အစာအိမ်ကင်ဆာကုနိုင်ပြီ! ကြက်သွန်မြိတ်??
Vol. 53 Ch. 786
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်၏ရုံးခန်း_
ချန်တပေက မဂ္ဂဇင်းတချို့နှင့်ရုံးခန်းထဲလျှောက်လာပြီး ခုံပေါ်တင်လိုက်သည်_
"သူဌေး... ဒီမဂ္ဂဇင်းတွေကိုကြည့်ပါဦး... အဖုံးမှာ ချင်းလင်ဆော့... တစ်မျက်နှာလုံးဒီအကြောင်းတွေပဲ''
အားလုံးစီးပွားရေးမဂ္ဂဇင်းများဖြစ်၍ စီးပွားရေးအကြောင်းသာပါသည်။
ဒီတစ်ကြိမ်တွင် ချင်းလင်ဆော့က ဟန်နှင့်ဟင်နရီရှင်းကျန့်တယ်ဘရန်းနှစ်ခုနှင့်ပြိုင်ခဲ့သည်။ ရှင်းကျန့်တယ်ဘရန်းများကိုနိုင်ရုံသာမက ဆော့စျေးကွက်တွင်ခေါင်အဖြစ်လည်းနေရာယူနိုင်ခဲ့သည်။ ဒီအကြောင်း မဂ္ဂဇင်းများကအပြိုင်အဆိုင်တင်ကြ၏။
ဘယ်လုပ်ငန်း၊ဘယ်စျေးကွက်က ဘယ်လိုထုတ်ကုန်မျိုးဖြစ်ဖြစ်၊ မူလဦးဆောင်သူကိုတစ်ခါတည်းဆွဲချပြီး တခြားဘရန်းထုတ်ကုန်များကိုညှိယူနိုင်တာ အုတ်အော်သောင်းတင်းဖြစ်ရပ်ပင်။
ဒီနှစ်ရက်အတွင်း အင်တာနက်မှာပြောနေကျဟာသတောင်ရှိတယ်မလား?
"အရင်အတန်းတုန်းက ချင်းလင်ဆော့ဒုက္ခရောက်တော့မယ်လို့ ဆရာကပြောတယ်... နောက်အတန်းကျတော့ ချင်းလင်ဆော့ကအံ့ဩဖို့ကောင်းလိုက်တာတဲ့... ကျောင်းသားလုပ်ရတာ ခေါင်းခြောက်လာပြီ''
ဒီတလော အင်တာနက်၊မဂ္ဂဇင်းနှင့်သတင်းများတွင် ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဆော့အကြောင်း ပြတ်သည်မရှိ။
ချင်လင်လည်း မဂ္ဂဇင်းယူကြည့်လိုက်သည်။ အများစုက မှန်းဆချက်များဖြစ်သည်။ နမ်ခယ့်မှဘဏ္ဍာရေးမဂ္ဂဇင်းတစ်ခုသာ သူ့ခြေလှမ်းများ၊ကိစ္စများကိုဖော်ပြထားသည်။
သူ့ဘေးမှာရပ်ပြီး ခြေလှမ်းတိုင်းကြည့်ထားသလိုပင်။
ဒီဘဏ္ဍာရေးနဲ့စီးပွားရေးမဂ္ဂဇင်းကမှ ဟုတ်တုတ်တုတ်။ အနည်းဆုံးတော့ အကြောင်းအရာက တခြားမဂ္ဂဇင်းတွေလိုရေပေါ်ဆီတွေမဟုတ်။
"နောက်ကျ ဒီမဂ္ဂဇင်းမှာလိုက်''
ချင်လင်က ဘဏ္ဍာရေးမဂ္ဂဇင်းကိုချန်တပေအားပေးလိုက်သည်။
"ကောင်းပါပြီ သူဌေး!''
ချန်တပေချက်ချင်းခေါင်းညိမ့်လိုက်သည်။
ထိုအချိန်တွင် ကျန်းမာရေးစင်တာမှလင်းရန်ဆီကသတင်းရသည်။ ဒီလ တော်ဝင်ပညာရှင်သုံးဦး၏ဆေးစစ်ချက်အဖြေထွက်လာပြီ။
ထန်ရှိုးဝမ်မှာမနှစ်ကကိုယ်ဝန်ရပြီး ယခုကိုယ်ဝန်အရင့်အမာကြီးနှင့်ဖြစ်သည်။ ထို့ကြောင့် တချို့ကိစ္စများကိုလင်းရန်ဆီအရင်လွှဲပေးထားသည်။
ချင်လင်လည်းသတင်းရပြီး ကျန်းမာရေးစင်တာထဲသွားလိုက်သည်။
သူရောက်သောအခါ လင်းရန်က တော်ဝင်ပညာရှင်သုံးဦး၏ဆေးစစ်ချက်များကိုကိုင်ထားသည်။ ဘေးတွင် တော်ဝင်ပညာရှင်သုံးဦးလည်း အဖြေစောင့်နေ၏။ သို့သော် အလျင်မလို။ ချင်းလင်အပန်းဖြေစံအိမ်တွင်အားဖြည့်ပြီးနောက် သူတို့ခန္ဓာကိုယ်အခြေအနေက ပိုကောင်းလာသည်။
"တော်ဝင်ပညာရှင်သုံးယောက်ရဲ့အခြေအနေ ဘယ်လိုလဲ?''
ချင်လင်ကမေးလိုက်သည်။
"တော်ဝင်ပညာရှင်လင်း.. တော်ဝင်ပညာရှင်ကျင်းရဲ့အခြေအနေက အရမ်းကောင်းတယ်''
လင်းရန်ကပြောရင်း ဆေးစစ်ချက်နှစ်စောင်ကို တော်ဝင်ပညာရှင်နှစ်ဦးဆီပေးလိုက်သည်။
တကယ်တော့ တော်ဝင်ပညာရှင်နှစ်ဦးမှာ ကျန်းမာရေးကောင်းရုံတင်မဟုတ်။ အရွယ်နှင့်မလိုက်အောင်ကို ကျန်းမာနေခြင်းဖြစ်သည်။
သို့သော် အပန်းဖြေစံအိမ်၏ဆေးစွပ်ပြုတ်အစွမ်းကိုသိထားသောကြောင့် သိပ်မအံ့ဩမိ။
တော်ဝင်ပညာရှင်လီ၏အခြေအနေနှင့်ယှဉ်လျှင် သူတို့နှစ်ဦးကကျန်းမာရေးကောင်းရုံသာရှိသည်။
ထိုအချိန်တွင် လင်းရန်က_
"တော်ဝင်ပညာရှင်လီကတော့ သူ့အစာအိမ်ကင်ဆာက အန္တရာယ်အနည်းဆုံးအဆင့်ရောက်သွားပြီ... တစ်နည်းပြောရရင် သူ့အစာအိမ်ကင်ဆာက မကြာခင်ပျောက်တော့မယ်''
ဒါကြောင့် သူအအံ့ဩဆုံး။
သူအနောက်တိုင်းဆေးကိုလေ့လာခဲ့သည်။ အနောက်တိုင်းဆေးတွင် အစာအိမ်ကင်ဆာကို ခွဲစိတ်ခြင်း၊ကီမိုဆေးသွင်းခြင်းဖြင့်သာ ကုသနိုင်သည်။ တခြားနည်းနှင့် အစာအိမ်ကင်ဆာကိုမကုနိုင်။
ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်အတွေ့အကြုံရလိုက်ပြီ။ တော်ဝင်ပညာရှင်လီကို အပန်းဖြေစံအိမ်ကဆေးစွပ်ပြုတ်နှင့်ကုနိုင်တော့မည်။
ဒီသတင်းပြန့်သွားရင် အနောက်တိုင်းဆေးဆရာတွေအကုန် လန့်သွားလိမ့်မည်။ ဘယ်သူမှယုံမည်မဟုတ်ပေ။
"တော်ဝင်ပညာရှင်လီ... ဂုဏ်ယူပါတယ်!''
ချင်လင်လည်း စီနီယာအကြောင်းကြားပြီး ဂုဏ်ပြုလိုက်သည်။ သူ့အတွက်ဝမ်းလည်းဝမ်းသာသည်။
သူသုတေသနလုပ်ခဲ့သောနည်းဗျူဟာလက်နက်များက နိုင်ငံနှင့်ပြည်သူကိုကာကွယ်နိုင်ခဲ့သည်။ သူအသက်ရှင်တုန်းမှာ ကင်ဆာရဲ့ဒဏ်ကိုမခံစေချင်။
"ဆေးစွပ်ပြုတ်အတွက် သူဌေးချင်ကိုကျေးဇူးတင်ရဦးမယ်''
တော်ဝင်ပညာရှင်လီဝမ်းသာနေသည်။
ဘာပဲဖြစ်ဖြစ် ကင်ဆာမဟုတ်လား။ ကင်ဆာရှိသူတိုင်း သူတို့ကိုယ်ပေါ်မှာကင်ဆာအငွေ့အသက်ရှိနေလိမ့်မည်။ အခုအစာအိမ်ကင်ဆာကုနိုင်တော့မည်ဖြစ်၍ စိတ်ခံစားချက်ကောင်းလာသည်။
တော်ဝင်ပညာရှင်သုံးဦး၏ဆေးစစ်ချက်ကို တရုတ်သိပ္ပံအကယ်ဒမီသို့တင်လိုက်သည်။
ဝန်ကြီးလုလည်း ဆေးစစ်ချက်ကိုချက်ချင်းကြည့်သည်။ တော်ဝင်ပညာရှင်လီ၏ရလဒ်ကိုမြင်သောအခါ လန့်ပြီးမတ်တပ်ထရပ်ကာ_
"တကယ်ကုနိုင်တော့မှာလား?''
ထို့နောက် ဆေးစစ်ချက်ယူပြီး ဆေးသုတေသနဌာနသွားကာ အစာအိမ်ကင်ဆာသုတေသနလုပ်သောအဖွဲ့ကိုရှာသည်။
"ဝန်ကြီးလု!''
သုတေသနအဖွဲ့တာဝန်ခံက ဝန်ကြီးလုကိုမြင်မြင်ချင်းနှုတ်ဆက်သည်။
"အဖွဲ့ခေါင်းဆောင်ရွှီ... လိပ်နဲ့ငါးပုတ်သင်ဝါသုတေသနက ဘယ်လိုလဲ?''
ဝန်ကြီးလုက တန်းမေးသည်။
ခေါင်းဆောင်ရွှီက မျက်မှောင်ကြုတ်လိုက်ပြီး_
"ဝန်ကြီးလု... ကျွန်တော်တို့လိပ်နဲ့ငါးပုတ်သင်ဝါကိုလေ့လာတာကြာပြီ... အစာအိမ်ကင်ဆာအပေါ်အာနိသင်ရှိတဲ့ပစ္စည်းတွေတွေ့ပေမဲ့ အရမ်းနည်းပါတယ်... အစာအိမ်ကင်ဆာကိုအရှင်းမကုနိုင်ပါဘူး''
"တရုတ်တိုင်းဆေးမှာ ဒီလိုအာနိသင်မျိုးတကယ်ရှိလား? ပါမောက္ခကူပြောသလို အစာအိမ်ကင်ဆာကုနိုင်ပါ့မလား?''
သူ့စကားကြောင့် ဝန်ကြီးလုက_
"တော်ဝင်ပညာရှင်လီရဲ့အစာအိမ်ကင်ဆာကို လိပ်နဲ့ငါးပုတ်သင်ဝါစားပြီး ကုနိုင်တော့မှာ''
"တကယ်လား?''
အဖွဲ့ခေါင်းဆောင်ရွှီမှာအံ့ဩပြီး မျက်စိနည်းနည်းကျယ်သွားသည်။
ပါမောက္ခကူနဲ့အတူ တော်ဝင်ပညာရှင်လီရဲ့အစာအိမ်ကင်ဆာကိုစစ်ဆေးခဲ့တာ သူတို့။ တော်ဝင်ပညာရှင်လီအတွက်ဆေးဖော်ခဲ့တာလည်း သူတို့ပင်။
တော်ဝင်ပညာရှင်လီရဲ့အစာအိမ်ကင်ဆာကို လိပ်နဲ့ငါးပုတ်သင်စားပြီးကုနိုင်တယ်ကြားတော့ သူမအံ့ဩဘဲနေမလား?
ဒါပေမဲ့ ဘာလို့ သူတို့ဘာမှမတွေ့တာလဲ?
ထို့ကြောင့် သူဇဝေဇဝါဖြစ်သွားသည်။
ဝန်ကြီးလုမှာ အချိန်မဆိုင်းရဲ။ သူကဖုန်းဆက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ကို လိပ်နှင့်ငါးပုတ်သင်ဝါတစ်သုတ်ထပ်ပို့ခိုင်းသည်။
တော်ဝင်ပညာရှင်လီလိုစီနီယာကြီးက နိုင်ငံ့ရတနာ!