ဆိုးသွမ်းသော ရှောင်ချီ
Vol. 009 Ch. 894
လျှို့ဝှက်အခန်းအပြင်ဘက်တွင် အားလုံးသည် နှစ်ရက်ကြာမျှ စိုးရိမ်စွာ စောင့်ဆိုင်းနေပြီးမှ နောက်ဆုံးတွင် တံခါးပွင့်လာလေသည်။
နတ်ဆိုးစွမ်းအင်ထွက်ခြင်းမှကာကွယ်ရန် သူတို့သည် လျှို့ဝှက်အခန်း ကို အတားအဆီးပြုလုပ်ကာ အထဲမှအဖြစ်အပျက်များကို လုံးဝပိတ်ထားခဲ့ သည်။ ထို့ကြောင့် ထို၂ရက်အတွင်းမှ အဖြစ်အပျက်များကို မည်သူမှမသိကြ ပေ။
တံခါးပွင့်လာကာ ဟုန်ယွမ်တစ်ယောက်တည်းထွက်လာလေသည်။ အားလုံးသည် နေရခက်သွားကြသည်။
မအောင်မြင်ဘူးလား။
“ဘုန်းတော်ကြီး ဘုရင်ကြီးက…”
“ယူယူရော”
“ပေါင်းစပ်နေတုန်း တစ်ခုခုဖြစ်ခဲ့တယ်၊ ဘုရင်ကြီးရဲ့ ဝိဉာဉ်က ပေါင်းစပ် ပြီးသွားပြီ ဒါပေမဲ့ ခန္ဓာကိုယ်နဲ့ သဟဇတမဖြစ်တာတွေရှိသေးတယ်၊ အခု သူ သတိမေ့နေတယ်” ဟုန်ယွမ်သည် လူအုပ်ကိုကျော်ဖြတ်ကာ ထွက်သွားလေ သည်။
ရှောင်ချီ အရင်ဆုံးပြေးသွားလေသည်။ ဒီလူကြီးကတော့ ယူယူ့ အကြောင်းဘာမှလဲပြောမသွားဘူး။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူမကို ထိခိုက်အောင်လုပ်လိုက်တာလား။
အားလုံးသည် စနိုးစနောင့်ဖြစ်နေကြသည်။ သူတို့ နားလည်သလောက် ဆိုလျှင် အခြေအနေများအကုန်အဆင်ပြေသည်။ ဒီလိုမဖြစ်ရဘူးမလား။
“ယူယူ အဆင်ပြေရဲ့လား” ရှောင်ချီသည် ပြေးသွားကာ ဖန်ကျောက်ဖျာ ပေါ်တွင် လှဲနေသော ဝူလင်းယူအားကြည့်ပြီး ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင် လိုက်သည်။
ရှီမာယူယူ၏ မျက်နှာသည် မျက်ရည်များဖြင့် စိုနေတုန်းပင်။ သူမသည် မျက်ရည်များကိုသုတ်ပြီး တွန့်ဆုတ်စွာပြုံးလိုက်သည် “အဆင်ပြေပါတယ်”
“ဘယ်လိုလုပ်အဆင်ပြေမှာလဲ ယူယူက စာချုပ်ဖျက်ရမှာလေ အဲလိုဆို ရင် ထိခိုက်မှာပဲ” ရှောင်ချီသည် မယုံပေ။
“ငါ စာချုပ်မဖျက်ခဲ့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မဖျက်ခဲ့ဘူးလား ဒါဆို သူ….” ရှောင်ချီသည် ဝူလင်းယူအား အံ့သြစွာ ကြည့်လေသည်။
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “မိုရှားက ငါ့ကိုသတိမေ့အောင်လုပ်ပြီး စာချုပ်ဖျက်လိုက်တာ၊ သူ့ဝိဉာဉ်ပျက်ဆီးသွားပြီး အတိမ်းအစောင်းဖြစ်သွား တယ်”
“မိုရှား သူ…” ရှောင်ချီသည် မှင်တက်သွားသည်။ မိုရှားမှစပြီး စာချုပ်ကို ဖျက်လိမ့်မည်ဟု သူမ မထင်ထားပေ။
ဟွာဒိနှင့် တခြားသူများသည် ဘာကြောင့် အတိမ်းအစောင်းဖြစ်သွား သည်ကို နားလည်သွားလေပြီ။ သူတို့သည် ဖြစ်နိုင်ချေများစွာကို တွက်ချက်ခဲ့ သော်လည်း မိုရှားမှ စပြီး စာချုပ်ကိုဖျက်လိုက်သောကြောင့် သူမ မထိခိုက် သည်ကိုတော့ မထင်ထားခဲ့ပေ။
“အခု ဘုရင်ကြီးရဲ့ အခြေအနေဘယ်လိုလဲ” ဘာကျားဇီသည် မိုရှား၏ လုပ်ဆောင်မှုကြောင့် ရင်ထဲထိသွားကာ အိပ်ရာပေါ်မှလူကို လေးစားသွား သည်။
“ဒါနဲ့ ယူယူ သူ အခု ဘယ်လိုနေလဲ” ရှောင်ချီ မေးလေသည်။
“သူ့အခြေအနေကို ငါ မစစ်ဆေးရသေးဘူး” ရှီမာယူယူ ပြန်ဖြေလေ သည် “အရင်စမ်းကြည့်မယ်”
“ဒါဆို မြန်မြန်စစ်ကြည့်” ဟွာရှုံ ပြောလေသည်။
ရှီမာယူယူ ခေါင်းညိမ့်ကာ သွေးကြောစမ်းကြည့်လေသည်။
“ဘယ်လိုလဲ” ဟွာရှုံ ဘေးမှ လောလေသည်။
“မင်းတို့ ဘုန်းတော်ကြီးပြောသလိုပဲ သူတို့ဝိဉာဉ်က ကောင်းကောင်း ပေါင်းစပ်သွားတယ်၊ ထူးဆန်းတာ ဘာမှမတွေ့ဘူး၊ ဒါပေမဲ့ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်နဲ့က သိပ်ပြီးမကိုက်ညီသေးဘူး အဲဒါကြောင့် သတိမေ့နေတာ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို သူ့ကိုကယ်ဖို့ နည်းလမ်းရှိလား” ဘာကျားဇီ မေးလေသည်။
“စမ်းကြည့်လို့ရတယ် ဒါပေမဲ့ ရလဒ်ကိုတော့ အာမမခံနိုင်ဘူး”
“ဒါဆို ဘယ်လိုလုပ်မှာလဲ”
“တစ်ခုတော့စဉ်းစားထားတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ ငွေအပ်သုံးတဲ့နည်းကို စမ်းကြည့်မယ်… အဲဒါနဲ့ ဆေးနဲ့တွဲကုမယ်”
ရှောင်ချီသည် သူမ၏ ငွေအပ်ကုနည်းကို အရင်ကမြင်ဖူးသည်။ သူမ ပြောစကားကိုကြားလိုက်သောအခါ သူမတွင် ယုံကြည်မှုတစ်ခုရှိသည်ကို သိ လိုက်သည် “ဒါဆို အခုပဲစလိုက်လေ”
ရှီမာယူယူသည် တခြားသူများကိုကြည့်ကာ သတိပေးလိုက်သည် “ခံစားနိုင်တဲ့သူက အပ်ကြောင့်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ် နည်းနည်း လောက် နောက်ဆုတ်ပေး ရှောင်ချီ ငါ့အကူအနေနဲ့ နေခဲ့ပေး”
ဟွာဒိနှင့် ဘာလျန်ချီတို့သည် မသေချာစွာ တစ်ယောက်နှင့်တစ် ယောက် ကြည့်လေသည်။ ဟွာကျင်းသည် ဘေးမှပြောလေသည် “မျိုးနွယ် ခေါင်းဆောင် သခင်လေးယူယူက ဘုရင်ကြီးကို ထိခိုက်အောင်လုပ်မှာမဟုတ် ပါဘူး”
“ဒါဆို အပြင်သွားပြီးစောင့်ရအောင်” ဟွာဒိ ပြောလေသည်။
အားလုံးထွက်သွားသည်နှင့် ဘာကျားဇီသည် လျှို့ဝှက်အခန်း အဝင်ဝတွင် ရုတ်တရက်ရပ်သွားလေသည်။ သူမ လှည့်ကြည့်ပြီး “ယူယူ အဲဒီ ဘုရင်ကြီးက ဘာဖြစ်သွားလဲ၊ လူသားလား နတ်ဆိုးလား”
သူမပြောလိုက်သည်နှင့် လျှို့ဝှက်အခန်းတစ်ခုလုံး ရုတ်တရက် ငြိမ်ကျ သွားသည်။ အားလုံးသည် ယူယူ့ကိုကြည့်လိုက်ကြသည်။
“သူအခု ဘာအရည်အချင်းရှိလဲတော့ ငါလည်းမသိသေးဘူး၊ ဒါပေမဲ့ နတ်ဆိုးဘုရင်ဆိုတဲ့ ခေါင်းစဉ်တော့ ပျောက်သွားမှာမဟုတ်ဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “သူ့မှာ အမှောင်အရည်အချင်းရှိသေးတယ်”
သူမပြောလိုက်သည်ကို နားထောင်ပြီးသောအခါ နတ်ဆိုးမျိုးနွယ်ဝင် များသည် စိတ်အေးကာ ပျော်ကြလေသည်။
“ယူယူ ရှောင်ချီက ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး၊ ဘာလို့နေခိုင်း တာလဲ” ရှောင်ချီ မေးလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ရှောင်ချီ မင်းသူ့ကို ကယ်စေ ချင်တာ”
“ရှောင်ချီကလား ဘယ်လိုကယ်ရမှာလဲ”
“ငါ မင်းရဲ့ သွေးအဆီအနှစ်နဲ့ အသားနည်းနည်းလိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း ဘယ်လောက်လဲ” ရှောင်ချီ မေးလိုက်သည်။
“သွေးအဆီအနှစ် နှစ်စက်နဲ့ အသား ကီလိုဂရမ် တစ်ဝက်လောက်”
ရှောင်ချီသည် သူမ၏ လက်ချောင်းကိုကိုက်ပြီးနောက် သွေးနှစ်စက်ကို ပန်းကန်လုံးထဲထည့်လိုက်လေသည်။ ထို့နောက် သူမသည် အသား ကီလိုဂရမ်တစ်ဝက်ထုတ်ပြီး ရှီမာယူယူထုတ်လာသော ကျောက်စိမ်း ဇလုံထဲ ထည့်လိုက်သည်။
“ကျေးဇူးပဲ ရှောင်ချီ” ရှီမာယူယူသည် ကျေးဇူးတင်ရင်း အပြစ်မကင်း သလိုပြောလိက်သည်။
သူမနှင့် ရှိချိန်တွင် သူမ၏ အသွေးနှင့်အသားကိုတောင်းရန် ယူယူ မစဉ်းစားခဲ့သော်လည်း အခု တစ်စုံတစ်ယောက်ကိုကယ်တင်ရန်လိုအပ်လာ သည်။
“ယူယူနဲ့ ရှောင်ချီနဲ့က တစ်သားတည်းပဲလေ” ရှောင်ချီ ပြောလေသည် “ပြီးတော့ ဒီလောက်နည်းနည်းလေးက ရှောင်ချီ့အတွက် အရေးကြီးတာ လည်းမဟုတ်ဘူး၊ တစ်စက်လောက်ပဲကို”
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“မြန်မြန်သူ့ကိုကယ်လိုက်” ရှောင်ချီ သတိပေးလေသည် “အဲဒါက သူက ယူယူ့အပေါ် ကောင်းပေးလို့ပါ”
“အင်း ငါ ဆေးသွားဖော်လိုက်ဦးမယ်”
ရှီမာယူယူသည် ဆေးဖိုထုတ်လိုက်သည်။ ကမ္ဘာမြေကြီးမျက်လုံး၏ အသွေးနှင့်အသားတို့အပြင် တန်ဖိုးကြီး ဆေးအများအပြားထည့်လိုက်သည်။ အထူးသဖြင့် သူမသည် ဝိဉာဉ်အရည်ကို ပိုပိုသာသာထည့်သည်။
ထိုကဲ့သို့ဆေးမျိုးသာ ပုံမှန်သက်ရောက်မှုရှိသော သာမာန်ဆေးမျိုး မဟုတ်ပေ။ သို့သော် ဆေးဖက်ဝင်ပစ္စည်းများကို စုပ်ယူရန် အထူး ကောက်နုတ်ထားခြင်းဖြစ်သည်။
ဆေးဖော်ပြီးနောက်တွင် သူမသည် ရှောင်ချီကိုထွက်ခိုင်းပြီး ဝူလင်းယူ အပ်စိုက်ရန် ပြင်လေသည်။
ရှောင်ချီသည် သူမအား နှုတ်ခမ်းတွန့်ပြုံးရင်း မျက်စိမှိတ်ပြကာ သွားဖြဲ ပြီးပြေးထွက်သွားလေသည်။
အစကတည်ငြိမ်နေသော ရှီမာယူယူသည် ထိုအရာကြောင့် ရှက်လာ သည်။
တခြားသူတစ်ယောက်၏ ခန္ဓာကိုယ်ကို မြင်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် သူ့ကို အင်္ကျိချွတ်ပေးရမည်ဟု တွေး လိုက်သည်နှင့် နေရခက်လာသည်။
“ဒီကောင်မလေးကတော့ ဝိဉာဉ်စေတီမှာနေတုန်းက ဟိန်းသံလေးရဲ့ မကောင်းတဲ့အတတ်တွေတတ်လာတယ်” သူမ ပြုံးပြီး ငေါက်ငမ်းလိုက် သည်။ သူမသည် ငွေအပ်တစ်ချောင်းထုတ်ကာ အပ်စိုက်ရန်ပြင်လိုက်သည်။
သူမ အသက်ပြင်းပြင်းရှုပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။ တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် သူ့အဝတ်များကို ချွတ်လိုက်သည်။
အဝတ်မပါပဲ အပ်စိုက်ရမည်။ ဒီတစ်ခါတော့ သူ့ကို လူနာတစ်ယောက် အနေနဲ့ သတ်မှတ်ရမည်။
သုံးနာရီကြာသောအခါ နောက်ဆုံးအားဖြင့် အင်္ကျိပြန်ဝတ်ပေးလိုက်ပြီး မြေပေါ်သို့ လှဲလိုက်သည်။
အပြင်တွင်စောင့်နေသော ရှောင်ချီသည် အထဲမှလှုပ်ရှားသံကြားလိုက် သည်နှင့် အရင်ဆုံးပြေးဝင်သွားသည်။ ဘာကျားဇီနှင့် ဟွာရှုံတို့လည်း ပြေးဝင် လာကြသည်။
“ယူယူ မင်း ဘယ်လိုနေလဲ” ဟွာရှုံသည် ရှီမာယူယူ၏ ဖျော့တော့သော မျက်နှာကိုသတိထားမိပြီး မေးလေသည်။
“အဆင်ပြေပါတယ်” ရှောင်ချီ၏ အကူအညီနှင့် ရှီမာယူယူသည် ဖန် ကျောက်ဖျာကိုမှီလိုက်သည် “စိတ်စွမ်းအင်အများကြီးသုံးလိုက်လို့ နည်းနည်း ပင်ပန်းသွားတာပါ”
သူမသည် ဝူလင်းယူအား အပ်စိုက်ပေးရာတွင် အမြင့်ဆုံးနည်းလမ်းကို သုံးခဲ့သည်။ အပ်တစ်ချောင်းချင်းစီသည် သူ၏ သွေးကြောများကို စိုက်ဝင်ရုံ သာမက ဝိဉာဉ်စွမ်းအင်ကိုပါထည့်လိုက်သဖြင့် ဝိဉာဉ်စွမ်းအင်များ လည်ပတ် ပြီးခန္ဓာကိုယ်ဆီသို့ အကောင်းဆုံးသက်ရောက်မှုဖြစ်သွားစေသည်။
ထိုအပ်စိုက်နည်းသည် သာမန်ထက် ၁၀ဆ သက်ရောက်မှုရှိကာ သာမန်ထက် စိတ်စွမ်းအားသုံးရသည်မှာလည်း ပမာဏကြီးမားသည်။ သူမ၏ စိတ်စွမ်းအင်သည် သန်မာသည်။ သာမာန်လူတစ်ယောက်သာဆိုလျှင် တစ်ဝက်တစ်ပျက်နှင့် အကြောသေသွားနိုင်သည်။
သူမသည် အခုလေးတင်ဖော်ထားသော ဆေးကိုထုတ်လိုက်သည် “ရှောင်ချီ သူ့ကိုဒါတိုက်လိုက်”
ရှောင်ချီ ခေါင်းညိမ့်ကာ ဝူလင်းယူကို ဆေးကျွေးလိုက်သည်။
“တစ်ရက်ပြီးလို့မှ ငါမနိုးရင် ငါ့ကိုလာနှိုးပေး၊ မနက်ဖြန်ကို နောက်ထပ် အပ်စိုက်ပေးရမယ်…”
ယူယူ၏ အသံသည် ဖျော့တော့သွားကာ နောက်ဆုံးတွင် အိပ်ပျော်သွား လေသည်။
***