာမလဲမဟုတ်ဘူး အဲဒါ ကြောင့် ငါတို့စောင့်ကြည့်တာပဲလုပ်နိုင်ပြီး အပြောင်းအလဲကိုကြည့်ရမှာပဲ မနက်ဖြန်အချိန် စာချုပ်ဖျက်ပြီးတဲ့အထိ စောင့်ကြည့်ရမှာပဲ” ရှီမာယူယူ ပြော လိုက်သည် “ငါတို့ သွားကူညီမယ်ဆိုရင်တောင် နတ်ဆိုးလောကက ကိစ္စ တွေကို နားလည်တာမဟုတ်ဘူး၊ အလုပ်ပိုသွားတာပဲရှိမယ်၊ စိုးရိမ်ဖို့မလိုပါဘူး ဒီမှာ ကိုယ့်ကိစ္စကိုယ်လုပ်နေတာပဲ ပိုကောင်းပါတယ်”

“ယူယူက တကယ်ပွင့်လင်းတာပဲ” ရှောင်ချီ ပြောလေသည် “ယူယူက စီနီယာအစ်ကိုရဲ့ လုံခြုံမှုကိုတောင် စိတ်မပူဘူးပဲ အိပ်ယာတောင် မျှသုံးသေး တာကို”

“ဘာတွေပြောနေတာလဲ” ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းကိုပုတ် လိုက်သည် “နောက်ကို ဘာပဲဖြစ်လာဖြစ်လာ စီနီယာအစ်ကိုက ဒီအဆင့်ကို ကျော်ဖြတ်ရမှာပဲ၊ သူ့ဝိဉာဉ်ကမပြည့်စုံတော့ နောက်ကို သက်ရောက်မှုဖြစ် လာမှာပဲ ပြီးတော့ ပညာရှိစံအိမ်တော်က အဘိုးကြီးက သူ့ကို ထိခိုက်အောင် လုပ်မယ့် အခွင့်အရေးရသွားလိမ့်မယ်၊ အဲဒါကြောင့် စီနီယာအစ်ကိုက ရွေး ချယ်စရာမရှိဘူး၊ ဒီအဆင့်ပြီးရင် သူ ဘဝသစ်ကိုစလိမ့်မယ်… သူသာ… ဆရာ ကစီနီယာအစ်ကိုကိုမေးရင် ဘယ်လိုဖြေရမလဲ ငါမသိဘူး”

အဘိုးနတ်ဆိုးသည် ဖန်ရူယန်ကိုသွားရှာမည်ဟု ပြောကတည်းကပင် သူ့သတင်းမှာ ပျောက်ကွယ်သွားခဲ့သည်။ သူသည် သူ့တပည့်နှစ်ယောက် အန္တရာယ်ကြုံတွေ့နေရသည်၊ ဘာတွေလုပ်နေသည်ကို မေ့ကောင်းမေ့သွား လေမည်။

ဟူး ညံ့လိုက်တဲ့ ဆရာပဲ…

“ဟတ်ချိုး”

မိုင်ပေါင်းထောင်ချီ အဝေးတွင်ရှိသော အဘိုးကြီးတစ်ယောက်သည် နှာခေါင်းယားသလိုခံစားရလေသည်။ သူသည် နှာခေါင်းကိုပွတ်ကာ အသက် ရှုရင်း ငြီးညူလေသည် “ဘယ်သူက ငါ့မကောင်းကြောင်းပြောနေတာလဲ…”

***

All Chapters