လိုက်ဖက်တဲ့ဘဝ! အနုပညာရှင်!
Vol. 53 Ch. 788
ချင်လင်က မြေကြီးနှင့်ကြက်သွန်မြိတ် ၁၀ ပင်ကျော်ကျော်တူးလိုက်သည်။ ထို့နောက် ပန်းအိုးသုံးလေးအိုးရှာပြီး ကြက်သွန်မြိတ်အားလုံးရွှေ့စိုက်သည်။
ပြီးလျှင် ကြက်သွန်မြိတ်အိုးများကိုဂိမ်းထဲမှထုတ်ပြီး ခြံဝင်းထဲထားလိုက်သည်။ ထို့နောက် လီခိုင်ကိုဖုန်းဆက်လိုက်၏။
ဒီအပင်ရုတ်တရက်ထွက်လာတာ ကျိုးကြောင်းသင့်သောဆင်ခြေရှာရဦးမည်။
ပြီးတော့ အစ်ကိုလီသူ့ဘက်ပါအောင်လှည့်စားရဦးမည်။
အပြင်ဘက်ရောက်လာရင် အစ်ကိုလီကမဖြစ်မနေ တစ်အိုးတောင်းလိမ့်မည်။
ချင်လင်ဆီမှဖုန်းရရချင်း လီခိုင်ကအပြေးရောက်လာပြီး ချင်လင်ကိုမြင်သောအခါ_
"ညီလေးချင်... ဘာဖြစ်လို့လဲ? ဘာလို့အရေးတကြီးလှမ်းခေါ်တာလဲ?''
ချင်လင်က စရွှီးသည်_
"အစ်ကိုလီ... ကျွန်တော်အထူးမြေကြီးသုံးပြီး ကြက်သွန်မြိတ်လုပ်ထားတာ... အရောင်ကမတူလို့... ကြည့်ပေးပါဦး''
"ဘယ်မှာလဲ ကြက်သွန်မြိတ်?''
လီခိုင်ကတန်းမေးသည်။
အထူးမြေကြီးကြောင့် ကြက်သွန်မြိတ်မျိုးပြောင်းသွားတာဖြစ်မည်။
ချင်းလင်ဓာတ်ခွဲခန်းတွင်လည်း သာမန်ဟင်းသီးဟင်းရွက်နှစ်မျိုး မျိုးစိတ်ပြောင်းသွားသည်။
ထို့ကြောင့် အထူးမြေကြီးတွင်မျိုးစိတ်ပြောင်းသည်ဆိုလျှင် လုံးဝမအံ့ဩမိ။ နောက်ပြီး မျိုးပြောင်းမျိုးစိတ်အသစ်များရှိ၍ ထိုမျိုးစိတ်များကိုဓာတ်ခွဲခန်းကစတင်လေ့လာနေသည်။
"အစ်ကိုလီ... ကျွန်တော့်နောက်လိုက်ခဲ့''
ချင်လင်ကလီခိုင်အား အတွင်းပိုင်းခြံဝင်းထဲခေါ်သွားသည်။
လီခိုင်ကလိုက်လာသည်။
ထိပ်တန်းသရုပ်ဆောင်သူနှင့်ထိပ်တန်းစိတ်ကူးယဉ်သမား သူတို့နှစ်ဦးမှာ လိုက်ဖက်ညီနေလေသည်။
အတွင်းပိုင်းခြံဝင်းရောက်သောအခါ လီခိုင်လည်းကြက်သွန်မြိတ်များမြင်သည်။ တစ်ချက်ကြည့်ရုံနှင့် ကြက်သွန်မြိတ်အရောင်ကမတူမှန်းသိသည်။ အထူးမြေကြီးရှိမှန်းသာသိမထားရင် 'သတ္တုဆိပ်သင့်နေတဲ့ကြက်သွန်မြိတ်တွေ'ဟုတွေးမိလိမ့်မည်။

အထူးမြေကြီးကြောင့် လီခိုင်ကမျိုးစိတ်ပြောင်းမှန်းသေချာသိသည်။ နောက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ထဲတွင် သန့်စင်မြက်များရှိ၍ သတ္တုဆိပ်သင့်ရန်မဖြစ်နိုင်။
"ညီလေးချင်... ငါစမ်းသပ်ဖို့ကြက်သွန်မြိတ်တစ်အိုးယူမယ်''
လီခိုင်ကကြက်သွန်မြိတ်တစ်အိုးမပြီး အပန်းဖြေစံအိမ်မှပြန်ထွက်လာသည်။
ဓာတ်ခွဲခန်းပြန်ရောက်သောအခါ အရင်ဆုံးဓာတ်ခွဲခန်းလက်ထောက်များခေါ်ပြီး ကြက်သွန်မြိတ်အိုးကိုစမ်းသပ်ခိုင်းသည်။
ဓာတ်ခွဲခန်းတွင်လူထပ်ခေါ်ထား၍ သုတေသနသမားအများကြီးရှိသည်။
ဒီလိုကရိကထများသောအလုပ်မျိုးကို သူကိုယ်တိုင်လုပ်စရာမလို။ ဓာတ်ခွဲခန်းလက်ထောက်များနှင့်ပစ်ထားရုံပင်။
နောက်တစ်နေ့တွင် လီခိုင်က စမ်းသပ်ချက်ရသည်။
ဓာတ်ခွဲခန်းလက်ထောက်တစ်ဦးက တအံ့တဩပြောသည်_
"ပါမောက္ခလီခိုင်... နောက်ထပ်အံ့ဩစရာမျိုးစိတ်ရပြန်ပြီ... ဒီကြက်သွန်မြိတ်က ထူးခြားတယ်... ဓာတ်ခွဲစမ်းသပ်ကြည့်တာ ယန်ဓာတ်အားကောင်းတဲ့ပစ္စည်းတွေပါတယ်''
"ပြီးတော့ အရက်နာကျသက်သာစေတဲ့အထူးဓာတ်လည်းပါတယ်... ကျွန်တော်တို့စမ်းသပ်ကြည့်တာ သွေးထဲကအယ်လ်ကိုဟောဓာတ်ကိုတောင်ဖျက်ဆီးနိုင်တယ်... ပုံမှန်အသည်းရဲ့လုပ်ဆောင်ချက်ကိုမထိခိုက်ဘူး... ဒါကိုစိုက်ပျိုးပြီးကြော်ငြာလိုက်ရင် အရက်ဆိုင်ပိုင်ရှင်တွေဖြီးနေတော့မှာ''
ထိုဓာတ်ခွဲခန်းလက်ထောက်များ၏အမြင်တွင် ပါမောက္ခလီခိုင်၏သုတေသနဟုထင်နေသည်။
ပါမောက္ခလီခိုင်က တခြားအပင်တွေကိုသီးသန့်ပျိုးထောင်ရင်လည်း မထူးဆန်းဘူးမလား?
လီခိုင်က မငြင်း။ အထူးမြေကြီးကြောင့်မှန်း သူသိသည်။ အထူးမြေကြီးမှာလျှို့ဝှက်ချက်ဖြစ်နေ၍ ဓာတ်ခွဲခန်းလက်ထောက်တွေ ထင်ချင်သလိုသာထင်စေတော့။
သို့ရာတွင် အချက်အလက်ကြည့်ပြီး သူလုံးဝအံ့ဩသွားသည်။
ကြက်သွန်မြိတ်အာနိသင်က တကယ်ထူးသည်ဟုသာဆိုရမည်။
မျိုးပြောင်းကြက်သွန်မြိတ်ရဲ့အာနိသင်ကို အစ်ကိုလီသိရင်အံ့ဩနေမှာမလား?
သူက အစ်ကိုလီအံ့ဩသွားမည့်ပုံကိုစောင့်နေသည်။
လီခိုင်ကချက်ချင်းပင် စမ်းသပ်ချက်ကိုချင်းလင်အပန်းဖြေစံအိမ်ယူသွားပြီး ချင်လင်ကိုပေးသည်။ သူက တမင်သက်သက်ပဟေဠိဆန်သောအသံနှင့်_
"ညီလေးချင်... ဒီကြက်သွန်မြိတ်ရဲ့အာနိသင်ကဘယ်လိုဖြစ်မလဲ မှန်းကြည့်စမ်း?''
ချင်လင်ကအာနိသင်ကိုသိသော်လည်း သူ့သရုပ်ဆောင်စွမ်းရည်ကိုထုတ်သုံးရပြန်သည်။ သူကသိချင်ဟန်ဆောင်ပြီး_
"အစ်ကိုလီ... သိချင်အောင်လုပ်မနေပါနဲ့တော့... စမ်းသပ်ချက်ကိုကျွန်တော်မှမဖတ်တတ်တာ... သူ့အာနိသင်ကိုဘယ်လိုလုပ်သိမလဲ?''
လီခိုင်ကရယ်လိုက်သည်_
"ညီလေးချင်... ဒီကြက်သွန်မြိတ်က ယန်ဓာတ်အားကောင်းတယ်လို့ မင်းလုံးဝတွေးမိမှာမဟုတ်ဘူး... ပြီးတော့ အရက်နာကျတာလည်းကောင်းတယ်... အရမ်းထိရောက်တယ်... သောက်တတ်တဲ့သူတွေအတွက် လုံးဝပစ္စည်းကောင်းပဲ''
"အရက်နာကျတာ?''
ချင်လင်ကအံ့ဩဟန်ဆောင်လိုက်သည်။ တချို့အရာများကိုရေရှည်လုပ်လာသောအခါ ကျွမ်းကျင်ပြီး သူ့သရုပ်ဆောင်စွမ်းရည်တက်လာသည်။
"အင်း... မမှားနိုင်ဘူး''
ချင်လင်အံ့ဩနေပုံကိုကြည့်ပြီး လီခိုင်ကအောင်မြင်သလိုခံစားရသည်။
ချင်လင်က လီခိုင်ကိုကြည့်ရင်း သူဘာတွေးနေလဲသိသည်။ သူလည်းအောင်မြင်မှုကိုခံစားရသည်။
အစ်ကိုလီကလှည့်စားရလွယ်လိုက်တာ။
ထို့နောက် လီခိုင်ကစကားလမ်းကြောင်းပြီး_
"ညီလေးချင်... မင်းမှာချင်းလင်ဆေးဖက်ဝင်ဝိုင်တွေအများကြီးရှိတာပဲ... ငါတို့ဒီကြက်သွန်မြိတ်ရဲ့အာနိသင်ကိုစမ်းကြည့်ရင်ရော?''
သူ့စကားကို ချင်လင်တန်းသဘောပေါက်သည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်တောင်းချင်တာများ၊ ကြက်သွန်မြိတ်အာနိသင်စမ်းမယ့်အကြောင်းတွေလာပြောနေ?
"ဟုတ်ပြီ... ကျွန်တော်ဝိုင်သွားယူဦးမယ်''
နောက်ဆုံး ချင်လင်ကအရူးလုပ်ခံပြီး ဝိုင်သိုလှောင်ခန်းထဲဝိုင်သွားယူသည်။
လီခိုင်ကသူ့အကြံအောင်မြင်သွား၍ ပြုံးဖြီးနေ၏။
ခဏအကြာ ချင်လင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းနှင့်ထွက်လာသည်။ သူကဖွင့်ပြီး လီခိုင်ကိုပေးလိုက်သည်။
လီခိုင်က တာဝန်ယူစိတ်ရှိသောသုတေသနသမားပင်။ သူကဆေးဖက်ဝင်ဝိုင်ကိုအတည်သောက်လိုက်သည်။ ထို့နောက် အရက်နာကျသက်သာသောကြက်သွန်မြိတ်ကို ဆရာလင်းအားလှော်ခိုင်း၏။ နောက်ဆုံး တကယ်စမ်းကြည့်သည်။
ဝိုင်အာနိသင်အရမ်းကောင်း၍ သူကထပ်တလဲလဲချီးကျူးသည်။
နောက်ဆုံးတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းကို အသာလေးယူထားလိုက်လေသည်။
ထိုမြင်ကွင်းကို ချင်လင်ကဘာမှမပြောဘဲကြည့်နေသည်။