← Chapters

လိုက်ဖက်တဲ့ဘဝ! အနုပညာရှင်! ၂

Vol. 53 Ch. 789

လိုက်ဖက်တဲ့ဘဝ! အနုပညာရှင်! ၂

Vol. 53 Ch. 789

အစ်ကိုလီကသူ့အကြံအောင်ပြီဟုထင်နေသည်။ သို့သော် အားလုံးကသူ့ထိန်းချုပ်မှုအောက်မှာ အစီအစဉ်အတိုင်းဖြစ်နေသည်ကို သူမသိချေ။

လီခိုင်ထွက်သွားပြီးနောက် ချင်လင်ကတန့်ကွမ်းဆီဖုန်းဆက်သည်။

အရက်သင်္ချိုင်းကြက်သွန်မြိတ်ထွက်လာမှတော့ သူကြော်ငြာရမည်။ ချင်းလင်အစားအသောက်ကုမ္ပဏီထဲထည့်ရန်စီစဉ်ထားသည်။ သူတို့ပျိုးထောင်ထားသောအပင်ကို အပြင်လောကထဲလက်လွှဲပေးမည်မဟုတ်။

ကြက်သွန်မြိတ်များမှာ ရွှေ့စိုက်ရလွယ်ကူပြီး ရှင်လွယ်သောကြောင့်ပင်။ ပုံမှန်အားဖြင့် တစ်သုတ်စိုက်ပြီးလျှင် သုံးနှစ်အတွင်းထပ်စိုက်စရာမလို။ နောက်ပြီး မျိုးစေ့စိုက်သည့်အပြင် ကြက်သွန်​မြိတ်ကိုဖြတ်ပြီးလည်းရွှေ့စိုက်နိုင်သည်။

သူတို့လက်လွှဲပြီးစိုက်ခွင့်ပေးရင် ထိန်းချုပ်မထားနိုင်တော့။ မကြာခင် အရက်သင်္ချိုင်းကြက်သွန်မြိတ်က တစ်နိုင်ငံလုံးမှာထွက်လာလိမ့်မည်။

ထို့ကြောင့် အရက်သင်္ချိုင်းကြက်သွန်မြိတ်ကိုထိန်းချုပ်ထားရမည်။ မရောင်းခင် ထုတ်ကုန်ကိုပြုပြင်ရမည်။

ဥပမာ ကြက်သွန်မြိတ်ကိုအခြောက်ခံပြီး အထုပ်ထုပ်ရောင်းရမည်။

အဓိကက ကြက်သွန်မြိတ်ခြောက်၏အရက်နာကျစေသောအာနိသင်ကို သက်ရောက်မှုမရှိစေရ။ ဒါတွေအားလုံးကို စမ်းသပ်ပြီးမှသိရမည်။

တန့်ကွမ်းရောက်လာလျှင် ချင်လင်က နောက်ထပ်ဆေးဖက်ဝင်ဝိုင်တစ်လုံးနှင့် ကြက်သွန်မြိတ်စမ်းသပ်ချက်ကိုပေးကာ_

"ယန်ဓာတ်အားကောင်းပြီး အရက်မူးပြေစေတဲ့ကြက်သွန်မြိတ်အသစ်ထွက်လာပြီ... စမ်းကြည့်ပါဦး''

ကြက်သွန်မြိတ်က အရက်နာကျသက်သာတယ်လို့ကြားဖူးတာ ဒါပထမဆုံးဆိုပေမဲ့ ပါမောက္ခလီခိုင်ရှိနေမှတော့ ထုတ်ကုန်အသစ်ဖြစ်ရမည်။

ဥက္ကဌချင်ကစမ်းခိုင်းမှတော့ စမ်းရမှာပေါ့။

ဘာပဲဖြစ်​ဖြစ် သူဌေးကပေးတဲ့ဝိုင်။

သူဌေးရဲ့ဝိုင်က အမြဲမရတတ်။

တန့်ကွမ်းလည်း အတော်ထိန်းချုပ်ထားသည်။ ဝိုင်သောက်ရင်း နည်းနည်းပြင်းလာသောအခါ_

"ဥက္ကဌချင်... ကြက်သွန်မြိတ်ရော?''



ချင်လင်ကပြုံးပြီး ကြက်သွန်မြိတ်အစိမ်းလက်တစ်ဆုပ်ထုတ်ကာ တန့်ကွမ်းအားပေးလိုက်သည်။

“???”

ကြက်သွန်မြိတ်အစိမ်းမြင်ပြီး တန့်ကွမ်းနည်းနည်းကြောင်သွားသည်။

အစိမ်းစားရမှာလား?

သူကသိုးနှစ်ဖွားမဟုတ်ဘူးလေ။

"ဒီကြက်သွန်မြိတ်ကအစိမ်းစားလို့ရတယ်... အရသာအရမ်းကောင်းတာ''

ချင်လင်လည်း ရှင်းပြလိုက်သည်။

သူ့သူဌေးစကားကြောင့် တန့်ကွမ်းကအင်တင်တင်နှင့်ကြက်သွန်မြိတ်ယူပြီး ပါးစပ်ထဲတစ်ပင်ထည့်လိုက်သည်။

အစိမ်းစားပြီးနောက် သူ့မျက်လုံးများအရောင်တောက်သွား၏။

ဥက္ကဌချင်ပြောသလိုပဲ။ တရုတ်ကြက်သွန်မြိတ်က အစိမ်းစားရတာအရသာရှိလိုက်တာ။ လုံးဝစားကောင်းသောက်ဖွယ်ပဲ။

ထိုအရသာကြောင့် နောက်တစ်ပင်ဆွဲပြီး ပါးစပ်ထဲထည့်လိုက်ပြန်သည်။ နောက် တတိယ၊ စတုတ္ထ...

အရသာနှင့်အတွေ့အထိက ကောင်းလွန်းသည်။

ကြက်သွန်မြိတ်စားပြီးခဏအကြာ စောစောကမူးတူးတူးဖြစ်နေသောခံစားချက်က ထူးထူးဆန်းဆန်းပျောက်သွားလေသည်။ တစ်ခဏအတွင်း အရက်မသောက်ထားသလိုဖြစ်သွားသည်။

အရက်နာကျသက်သာတဲ့အာနိသင်က အံ့ဩစရာကောင်းလိုက်တာ!

"ဥက္ကဌချင်... ကျွန်တော်တို့အစားအသောက်ကုမ္ပဏီကို ကြက်သွန်မြိတ်ပေးမလို့လား?''

တန့်ကွမ်းက အလောတကြီးမေးသည်။

ချင်လင်ကခေါင်းညိမ့်ပြီး_

"ကြက်သွန်ခင်းလုပ်ဖို့ပြင်ဆင်ထားပါ... အချိန်ကျရင် မျိုးစေ့ပေးမယ်... ကြက်သွန်မြိတ်အခြောက်လုပ်ဖို့ထုတ်လုပ်ရေးလိုင်းပါ တစ်ခါတည်းပြင်ဆင်ထားပေးပါ''



"ကြက်သွန်မြိတ်က အသက်ပြင်းတယ်... ရွှေ့စိုက်ရလွယ်တယ်... အပြီးသတ်ထုတ်ကုန်ရောင်းမယ့်နည်းကိုပဲရွေးရမှာ... ကြက်သွန်မြိတ်ခြောက်လုပ်ပြီး အရက်နာကျသက်သာတဲ့အာနိသင်မပျောက်သရွေ့ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လို့ရတယ်''

"နားလည်ပါပြီ''

တန့်ကွမ်းခေါင်းညိမ့်လိုက်သည်။

ကြက်သွန်မြိတ်များက ပေါင်းပင်များလိုပင်။ အရင်းအမြစ်ထိန်းချုပ်ရခက်သည်။ တချို့တလေညှပ်ပစ်ရင်တောင် အသက်ရှင်နိုင်သေးသည်။

ထို့နောက် တန့်ကွမ်းကချင်းလင်အစားအသောက်ကုမ္ပဏီပြန်ပြီး လိုအပ်သည်များစီစဉ်သည်။

ချင်လင်က သူ့ရုံးခန်းကွန်ပျူတာရှေ့ထိုင်ပြီး လိုင်းပေါ်တက်ကာ ဆော့စျေးကွက်ကိုဆန်းစစ်လိုက်သည်။

ချင်းလင်ဆော့၊ဟန်နှင့်ဟင်နရီစစ်ပွဲအပြီးတွင် ဆော့စျေးကွက်က ပုံမှန်ပြန်ဖြစ်သွားသည်။

ချင်းလင်ဆော့က ၁၅ ယွမ်။ ဟန်နှင့်ဟင်နရီ၏ထုတ်ကုန်အသစ်ကလည်း ၁၅ ယွမ်။

သို့သော် ဟန်နှင့်ဟင်နရီ၏ရောင်းအားက ချင်းလင်ဆော့လောက်မကောင်းချေ။ လူများက အနိုင်ရသူကိုသာသဘောကျလေ့ရှိသည်။ အရှုံးသမားများအတွက်သီးသန့်​ထုတ်ထားသော တချို့ဘရန်းများနှင့်မတူ။

နောက်ပြီး ဒီတစ်ခေါက်ဟန်နှင့်ဟင်နရီလုပ်ရပ်ကလည်း စက်ဆုပ်စရာကောင်းသည်။ သူတို့ကစစျေးပြိုင်ပြီး အနိုင်မရမှအရင်တိုင်သည်။ အရင်းရှင်များ၏ဘီလူးခေါင်းကိုပြနေခြင်းပင်။

ဒီလိုသဘောထားမျိုးကို လူတွေကရွံမုန်းတတ်ကြသည်။

ထို့အပြင် အင်တာနက်ပေါ်မှချင်းလင်ဆော့ချစ်သူများကလည်း ချင်းလင်ဆော့ထုတ်ကုန်အသစ်ကိုမျှော်လင့်နေကြသည်။ ၂၀၀ ဂရမ်ပုလင်းကို ယွမ် ၃၀ ဆိုရင်တောင် ဘယ်သူမှဂရုမစိုက်ချေ။

သို့ရာတွင် ချင်းလင်ဆော့အသစ်ထုတ်လုပ်ရေးကအကန့်အသတ်ရှိသည်။ ကုန်ကြမ်းကိုချင်လုံစိုက်ခင်းကသာရသောကြောင့် ကျယ်ကျယ်ပြန့်ပြန့်မထုတ်နိုင်သေး။

အခြေအနေကိုအကြမ်းဖျင်းနားလည်ပြီးနောက် ချင်လင်လည်း ချင်းလင်စံအိမ်ဝဘ်ဆိုဒ်ထဲဝင်ပြီး အပန်းဖြေစံအိမ်တွင်အားဖြည့်ရန်လျှောက်ထားသောစာများကိုဆန်းစစ်သည်။

လက်ရှိ အပန်းဖြေစံအိမ်တွင် လူ ၆ ဦးရှိသည်။ လင်းလျိုတို့မိန်းကလေးသုံးဦးက ကလေးမွေးထား၍ လောင်ချန်တို့ကနေရာယူပေးထားရသည်။ နောက်သုံးဦးက တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်လင်းနှင့် တော်ဝင်ပညာရှင်ဟောင်။

ဒီ ၆ ယောက်တင် အစကသူဖွင့်ထားသော ၅ နေရာစာထက်ကျော်နေပြီ။

ထို့ကြောင့် အချိန်နှင့်အမျှဝဘ်ဆိုဒ်ထဲဝင်ပြီး စစ်ဆေးရသည်။ အရည်အချင်းရှိပြီး အဆင်ပြေသူတွေ့လျှင် အားဖြည့်ခွင့်ပေးဖို့ဝန်မလေး။ နောက်သုံးလေးနေရာထားလည်း ကိစ္စမရှိပေ။

တိုတိုပြောရရင် သူ့စိတ်အခြေအနေအပေါ်မူတည်သည်။

လျှောက်လွှာအချက်အလက်များကြည့်လိုက်ရာ အများစုက အပန်းဖြေစံအိမ်ဝင်ရန်မပြည့်မီသော်လည်း ပြည့်မီသူနှစ်ယောက်တော့ရှိသည်။ သို့သော် ထိုသူဌေးနှစ်ဦးမှာ အင်တာနက်ပေါ်တွင်ဂုဏ်သတင်းကောင်းမရှိသောကြောင့် ကျော်ပစ်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုဝင်ခွင့်ပေးချင်စိတ်မရှိ။ သူအရမ်းဆန္ဒရှိမှသာ။ မည်သို့ဆိုစေ အပန်းဖြေစံအိမ်ကိုဝင်ငွေရှာရန်ဖွင့်ခဲ့ခြင်းမဟုတ်ပေ။ အပန်းဖြေစံအိမ်တည်ရှိခြင်းက စတိုင်နှင့်အဆင့်အတန်းမြင့်ဖို့သာဖြစ်သည်။

သို့ရာတွင် ခဏအကြာ အလွန်စိတ်ဝင်စားစရာကောင်းသောလျှောက်လွှာတစ်စောင်ကိုတွေ့လိုက်ရသည်။ ဝူခိုင်ဆိုသောအနုပညာရှင်လူကြီးတစ်ဦးထံမှဖြစ်သည်။

နောက်ပြီး ဒီဝူခိုင်ကသာမန်မဟုတ်။ အင်တာနက်ပေါ်ရှာကြည့်ပြီး သူလန့်သွားသည်။

အင်တာနက်ပေါ်တွင်နာမည်အကြီးဆုံးအနုပညာရှင်က လန်ကျွင်းဖြစ်မည်။

လန်ကျွင်းမှာ ဘဝသရုပ်ဖော်ပန်းချီဆရာများတွင်ထိပ်တန်းဖြစ်ပြီး ပြည်တွင်းပန်းချီဆရာများထဲတွင်ထိပ်ခေါင်အဖြစ်လည်းသတ်မှတ်နိုင်သည်။ သူ့ပန်းချီကားတစ်ချပ်ကို ယွမ်သန်း ၂၇၀ နှင့်လေလံတင်ခဲ့သည်။

လန်ကျွင်း၏ဂုဏ်သတင်းက အင်တာနက်ပေါ်တွင်အသားပေးဖော်ပြခြင်းကြောင့်လည်းပါသည်ဟု အတော်များများကသိထားကြသည်။

သို့သော် တရုတ်ပန်းချီလောကတွင် ထိပ်ခေါင်ကလန်ကျွင်းမဟုတ်။ ဒီလူကြီးဝူခိုင်ကသာ ပန်းချီလောကထိပ်ခေါင်ဖြစ်သည်။ သူ့ပန်းချီကားတစ်ချပ်မှာ အများဆုံးယွမ်သန်း ၃၅၀ နှင့်ရောင်းထွက်ခဲ့သည်။

ဒီလူကြီးက သိုသိုသိပ်သိပ်နေတတ်ခြင်းသာ။ အင်တာဗျူးလက်မခံသလို ထင်ထင်ပေါ်ပေါ်လည်းမနေသောကြောင့် နာမည်ကြီးပန်းချီကားစုဆောင်းတတ်သူလူချမ်းသာများသာ ဒီအကြောင်းသိကြသည်။ အပြင်သာမန်လူများမှာ လိုင်းပေါ်တက်ပြီးရှာဖွေမကြည့်လျှင် သိမည်မဟုတ်ပေ။

နောက်ပြီး အင်တာနက်ပေါ်တွင် လန်ကျွင်းနှင့်စာလျှင် ဝူခိုင်သတင်းကအတော်နည်းသည်။

ချင်လင်က လူကြီး၏လျှောက်လွှာကိုဖတ်ပြီး တန်းလက်ခံလိုက်သည်။ သူ့ကိုချင်းလင်စံအိမ်လာပြီး စာရင်းသွင်းစေသည်။

လူကြီး၏အချက်အလက်များကြည့်ပြီးနောက် ဗန်ဂိုး၏'ပင်လယ်ထဲမှနေကြာ'နှင့် ပီကာဆို၏'ရွှေဗုံနှင့်အမျိုးသမီး'ကိုသတိရသွားသည်။

လူကြီးဝူခိုင်ရဲ့ပန်းချီပညာနဲ့ဆို ဒီပန်းချီကားနှစ်ချပ်ကိုအကဲဖြတ်ပေးနိုင်မှာမလား?

ဒီပန်းချီကားနှစ်ချပ်သာ လက်တွေ့ဘဝမှာအစစ်ဆိုရင် တန်ဖိုးဖြတ်နိုင်မည်မဟုတ်ပေ။



All Chapters