အစာအိမ်ကင်ဆာကုနိုင်ပြီ! ကြက်သွန်မြိတ်?? ၂
Vol. 53 Ch. 787
……
တော်ဝင်ပညာရှင်သုံးဦး၏အခြေအနေကိုသိပြီးနောက် ချင်လင်ကရုံးခန်းထဲပြန်လာသည်။
စီနီယာကြီးသုံးဦးက ကျန်းမာရေးအတော်ကောင်းကြသည်။ သူတို့အဆင်ပြေမှ သူလည်းစိတ်သက်သာရာရသည်။
ချင်လင်ကရုံးခန်းထိုင်ခုံတွင်ပြန်ထိုင်၍ သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။ ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားတူးခိုင်းရန်အချိန်ရသည်။
သူ့ဂိမ်းဇာတ်ကောင်ကို ၁၃ လွှာထဲဝင်ပြီးဆက်တူးစေသည်။
ဒီနေ့ ကံအတော်ကောင်းနေသည်။ ခဏတူးပြီးနောက် ရုတ်တရက်အထူးအသိပေးစာတက်လာသည်:
(ဂုဏ်ယူပါတယ်... နစ်မြှုပ်နေသောသင်္ဘောပေါ်မှရတနာသေတ္တာတွေ့ပါတယ်!)
ဒီပစ္စည်းပဲ။
အရင်တစ်ခါ ရတနာသေတ္တာတွေ့ပြီး ကိုလံဘတ်ရွှေပြားနှင့်ဗန်ဂိုးပန်းချီတစ်ချပ်ရခဲ့သည်။
အခုထိ ပန်းချီက လက်တွေ့လောကမှာစစ်မစစ် သူမသိသေး။
ဂိမ်းဇာတ်ကောင်အိတ်ထဲရတနာသေတ္တာရောက်သောအခါ ချင်လင်ကသေတ္တာကိုဖွင့်စေသည်။
စနစ်အသိပေးချက်ပေါ်လာပြန်၏:
(ဂုဏ်ယူပါတယ်... နစ်မြှုပ်နေသောသင်္ဘောပေါ်မှရတနာသေတ္တာကိုဖွင့်လိုက်ပါပြီ... အမည်မသိပန်းချီကားတစ်ချပ်ရပါတယ်×၁!)
နောက်တစ်ချပ်!
ဒီသေတ္တာတွေက ပန်းချီတွေပဲလား?
ဒါမှမဟုတ် ပန်းချီကားတင်တဲ့သင်္ဘောမြှုပ်တာလား?
သူကပန်းချီကားကိုဖွင့်ကြည့်ရာ ရွှေဗုံနှင့်အမျိူးသမီးတစ်ဦးဖြစ်နေသည်။ ပန်းချီဆရာနာမည်လည်းပါသည်:
ပတ်ဘလို ပီကာဆို!
နာမည်ဖတ်ပြီး ချင်လင်လည်း အင်တာနက်ပေါ်တက်ရှာသည်။
ထွက်လာသောနာမည်ကြောင့် သူအံ့ဩသွားသည်။
ပီကာဆို!
နောက်ပြီး အင်တာနက်ပေါ်တွင် ဒီပန်းချီကားအကြောင်းအချက်အလက်များရှိသည်။
ဒီပန်းချီကားက ပီကာဆို၏လက်ရာမြောက်ပန်းချီဖြစ်ကြောင်း၊ စစ်ကြောင့်၊ အကြောင်းကြောင်းကြောင့် သမုဒ္ဒရာထဲပါသွားပြီး သမုဒ္ဒရာထဲတွင်သူနှင့်အတူနစ်မြှုပ်ခဲ့ကြောင်း ဒဏ္ဍာရီတွင်နေသည်။ မဟုတ်ရင် ဒီပန်းချီကားက ဆွေစဉ်မျိုးဆက်လက်ဆင့်ကမ်းသောအနုပညာလက်ရာဖြစ်လိမ့်မည်။
အင်တာနက်ပေါ်မှသတင်းများဖတ်ပြီး ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေသည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်ပြီး ပန်းချီကားမှတ်ချက်ကိုကြည့်လိုက်သည်:
(ရွှေဗုံနှင့်အမျိုးသမီး: နာမည်ကျော်ပန်းချီကား!)
(ပီကာဆို၏နာမည်ကြီးပန်းချီဖြစ်သည်။ အကြောင်းကြောင်းကြောင့် ပင်လယ်ထဲအစပျောက်သွားသော ပန်းချီလောက၏နှမြောစရာရတနာတစ်ခုဖြစ်သည်။ အလွန်တန်ဖိုးရှိသည်!)
မှတ်ချက်က ဗန်ဂိုးရဲ့'ပင်လယ်ထဲကနေကြာ'နဲ့အတူတူ။
မှတ်ချက်အရ ဒီပန်းချီကားကအမှန်ဖြစ်သည်။ လက်တွေ့လောကမှာစစ်မစစ်သာ မသိရချေ။
ဘာပဲဖြစ်ဖြစ် ဒီပန်းချီကားအကြောင်း လက်တွေ့ဘဝမှာမပြောကြတာကြာခဲ့ပြီ။
အခွင့်ကြုံရင် သူလူရှာပြီး ပန်းချီကြည့်ခိုင်းဦးမည်။
ချင်လင်ကဂိမ်းထဲမှထွက်ပြီးနောက် ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းပြန်သွားကာ ဆက်တူးစေသည်။
ဒီတစ်ခါ ကံကုန်သွားပုံရသည်။ သုံးလွှာဆက်တိုက်တူးပြီး ဘာမှမတွေ့။ သူ့ဂိမ်းဇာတ်ကောင်အား ၁၇ လွှာထဲဝင်ခိုင်းလိုက်သည်။
၁၇ လွှာထဲဝင်နိုင်မှ ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေသည်။
၁၇ လွှာရောက်မှ ကံပြန်တက်လာပုံရ၏။ နှစ်ချက်တူးပြီးနောက် အထူးအသိပေးချက်ပေါ်လာသည်:
(ဂုဏ်ယူပါတယ်... အထူးမျိုးစေ့ကျောက်ရပါတယ်!)
ထိုပစ္စည်းကြောင့် ချင်လင်မျက်လုံးများဝင်းလက်သွားသည်။
နောက်ဆုံးတော့ ကောင်းကောင်းကန်းကန်းလေးရပြီ။
အထူးမျိုးစေ့ကျောက်ရပြီး နောက်ထပ်အထူးမျိုးစေ့ပွင့်တော့မည်။
သူ့ဂိမ်းဇာတ်ကောင်အား ၁၇ လွှာကုန်အောင်ဆက်တူးခိုင်းရာ ဘာမှမတွေ့တော့။ ၁၈ လွှာထဲဝင်မည်အပြုတွင် အဝင်ကန့်သတ်ထားကြောင်း အသိပေးစာရသည်။ ထို့နောက် ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားစေသည်။
NPC ပေါ်ထောက်လိုက်ရာ အထူးမျိုးစေ့ကျောက်ပေါ်လာသည်။ မျိုးစေ့ဆိုင်စာရင်းတွင် အထူးမျိုးစေ့ပါလာသည်။
(အရက်နာကျခြင်းအတွက် ကြက်သွန်မိတ်: အရည်အသွေး ၂)
(အထူးကြက်သွန်မြိတ်စိုက်နိုင်သော အထူးမျိုးစေ့ဖြစ်သည်။ မြန်မြန်ဆန်ဆန်အပင်ဖြစ်ပြီး အပင်အဖြတ်ခံသည်။ အထူးအာနိသင်ရှိသည်:
အရသာ +၂၊ စားကောင်းခြင်း +၂၊ ယန်ဓာတ်တိုးစေခြင်း +၂၊ အမူးပြေစေခြင်း +၂!)
မှတ်ချက်မြင်ပြီး ချင်လင်ကြောင်သွားသည်။
ဘာလို့ ဒီအထူးမျိုးစေ့အာနိသင်တွေက ပိုပိုပြီးထူးဆန်းလာတာလဲ?
အရင်က အဝေးမှုန်ကုနိုင်တယ်တဲ့။
အခု အရက်နာကျတာ သက်သာပြန်ပြီ။
ဒါကိုစိုက်ပြီးကြော်ငြာနိုင်ရင်အသားကင်ဆိုင်ရှင်တွေ ပြုံးဖြီးနေတော့မှာမလား?
အသားကင်ဆိုင်ရောက်ရင် ဘာမှာကြလဲ? ကျောက်ကပ်နဲ့ကြက်သွန်မြိတ်ပဲမလား? ကြက်သွန်မြိတ်က လိ*င်စိတ်ဖြစ်စေလို့ ကျောက်ကပ်အတွက်နည်းနည်းစားတာမကောင်းဘူးလား?
အထူးသဖြင့် ဒီကြက်သွန်မြိတ်က အရက်နာကျသက်သာတယ်ဆိုတော့ အခွက်ရေရာချီသောက်လည်း မမူးဘူးမလား? အကင်ဆိုင်ရှင်က သောက်စရာတွေပိုပြင်ထားမှာပေါ့။
နောက်ပြီး အရက်မူးရင်မအီမသာဖြစ်သော်လည်း အားလုံးကပျော်ချင်၍သောက်ကြသည်။
ဒီပစ္စည်းရှိရင် အရှိန်တက်ပြီးနောက် အရက်မူးပြေအောင်လုပ်နိုင်သည်။ အထူးသဖြင့် ယန်ဓာတ် +၂ လည်းမြှင့်ပေးနိုင်သည်။
မကောင်းဘူးလား?
အရသာ +၂၊ စားကောင်းခြင်း +၂ ဆိုတော့ အစိမ်းစားလည်းကိစ္စမရှိဘူးဟုတ်?
အဓိကက ကြက်သွန်မြိတ်မျိုးစေ့ကိုဂိမ်းမြေနှင့်ကန့်သတ်ထားခြင်းမရှိ၍ လက်တွေ့ဘဝမှာအဆင့်ကျသွားမည်မဟုတ်ပေ။
အမူးပြေစေခြင်း +၂ အာနိသင်က အလွန်စွမ်းလိမ့်မည်။
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား ကြက်သွန်မြိတ်မျိုးစေ့ယူပြီး စိုက်ပျိုးရေးခြံပြန်လာကာ အဆင့် ၃ မြေကွက်တွင်စိုက်စေသည်။
ကြက်သွန်မြိတ်အပင်ဖြစ်နှုန်းက အလွန်မြန်သည်။ နာရီပိုင်းစိုက်ပြီး ကြက်သွန်မြိတ်ရပြီဖြစ်ကြောင်းစာဝင်လာသည်။
သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သောအခါ လူပုလေးကကြက်သွန်မြိတ်ခူးပြီး သိုလှောင်ခန်းထဲလျှောက်သွားနေသည်။
ချင်လင်က ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်ကာ သိုလှောင်ခန်းထဲတန်းသွားသည်။
ကြက်သွန်မြိတ်ကိုကြည့်လိုက်ရာ သူမြင်နေကျကြက်သွန်မြိတ်နှင့်နည်းနည်းကွာနေသည်။ ဒီကြက်သွန်မြိတ်တွေကအရောင်ပိုရင့်ပြီး တချို့ကသတ္တုဆိပ်သင့်သလိုပြာနေသည်။
သို့သော် ကြက်သွန်မြိတ်က သတ္တုဆိပ်မသင့်မှန်းသူသိသည်။ မျိုးပြောင်းတာဖြစ်မည်။
မှတ်ချက်ကို အကောင်းဆုံးစမ်းသပ်နိုင်မယ့်နည်းကဘာလဲ? အရက်သောက်တာပဲပေါ့။
ထို့ကြောင့် ချင်လင်ကသိုလှောင်ခန်းထောင့်တန်းသွားပြီး သက်တမ်းရင့်ဝိုင်ဖြူတချို့ငှဲ့လိုက်သည်။
သူကသောက်နိုင်သူမဟုတ်။ မူးဝေသလို၊အန်ချင်သလိုဖြစ်တတ်၍ သိပ်မသောက်တတ်။
ဒီတစ်ခါ ဝိုင်ဖြူကိုပါးစပ်ထဲထည့်ငုံပစ်လိုက်သည်။
ဝိုင်ဖြူကအရမ်းပြင်းသည်။ သုံးလေးငုံသောက်ပြီး သူ့မျက်နှာရဲလာသည်။ နောက်သုံးလေးငုံသောက်လိုက်ရာ နည်းနည်းမူးလာ၏။
နောက်ထပ်နည်းနည်းသောက်ပြီးနောက် နောက်ဆက်တွဲက အန်ချင်လာသည်။ သူချက်ချင်းထိုးအန်တော့၏။
ထိုအချိန်တွင် အတော်လည်းမအီမသာဖြစ်လာသည်။
မသောက်နိုင်သူများမှာ သောက်နိုင်သူများလိုမျှော်လင့်ချက်မရှိ။ သောက်နိုင်သူများကသောက်ပြီးတက်တက်ကြွကြွလေကန်နိုင်စွမ်းရှိသေးသည်။
ချင်လင်ကချက်ချင်း ကြက်သွန်မြိတ်နှစ်ပင်ကိုင်ပြီးစားလိုက်သည်။
ထင်တဲ့အတိုင်း အရသာ +၂၊ စားကောင်းခြင်း +၂ ရှိသည်။ အစိမ်းစားလည်း အရသာအရမ်းကောင်းသည်။
သူကကြက်သွန်မြိတ်ကိုသုံးလေးကိုက်ကိုက်ပြီး မြိုချလိုက်သည်။ မကြာမီ သူ့ဝမ်းဗိုက်တွင်ခပ်နွေးနွေးဖြစ်သွားသည်။
ထိုနွေးသောခံစားချက်က သူ့သွေးကြောများမှတဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့ချက်ချင်းပြန့်သွားလေသည်။
အရည်အသွေး ၂ အာနိသင်ကမြန်မြန်ဆန်ဆန်ပင်။ ခံစားချက်က အလွန်ထူးဆန်းသည်။
အနွေးစီးကြောင်းက သူ့ခန္ဓာကိုယ်ထဲစီးဆင်းပြီး သက်သောင့်သက်သာရှိလာသည်။ သွေးလှည့်ပတ်မှုစနစ်က သူ့စိတ်ထဲရောက်သောအခါ မူးဝေသောခံစားချက်ပျောက်သွားသည်။
ချင်လင်ကကြက်သွန်မြိတ်နည်းနည်းထပ်ယူကာ ဝါးပြီးမြိုချပြန်သည်။ အစာကြေသည်နှင့် အရက်မူးသောခံစားချက်က မြန်မြန်ဆန်ဆန်ပျောက်သွားသည်။
ခဏအကြာ ချင်လင်က ကြက်သွန်မြိတ်များကိုတအံ့တဩကြည့်လိုက်သည်။ သူလုံးဝမသောက်ခဲ့သလိုပင်၊ အာနိသင်ကထူးထူးခြားခြားကောင်းသည်။
ချင်လင်ကဂိမ်းထဲမှထွက်ပြီး ကြက်သွန်မြိတ်မျိုးစေ့များကို အဆင့် ၁ မြေတွင်စိုက်လိုက်သည်။ မြေပြောင်းရင် ကြက်သွန်မြိတ်အာနိသင်ပြောင်းမလား သူသိချင်သည်။
အဆင့် ၃ နဲ့ အဆင့် ၁ မြေအာနိသင်ချင်းတူရင် ကန့်သတ်ချက်မရှိတော့။ လက်တွေ့တွင် သီးနှံအရည်အသွေးကလည်း ၂ ဖြစ်မည်။
နာရီပိုင်းအကြာ နေ့လယ်တွင် ကြက်သွန်မြိတ်ခူးနိုင်ပြီဖြစ်ကြောင်း စာဝင်လာသည်။
ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်ရာ လူပုလေးတချို့ကစိုက်ပျိုးပြီး ဘာပင်မှန်းသိပုံရသည်။ သူလည်းဂိမ်းထဲဝင်ပြီး အဆင့် ၁ မြေကိုအပြေးကြည့်လိုက်သည်။
ဒီကြက်သွန်မြိတ်တွေကို လက်တွေ့ဘဝမှာရွှေ့စိုက်ချင်သည်။
သူကမြေကြီးထဲကတစ်ပင်ဆွဲနှုတ်ပြီး အာနိသင်များကြည့်လိုက်သည်။
(အရက်နာကျခြင်းအတွက် ကြက်သွန်မိတ်: အရည်အသွေး ၁)
(အရသာ +၂၊ စားကောင်းခြင်း +၂၊ ယန်ဓာတ်တိုးစေခြင်း +၂၊ အမူးပြေစေခြင်း +၂!)
ထင်တဲ့အတိုင်း အာနိသင်ကအတူတူပင်။
"သူဌေး... ကျုပ်အပါးမခိုဘူး!''
ထိုအချိန်တွင် အင်္ကျီအစိမ်းရောင်နှင့်လူပုလေးကငုံ့ပြီး ကြက်သွန်မြိတ်များခူးနေသည်။ ခူးရင်းခူးရင်း တချို့တလေကိုသူ့ပါးစပ်ထဲပစ်ထည့်စားလေသည်!