← Chapters

ချင်းလင်ဆော့ထုတ်ကုန်အသစ်? ၂

Vol. 53 Ch. 781

ချင်းလင်ဆော့ထုတ်ကုန်အသစ်? ၂

Vol. 53 Ch. 781

ကျွမ်စစ်ရှီးတို့အံ့ဩသွားသည်။

သူပြောတဲ့အဓိပ္ပါယ်ကိုသူတို့နားလည်သည်။ ဒီလူငယ်ဥက္ကဌချင်က ဟန်နဲ့ဟင်နရီဆော့ကိုအကွက်ဆင်နေခြင်းပင်။ တစ်ချိန်တည်းမှာ သူတို့အဆက်အသွယ်များကိုပါအသုံးချပြီး ကုမ္ပဏီနှစ်ခုအဆုံးအရှုံးကြီးအောင်လုပ်သည်။

ဒါပေမဲ့ သူတို့ကဟန်နဲ့ဟင်နရီဆော့ကိုအော်ဒါမှာပြီးမှ ချင်းလင်ဆော့ကရှုံးသွားရင် သူတို့ဒုက္ခရောက်ပြီ။ သူတို့ကိုပစ်မှတ်ထားခံရပြီး ငွေပူမိမည်။

အဓိကက ဟန်နဲ့ဟင်နရီက မူရင်းစျေးဘယ်လောက်အထိပြန်သွားမလဲမသိသောကြောင့် အန္တရာယ်များသည်။ ကုမ္ပဏီနှစ်ခုကိုအဆုံးအရှုံးကြီးအောင်လုပ်ချင်ရင် သူတို့ကအများကြီးရင်းနှီးမြှုပ်နှံရမည်။

ဒါကချင်လင်ရဲ့ရည်ရွယ်ချက်။ ဟန်နဲ့ဟင်နရီကိုဆုံးရှုံးအောင်မလုပ်ရင် သူတို့ပြဿနာကိုဘယ်လိုရင်ဆိုင်မလဲ?

"ဥက္ကဌချင်''

ကျွမ်စစ်ရှီးကပြောသည်_

"ခင်ဗျားက အောင်မြင်ဖို့ပဲတွက်ထားတယ်... ဟန်နဲ့ဟင်နရီကို လုံးဝစိုးရိမ်ပုံမရဘူး''

ချင်လ​င်ကမေးခွန်းကိုတိုက်ရိုက်မဖြေဘဲ တန့်ကွမ်းဘက်လှည့်ကာ_

"ဒါရိုက်တာတန့်... ကျွန်တော်တို့ချင်းလင်ဆော့အသစ်ကို သူဌေးတွေကိုပေးမြည်းလိုက်ပါဦး''

တန့်ကွမ်းကခေါင်းညိမ့်ပြီး လမ်းလျှောက်သွားသည်။ ခဏအကြာ ဆော့ပုလင်းများနှင့်ပြန်လာပြီး ကျွမ်စစ်ရှီးတို့ကိုပေးကာ_

"မြည်းကြည့်ပါဦး!''

ကျွမ်စစ်ရှီးလည်း သူ့ရှေ့မှချင်းလင်ဆော့ပုလင်းဖွင့်ပြီး နည်းနည်းတို့ကာပါးစပ်ထဲထည့်လိုက်သည်။

အနံ့ကကောင်းလိုက်တာ!

ကျွမ်စစ်ရှီးချက်ချင်းအံ့အားသင့်သွားသည်။

တခြားဆော့ပိုင်ရှင်သူဌေးများလည်း အတူတူပင်။

ချင်းလင်ဆော့ထုတ်ကုန်အသစ်က အရင်ထက်အများကြီးပိုကောင်းသည်။ မတတ်နိုင်။ သူတို့ရှုံးနိမ့်သွားသလိုပင်။

မူလလက်ဟောင်းဆော့လုပ်နည်းတောင် မရသေးခင် ပိုကောင်းတဲ့တစ်ခုကထွက်လာပြီ။

လုံးဝအဆင့်ချင်းမတူ။ သူတို့မှာအနိုင်အရှုံးဆုံးဖြတ်ခွင့်တောင်မရှိချေ။

နောက်ဆုံးတော့ ဒီလူငယ်ဥက္ကဌချင်က ဘာလို့ဒီလောက်ယုံကြည်မှုရှိနေလဲ သူတို့သိပြီ။ သူက ဟန်နဲ့ဟင်နရီကိုအရုပ်လိုကစားနေခြင်းသာ။

တစ်ချက်တည်းအပြတ်ခုတ်နိုင်သော်လည်း လှည့်ပတ်ကစားပြီး အဆုံးအရှုံးကြီးအောင်လုပ်နေသည်။ နောက်ဆုံးမှ အကွက်ရွှေ့မည်။ ဒါလုံးဝအနိုင်ပိုင်းခြင်းပင်။

"ဥက္ကဌချင်... ခင်ဗျားပြောသလိုဆို ကျုပ်တို့အမြတ်ဘယ်လိုခွဲမလဲ?''

ကျွမ်စစ်ရှီးကချက်ချင်းမေးသည်။ ချင်းလင်က ဟန်နဲ့ဟင်နရီကိုစျေးနည်းနည်းနဲ့ဝယ်ရင် ဟန်နဲ့ဟင်နရီကစျေးချင်းပြိုင်စရာမလိုတော့။ စျေးနှုန်းကချက်ချင်းပုံမှန်ပြန်ဖြစ်မည်။

လုံးဝအန္တရာယ်မရှိ။ နောက်ပြီး ချင်းလင်ဆော့နိုင်ရင် ဟန်နဲ့ဟင်နရီကဘယ်လိုလုပ်ဖြေရှင်းချိန်ရှိမလဲ?

ဖြေရှင်းချက်ကောင်းပင်။ ဒီတစ်ခါ ဟန်နဲ့ဟင်နရီတော့ ဒုက္ခလှလှရောက်ပြီ။

တခြားသူများလည်း ချင်လင်ကိုကြည့်လိုက်ကြသည်။

နောင်ရေးနှင့်စတော့ရှယ်ယာများကဲ့သို့ အရောင်းအဝယ်လုပ်ဖို့တန်သည်။ သေချာပေါက်မြတ်မှန်းသိရင် သူတို့လှုပ်ရှားမည်။

သူတို့ဝင်ငွေလမ်းကြောင်းက ဒီလူငယ်ဥက္ကဌချင်အပေါ်မူတည်နေမှတော့ သူ့ကိုအကျိုးအမြတ်ရအောင်လုပ်ပေးရမည်။

ချင်လင်ကပြုံးပြီး_

"ဝင်ငွေလမ်းကြောင်းနှစ်ခုပေးမယ်လို့ ကျွန်တော်ပြောခဲ့​တယ်လေ... ဝင်ငွေလမ်းကြောင်းဆိုမှတော့ ကျွန်တော်ကအမြတ်မခွဲပါဘူး... အကျိုးအမြတ်အားလုံး ခင်ဗျားတို့ပိုင်ပါတယ်''

သူ့စကားကြောင့် ကျွမ်စစ်ရှီးတို့လည်း အံ့ဩသွားသည်။

ဒီလိုအလကားရတဲ့ပိုက်ဆံကို သူတကယ်မလိုချင်ဘူးလား? နောက်ပြီး ဥက္ကဌချင်ရဲ့စကားထဲမှာ ဝင်ငွေလမ်းကြောင်းနှစ်ခုလို့လည်းသေချာကြားလိုက်သည်။

ဒီလူငယ်ဥက္ကဌချင်က ဝင်ငွေလမ်းကြောင်းနှစ်ခုဆိုမှတော့ နောက်တစ်နည်းရှိဦးမည်။

ဟုန်ထျန်းဆော့သူဌေးက မနေနိုင်ဘဲမေးသည်_

"ဥက္ကဌချင်... ခင်ဗျားပြောတဲ့နောက်တစ်နည်းက?''

ကျွမ်စစ်ရှီးတို့လည်း သိချင်စိတ်နှင့်လှမ်းကြည့်သည်။

အခု ဥက္ကဌချင်ပြောတဲ့ဝင်ငွေလမ်းကြောင်းကို အပြောသက်သက်ဟုမထင်တော့။

"ခင်ဗျားတို့ကို မူလလက်ဟောင်းချင်းလင်ဆော့လုပ်နည်းပေးမယ်... ဒါပေမဲ့ တစ်ခုတောင်းဆိုစရာရှိတယ်... ချင်းလင်ဆော့ဆိုတဲ့ဘရန်းနဲ့ပဲထုတ်ရမယ်!''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။

ကျွမ်စစ်ရှီးတို့အားလုံးကြောင်သွားသည်။

ဘရန်းတပ်ရမယ်ဆိုတာ ဘာလဲ? သူတို့စက်ရုံကထုတ်တဲ့ထုတ်ကုန်ကို ချင်းလင်ဆော့ဘရန်းတပ်ရမယ်ဆိုတော့ သူတို့ဆော့စက်ရုံက ချင်းလင်ဆော့ရဲ့စက်ရုံဖြစ်သွားမှာပေါ့။

ခဏတော့ ကျွမ်စစ်ရှီးတို့အကြပ်ရိုက်သွားသည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာသူတို့ကိုယ်ပိုင်ဘရန်းရှိသည်။

ဘယ်သူကသူများအတွက်အလုပ်လုပ်ချင်မှာလဲ?

ချင်လင်ကပြုံးပြီး_

"ကျွန်တော့်ခရမ်းချဉ်ဆော့အသစ်က အဆင့်မြင့်လိမ့်မယ်... ၂၅ ယွမ်အထက်နဲ့ရောင်းမှာ... မူလလက်ဟောင်းဆော့ကို ၁၅ ယွမ်နဲ့ရောင်းမယ်... အဖွင့်စျေးက ၁၁ ယွမ်နဲ့ ကုန်ကျစရိတ်က ၅ ယွမ်ပါ''

"ကျွန်တော်တို့ပူးပေါင်းပြီး အားလုံးကိုအမြတ် ၅၀% ပေးဖို့သတ်မှတ်နိုင်ပါတယ်... ဒီတော့ ခင်ဗျားတို့အမြတ်က ၃ ယွမ်ပါ... ခင်ဗျားတို့​ဆော့ကိုစဉ်းစားကြည့်.. ၂၀၀ ဂရမ်ပုလင်းကို စျေးအပေါဆုံးက ၃ ယွမ် ဟုတ်တယ်မလား? ပြီးတော့ ခင်ဗျားတို့လက်ရှိအခြေအနေကိုစဉ်းစားကြည့်ပါ''

အမြတ်ခွဲဝေရန်စံသတ်မှတ်ချက်မရှိသောကြောင့် ချင်လင်က ၅၀% တန်းပေးလိုက်သည်။ ဒီခရမ်းချဉ်ဆော့များကိုသူတို့ဘရန်းတပ်နိုင်ရင် တစ်လှမ်းတည်းနှင့် ဆော့စျေးကွက်ကိုလုံးဝထိန်းချုပ်နိုင်မည်။ အဓိကကျသောထုတ်လုပ်ရေးကိုလက်လွှဲပေးပြီး အမြတ် ၃ ယွမ်ကျန်ရင်လုံလောက်ပြီ။

သူများအဆက်အသွယ်၊ စက်ရုံနှင့် ဝန်ထမ်းများကိုသုံးပြီး ကိုယ်ပိုင်ဘရန်းထုတ်လုပ်ခြင်းပင်။ သူတို့ကိုယ်ပိုင်ဝင်ငွေမဖန်တီးနိုင်သေးခင် ဘရန်းကြီးအတော်များများက ဒီလိုလုပ်လေ့ရှိသည်။

ဒါကလည်း လောင်ချန်သင်ပေးထားသောအကွက်တစ်ကွက်ပင်။

တစ်ဖက်တွင် ချင်းလင်အစားအသောက်ကုမ္ပဏီက ပိုအဆင့်မြင့်သောလမ်းကြောင်းနှင့် အရည်အသွေး ၂ ခရမ်းချဉ်ဆော့ကိုအပြည့်အဝထုတ်နိုင်မည်။

"ဥက္ကဌချင်... တကယ်အမြတ် ၅၀% လား?''

တောင်တန်းနီဆော့သူဌေးက မေးသည်။

၂၀၀ ဂရမ်ဆော့ပုလင်းကို စျေးအပေါဆုံး ၃ ယွမ်နှင့်ရောင်းတာ သူတို့တောင်တန်းနီဆော့ဖြစ်သည်။ အမြတ်သိပ်မရပေ။

အကယ်၍ အမြတ် ၃ ယွမ်ပေးရင် ရှေ့လျှောက်ထုတ်လုပ်ရန်သာရှိပြီး စျေးကွက်ထဲပြိုင်စရာမလိုတော့။

သူလက်ခံမည်။

သူ့ကုမ္ပဏီတွင် ခရမ်းချဉ်ဆော့ထုတ်ကုန်တစ်မျိုးတည်းသာရှိသည်မဟုတ်။ လက်ရှိအခြေအနေအရ ခရမ်းချဉ်ဆော့စျေးကွက်က ဒရာမာဆန်ဆန်ပြောင်းလဲသွားသည်။ သူတို့ထုတ်ကုန်က လုံးဝမယှဉ်နိုင်။ ဒီတည်ငြိမ်တဲ့လမ်းကြောင်းနဲ့ဝင်ငွေရှာပြီး ရတဲ့ငွေကိုတခြားထုတ်ကုန်ဖွံ့ဖြိုးအောင်သုံးတာပိုကောင်းမည်။

All Chapters