← Chapters

အားလုံးဆွံ့အ! သူခိုးကလူပြန်ဟစ်! ၂

Vol. 53 Ch. 784

အားလုံးဆွံ့အ! သူခိုးကလူပြန်ဟစ်! ၂

Vol. 53 Ch. 784

“……”

အင်တာနက်တွင် ချင်းလင်ဆော့အသစ်အရသာအကြောင်းအပူတပြင်းဆွေးနွေးနေကြစဉ် သတင်းတစ်ပုဒ်ကြောင့် အားလုံးအံ့ဩသွားသည်။

ချင်းလင်အစားအသောက်ကုမ္ပဏီက နောက်ထပ်​ကြေညာချက်ထုတ်ပြန်သည်။ ထျန်းဟိုင်မှပြည်တွင်းဆော့ထုတ်လုပ်သူတချို့နှင့် ပူးပေါင်းမည်ဟုဆိုသည်။

ထိုသတင်းကို ချက်ချင်းစိတ်ဝင်စားကုန်ကြသည်။

အဆက်အသွယ်ရှိသူတချို့က မေးစမ်းပြီးသိကြသည်။ ဉာဏ်ရှိသူများကမူ ပြေးမကြည့်ဘဲတွေးပြီးသိကြသည်။

ဆော့ထုတ်လုပ်ဖို့ ဘာလို့ပူးပေါင်းရလဲ?

ဖြစ်နိုင်ခြေကတစ်ခုပဲရှိသည်။ ပြည်တွင်းဆော့ထုတ်ကုန်များမှာ ချင်းလင်ဆော့အသစ်ထက်နှစ်ဆင့်နိမ့်သည်။ သူတို့လုံးဝမယှဉ်နိုင်သောကြောင့် ပူးပေါင်းခြင်းဖြစ်မည်။

ဒီလိုနှင့် အမြတ်ရနိုင်ပြီး တခြားထုတ်ကုန်များကိုဖွံ့ဖြိုးအောင်လုပ်နိုင်မည်။ ဒါကလည်း ဉာဏ်ရှိသူတိုင်းရွေးကြမည့်ရွေးချယ်မှုပင်။

ဒါပေမဲ့ လုံးဝအံ့ဩစရာ။

ချင်းလင်ဆော့က ဒီပြည်တွင်းဆော့ဘရန်းတွေရဲ့စျေးကွက်နဲ့အဆက်အသွယ်ကို ရုတ်တရက်စုစည်းလိုက်နိုင်ပြီဆိုတဲ့သဘော။ ဒီတော့ ဟင်နရီ၊ ဟန်နှင့် ဝေ့မန်ကထိန်းချုပ်ထားသောစျေးကွက်မှလွဲပြီး တခြားစျေးကွက်များကိုချင်းလင်ဆော့ကထိန်းချုပ်ထားသောအဓိပ္ပါယ်လည်းဖြစ်သည်။

နောက်ပြီး ရှေ့လျှောက် နိုင်ငံခြားဆော့စျေးကွက်ဘယ်လောက်ကျန်မလဲမပြောတတ်။

အဲဒီအချိန်ကျရင် ချင်းလင်ဆော့သူဌေးရဲ့နည်းဗျူဟာတသီကြီးကို အားလုံးအံ့ဩနေရလောက်ပြီ။

ရုတ်ချည်းဆိုသလို ချင်းလင်ဆော့အပေါ် စီးပွားရေးလောက၏အကဲဖြတ်အမှတ်ကလည်း ထိုးတက်သွားသည်။

တချို့က ချင်းလင်ဆော့ကိုအထင်ကြီးလွန်းခဲ့သည်ဟုဆိုသည်။ တကယ်တော့ လုံးဝလျှော့တွက်ခဲ့ခြင်းပင်။



လူဘယ်နှစ်ယောက်ကများ ဒါမျိုးလုပ်နိုင်လို့လဲ?

အင်တာနက်ပေါ်တွင် ဒီအကြောင်းဆွေးနွေးစကားများပြည့်နေသည်။

"၆၆၆၆ လို့ပဲပြောတော့မယ်... ချင်းလင်ဆော့သူဌေးကတော်လိုက်တာ... တစ်ခါတည်း ဆော့စျေးကွက်ခေါင်ကြီးဖြစ်သွားပြီ...''

"ဟုတ်ပါ့... ဒီတစ်ခေါက် ဟန်နဲ့ဟင်နရီက လုံးဝအကွက်ဆင်ခံရတာ''

"အပေါ်ကလူ.. မှားနေပြီ... အကွက်ဆင်ခံရတာမဟုတ်ဘူး... ကစားခံနေရတာ''

"ငါက စီးပွားရေးအတန်းက... ဒီအကြောင်းတောက်လျှောက်ပြောနေကြတာ... ချင်းလင်ကုမ္ပဏီကိုဒုက္ခရောက်ပြီတဲ့... ကြီးကြီးကျယ်ကျယ်တွေ... သူတို့ကိုဒီသတင်းပြောပြရမှာ''

ထိုမှတ်ချက်များက ချက်ချင်းရေပန်းစားခေါင်းစဉ်ဖြစ်လာသည်။ သူတို့ကလူတစ်​ယောက်ကိုသတိရပြီး @တပ်ကာခေါ်ကြ၏။

@ဘဏ္ဍာရေးပါမောက္ခစွန်းဟို့ကျင်း... ပါမောက္ခ.. လာပြောပါဦး!

@ဘဏ္ဍာရေးပါမောက္ခစွန်းဟို့ကျင်း... ပါမောက္ခ.. ရှင်းပြပါဦး!

@ဘဏ္ဍာရေးပါမောက္ခစွန်းဟို့ကျင်း... ပါမောက္ခ.. ဘာတွေဖြစ်နေတာလဲမသိဘူး!

“……”

တစ်နေရာရာ_

စွန်းဟို့ကျင်းမှာ အခန်းတံခါးပိတ်နေရတော့မလိုပင်။ အစပိုင်းခန့်မှန်းချက်ကသူထင်တဲ့အတိုင်း၊ နောက်ဆုံးကျမှ ဘာလို့ကိုးရိုးကားရားဖြစ်သွားတာလဲ?

သူ့မျက်နှာကိုဖြတ်ရိုက်ခံရသလိုခံစားရသည်။



သူ့ကိုနာမည်တပ်ခေါ်တဲ့သူတွေက အရိုင်းအစိုင်းကောင်တွေ။ အကုန်လုံးသူ့ကိုအရှက်ခွဲချင်နေကြတာ။

သူ့ကိုရည်ရွယ်ပြီးစာရေးတဲ့သူတွေက လူဆိုးတွေ။ အားလုံးနောက်ပြန်ဆွဲချင်ကြတာ။

နောက်ပြီး သူ့ဆီအွန်လိုင်းသင်တန်းအပ်ထားသူများကလည်း အတန်းဖျက်ကုန်သည်။

ဒီလူတွေ ဘာလို့ဒီလောက်လက်တွေ့ကျရတာလဲ?

စွန်းဟို့ကျင်းကသက်ပြင်းချပြီး သူခန့်မှန်းထားသောဗီဒီယိုကိုမြန်မြန်ဖျက်လိုက်သည်။ ထို့နောက် တခြားဗီဒီယိုတင်ပြန်၏_

"မင်္ဂလာပါ အားလုံးပဲ... ကျုပ်ကစွန်းဟို့ကျင်းပါ... ချင်းလင်ဆော့သူဌေးက အကွက်လှလှသုံးပြီး စီးပွားရေးဗျူဟာခင်းသွားတယ်လို့ပြောရမှာပဲဗျာ... အဲဒါကြောင့် ဒီညအွန်လိုင်းသင်တန်းမှာ ချင်းလင်ဆော့ကစီးပွားရေးစျေးကွက်ကိုဘယ်လိုစိစစ်သွားတယ်ဆိုတဲ့အကြောင်းပြောင်းပြောပါမယ်''

မျက်နှာအရေထူရင်ထူသလို မပြောနိုင်တာမရှိ။

ဒါကြောင့်လည်း မြင်သူတိုင်းကပြောချင်ကြသည်:

"ပါမောက္ခက တကယ်မျက်နှာပြောင်တာပဲ!''

"အင်တာနက်ပေါ်မှာမှတ်တမ်းတွေရှိတယ်... ဗီဒီယိုတွေဖျက်လိုက်ရုံနဲ့ ဘာမှမဖြစ်သလိုနေလို့မရဘူး''

"ကြည့်စမ်းပါဦး... ဒီပါမောက္ခကို!''

“……”

စွန်းဟို့ကျင်းကလည်း မမြင်ချင်ယောင်၊မကြားချင်ယောင်ဆောင်နေသည်။

ရက်ပိုင်းအကြာ အင်တာနက်ပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်ပြန်သည်။



ချင်းလင်ဆော့က မသမာသောနည်းနှင့်စျေးကွက်ထိန်းချုပ်သည်၊ စျေးအလွန်လျှော့ချပြီးစျေးပြိုင်သည်ဟု ရှင်းကျန့်တယ်စီးပွားရေးဌာနက ကမ္ဘာ့ကုန်သည်အဖွဲ့အစည်းကိုတိုင်ကြားထားသည်။

ထိုဖြစ်ရပ်ကြောင့် နိုင်ငံတကာပြည်သူ့အမြင်များထွက်လာပြန်သည်။ နိုင်ငံတကာက တရုတ်ပြည်တွင်ဘာဖြစ်နေမှန်းမသိ၍ လမ်းနည်းနည်းကြောင်းလိုက်ရုံနှင့် အခြေအနေပြောင်းလဲသွားလေသည်။

ထိုသတင်းကချက်ချင်း ပြည်တွင်းမှာပွက်လောရိုက်သွားသည်။ သတင်းတွေ့သူတိုင်းက မခံမရပ်နိုင်ဖြစ်ကြ၏။

"သူခိုးကလူပြန်ဟစ်လို့... မနိုင်မှ ဆရာပြန်တိုင်ရလား... သော*က်.. ဒင်းကြောင့် ဟိုတစ်ယောက်ကိုသတိရသွားပြန်ပြီ!''

"တကယ်ရယ်ချင်တယ်... သူကစပြီးစျေးပြိုင်တာ... အခုဒုက္ခရောက်တော့ ကလိမ်ကျပြန်ပြီ''

"ဒါအနောက်တိုင်းအရင်းရှင်တွေလုပ်နေကျနည်းပဲ... ဘာမှမဟုတ်ဘူး''

"အရင်ကအရှက်မရှိတဲ့သူတွေအများကြီးမြင်ဖူးပါတယ်... ဒါပေမဲ့ ဒီလောက်အရှက်မရှိတာမတွေ့ဖူးဘူး''

“……”

ချင်းလင်အပန်းဖြေစံအိမ်_

သတင်းတွေ့ပြီး ချင်လင်လည်းအံ့ဩသွားသည်။

*ျီးလိုပဲ ရွံစရာကောင်းလိုက်တာ။

သတင်းထွက်ပြီးမကြာမီ ဝန်ကြီးလုကဖုန်းဆက်လာသည်။

ဘာကြောင့်ဆက်လဲ အကြောင်းရင်းကိုသူခန့်မှန်းမိသည်။

ဝန်ကြီးလုအသံထွက်လာသည်_

"သူဌေးချင်... ရှင်းကျန့်တယ်ရဲ့ဆော့ဘရန်းနှစ်ခု ဟန်နဲ့ဟင်နရီကိုအရှက်ရအောင်လုပ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်''

"ဝန်ကြီးလု... ကျွန်တော်ကစပြီးစျေးပြိုင်တာမဟုတ်ဘူး''

ချင်လင်ကပြုံးပြီးပြောသည်_

"ကျွန်တော်စျေးကိုချက်ချင်းပြန်တင်ပါမယ်''

သူ့စကားကြောင့် ဝန်ကြီးလုရယ်လိုက်သည်။ သူဒီကိစ္စကြောင့်ဆက်တာ။ အခုသူဘာမှပြောစရာမလိုတော့။

သူဌေးချင်ကတော့ သူဌေးချင်ပဲ။

ချင်လင်ကဖုန်းချပြီးနောက် ဟန်နဲ့ဟင်နရီဆော့ကိုကြိတ်ရယ်လိုက်သည်။

သို့ရာတွင် ဟန်အဖွဲ့က သိပ်စက်ဆုပ်စရာမရှိ။

စျေးချင်းဆက်ပြိုင်ဖို့ သူစီစဉ်မထားပေ။ ချန်ဟယ်တို့ကိုယ်စားလှယ်များ၏ပံ့ပိုးမှုရှိ၍ သူတို့ကိုအကျိုးအမြတ်မရသောအခြေအနေနှင့်ဆက်မထားနိုင်။

All Chapters