← Chapters

ချင်းလင်အပန်းဖြေစံအိမ်ရဲ့ပထမဆုံးအတွေ့အကြုံ!

Vol. 53 Ch. 793

ချင်းလင်အပန်းဖြေစံအိမ်ရဲ့ပထမဆုံးအတွေ့အကြုံ!

Vol. 53 Ch. 793

ဝူခိုင်က မျှော်လင့်ချက်တသီကြီးနှင့် ချင်းလင်အပန်းဖြေစံအိမ်ရောက်လာသည်။

သူကလုံခြုံရေးဂိတ်ဖြတ်ပြီး အပန်းဖြေစံအိမ်ကားပါကင်ရောက်လာ၏။ သူကားထဲမှထွက်ထွက်ချင်း အင်တာနက်ပေါ်ပြောနေကြသော လေအရည်အသွေးကောင်းကောင်းကိုခံစားရသည်။

စိတ်အလှုပ်ရှားဆုံးက ဝူချန်ပင်။ သူမကကားထဲမှထွက်ပြီး အသက်တဝကြီးရှူလိုက်သည်။

အွန်လိုင်းပေါ်တွင်ချင်းလင်အပန်းဖြေစံအိမ်အကြောင်းပြောသမျှက စိတ်ကူးယဉ်ဆန်နေခြင်းမှာ ချင်းလင်အပန်း​ဖြေစံအိမ်ထဲဝင်ရန်မဖြစ်နိုင်သောကြောင့်ပင်။

ချင်းလင်စံအိမ်တွင်လေအရည်အသွေးကောင်းသောကြောင့်သာ ချင်းလင်အပန်းဖြေစံအိမ်၏လေအရည်အသွေးကိုမှန်းဆပြီးပြောကြသည်။

အခုသူမကိုယ်တိုင်ကြုံရမှ ချင်းလင်အပန်းဖြေစံအိမ်၏လေအရည်အသွေးဘယ်လောက်ကောင်းမှန်းသိသည်။ အင်တာနက်ပေါ်မှာပြောနေကြသည်ထက် အများကြီးပိုကောင်းသည်။

ဝူခိုင်မှာပန်းချီဆရာဖြစ်၍ အမြင်မတူပေ။ သူက ဝါးပင်၊မိုးမခပင်နှင့်သစ်ပင်ပန်းမန်များကိုသာ စိတ်ဝင်စားသည်။

အနုပညာ၊အယူအဆနှင့်ဆွဲဆောင်မှုရှိသောအရည်အသွေးများက သူ့မျက်စိထဲထူးခြားနေသောကြောင့် စမ်းဆွဲကြည့်ချင်သည်။

၂ နှစ်အတွင်း ဒီလိုပန်းချီဆွဲချင်စိတ်မျိုး တစ်ခါမှမဖြစ်ဖူး။ အသက်အရွယ်ရလာပြီဖြစ်၍ အားအင်လည်းမရှိတော့။ သူ့ပန်းချီကားများကအသက်မဝင်ဘဲ အပြီးသတ်ဖို့ခက်ခဲခဲ့သည်။

သို့သော် ဒီရောက်လာမှ ထူးထူးခြားခြားဆွဲချင်စိတ်ဖြစ်လာသည်။

ထူးဆန်းလှချည့်။

ဒီမှာပန်းချီဆွဲခွင့်ရအောင် ချင်းလင်စံအိမ်ပိုင်ရှင်ဆီခွင့်တောင်းရမည်။ နောက်ဆုံး သူ့ပန်းချီကားကိုပေးချင်ပေးရပါစေ။

သူ့အသက်အရွယ်နှင့် သားမြေးများအတွက်အမွေခံများစွာချန်ထားခဲ့ပြီးပြီ။ သူဆွဲသောပန်းချီကားများကိုရောင်းဖို့စိတ်ကူးမရှိ။ သူစိတ်ကျေနပ်လောက်သောပန်းချီကားနှစ်ချပ် ထပ်ဆွဲချင်ရုံသာဖြစ်သည်။

ဒီပန်းချီကားဘယ်သူ့လက်ထဲရှိသည်က အကြောင်းမဟုတ်။

"အဘိုး... စာရင်းသွင်းရအောင်... နေ့လယ်ရောက်နေပြီ''

ထိုအချိန်တွင် ဝူချန်က ဝူခိုင်ကိုဆွဲပြီးဧည့်ခန်းထဲလျှောက်သွားသည်။



နေ့လယ်ရောက်မရောက်က ကိစ္စမရှိ။ ချင်းလင်အပန်းဖြေစံအိမ်ကလူတွေနှင့်ဆက်သွယ်ပြီး ပထမဆုံးတစ်နပ်စာက အကြီးအကဲစားပွဲဖြစ်ဖို့သာအရေးကြီးသည်။

အရင်ကအကြီးအကဲစားပွဲမစားဖူး၍ သူမ မစောင့်နိုင်တော့။

ထိုအချိန်တွင်_

စံအိမ်ဝန်ဆောင်ရေးမန်နေဂျာကလည်း ဝင်ပေါက်လုံခြုံရေးအစောင့်၏အသိပေးချက်ကိုရထားပြီးဖြစ်သည်။ သူကအပြင်ထွက်လာပြီး ဝူခိုင်အားရိုရိုသေသေနှင့်_

"လူကြီးမင်းဝူ... ချင်းလင်အပန်းဖြေစံအိမ်ကကြိုဆိုပါတယ်... ဒီမှာအကောင်းဆုံးဝန်ဆောင်မှုပေးမှာပါခင်ဗျာ... လူကြီးမင်းလာရတာ အချည်းနှီးမဖြစ်စေရပါဘူး!''

ဝန်ဆောင်ရေးမန်နေဂျာကပြောရင်းနှင့် ဝူခိုင်တို့မြေးအဘိုးကိုဧည့်ခန်းထဲကြိုဆိုလိုက်သည်။

"လူကြီးမင်းဝူ... ဒီမှာစာရင်းသွင်းရပါမယ်!''

ဝန်ဆောင်ရေးမန်နေဂျာအနေနှင့် ဝူခိုင်ကိုစာရင်းသွင်းပြီး မိတ်ဆက်ပေးဖို့လည်းမမေ့_

"ကျွန်တော်တို့စံအိမ်မှာ ရေပူစမ်းငါးကုထုံးရယ် ဆံပင်သန်စေတဲ့ရေပူစမ်းရယ် ပုံမှန်အကြီးအကဲစားပွဲ ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့ ဆေးဖက်ဝင်စွပ်ပြုတ်တွေရှိပါတယ်...''

"ပြီးတော့ ကျွန်တော်တို့စံအိမ်ရဲ့အထူးစျေးဆိုင်ရှိပါတယ်... အပြင်မှာမရနိုင်တဲ့ပစ္စည်းတွေပါ... လူကြီးမင်းဝူလိုချင်ရင် ဆိုင်ကဝယ်လို့ရပါတယ်... အဲဒါအတွက်က သီးသန့်ရှင်းရပါမယ်!''

ဝန်ဆောင်ရေးမန်နေဂျာက သူတို့မြေးအဘိုးအတွက်စာရင်းသွင်းပေးလိုက်သည်။ အခန်းလည်းစီစဉ်ပေးပြီး အခန်းထဲလိုက်ပြသည်။

အခန်းများအားလုံး ဧည့်ခန်းပါသောကြောင့် မိသားစုဝင်များလိုက်ပါနိုင်သည်။ ဝူချန်မှာ တော်ဝင်ပညာရှင်လီကိုအဖော်လိုက်ပေးသောဒေါက်တာသွမ့်မုလို မိသားစုဝင်ခန်းမှာသာနေနိုင်သည်။

ဒေါက်တာသွမ့်မုမှာ တော်ဝင်ပညာရှင်လီနှင့် မိသားစုခန်းတွင်ခဏသာနေရပြီး တော်ဝင်ပညာရှင်လီကျန်းမာရေးပြန်ကောင်းသောအခါ ပြန်သွားရသည်။

ဝူချန်က ဝန်ဆောင်ရေးမန်နေဂျာကိုစပ်စုလိုက်သည်_

"အပန်းဖြေစံအိမ်ထဲမှာ တခြားဧည့်သည်တွေရှိလားဟင်? တားမြစ်ထားတာတွေရှိလား? ကျွန်မတို့မနှောင့်ယှက်ရဘူးလား?''

မေးခွန်းက ဇာတ်လမ်းဆန်ဆန်။

အပန်းဖြေစံအိမ်ထဲနေသူတွေကို သူမတကယ်သိချင်နေသည်။

ဘာပဲဖြစ်ဖြစ် အဖွဲ့အစည်းကြီးတစ်ခုရဲ့ဥက္ကဌဖြစ်တဲ့သူမသူငယ်ချင်းအဖေတောင် အပယ်ခံရတာလေ။

ဝန်ဆောင်ရေးမန်နေဂျာက_

"ဘာမှသီးသန့်မထားပါဘူး... စားသောက်ခန်းမှာတွေ့ရပါလိမ့်မယ်... အပန်းဖြေစံအိမ်ထဲမှာ အမျိုးသမီးသုံးဦးလည်းရှိပါတယ်... သူဌေးမိတ်ဆွေတွေရဲ့ဇနီးသည်တွေပါ... တရုတ်သိပ္ပံအကယ်ဒမီက တော်ဝင်ပညာရှင်သုံးဦးလည်းရှိပါတယ်... တော်ဝင်ပညာရှင်သုံးဦးကလည်း ရင်းရင်းနှီးနှီးနေတတ်တော့ အတူနေဖို့မခက်ပါဘူး''



ချင်းလင်စံအိမ်ပိုင်ရှင်ရဲ့မိတ်ဆွေဇနီးသည်တွေ ဒီမှာလာအပန်းဖြေတာမထူးဆန်း။

သို့သော် တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်သုံးဦးလာအားဖြည့်တာ သူတို့မြေးအဘိုးလုံးဝအံ့ဩသွားသည်။

သူတို့အားလုံးတော်ဝင်ပညာရှင်များဖြစ်သော်လည်း တရုတ်သိပ္ပံအကယ်ဒမီကဆိုရင် တမူထူးခြားသွားပြီ။

နောက်ဆုံးတော့ သူမသူငယ်ချင်းအဖေဘာလို့အငြင်းခံရလဲ ဝူချန်သဘောပေါက်ပြီ။

"ဒါနဲ့''

ဝန်ဆောင်ရေးမန်နေဂျာကပြောသည်_

"အပန်းဖြေစံအိမ်ရဲ့ရှုခင်းတွေ အစားအသောက်တွေ ဒီကဝန်ဆောင်မှုတွေကိုဓာတ်ပုံရိုက်လို့ရပါတယ်... ဒါပေမဲ့ တော်ဝင်ပညာရှင်တွေကိုမရိုက်ပါနဲ့ဗျ... မဟုတ်ရင် မလိုလားအပ်တဲ့စာရင်းထဲပါသွားပါလိမ့်မယ်''

ဒီစကားတွေက ဝူချန်ကိုသတိပေးခြင်းပင်။

အပန်းဖြေစံအိမ်ရောက်လာသောမိန်းမပျိုလေးတစ်ဦးဖြစ်၍ အလွန်တက်ကြွနေလိမ့်မည်။

ထို့ကြောင့် ကြိုတင်အသိပေးရခြင်းပင်။

ဝူချန်ကသူမကိုသတိပေးမှန်းသိ၍ ခေါင်းညိမ့်လိုက်သည်။

သူမကငတုံးမဟုတ်။ ဒီလိုမုန်းစရာအလုပ်တွေမလုပ်တတ်။

ဝန်ဆောင်ရေးမန်နေဂျာက သူတို့နေထိုင်ဖို့စီစဉ်ပေးပြီး အကြီးအကဲစားပွဲပြင်ဆင်ပေးရန်ထွက်သွားသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က အပန်းဖြေစံအိမ်နောက်ခံအချက်အလက်များကြည့်လိုက်ရာ ပန်းချီဆရာဝူခိုင်စာရင်းသွင်းပြီးမှန်းသိလိုက်သည်။

သူ့မျက်လုံးများအရောင်တောက်သွား၏။

သူ့ကိုစောင့်နေတာ။ ဗန်ဂိုးနဲ့ပီကာဆိုရဲ့ပန်းချီနှစ်ချပ်စစ်မစစ် ကြည့်ပေးစေချင်တာ။

ထို့နောက် သူကရုံးခန်းထဲမှထွက်ပြီး စားဖိုဆောင်ထဲသွားလိုက်သည်။

တစ်ယောက်ယောက်ကိုအကူအညီတောင်းချင်ရင် သူတို့အတွက်အရင်လုပ်ပေးရမယ်မလား?

"ဆန်ပေးမှ ဆီရ''တဲ့။

ဝူချန်နှင့်ဝူခိုင်မြေးအဘိုးက ပစ္စည်းများနေရာချပြီးနောက် အောက်ထပ်ဆင်းပြီး အပန်းဖြေစံအိမ်ဆိုင်ထဲသွားစူးစမ်းကြတော့သည်။



All Chapters