အချင်းလင်ဆော့ထုတ်ကုန်အသစ်? ၃
Vol. 53 Ch. 782
"ဟုတ်တယ် ၅၀%... အမြတ်ခွဲဝေပုံမပြောင်းဘူး''
ချင်လင်က ခေါင်းညိမ့်အတည်ပြုလိုက်သည်။
"ဥက္ကဌချင်... ကျုပ်ပူးပေါင်းချင်ပါတယ်''
တောင်တန်းနီခရမ်းချဉ်ဆော့သူဌေးက ချက်ချင်းဆုံးဖြတ်လိုက်သည်။
သူ့လိုစိတ်ကူးရှိသောသူဌေးတွေများနေသည်။ ခိုင်းရှင်းဆော့သူဌေးကလည်း ပူးပေါင်းဖို့သဘောတူသည်။ သူတို့က ၂၀၀ ဂရမ်ဆော့ပုလင်းကို ၄ ယွမ်နှင့်သာရောင်းသောကြောင့် အမြတ် ၃ ယွမ်ထက်အများကြီးနည်းသည်။
ဆော့ချင်းမယှဉ်နိုင်မှတော့ အားလုံးကအမြတ် ၃ ယွမ်ယူပြီး တခြားကုမ္ပဏီဘရန်းဖွံ့ဖြိုးအောင်လုပ်ပေးဖို့သာရွေးကြသည်။
မြန်မြန်ဆန်ဆန်ပင် တတိယမြောက်သူဌေးကလည်းသဘောတူသည်။
ကျွမ်စစ်ရှီးက ဒီလိုကြော်ငြာခြင်းမျိုးကိုဆန့်ကျင်သူဖြစ်သည်။ သူ့ဆော့ကို ၆ ယွမ်နှင့်ရောင်းပြီး အမြတ် ၃ ယွမ်ထက်နည်းသော်လည်း သူ့ထျန်းဟိုင်ဆော့မှာ ဘရန်းတချို့ကြားတွင်အကြီးဆုံးဖြစ်၍ အမြင့်ဆုံးစျေးကွက်ရှယ်ယာရှိသည်။
သို့ရာတွင် ဆော့ပိုင်ရှင်တစ်ယောက်ပြီးတစ်ယောက်ပါသွား၍ သူလည်းမဖြစ်မနေဝင်ပါရတော့သည်။
အခုသဘောမတူထားလို့ ချင်းလင်ဆော့က တခြားဆော့ဘရန်းတွေရဲ့ထုတ်လုပ်ရေးအင်အားနဲ့ဆော့စျေးကွက်စုစည်းနိုင်သွားရင် သူတို့ဘာတတ်နိုင်မလဲ?
ပိုပြီးမရှုမလှဖြစ်ရမည်။
"အားလုံးမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပါတယ်... ကျွန်တော်တို့ရှေ့လျှောက် စီးပွားဖက်တွေဖြစ်သွားပြီ''
ချင်လင်လည်းရယ်လိုက်သည်။
ထို့နောက် ကျွမ်စစ်ရှီးတို့ရှေ့တွင် တန့်ကွမ်းကိုညွှန်ကြားလိုက်သည်_
"လောင်တန့်... ကျွန်တော်တို့ဆော့ကို ၆ ယွမ်ထိဆက်ချပေးဖို့ကြေညာလိုက်ပါ''
"ကောင်းပါပြီ ဥက္ကဌချင်!''
တန့်ကွမ်းလည်းခေါင်းညိမ့်ပြီး အပြင်ထွက်သွားသည်။
ကျွမ်စစ်ရှီးတို့က ချက်ချင်းအချိတ်အဆက်လုပ်သည်။
ပူးပေါင်းဖို့သဘောတူထားမှတော့ ဝင်ငွေလမ်းကြောင်းကိုအာရုံစိုက်တာပိုကောင်းမည်။
၆ ယွမ်စျေးချပြီး စျေးကွာခြားချက်နဲ့ ဟန်နဲ့ဟင်နရီကိုအကွက်ဆင်ချင်ရင် သူများသိလို့မဖြစ်။ သူ့ကိုယ်စားလှယ်အဆက်အသွယ်များသုံးပြီး အော်ဒါလေးများကိုင်တွယ်ရမည်။ မဟုတ်ရင် တစ်ဖက်ကလည်းငတုံးမဟုတ်။
ကျွမ်စစ်ရှီးတင်မဟုတ်။ တခြားနေရာများတွင် ချန်ဟယ်လိုချင်းလင်ကိုယ်စားလှယ်များလည်းရှိသည်။
မင်စီရင်စုတွင် ဝမ်ရန်ကလူစုပြီး ရံပုံငွေနည်းနည်းထူထောင်သည်။
ထိုလူများအားလုံးမှာ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်နီးစပ်သူများဖြစ်၍ သတင်းနည်းနည်းရပြီး ကံကြမ္မာဖန်တီးနိုင်မည့်အခွင့်အရေးမှန်းသိကြသည်။

မြန်မြန်ဆန်ဆန်ပင်_
ချင်းလင်ဆော့တန်ဖိုးကို ၆ ယွမ်အထိချပေးသောသတင်းက ပြန့်နှံ့သွားသည်။
ဘဏ္ဍာရေးပါမောက္ခစွန်းဟို့ကျင်းကထပ်ပေါ်လာပြီး နာမည်ယူပြန်၏_
"ချင်းလင်အစားအသောက်ကုမ္ပဏီသူဌေးက ဒီလောက်မိုက်မယ်မထင်မိဘူး... ဟန်နဲ့ဟင်နရီဆော့က ၇ ယွမ်စျေးနှိမ့်ပြီး သူ့ခြောက်လုံးအသုံးမဝင်ဘူးဆိုတာပြနေပြီ... သူစျေးချလေလေ ဟန်နဲ့ဟင်နရီကယုံကြည်ချက်ရှိလေလေပေါ့''
ဟင်နရီဆော့အရောင်းကိုယ်စားလှယ် Lude က ချင်းလင်ဆော့ ၆ ယွမ်ဖြစ်သည့်အကြောင်း ဂျက်ဟင်နရီကိုတဖန်အစီရင်ခံသည်။
"သူ့အကွက်က အသုံးမဝင်ဘူးဆိုတာ မေ့နေလားမသိဘူး''
ဂျက်ဟင်နရီက မသတီသလိုပြောသည်။
Lude ကရယ်လိုက်ပြီး_
"မစ္စတာဟင်နရီပြောတာမှန်တယ်... သူတို့နိုင်ငံကဘဏ္ဍာရေးပါမောက္ခတွေတောင် ချင်းလင်ဆော့ကမိုက်မဲတဲ့ကြောင်းပြောနေပြီ... ခင်ဗျားသိလား... ပါမောက္ခတွေက အရမ်းတော်တာ!''
ဂျက်ဟင်နရီလည်း မဆိုင်းမတွပြောလိုက်သည်_
"ငါတို့လည်း ၆ ယွမ်နဲ့ပေးမယ်... ငွေကုန်မှာမကြောက်ဘူး... သူတို့ဘယ်လောက်တင်းခံနိုင်မလဲပဲသိချင်တာ''
"ဟုတ်ကဲ့ မစ္စတာဟင်နရီ!''
Lude ကချက်ချင်းခေါင်းညိမ့်သည်။
မကြာမီ ဟင်နရီမိသားစု၏ ၆ ယွမ်သတင်းထွက်လာပြီး ဟန်လည်းလိုက်ချသည်။
ပါမောက္ခစွန်းဟို့ကျင်း၏စကားကိုအတည်ပြုလိုက်သလိုပင်။ ဟန်နှင့်ဟင်နရီက တကယ်လုပ်လိုက်ပြီ။
ပါမောက္ခစွန်းဟို့ကျင်းလည်း အခွင့်ကောင်းယူပြီးပေါ်လာပြန်သည်။ သူကစာတစ်ကြောင်းတည်းနှင့် ဗီဒီယိုတင်လိုက်၏_
"ထင်တဲ့အတိုင်းပဲ... ဒါပြီးရင် ချင်းလင်ဆော့ဘာဆက်လုပ်ရမှန်းမသိတော့ဘူး''
သူကတောက်လျှောက်ချော်လဲရောထိုင်လုပ်တော့မည်။ သူမှန်းတိုင်းမှန်သောကြောင့် သူ့ကိုအလုပ်ခန့်ချင်သောကုမ္ပဏီများစွာရှိသော်လည်း သူကလက်မခံ။ သူ့ကိုရှယ်ယာပေးမည့်ကုမ္ပဏီကိုသာစောင့်နေသည်။
ဒီကိစ္စအတွက်သူ့ခန့်မှန်းချက်က နေရာမှန်ပို့ပေးလိမ့်မည်။
၆ ယွမ်စျေးချပြီးနောက် ဟန်နှင့်ဟင်နရီဆော့အရောင်းသမားများလှုပ်ရှားပြန်၏။ သူတို့ကဆိုင်ရှင်များကိုလာရှာသည်။
ဒီနှစ်ရက်ကအတော်စိတ်လှုပ်ရှားစရာကောင်းသည်ဟု ကုန်သည်များကထင်သည်။ ချင်းလင်ဆော့၊ ဟန်ဆော့နှင့် ဟင်နရီဆော့ကိုယ်စားလှယ်များခြေချင်းလိမ်နေကြသည်။
ချင်းလင်ဆော့အရောင်းသမားများထွက်သွားရုံရှိသေး၊ ဟင်နရီအရောင်းသမားများရောက်လာပြန်သည်။
ဆိုင်တစ်ဆိုင်မှ ဟင်နရီဆော့အရောင်းသမားများထွက်လာကြသည်။ သူတို့ကလည်း ၆ ယွမ်စျေး။ ကုန်သည်က ဟင်နရီမိသားစုမှအော်ဒါအများကြီးတင်လိုက်သည်။

ဟင်နရီမိသားစုအရောင်းသမားက နောက်တစ်ဆိုင်ပြောင်းတော့မည်။ ဒီပွဲမှာသူ့တာဝန်ပြီးမြောက်တော့မည်။
သို့ရာတွင် သူမပြောင်းရသေးခင် လူတချို့သူ့ဆီရုတ်တရက်ရောက်လာပြီး မေးသည်_
"ခင်ဗျားက ဟင်နရီဆော့အရောင်းကိုယ်စားလှယ်လား?''
"ဟုတ်ပါတယ်!''
ဟင်နရီဆော့အရောင်းသမားကပြန်ဖြေသည်။
"ဟင်နရီဆော့အော်ဒါတင်ချင်လို့ပါ''
တစ်ယောက်က ချက်ချင်းပြောသည်။
"ကျုပ်လည်း ဟင်နရီဆော့လိုချင်တယ်!''
"ငါရော!''
ထိုလူများကတစ်ယောက်ပြီးတစ်ယောက်ပြောကြသည်။
မထင်မှတ်ဘဲရသောအော်ဒါကြောင့် အရောင်းသမားပြုံးရွှင်သွားသည်။ သူမယုံနိုင်။
ဒါဆို သူ့တာဝန်ပြီးဖို့ပိုလွယ်သွားပြီမလား?
ထို့နောက် အော်ဒါစာချုပ်ချုပ်ကြရာ ထိုလူများမှာသောအော်ဒါက နည်းနည်းနောနောမဟုတ်မှန်း အရောင်းသမားသိလာသည်။ သူလည်းပြုံးဖြီးလာ၏။
ဒီအော်ဒါတွေနဲ့တင် သူ့တာဝန်ပြီးပြီ။ သူတာဝန်ယူထားတာထက်ဟိုဘက်တောင်လွန်နေပြီ။
ဒီလိုအခြေအနေမျိုးက နေရာတိုင်းလိုလိုတွင် နည်းအမျိုးမျိုးနှင့်ဖြစ်ပျက်သွားသည်။ ဘာရယ်မဟုတ်ဘဲ ဟင်နရီအရောင်းသမားများက ခါတိုင်းထက်ပိုပြီးအော်ဒါတက်နေသည်။
သို့ရာတွင် တာဝန်ပြီးဖို့စိတ်လောနေ၍ မသင်္ကာမဖြစ်ကြ။ ယခုအခါ လူမှုရေးဖိစီးမှုကအလွန်ကြီးသည်။ တာဝန်ပြီးမှကောင်းမည်။ မဟုတ်ရင် အလုပ်မှာအောက်ဆုံးရောက်ပြီး အလုပ်ထုတ်ခံရလိမ့်မည်။
ပြီးခဲ့သောရက်များအတွင်း ဟင်နရီဆော့အရောင်းကိုယ်စားလှယ်များဆီ အော်ဒါတစ်ခုပြီးတစ်ခုတက်လာသည်။
Lude ကပြုံးစိစိနှင့် အော်ဒါများများကိုကြည့်နေသည်။
အော်ဒါက ပုံမှန်ထက် ၁၀ ဆကျော်တက်နေ၏။ ဒီတော့ သူတို့ ၆ ယွမ်စျေးချပြီးနောက်ပိုင်း ချင်းလင်ဆော့ကထပ်မယူနိုင်တော့ဘဲ အားလုံးက ဟင်နရီကိုအော်ဒါတင်ကြတာဖြစ်မည်။
ဒါကောင်းတဲ့ကိစ္စ။ ချင်းလင်ဆော့က ဆက်မထိန်းထားနိုင်တော့။ စျေးကွက်ကိုရပြီဆိုတာနဲ့ ဟင်နရီကလက်လွှတ်မှာမဟုတ်။
Lude လည်း ဂျက်ဟင်နရီကိုသတင်းကောင်းပြောပြသည်။
ဂျက်ဟင်နရီလည်းသတင်းရပြီး ဝမ်းသာသွားသည်။ ဒီတော့ သူ့ရည်ရွယ်ချက်အထမြောက်တော့မည်။
သို့ရာတွင် Lude အစီရင်ခံပြီးပြီးချင်း သူ့အတွင်းရေးမှူးပြေးဝင်လာပြီး_
"မစ္စတာလု.. မကောင်းတော့ဘူး... ချင်းလင်ဆော့က ထုတ်ကုန်အသစ်ထုတ်မယ်လို့ကြေညာထားတယ်''
"ဘာ?''
သတင်းကြားပြီး Lude ကြောင်သွားသည်။
ချင်းလင်ဆော့က ထုတ်ကုန်အသစ်ထုတ်မယ်?
ဘာထုတ်ကုန်အသစ်လဲ?
ဟန်ကိုယ်စားလှယ်ရုံးချုပ်တွင်လည်း ဒီအတိုင်းဖြစ်သွားသည်။ ဟန်က အဆပေါင်းများစွာထိုးတက်လာသောအော်ဒါများကိုကြည့်ရင်း ချင်းလင်ဆော့ကအခြေအနေမကောင်းတော့၊ စျေးကွက်ကိုသူတို့ရတော့မည်ဟုထင်လိုက်သည်။
ချင်းလင်ဆော့ကထုတ်ကုန်အသစ်ထုတ်မည်ဟူသောသတင်းကို သူမယုံနိုင်။
အင်တာနက်ပေါ်မှလူများလည်း မယုံနိုင်ကြ။
ချင်းလင်ဆော့နှင့်ရှင်းကျန့်တယ်ဆော့၏နှစ်မျိုးပြိုင်ပွဲ အရှိန်ကောင်းနေသောအချိန်တွင် ချင်းလင်ဆော့ကထုတ်ကုန်အသစ်ကြေညာမည်ဟု ဘယ်သူမှမထင်မိ။
အွန်လိုင်းသတင်းကြည့်သူများလည်း မယုံနိုင်ကြ။ အထူးသဖြင့် စီးပွားရေးလောကသမားများ ဘာပြောရမှန်းမသိတော့။ ချင်းလင်ဆော့ကကြေညာထားသောထုတ်ကုန်အသစ်ကိုကြည့်ချင်ကြသည်။
"ဒါချင်းလင်ဆော့အရောင်းပိုင်းကပါ... အားလုံးက ချင်းလင်ဆော့ကိုနှစ်သက်ပြီး စိတ်ဝင်စားမယ်ထင်ပါတယ်... ဒီနေ့ အားလုံးကိုသတင်းကောင်းပြောစရာရှိပါတယ်... ကျွန်တော်တို့ချင်းလင်ဆော့က ထုတ်ကုန်အသစ်ရှိပါတယ်''
"ဒီထုတ်ကုန်အသစ်က အကြာကြီးသုတေသနလုပ်ထားတဲ့ရလဒ်ပါ... အရသာပိုင်း အတွေ့အထိပိုင်း စားကောင်းတာရော အရင်ထုတ်ကုန်ထက်အများကြီးသာပါတယ်... နောက်ပြီး ထုတ်ကုန်အသစ်အတွက်နေရာအသီးသီးမှာ အရသာမြည်းပွဲလုပ်ပါမယ်''
သတင်းထွက်သည်နှင့် အင်တာနက်ပေါ်တွင်ပွက်လောရိုက်သွားသည်။
ချင်းလင်ဆော့ထုတ်ကုန်အသစ်ရှိတယ်?
ဒါဆိုရင် သူကဘာလို့ ဟန်နဲ့ဟင်နရီဆော့ကိုစျေးချင်းပြိုင်ရတာလဲ? အတွေ့အထိ၊ အရသာ၊ စားကောင်းတာ အားလုံးကအရင်ဟာထက်သာတယ်တဲ့? ဟန်နဲ့ဟင်နရီကလုပ်နည်းသိသွားရင်တောင် ဒီထုတ်ကုန်အသစ်က အသာလေးနိုင်မှာပဲ။
ဉာဏ်ပြေးသူများကဘာဖြစ်နေလဲ သိကုန်ကြပြီ။ ဒါချင်းလင်ဆော့ရဲ့ရည်ရွယ်ချက်လား? ရည်ရွယ်ချက်က သိသာသည်။ ရှင်းကျန့်တယ်ဆော့ဘရန်းနှစ်ခုကိုချောက်ချတဲ့အကွက်မှန်း အရူးမဟုတ်သူတိုင်းသိလိမ့်မည်။
ဟင်နရီအရောင်းဌာနချုပ်တွင် Lude လည်း ထုတ်ကုန်အသစ်ကြေညာချက်မြင်ပြီး တစ်ခုခုဖြစ်နေမှန်းသိလိုက်သည်။ သူကချက်ချင်း ဂျက်ဟင်နရီကိုအစီရင်ခံသည်။
ဂျက်ဟင်နရီက အစီရင်ခံချက်ရပြီး မျက်နှာပျက်သွားသည်။
ချင်းလင်ဆော့မှာထုတ်ကုန်အသစ်ရှိတယ်ဆိုရင် အခြေအနေကတစ်မျိုးဖြစ်သွားပြီ။
ထို့နောက် ဂျက်ဟင်နရီက Lude ပြောဖူးသောအော်ဒါများအကြောင်းတွေးပြီး သူ့မျက်နှာပိုပျက်သွားသည်။
သူတို့စျေးကွက်ကိုရရင် ဒီအော်ဒါတွေကဘာမှမဟုတ်။
ဒါပေမဲ့ စျေးကွက်မရရင်တော့ ပုံမှန်ထက်ဆယ်ဆပိုများတဲ့ဒီအော်ဒါတွေက အကြီးအကျယ်ဆုံးရှုံးရလိမ့်မည်။