← Chapters

အားလုံးဆွံ့အ! သူခိုးကလူပြန်ဟစ်!

Vol. 53 Ch. 783

အားလုံးဆွံ့အ! သူခိုးကလူပြန်ဟစ်!

Vol. 53 Ch. 783

ဂျက်ဟင်နရီမျက်နှာအလွန်ပျက်နေသည်။ ဒီတစ်ကြိမ် သူ့အကျိုးစီးပွားအကြီးအကျယ်ဆုံးရှုံးရင် ဟင်နရီမိသားစုထဲမှာသူဒုက္ခရောက်ပြီ။

မိသားစုဆိုသော်လည်း ရင်းနှီးမြှုပ်နှံသူများ၊ ရှယ်ယာရှင်များရှိသည်။

ထိုရှယ်ယာရှင်များက ဥက္ကဌနေရာအတွက် သူနှင့်မယှဉ်သာသော်လည်း ဟင်နရီမိသားစုထဲမှတခြားသူများအတွက်မူ ဒီလိုမဟုတ်ချေ။

"မြန်မြန်... သူတို့ထုတ်ကုန်အသစ်ကဘာလဲ လူလွှတ်ရှာစမ်း''

ဂျက်ဟင်နရီက အလောတကြီးအော်လိုက်သည်။

Lude ကအချိန်မဆိုင်းရဲ။ ချက်ချင်းလူလွှတ်ဖြေရှင်းခိုင်းသည်။

ချင်းလင်ဆော့က အရသာမြည်းပွဲလုပ်ရင် ရနိုင်မည့်အခွင့်အရေးရှိသည်။

မကြာမီ ချင်းလင်ဆော့အရသာမြည်းပွဲစတော့မည်။

အရသာမြည်းပွဲမှာ အရည်အသွေး ၂ ဆော့ဖြစ်သောကြောင့် ဟန်နှင့်ဟင်နရီက ကိုယ့်နည်းကိုယ့်ဟန်သုံးပြီး အရည်အသွေး ၂ ချင်းလင်ဆော့တစ်ပုလင်းစီရသွားသည်။

Lude က အရည်အသွေး ၂ ခရမ်းချဉ်ဆော့တစ်ပုလင်းရပြီး ချက်ချင်းဖွင့်မြည်းကြည့်သည်။

အရည်အသွေး ၂ ချင်းလင်ဆော့ကိုမြည်းပြီးနောက် သူ့မျက်နှာပိုပြီးရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။ အရင်ဟာထက်ပိုပြီးအရသာရှိနေသည်။

ဒါသူတို့လုပ်ထားတဲ့ဆော့ ယှဉ်နိုင်မယ့်အရာမဟုတ်။

Lude က တစ်စက္ကန့်မှမဆိုင်းဘဲ ဂျက်ဟင်နရီကိုဗီဒီယိုခေါ်ပြန်သည်။

ဗီဒီယိုထဲတွင် ဂျက်ဟင်နရီမှာအတော်မျက်နှာပျက်နေ၏။

ဒီအကြောင်းကို မိသားစုကသိသွားသောကြောင့်ပင်။ သူဖြေရှင်းသော်လည်း ကောင်းကောင်းမကိုင်တွယ်နိုင်ဘဲ ပြဿနာပိုကြီးတော့မည်။

"ဘယ်လိုလဲ?''

ဗီဒီယိုဖွင့်ပြီး ဂျက်ဟင်နရီကမေးသည်။



Lude ကဘာမှမဖုံးကွယ်ရဲ_

"မစ္စတာဟင်နရီ... ချင်းလင်ဆော့အသစ်ကို ကျွန်တော်မြည်းကြည့်ပြီးပြီ... ကျွန်တော်တို့လုပ်ထားတဲ့နည်းမယှဉ်နိုင်ဘူး... သူတို့ကဒီထုတ်ကုန်အသစ်ရှိရဲ့သားနဲ့ ကျွန်တော်တို့နဲ့လိုက်ပြိုင်သေးတယ်... ဒါသက်သက်ကစားနေတာပဲ''

ထိုအချိန်တွင် ဘယ်သူမှဘာမှမပြောနိုင်တော့။

ဂျက်ဟင်နရီမျက်နှာမိုးမှောင်ကျသွားသည်။ သူတို့မှာ ၈ ယွမ်ကုန်ကျစရိတ်ကို ၆ ယွမ်စျေးနှင့်ချပေးခဲ့ပြီးမှ စျေးကွက်မရသည့်အပြင် အားလုံးပါဆုံးရှုံးရဦးမည်။

Lude ကမျက်မှောင်ကြုတ်ပြီး_

"မစ္စတာဟင်နရီ... ကျွန်တော်တို့စျေးချင်းပြိုင်တဲ့ပြဿနာကိုရင်ဆိုင်ရဦးမယ်... ချင်းလင်ဆော့ကို ၆ ယွမ်နဲ့ပြိုင်နေတာလေ''

"မပြိုင်နဲ့တော့''

ဂျက်ဟင်နရီကချက်ချင်းပြောသည်_

"ပုံမှန်စျေးပြန်ထား''

ဟာသပဲ? ဒီအခြေအနေက စျေးချင်းပြိုင်လို့မှမထူးတော့တာ။ ဟိုဘက်က ကစားနေတာလေ။ ထောင်ချောက်ကနေခုန်မထွက်ရအောင် အရူးလား?

Lude ကစိတ်ပူသံနှင့်_

"မစ္စတာဟင်နရီ... ကျွန်တော်တို့စျေးပြန်တင်ရင်တောင် ချင်းလင်ဆော့ကမတင်မှာစိုးတယ်... ဒီထုတ်ကုန်အသစ်ကြောင့် ဘဏ်တွေကသူ့ကိုငွေချေးချင်နေကြတာ... သူကစျေးချင်းဆက်ပြိုင်ရင် ကျွန်တော်တို့ဘဝပျက်သွားနိုင်တယ်မလား?''

ချင်းလင်ဆော့ကုန်ကျစရိတ်မှာ ၅ ယွမ်တည်းသာရှိ၍ ပြိုင်စျေး ၆ ယွမ်က ချင်းလင်ဆော့အတွက်အမြတ်ထွက်သေး​ကြောင်း သူမသိချေ။

ထိုစကားကြောင့် ဂျက်ဟင်နရီအသံတိတ်သွားသည်။

ရုတ်တရက် ကိုယ့်သေတွင်းကိုယ်တူးနေသလိုခံစားရသည်။ ဒီလိုဖြစ်မယ်မှန်းသိရင် ဆော့လုပ်နည်းရပြီး ချင်းလင်ဆော့ကိုဒီလောက်အသည်းအသန်ပစ်မှတ်ထားခဲ့မှာမဟုတ်။

အခုတော့ ဒီလိုဖြစ်လာပြီ။

ဂျက်ဟင်နရီက ခဏတွေးကြည့်ပြီးမှ_

"စျေးကိုချက်ချင်းပြန်တင်... ငါတို့ငွေတွေဆက်အဆုံးရှုံးမခံနိုင်ဘူး... ရှင်းကျန့်တယ်အစိုးရကိုဆက်သွယ်ပြီး ချင်းလင်ဆော့က မသမာနည်းနဲ့စျေးပြိုင်တဲ့အကြောင်းတိုင်မယ်''

ဤသည်က စျေးကွက်ထိန်းချုပ်ခြင်း၊စျေးပြိုင်ခြင်းနှင့်ပတ်သက်၍ အပြစ်လုပ်ထားသူက ဦးစွာတိုင်နေခြင်းပင်။

ရှင်းရှင်းပြောရရင် မတရားလုပ်ခြင်းဖြစ်သည်။ သူကိုယ်တိုင်လုပ်ရင် အပြစ်မရှိ။ အရာရှိတွေပါဝင်ပတ်သက်လာရင်တောင် အကြောင်းရှာ၊အချိန်ဆွဲထားမည်။ ဒဏ်ကြေးဆောင်ရလည်း ကိစ္စမရှိပေ။

အခု သူခိုးကလူပြန်ဟစ်ပြီ။

ပြဿနာကိုကြီးအောင်လုပ်ပြီး နိုင်ငံတကာစည်းမျဉ်းများနှင့် တစ်ဖက်အရာရှိများကို ရာထူးချအောင်ဖိအားပေးမည်။



ဒါသူတို့ကိုယ်သူတို့ကာကွယ်နိုင်မည့်နည်းပင်။

နောက်ပြီး နိုင်ငံတကာအခြေအနေကြောင့် တစ်ဖက်အရာရှိတွေ ထိုင်ပြီးလက်ပိုက်ကြည့်နေနိုင်မှာမဟုတ်။

Lude ကရုတ်တရက်မေးသည်_

"မစ္စတာဟင်နရီ... အရင်အော်ဒါတွေကရော?''

သူ့အမေးက ဂျက်ဟင်နရီမျက်နှာကို မစင်နှင့်ပစ်လိုက်သလိုပင်။ သူကဒေါသတကြီးထဆဲတော့သည်_

"သော*က်!''

ရှင်းပါသည်။ တစ်ဖက်အရာရှိတွေကိုအရေးယူစေချင်ရင် သူတို့ဒီအော်ဒါတွေကိုလက်ခံမှရမည်။

စာချုပ်ဖောက်ဖျက်မှုကိုလက်မခံရင် တစ်ဖက်အရာရှိတွေက သူတို့ဘက်ရှုပ်လာလိမ့်မည်။ မည်သို့ဆိုစေ ကိုယ့်နိုင်ငံက နိုင်ငံတကာစည်းမျဉ်းနှင့်ကိုယ့်အပေါ်ဖိအားပေးရင် စိတ်မချမ်းသာစရာ။

ဒါပေမဲ့ ဒီအော်ဒါတွေက တစ်ပုလင်း ၂ ယွမ်ရှုံးမှာ။ ပြီးတော့ ဒီလောက်များတဲ့အော်ဒါတွေနဲ့ ဘယ်လောက်တောင်ရှုံးလိုက်မလဲ?

ထိုခဏတွင် ဂျက်ဟင်နရီစိတ်ညစ်သွားသည်။

"အဲဒီအော်ဒါတွေလက်ခံလိုက်''

နောက်ဆုံး ဂျက်ဟင်နရီကအံကြိတ်ပြီး ငွေဆုံးရှုံးတာက စျေးကွက်ဆုံးရှုံးတာထက်တော်သေးကြောင်း ပြောလိုက်ရသည်။

အော်ဒါလက်ခံမှ Lude လည်းသက်ပြင်းချလိုက်သည်။

ဒီအော်ဒါတွေလက်ခံပြီးမှ စျေးကွက်ရှယ်ယာမရရင် ဒီနိုင်ငံမှာဟင်နရီမိသားစုရဲ့အဓိကကိုယ်စားလှယ်အဖြစ်နေရတဲ့ရက်တွေက အဖြစ်ဆိုးတော့မည်။

ဟန်ဆော့ကလည်း ဟင်နရီအတိုင်းသာ။

ဟင်နရီနှင့်အဖြစ်ချင်းတူပြီး နောက်ဆုံးမှချောက်ချခံရမှန်းသဘောပေါက်သည်။

သို့သော် လောလောဆယ်တခြားနည်းလမ်းမရှိ။

လက်ခံရမလား ဒါမှမဟုတ် ပိုကြီးတဲ့ဒုက္ခကိုရင်ဆိုင်ရမလား?

ထုံးစံအတိုင်း_

ချင်းလင်ဆော့အသစ်အရသာကလည်း ခြွင်းချက်မရှိပေ။ ဆော့အသစ်အရသာမှာ ရေပန်းစားရှာဖွေမှုထဲဝင်ပြီး အင်တာနက်ပေါ်တွင်ပလူပျံနေသည်။

"ချင်းလင်ဆော့အသစ်ကကောင်းလိုက်တာ... အရင်ထက် အများကြီးပိုကောင်းတယ်''

"အရသာထူးပုံကတော့ စားဖူးတဲ့သူတိုင်း သေချာသိလိမ့်မယ်''

"အရသာတကယ်ကောင်းတာ... အရမ်းစားကောင်းတယ်''



All Chapters