မင်းထိခိုက်မှာကို မလိုလားဘူး
Vol. 009 Ch. 893
စိုးရိမ်ခြင်းရှိရှိ မရှိရှိ ထိုနေ့မှာရောက်လာလေပြီ။
မိုရှားနှင့် ဝူလင်းယူတို့ပေါ်မလာကြပေ။ ဘာကျားဇီနှင့် ဟွာရှုံတို့သည် သူမအား လာရှာပြီး လျှို့ဝှက်အခန်းသို့ခေါ်သွားကြလေသည်။
ရှောင်ချီသည် စိတ်မချသဖြင့် လိုက်သွားလေသည်။ သို့သော် သူမသည် ဝင်ခွင့်မရပေ။
“သခင်လေးယူယူတစ်ယောက်ပဲ ဝင်လို့ရတယ်” ဟွာဒိ ပြောလေသည် “သခင်လေး ဘုရင်ကြီး၊ ဘုန်းတော်ကြီးနဲ့ မင်းရဲ့စီနီယာအစ်ကိုတို့က မင်းကို အပြင်မှာစောင့်နေကြတယ်၊ တစ်ယောက်တည်းသွားပါ”
ရှီမာယူယူသည် ရှောင်ချီ၏ လက်ကိုလွှတ်ကာ လျှို့ဝှက်အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ သူမ ဝင်လိုက်သည်နှင့် လျှို့ဝှက်အခန်း၏ တံခါးသည် တင်းကြပ်စွာပိတ်သွားပြီး အပြင်လူ၏ မျက်လုံးထဲတွင် မမြင်နိုင်တော့ပေ။
လျှို့ဝှက်အခန်းမှာ အလွန်မှောင်မည်းနေသည်။ ရုတ်တရက်ဆိုသလို ပင် အခန်းအစွန်မှ မီးတောက်တစ်ခုလင်းလာပြီး သေးငယ်သော ဆီမီးအိမ် သည် ဖျော့တော့စွာ လင်းလက်ရာ အမှောင်ထုကိုဖြိုခွဲလိုက်သည်။
ဖျော့တော့သော မီးရောင်အောက်တွင် ရှီမာယူယူသည် လျှို့ဝှက်အခန်း ၏ ဖွဲ့စည်းပုံကိုမြင်ရလေသည်။
ကြီးမားသော ကျောက်ဖျာနှစ်ခုရှိလေသည်။ ဝူလင်းယူသည် ဘယ် ဘက်ကျောက်ဖျာတွင် တင်ပျင်ခွေထိုင်ကာ မျက်လုံးပိတ်ထားသည်။
ဟုန်ယွမ်သည် သူ့အနောက်တွင် ရပ်နေကာ တစ်စုံတစ်ရာပြုလုပ်ပေး နေသည်။
မိုရှားသည် ဘေးတွင်ထိုင်နေသည်။ ယူယူကြည့်လိုက်သည့်အခါတွင် သူ မျက်လုံးပွင့်လာရာ အကြည့်ချင်းဆုံသွားကြသည်။
“အဆင်သင့်ဖြစ်ပြီလား” မိုရှားမေးလိုက်သည်။
“အင်း”
“မင်း ထိခိုက်နိုင်တယ်နော်”
“ဒဏ်ရာက ကုလို့ရပါတယ်”
သူတို့သည် စာချုပ်ဖျက်ရန်အတွက် အစောကတည်းကပင် စဉ်းစား ထားသော်လည်း စာချုပ်ဖျက်နေစဉ်အတွင်းတွင် ပြောစရာဘာမှမရှိပေ။
ဟုန်ယွမ်သည် လက်ကိုဝေ့ရမ်းလိုက်ရာ လျှို့ဝှက်အခန်းသည် ပစ္စည်း မျိုးစံဖြင့် ပြည့်သွားသည်။ ဆေးဖက်ဝင်ပစ္စည်းများနှင့် သူမပေးထားသော နတ်ဆိုးဖန်ကျောက်ကြီးတို့ ပါဝင်ကြသည်။
“အခုအဆင်သင့်ဖြစ်ပြီဆိုရင် စရအောင်” ဟုန်ယွမ်သည် ရှီမာယူယူကို ကြည့်လိုက်သည်။
ရှီမာယူယူ ခေါင်းညိမ့်ပြီးနောက် မိုရှားနှင့် သူမအကြားမှ စာချုပ်ကို ဖျက် ရန်အဆင်သင့်ဖြစ်နေချိန်တွင် မိုရှားသည် သူမအရှေ့သို့ ပျံလာကာ လှုပ်ရှား မှုများကို တားလိုက်သည်။
သူဘာလုပ်ချင်မှန်းမသိသဖြင့် ဟုန်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။
“ဝိဉာဉ်ကျုံ့သွားအောင် ဘာလုပ်မလို့လဲ” ရှီမာယူယူသည် စိုးရိမ်စွာ ရေရွတ်လိုက်သည်။
အဲဒါ ဝိဉာဉ်စွမ်းအားတွေကို ဖြုန်းတီးလိုက်တာပဲမလား။
မိုရှားသည် သူမအား ဖက်ပြီး၊ မှီကာ သူမ နှုတ်ခမ်းများကို နမ်းလိုက် သည်။
“မင်း ထိခိုက်မယ်ဆိုတာကိုသိရဲ့နဲ့တောင် စိတ်ထဲမထားဘး၊ ဒါပေမဲ့ မင်းထိခိုက်မှာကို ငါမလိုချင်ဘူး” သူ တီးတိုးပြောလေသည်။
“ခင်ဗျား….”
ရှီမာယူယူသည် အံ့သြသွားသည်။ သူ၏ ဆုံးဖြတ်ချက်ကို သိသောအခါ သူ့ကိုတားလိုသော်လည်း မိုရှား သူမကိုဘာလုပ်လိုက်သည်ကို သူမ မသိပေ။ သူမ၏ အမြင်မှာ မှောင်မိုက်သွားပြီး မေ့လဲသွားလေသည်။
မိုရှားသည် သူမ၏လဲကျသွားသော ခန္ဓာကိုယ်ကို ဖမ်းပြီး ညာဘက် ကျောက်ဖျာပေါ်သို့ သယ်သွားလိုက်သည်။ သူ၏ လက်များသည် သူမ မျက်နှာကို ထိတွေ့ကာ ကြန့်ကြနေသည်။
“ဘုရင်ကြီး…” ဟုန်ယွမ်သည် သူ့ကို ခွင့်မပြုသလိုကြည့်လေသည်။
သူသည် ယူယူ သတိမေ့အောင်လုပ်ပြီးနောက်မှ စာချုပ်ပယ်ဖျက်မယ် ပေါ့။ ဒီလိုဆိုရင် သူ့ဝိဉာဉ်ကို မထိခိုက်သွားဘူးလား။ သူ့ဝိဉာဉ်စွမ်းအင် အားနည်းတာနဲ့ ပေါင်းစပ်မှုကို သက်ရောက်မှု သေချာပေါက်ဖြစ်လာမှာပဲ။
“ဒီဘုရင်ကြီးဆုံးဖြတ်ပြီးသွားပြီ” မိုရှား လက်ကိုမြှောက်ကာ ဟုန်ယွမ် ဆက်ပြောမည်ကို တားလိုက်သည်။
“ဒါပေမဲ့….”
“ဒီဘုရင်ကြီးက သူမထိခိုက်မှာကို မလိုချင်ဘူး၊ ငါ့ကြောင့် သူမ တစ်ယောက်တည်းထိခိုက်သွားမှာကို မဖြစ်ချင်ဘူး” မိုရှား ပြောလေသည် “အခု စရအောင်”
ဟုန်ယွမ်သည် မတတ်သာပဲ သူမကို မလိုလားစွာပင် ကြည့်နိုင်လေ သည်။
မိုရှားသည် အစပိုင်းတွင် စာချုပ် ဆက်သွယ်မှုကို ဖိအားပေး ဖြတ်တောက်ရာ ပြင်းထန်သော ဒဏ်ရာများဖြစ်စေသည်။
ဟုန်ယွမ်သည် အပြေးသွားကာ ပြင်ဆင်ထားသော ဝိဉာဉ်အရည်ကို ပေးလိုက်သည်။
မိုရှားသည် ခေတ္တမျှ ဝိဉာဉ်အရည်ကိုစုပ်ယူပြီးနောက် အပြင်းထန်ဆုံး အခြေအနေကို ကျော်ဖြတ်ရန် စောင့်လေသည် “စပေါင်းမယ်”
စာချုပ်ဝိဉာဉ်လွတ်လာချိန်တွင် ပေါင်းစပ်ရန်အကောင်းဆုံးဖြစ်သည်။ ချက်ချင်းပေါင်းစပ်ရန် အကောင်းဆုံးဖြစ်သည်။ ထိုမှသာ ဝိဉာဉ်သည် အကောင်းဆုံးပေါင်းစပ်ကာ ဝိဉာဉ်ကွဲခြင်းမှအများဆုံးဖြစ်လာမည့် အရိပ်အယောင် ပျောက်ကွယ်မည်ဖြစ်သည်။
ရှီမာယူယူသည် မည်မျှအိပ်မိမှန်းမသိတော့ပေ။ သို့သော် သူမ အိပ်မက် ထပ်မက်သည်ကို သိသည်။ သို့သော် ဒီတစ်ချိန်မှာ မိုရှားနှင့်ဝူလင်းယူတို့သည် သူမကို ကောင်းမွန်စွာ ဆက်ဆံပေးသည်ကို မက်ခြင်းဖြစ်သည်။
ရုတ်တရက်ပင် မြင်ကွင်းပြောင်းသွားလေသည်။ သူမသည် သူမကို ကြည့်နေသော ဝိဉာဉ်နှစ်ခုကွဲသွားသည်ကို မြင်သောအခါ ပေါင်းစပ်မှု ကျရှုံး သွားပြီဟု ပြောလေသည်။ သူတို့၏ ဝိဉာဉ်များ ပြိုကွဲသွားပြီး အနာဂတ် ကမ္ဘာ တွင် သူတို့ဆိုသည်မှာ မရှိတော့ပေ။
သူမသည် အိမ်မက်ထဲတွင် မျက်ရည်များစီးကျလာသည်။ သူမ ရင်ထဲမှ ငိုကာ မျက်ရည်များသည် အဆက်မပြတ်ကျလေသည်။
မိုရှားသည် သူမ၏အားမှာ နည်းနေပြီဟု သူမကို ပြောလေသည်။ သူမ ၏ ခန္ဓာကိုယ်ပြဿနာမှာ မရှင်းသေးကာ ရှေ့လျှောက် သူမကိုယ်သူမ တွက်ချက်ရမည်။
ဝူလင်းယူ သူမကိုပြောသည်မှာ ယူယူ နောက်ကို စီနီယာအစ်ကို မကာကွယ်ပေးနိုင်တော့ဘူး။ ကိုယ့်ဘာသာ ဂရုစိုက်ရမည်ဟု….
ဝိဉာဉ်နှစ်ခုသည် တစ်ချိန်တည်းမှာပင် ကွဲသွားကာ သူတို့၏ နောက်ဆုံး စကားများမှာလည်း ကွဲအက်သွားသည်။
သူတို့နှစ်ယောက်လုံး ပြောသည်မှာ ယူယူ မင်းကို ချစ်တယ်…
“မိုရှား စီနီယာအစ်ကို”
သူမ အော်လိုက်သည်။ သို့သော် အသံသည် သူမ၏ အသံမဟုတ်သလို ပင်။ သူမသည် ပြိုကွဲသွားသော အစိတ်အပိုင်းများနောက်လိုက်သော်လည်း သူမမျက်စိရှေ့တွင် သူတို့ကွယ်ပျောက်သွားသည်ကို ကြည့်ရုံသာကြည့်နိုင် လေသည်။
“မိုရှာ်း စီနီယာအစ်ကို မသွားပါနဲ့ မသွား….”
ကျောက်ဖျာပေါ်တွင် သူမသည် သူတို့၏ နာမည်များကို အဆက်မပြတ် ခေါ်ကာ မျက်ရည်များသည် သူမ မျက်လုံးမှ အဆက်မပြတ် ကျနေလေ သည်။
“အသုံးမကျတဲ့ မိန်းကလေး” ဟုန်ယွမ်သည် သူမအား မကျေနပ်စွာ ကြည့်လေသည်။ လူသားမိန်းကလေးများသည် ငိုရမည်ကိုသာသိကာ နတ်ဆိုးလောကမှ မိန်းကလေးများထက် သာသည့်နေရာမရှိပေ။
မကျေနပ်ချက်နှင့် ရွံရှာမှုနှင့်အတူ သူသည် သူမကို နှိုးချင်နေသည်။
ယူယူသည် မနိုးနိုင်သောအိမ်မက်မှ ရင်ကွဲနေသည်ကို မြင်ရသည်မှာ သူအံ့သြနေသည်။
သူမ မျက်လုံးမှ မျက်ရည်များနှင့်အတူ သူမသည် ခေါင်းပေါ်မှ နံရံကို ကြည့်ပြီး ဝမ်းနည်းမှုတွင် နစ်မြုပ်နေတုန်းပင်။
စက္ကန့်အနည်းငယ်ကြာသောအခါ သူမ ရုတ်တရက် ထထိုင်လေသည်။ ရေနံဆီမီးအိမ်သည် လင်းနေဆဲဖြစ်ကာ ထိုနေရာသည်လည်း လျှို့ဝှက် အခန်းထဲမှာပင်ဖြစ်သည်။ အထုတ်ပိုးများသိမ်းနေသော ဟုန်ယွမ်မှလွဲပြီး တခြားသူများမရှိတော့ပေ။
“သူတို့ရော ဘယ်မှာလဲ” သူမ မေးလိုက်သည်။
ဟုန်ယွမ်သည် အရှေ့သို့သာကြည့်ကာ စကားမပြောပေ။ သူ ခေါင်းငုံ့ ထားသည်။
ရှီမာယူယူသည် သူ့အကြည့်နောက်လိုက်ကြည့်လိုက်သည်။ နံရံဘေး တွင် ကျောက်ဖျာတစ်ခုရှိရာ ဝူလင်းယူသည် ထိုအပေါ်တွင်လှဲနေသည်။ သေသလား ရှင်သလားမသိပေ။
သူမ ကျောက်ဖျာပေါ်မှ ဆင်းလာကာ နှစ်ဆအမြန်နှုန်းဖြင့်ပြေးလာ လေသည်။ ဝူလင်းယူ၏ ခန္ဓာကိုယ်တွင် အသက်ရှိနေသေးသည်ကို တွေ့လိုက်သောအခါ သူမ၏ စိတ်များ အနည်းငယ်အေးသွားသည်။
“ပေါင်းစပ်တာ ဘယ်လိုလဲ မိုရှား သူ…” သူမသည် မမေးရဲသော်လည်း မေးရမည်။
“မအောင်မြင်ဘူး”
ဟုန်ယွမ်သည် သူမ၏ တွေဝေမှုကို ရိုက်ချလိုက်သည်။ တကယ်ပဲ… ကျရှုံးသွားတာလား။
ဟုန်ယွမ်သည် သူမ၏ ဖျော့တော့သောမျက်နှာကိုကြည့်ပြီး ဆက်ပြော လေသည် “ဒါပေမဲ့ လုံးဝကျရှုံးတာတော့မဟုတ်ဘူး”
“ဘာကိုဆိုလိုတာလဲ” ရှီမာယူယူသည် မျက်ရည်ကျနေသော်လည်း မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကိုပြန်ကြည့်လေသည်။
“ဝိဉာဉ်ပေါင်းစပ်တာက အောင်မြင်တယ် သူတို့ ပေါင်းလည်းပေါင်းစပ် နိုင်လိုက်တယ် ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်တာလဲ”
“မင်း ထိခိုက်တာကိုကာကွယ်ဖို့ ဘုရင်ကြီးက စာချုပ်ကိုဖျက်လိုက်တာ သူ့ဝိဉာဉ် ထိခိုက်သွားတယ်၊ ပြီးတော့ ခန္ဓာကိုယ်လဲ ပြောင်းလဲသွားတယ် ပေါင်းစပ်ပြီးတော့ ခန္ဓာကိုယ်ကနေ နာကျင်မှုတွေလည်းရှိနေတယ်၊ သူ နိုးလာ ရင် ဘာတွေဖြစ်မလဲဆိုတာ ငါလည်းမသိဘူး….” ထိုအကြောင်းပြောရာတွင် ဟုန်ယွမ်၏ ငွေရောင်မျက်လုံးများထဲမှ နောင်တ အရိပ်အယောင်ပေါ်နေ သည်။
သူသာ အဲအချိန်က ဘုရင်ကြီးကို တားလိုက်ရရင် အကောင်းသား…
ဒါပေမဲ့ ဘုရင်ကြီးရဲ့ ခေါင်းမာတဲ့ အကျင့်စရိုက်နဲ့ကို ဖျောင်းဖျလို့ရပါ့ မလား…
“မင်းက သမားတော်လို့ ငါကြားတယ် အဲတော့ ဒီမှာပဲနေ” သူသည် အကုန်လုံးကိုထုတ်ပိုးပြီးနောက် လျှို့ဝှက်အခန်းတံခါးကိုဖွင့်လိုက်သည်။ သူ သည် သူမကိုမကြည့်ပဲ ထွက်သွားလေသည်။
ရှီမာယူယူသည် သူမအပေါ် သူ၏ ထင်မြင်ချက်နှင့် ဆက်ဆံပုံကို ဂရုမစိုက်သလား မဟုတ်ရင် သူ၏ မကျေနပ်မှုနဲ့ ယုံကြည်မှုမရှိတာကို မမြင် နိုင်လေသလား။
သူမ မျက်စိထဲတွင် ကျောက်ဖျာပေါ်တွင် လှဲနေသော လူတစ်ယောက် သာရှိသည်။ သူမ ဘယ်လိုလုပ်သူ့ကိုမြင်နိုင်မှာလဲ။
သူ၏ အသံရှုသံမှာ အားနည်းနေသည်။ အသက်မရှုသည်ကမှ ပိုကောင်းဦးမည်။
သူ၏ ဝိဉာဉ်သည် တည်ငြိမ်မှုမရှိပေ။ သို့သော် ဝိဉာဉ်မရှိသည်ထက်ပို ကောင်းသည်။
ဝိဉာဉ်ပေါင်းစပ်မှုအောင်မြင်လည်း ဘာဖြစ်လဲ။ သူမ ထင်ထားသည် ထက် ပိုကောင်းနေလဲ ဘာထူးလဲ။
မမေ့လဲခင်တွင် သူမသည် သူ့အတွေးများကိုနားလည်သည်။ သူ၏ ထိခိုက်မှုသည် ပေါင်းစပ်မှုတွင် သက်ရောက်မှုရှိမည်စိုးသဖြင့် ထိုအိမ်မက်ဆိုး ကိုမက်ခြင်းဖြစ်သည်။
ကံကောင်းမှုထဲမှ ကံမကောင်းမှု… သူမ အိမ်မက်မှာ အမှန်တကယ် မဖြစ်လာပေ။ အခြေအနေသည် ကောင်းလွန်လှသည်မဟုတ်သော်လည်း သူ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသေးသည်။
***