ဝက်တစ်ကောင် ယွမ်နှစ်သိန်း! စက်မှုစွမ်းအားပြည့်စီးပွား!
Vol. 53 Ch. 790
ချင်လင်က ဆရာဝူခိုင်၏လျှောက်လွှာကိုအတည်ပြုပြီးနောက် ကွန်ပျူတာတစ်လုံးရှေ့တွင် ဝတ်ကောင်းစားလှနှင့်ထိုင်နေသောမိန်းကလေးတစ်ဦးက သတင်းရသွားသည်။ သူမကပျော်ပြီး မတ်တပ်ထရပ်လိုက်၏။
သူမအာမခံအဖြစ်စုထားသောယွမ် ၃ သန်းကိုသုံးပြီး ချင်းလင်အပန်းဖြေစံအိမ်ဝဘ်ဆိုဒ်တွင် သူ့အဘိုး၏အချက်အလက်များဖြည့်ပေးခဲ့သည်။ ဝင်ခွင့်ရမည်ဟု ဝူချန်လည်းမထင်မိ။
သူမလုံးဝအံ့ဩသွားသည်။
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကို သူမအလည်သွားဖူးသည်။
ရှုခင်းက သူမတို့သူငယ်ချင်းအုပ်စုပြန်ဖို့မေ့လောက်အောင်ပင်။ အထူးသဖြင့် ချင်းလင်မွေးမြူရေးခြံထဲတွင် ရွက်ဖျင်တဲနှင့်နေသောအချိန်များက လုံးဝသက်သောင့်သက်သာရှိသည်။
ရှောင်ချင်နဲ့မြင်းမစီးခဲ့ရတာ နှမြောစရာ။
အဲဒီတုန်းက ရှောင်ချင်မြင်းဖြူစီးပြီးပေါ်လာတာတွေ့ခဲ့ရသည်။ ရှောင်ချင်မြင်းဖြူစီးသောမြင်ကွင်းက သူမတို့သူငယ်ချင်းတသိုက်ကိုပျော်မြူးစေခဲ့သည်။
အနည်းဆုံးတော့ အဲဒီအချိန်တုန်းက ရှောင်ချင်ကိုအခန့်ဆုံး၊အချောဆုံးအင်တာနက်ဆယ်လီဟုခံစားလိုက်ရသည်။
နောင်တအရဆုံးက ဒဏ္ဍာရီဆန်သောအကြီးအကဲစားပွဲကိုမစားခဲ့ရသလို ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုလည်း မသောက်ခဲ့ရချေ။
နောက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ထဲ လုံးဝမဝင်ဖူး။
ချင်းလင်အပန်းဖြေစံအိမ်က ရှုခင်းနှင့်ပတ်ဝန်းကျင်ကောင်းသည့်အပြင် ဒဏ္ဍာရီဆန်ဆန်ဂဏန်းတစ်လုံးတည်းနှင့်လေအရည်အသွေးလည်းရှိသည်။ ချင်းလင်အပန်းဖြေစံအိမ်မှာအားဖြည့်ရရင် အကြီးအကဲစားပွဲလည်းစားနိုင်၊ ချင်းလင်ဆေးဖက်ဝင်လည်းသောက်နိုင်သည့်အပြင် အပြင်မှာမရနိုင်သောဆေးဖက်ဝင်အစားအစာများပါစားနိုင်သည်။
ဒါတွေက အားလုံးအတွက်ဒဏ္ဍာရီသာ။
ချင်းလင်အပန်းဖြေစံအိမ်၏စံကမြင့်လွန်း၍ လူတိုင်းမဝင်နိုင်။
သူမကိုယ်ပိုင်အချက်အလက်နှင့်လျှောက်လွှာတင်တုန်းက ပယ်ချခံခဲ့ရသည်။ အဖွဲ့အစည်းကြီးတစ်ခု၏ဥက္ကဌဖြစ်သောသူမသူငယ်ချင်းအဖေတောင် ချင်းလင်အပန်းဖြေစံအိမ်တွင်အားဖြည့်ရန်လျှောက်ခဲ့ဖူးသည်။
သူမအဘိုးအချက်အလက်နှင့်လျှောက်မှ ဝင်ခွင့်ရမည်ဟု ဝူချန်မထင်မိပေ။
အဘိုးက ချင်းလင်အပန်းဖြေစံအိမ်သွားခွင့်ရရင် သူမလည်းလိုက်ဝင်နိုင်သည်။
သူမကချက်ချင်း အပေါ်ထပ်တက်ပြီး စတူဒီယိုအခန်းကျယ်ကြီးထဲပြေးဝင်သွားသည်။
စတူဒီယိုက နည်းနည်းပွနေသည်။ တဝက်တပျက်ပန်းချီကားများ ကြမ်းပေါ်ပွကျဲနေ၏။ ထိုတဝက်တပျက်ပန်းချီကားများမှာ ဝါးပင်၊ သစ်ပင်ပန်းမန်၊ သို့မဟုတ် မိုးမခပင်ပုံများဖြစ်သည်။
အားလုံးက ပန်းမန်ရှုခင်းပုံများသာ။
သို့ရာတွင် ဆွဲသူကလုံးဝကျေနပ်ပုံမပေါ်။ ပုံများပေါ်တွင်ကြက်ခြေခတ်ပြီး ကြမ်းပေါ်ပစ်ချထားသည်။
စတူဒီယိုပြတင်းပေါက်နားတွင် လူကြီးတစ်ယောက်က ခြံဝင်းထဲမှဝါးပင်တန်းကိုကြည့်ပြီး ဘုတ်ပြားနှင့်ပန်းချီဆွဲနေသည်။
ထိုသူက ပန်းချီဆရာကြီးဝူခိုင်ပင်။
ဆွဲရင်းတန်းလန်း ပန်းချီကားပေါ်ကြက်ခြေခတ်ပြီး ကြမ်းပေါ်ပစ်ချလိုက်ပြန်သည်။
"အာ!''
ဝူခိုင်က စိတ်ပျက်ပျက်နှင့်သက်ပြင်းချလိုက်သည်။
အရွယ်ရလာပြီးခွန်အားမရှိသောကြောင့် သူ့အနုပညာအယူအဆကိုဖော်ပြရန် ပိုပြီးခက်ခဲလာသည်။ လွန်ခဲ့သော ၂ နှစ်အတွင်း ပန်းချီကားတစ်ချပ်မှအပြီးမသတ်နိုင်ခဲ့။
ဘယ်လိုအပင်မျိုးဆွဲဆွဲ အပင်၏အနှစ်သာရကိုအမိအရဖော်ပြဖို့ခက်သည်။ အနုပညာအယူအဆဆိုမပြောနှင့်တော့။
ထို့ကြောင့် သူဦးနှောက်ခြောက်နေသည်။
"အဘိုး!''
ဝူချန်ကဝင်လာပြီး ချစ်စရာအမူအရာနှင့်နှုတ်ဆက်သည်။
ဝူခိုင်က သူ့မြေးမကိုကြည့်ပြီးမေးလိုက်သည်_
"ရှောင်ချန်... မုန့်ဖိုးကုန်ပြန်ပြီလား? ပြီးမှ မင်းကိုတစ်သန်းလွှဲပေးမယ်''
ဝူချန်ကချက်ချင်းပင်_
"အဘိုး... မုန့်ဖိုးတောင်းမလို့မဟုတ်ပါဘူး... အဘိုးအတွက်လေ ချင်းလင်အပန်းဖြေစံအိမ်မှာနေရာယူပေးထားတယ်... အခုသွားလို့ရပြီ''
"ချင်းလင်အပန်းဖြေစံအိမ်? အဲဒါဘယ်နေရာလဲ?''
ချင်းလင်အပန်းဖြေစံအိမ်ဆိုသောနာမည်ကြားပြီး ဝူခိုင်ဇဝေဇဝါဖြစ်သွားသည်။
ချင်းလင်အပန်းဖြေစံအိမ်မှာ နာမည်အရမ်းကြီး၍ လူတိုင်းနီးပါးသိသော်လည်း မသိသူများရှိသေးသည်။ ဥပမာ ဒီလူကြီးဝူခိုင်ပင်။
လူကြီးက ပန်းချီထဲစိတ်နှစ်ထား၍ အင်တာနက်ပေါ်ဘာဖြစ်နေလဲ သိပ်အာရုံမစိုက်မိ။ နောက်ပြီး လွန်ခဲ့သော ၂ နှစ်အတွင်း စိတ်အခြေအနေမကောင်းသောကြောင့် စတူဒီယိုထဲတံခါးပိတ်နေခဲ့သည်။ သူဘာမှသတိမထားမိချေ။
အထူးသဖြင့် သူ့အခြေအနေပိုဆိုးလေလေ သူ့ခန္ဓာကိုယ်အပေါ်သက်ရောက်မှုရှိလေလေပင်။ ဒီလိုသံသရာလည်နေသောကြောင့် ၂ နှစ်အတွင်း ပန်းချီကားတစ်ချပ်မှမပြီးခဲ့ခြင်းဖြစ်သည်။
"အဘိုး''
ဝူချန်ကချက်ချင်းရှင်းပြသည်_
"ချင်းလင်အပန်းဖြေစံအိမ်က ကျန်းမာရေးစင်တာပဲ... သာမန်လူတွေဝင်မရဘူး... ပတ်ဝန်းကျင်က အရမ်းကောင်းတာ''
"ငါမသွားဘူး''
ဝူခိုင်က ခေါင်းခါလိုက်သည်။
ပန်းချီမဆွဲနိုင်ပါဘူးဆို၊ အပန်းဖြေလည်းသွားချင်စိတ်မရှိ။
"အဘိုး... ဒီလောက်မြန်မြန်မငြင်းလိုက်နဲ့ဦး... အရင်ဆုံး ပတ်ဝန်းကျင်ကိုကြည့်ဦး''
ဝူချန်ကချင်းလင်အပန်းဖြေစံအိမ်ဗီဒီယိုအမြန်ရှာပြီး သူ့အဘိုးကိုပြလိုက်သည်။ တစ်ချိန်တည်းမှာ_
"ချင်းလင်အပန်းဖြေစံအိမ်က ပတ်ဝန်းကျင်နဲ့လေအရည်အသွေးကောင်းရုံတင်မကဘူး... အကြီးအကဲစားပွဲလည်းရှိတယ်''
ဝူခိုင်လည်း ဗီဒီယိုကြည့်ပြီး အံ့ဩသွားသည်။ ရုတ်တရက်သူက သူ့မြေးမဖုန်းကိုဆွဲယူလိုက်သည်။
ဗီဒီယိုထဲတွင် အနုပညာဆန်သောဝါးပင်နှင့်သစ်ပင်ပန်းမန်များတွေ့လိုက်ရလေသည်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒီလိုအနုပညာအယူအဆမျိုးကိုလိုချင်နေခဲ့တာ။ သူ့အတွက်တော့ စိတ်ကူးယဉ်ဆန်ဆန်ပင်။
ဤသည်က ချင်းလင်အပန်းဖြေစံအိမ်၏အရည်အသွေး +၂ ရှိသောအပင်များကြောင့်ဖြစ်သည်။ သာမန်ခရီးသည်များရိုက်သောဗီဒီယိုတောင် အနုပညာဆန်နေသည်။
"အဘိုး''
ဝူချန်ကရှင်းပြပြီးမေးသည်_
"သွားမှာလား?''
"သွားမယ်!''
ဝူခိုင်ကပြတ်ပြတ်သားသားပြန်ဖြေပြီးမှ_
"ရှောင်ချန်... ဒီလိုနေရာမျိုးရှိတာ အဘိုးကိုဘာလို့စောစောကမပြောတာလဲ?''
“???”
ဝူချန်ကြောင်သွားသည်။
စောစောကတော့ မသွားချင်တဲ့ပုံနဲ့?
အခုကျ အပြစ်တင်နေပြန်ပြီ?
ပြီးတော့ ချင်းလင်စံအိမ်နဲ့ချင်းလင်မွေးမြူရေးခြံအကြောင်း အဘိုးကိုသေချာပြောခဲ့ပါတယ်။
သူမှစိတ်မဝင်စားတာ။
…
ချင်းလင်ခြံမှာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး လုပ်ငန်းများကပိုပြည့်စုံလာသည်။ အခကြေးငွေအသီးသီးကြောင့် ချင်းလင်ခြံမှာနေ့တိုင်းဝင်ငွေကောင်းနေသည်။
လက်ရှိချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံက တစ်နေ့လူ ၃၀၀၀၀ ကျော်ရပြီး နာမည်ပိုကြီးလာသည်။ ဤပမာဏက ရှုမျှော်ခင်း 5A နေရာအတော်များများရနိုင်သောပမာဏမဟုတ်။
လုပ်ငန်းအသစ်မရှိဘဲ ထပ်တိုးနေခြင်းပင်။ ရှိပြီးသားပတ်ဝန်းကျင်နှင့်လုပ်ငန်းများကို မာတီမီဒီယာဌာနနှင့်တခြားဌာနများပူးပေါင်းပြီး ကြော်ငြာခြင်း၊ပွဲလုပ်ခြင်းကြောင့်ဖြစ်လေသည်။