← Chapters

ချင်းလင်အပန်းဖြေစံအိမ်ရဲ့ပထမဆုံးအတွေ့အကြုံ!

Vol. 53 Ch. 794

ချင်းလင်အပန်းဖြေစံအိမ်ရဲ့ပထမဆုံးအတွေ့အကြုံ!

Vol. 53 Ch. 794

အပန်းဖြေစံအိမ်ရဲ့ဆိုင်ထဲမှာ အပြင်မှာမရတဲ့ပစ္စည်းတွေရှိကြောင်းကြားပြီးကတည်းက သူမစပ်စုချင်နေသည်။

ဝူခိုင်က သူ့မြေးမလျှောက်ကြည့်ချင်မှန်းသိ၍ အဖော်လိုက်ပေးရသည်။

သူတို့နှစ်ဦး အပန်းဖြေစံအိမ်ဆိုင်ထဲဝင်လိုက်သောအခါ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ၊ အသားငါးနှင့်ဥများ တွေ့လိုက်ရသည်။

ဥတွေ?

ဝူချန်ကရုတ်တရက် ဥကြီးတစ်လုံးကိုစိတ်ဝင်စားသွားသည်။

ဒီဥကြီးကို သူမသိသည်။

အရည်အသွေးမြင့်အလှအပဥ!

သူမသူငယ်ချင်းနှင့်ချင်းလင်စံအိမ်သွားတုန်းက အလှအပဥအကြောင်းကြားပြီး သုံးရက်ဆက်တိုက်သွားခဲ့သော်လည်း အရည်အသွေးမြင့်အလှအပဥကိုမရခဲ့ပေ။ မဲပေါက်သူဆီကဝယ်ချင်သော်လည်း ပြန်မရောင်းသူနှင့်၊ တန်းပြေးသူနှင့်။

ထို့ကြောင့် အရည်အသွေးမြင့်အလှအပဥကို အရင်ကသူမတို့သူငယ်ချင်းတစ်သိုက် တစ်ခါမှမရခဲ့။ သာမန်ဥများသာရခဲ့သည်။

ဒီလိုအရည်အသွေးမြင့်ဥကြီး ဒီမှာရှိမည်ဟုမထင်မိပေ။

ထို့နောက် ချင်းလင်စံအိမ်အရောင်းစင်တာတွင်အလုအယက်ဝယ်ရသော အရည်အသွေးမြင့်အလှအပသခွားသီးများ၊ အလွန်စျေးကြီးသောဟင်းသီးဟင်းရွက်များကိုလည်းတွေ့ရသည်။

အတော်များများက မနက်အစောထဝယ်ကြသော်လည်း ရချင်မှရသည်။

မကြာမီ ဆီးနှင်းအမဲသားနှင့်ရှန်းရွှေလက်ဆောင်ဆန်ကိုလည်းတွေ့သည်။

အရင်ကဒီစားကောင်းသောက်ဖွယ်များစားဖူးသော်လည်း အပြင်မှာအရမ်းရှားသည်။ အခုဒီဆိုင်မှာများများစားစားဝယ်လို့ရသည်။

"အာ.. ဒီဖန်းကျိုက ဆယ်စုနှစ်ချီပြီ?''

ဝူခိုင်က သူ့ဘေးနားရှိဝိုင်စင်မှဝိုင်များကိုစိတ်ဝင်စားနေသည်။

ဝိုင်သောက်ရတာလည်း သူသဘောကျသည်။

ပြည်တွင်းဘရန်းဖြစ်သောဖန်းကျိုကို သူခဏခဏသောက်ဖူးသည်။ နောက်ပြီး သူသောက်သောဝိုင်ကသက်တမ်းရင့်သည်။ သူ့ပန်းချီကားများကတန်ဖိုးကြီးပြီး ဘီယံလံစျေးနှင့်ရောင်းရသော​ကြောင့် သူ့မှာငွေမရှားပေ။

ချင်းလင်အပန်းဖြေစံအိမ်မှာ ဆယ်စုနှစ်ချီတဲ့ဖန်းကျိုကို ဒီလိုပဲစင်ပေါ်မှာတင်ရောင်းသတဲ့လား?

နောက်ပြီး စင်ပေါ်ကြည့်လိုက်သောအခါ တခြားဝိုင်ဘရန်းများလည်းရှိသည်။ အားလုံး ဆယ်စုနှစ်ချီသည်။

နည်းနည်းတော့ လန့်စရာ။

ဝူချန်ကလှမ်းကြည့်ပြီး တအံ့တဩပြောသည်_

"အဘိုး... အဲဒါချင်းလင်ဆေးဖက်ဝင်ဝိုင်... ဘူးနဲ့သက်သက်ထားတာ... ဒါချင်းလင်စံအိမ်မှာအကောင်းဆုံးဝိုင်ပဲ''

ဝူခိုင်စိတ်ဝင်စားနေသည်။

ဆယ်စုနှစ်သက်တမ်းရှိတဲ့ဘရန်းဝိုင်တွေက အရမ်းရှားနေပြီ၊ ဒီချင်းလင်ဆေးဖက်ဝင်ဝိုင်ကပိုကောင်းတာတဲ့?

သူကချက်ချင်းပင် အားလုံးဝယ်မြည်းပြီး နှိုင်းယှဉ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ဝူချန်ကမူ မနေနိုင်ဘဲဖုန်းထုတ်ကာ ဓာတ်ပုံများရိုက်သည်။ မိန်းကလေးငယ်လေးဖြစ်၍ ဒီပစ္စည်းများကိုဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ကာ အာရုံစိုက်ခံချင်သည်။

ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေကပိုက်ဆံရှိတိုင်းမဝယ်နိုင်တဲ့ပစ္စည်းတွေ။

သူမက မုန့်ဖိုးယွမ် ၃ သန်းကိုစုပြီး သူမအဘိုးချင်းလင်အပန်းဖြေစံအိမ်ဝင်ခွင့်ရအောင်လျှောက်ပေးခဲ့၍ အဘိုးဖြစ်သူက မုန့်ဖိုးယွမ် ၂ သန်းဆုချသည်။ ဒီမုန့်ဖိုးနှင့် ဒီပစ္စည်းတွေဝယ်ဖို့ကခက်လှသည်။

ဗီဒီယိုရိုက်ပြီးနောက် 'ချင်းလင်အပန်းဖြေစံအိမ် ပထမဆုံးအတွေ့အကြုံ'ဟူသောခေါင်းစဉ်နှင့် အရင်ဆုံး Wechat တွင်တင်လိုက်သည်။ ထို့နောက် ထိုခေါင်းစဉ်နှင့် Tiktok တွင်တင်ပြန်သည်။

တင်တင်ချင်း like ရသောကြောင့် ဒီခေါင်းစဉ်ကိုတကယ်စိတ်ဝင်စားကြသည့်သဘောပင်။

"ချန်ချန်... ဘယ်လိုဖြစ်ပြီးရောက်သွားတာလဲ? ငါ့အဖေလျှောက်တာ အပယ်ခံရတယ်!''

သူမသူငယ်ချင်း၏မှတ်ချက်ထဲတွင် အားကျသံပါနေ၍ သူမစိတ်ကျေနပ်နေသည်။

လူကြီးဝူခိုင်ကမူ ဝိုင်စင်ပေါ်မှဝိုင်ပုလင်းများ စယူနေသည်။ တစ်လုံးတစ်လုံးကို ယွမ် ၁၅၀၀၀၀ လောက်တန်ဖိုးရှိသည်။

သူ့ပန်းချီကားတွေက မီလီယံရာချီရနေတဲ့ဟာ။

ဒါကဘာမလို့လဲ?

ဝူချန်လည်းစျေးခြင်းတောင်းယူပြီး စဝယ်တော့သည်။ အရင်ဆုံး အရည်အသွေးမြင့်အလှအပဥနှင့်အရည်အသွေးမြင့်အလှအပသခွားသီးကိုစယူသည်။

ဆီးနှင်းအမဲသားမစားရတာကြာပြီ။ မဖြစ်မနေစားသင့်သော ရှန်းရွှေလက်ဆောင်ဆန်လည်းရှိသည်။

ပိုက်ဆံရှင်းသောအခါ အရောင်းဝန်ထမ်းကသတိပေးသည်_

"ပထမဆုံးအကြီးအကဲစားပွဲမှာ ဆီးနှင်းအမဲသား ရှန်းရွှေလက်ဆောင်ဆန်နဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ပါပါတယ်ဗျ''

ဝူချန်ကမမှုဘဲ_

"ရတယ်... ညစာချက်ပေးပါ''

အရောင်းဝန်ထမ်းကသိပ်မပြောတော့။ နှစ်ယောက်စာရှင်းပြီးနောက်_

"လူကြီးမင်းတို့နှစ်ဦးရဲ့ဟင်းသီးဟင်းရွက် အသားနဲ့ဥတွေကို မီးဖိုချောင်ပို့ပေးပြီး စာဖိုမှူးကိုချက်ခိုင်းလိုက်ပါမယ်... အသီးအနှံနဲ့သောက်စရာတွေကိုတော့ ယူသွားလို့ရပါတယ်''

နောက်ဆုံး ဝူခိုင်တို့မြေးအဘိုးက ဝိုင်ပုလင်း၊အသီးအနှံများနှင့် ဆိုင်အပြင်ထွက်လာကာ ဧည့်ခန်းစားပွဲတွင်တန်းထိုင်ချလိုက်သည်။

ဝူချန်က အသီးအနှံများသွားဆေးပြီး စားသည်။

အရည်အသွေး ၂ အသီးအနှံများမှာ အရသာရှိလွန်းသောကြောင့် ဝူချန်အကြိုက်တွေ့နေသည်။

ဝူခိုင်လည်း စားပွဲထိုးကိုခွက်ယူခိုင်းပြီး ဖန်းကျိုပုလင်းဖွင့်သည်။

ဒီဖန်းကျိုက နှစ် ၄၀ သက်တမ်းရှိသည်။ အရင်က နှစ် ၄၀ ဖန်းကျိုသောက်ဖူးသော​ကြောင့် တစ်ငုံငုံကြည့်သည်။ ထို့နောက် သူ့မျက်လုံးများဝင်းလက်သွားလေသည်။

ချင်းလင်အပန်းဖြေစံအိမ်ရဲ့ဖန်းကျိုက အရင်ကသူသောက်ဖူးသောအရသာထက်မညံ့သောကြောင့်ပင်။ တကယ်တော့ ဝိုင်နံ့ကအရင်ထက်တောင်ပိုမွှေးသေးသည်။

ချင်းလင်အပန်းဖြေစံအိမ်က ဝိုင်သိုလှောင်သည့်နည်းစနစ်ပိုကောင်း၍ဖြစ်မည်။

ဖန်းကျိုကိုသဘောတွေ့ပြီး ချက်ချင်းတခြားပြည်တွင်းဝိုင်ဘရန်းများကိုပါ အရသာဆက်ခံလိုက်သည်။ ဘရန်းတိုင်း၏အရသာနှင့်အနံ့က သူ့ကိုလုံးဝအံ့ဩစေသည်။ အမှန်ပင် ဆယ်စုနှစ်ချီသောဝိုင်ကောင်းများဖြစ်လေသည်။

သူအအံ့ဩရဆုံးက ချင်းလင်ဆေးဖက်ဝင်ဝိုင်ပင်။

ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ငုံသောက်ပြီး သူ့မျက်နှာကမယုံနိုင်ပုံပေါက်သွား၏။

အရင်က ဒီလိုဝိုင်မျိုးတစ်ခါမှမသောက်ဖူး။

ဒီလိုဝိုင်မျိုးရှိမှန်း အခုမှသိရသည်။ ခါးတဝိုက်တွင်ပူနွေးပြီး သူ့ခန္ဓာကိုယ်ထဲစီးဆင်းသွားတာ လုံးဝမယုံနိုင်စရာ။

တစ်ချိန်တည်းမှာ အင်တာနက်ပေါ်ကဗီဒီယိုလည်းပေါက်သွားသည်။ ဝူချန်တင်သောဗီဒီယိုဖြစ်သည်။

သို့သော် ဗီဒီယိုနာမည်ကြီးခြင်းမှာ ဝူချန်တင်၍မဟုတ်။ ဘာပဲဖြစ်ဖြစ် သူမမှာပရိသတ်မရှိသလို လူသိလည်းနည်းသည်။ လူတွေသိလာရင်တောင် ဒီလောက်မြန်မြန်နာမည်ကြီးဖို့မဖြစ်နိုင်။

ဘလော့ဂါတစ်ဦးက အမှတ်တမဲ့မြင်ပြီး ပြန်တင်သောကြောင့်ဖြစ်သည်။ ထိုဘလော့ဂါတွင် ပရိသတ်များရှိသောကြောင့် ချက်ချင်းနာမည်ကြီးသွားသည်။ ဘလော့ဂါက @ဝူချန်ဟုတပ်ပြီး သူကဗီဒီယိုပြန်တင်သူဖြစ်ကြောင်းပြောထားသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်အပန်းဖြေစံအိမ်သွားနိုင်သူကသူမဖြစ်၍ ဘလော့ဂါကဒီအတိုင်းပြန်တင်လို့မဖြစ်။

ထိုဗီဒီယိုက လုံးဝပေါက်သွားသည်။

မည်သို့ဆိုစေ ချင်းလင်အပန်းဖြေစံအိမ်မှာ အင်တာနက်ပေါ်တွင်နာမည်ကြီးပြီးသားဖြစ်သည်။ ဒီအကြောင်း ကောလာဟလမျိုးစုံရှိသော်လည်း အားလုံးကချင်းလင်အပန်းဖြေစံအိမ်ဝင်ရန်စံအလွန်မြင့်ကြောင်းသာသိကြသည်။ ရှုခင်းနှင့်ပတ်ဝန်းကျင်မှလွဲ၍ ဘယ်သူမှဘာမှမသိကြချေ။

အခုဗီဒီယိုက ချင်းလင်အပန်းဖြေစံအိမ်၏တစ်နေရာဖြစ်သော အတွင်းစျေးဆိုင်ကိုလှစ်ဟပြထားသည်။

ဗီဒီယိုထဲတွင် ချင်းလင်စံအိမ်၏နာမည်ကြီးအလှအပဥ၊ အလှအပသခွားသီး၊ ချင်းလင်ဖရဲသီးနှင့် တခြားပစ္စည်းများကိုတွေ့ရသည်။

ဒီပစ္စည်းများက ချင်းလင်စံအိမ်တွင် အလွန်စျေးကြီးသည်။ အထူးသဖြင့် ဝယ်ရခက်ခြင်းပင်။ နေ့တိုင်းနေ့တိုင်း အလှကြိုက်သောအမျိုးသမီးများမှာ အလှအပဥကိုလုဝယ်ရသည်။

အလှအပသခွားသီးလည်း အတူတူပင်။

သို့သော် မရဖို့များသည်။

အခုဒါတွေကို ချင်းလင်အပန်းဖြေစံအိမ်ထဲကဆိုင်မှာဝယ်နိုင်သည်တဲ့။ အပြေးဝယ်စရာလည်းမလို။ ဗီဒီယိုရိုက်သူက အေးအေးဆေးဆေးရွေးဝယ်နေသည်ကိုကြည့်ရင်း အားကျသလိုမနာလိုဖြစ်လာသည်။

ထိုပစ္စည်းများအပြင် ရှန်းရွှေလက်ဆောင်ဆန်နှင့်ဆီးနှင်းအမဲသားကလည်း လန့်လောက်စရာ။

"အံ့ဩစရာ... ဒီဆီးနှင်းအမဲသားက အရမ်းစျေးကြီးတာ... ၅၀၀ ဂရမ်ကို ယွမ် ၁၀၀၀၀ ကျော်တယ်... ဝယ်လို့လည်းမရဘူး... ချင်းလင်အပန်းဖြေစံအိမ်ရဲ့ဆိုင်က တကယ်ဖြည့်ဆည်းပေးနိုင်တယ်''

"မပြောနဲ့တော့... ရှန်းရွှေလက်ဆောင်ဆန်က ပိုတောင်ရှားသေးတယ်... ပိုက်ဆံလေးနည်းနည်းရှိလို့ဝယ်စားချင်ရင်တောင် အဆက်အသွယ်ကမရှိဘူး''

"ဒီပစ္စည်းတွေအပြင်မှာဒီလောက်ရှားတာကို ချင်းလင်အပန်းဖြေစံအိမ်ကတင်ထားနိုင်တယ်... ဒီချင်းလင်အပန်းဖြေစံအိမ်ဘယ်လောက်အဆင့်မြင့်လဲ တွေးသာကြည့်တော့''

"အပေါ်ကလူ... အဲဒီဝိုင်တွေက အရည်အသွေးအကောင်းဆုံးဆိုတာသေချာတယ်... ဗီဒီယိုထဲမှာ ဝိုင်စင်ပေါ်ကဝိုင်တွေမတွေ့ဘူးလား? ချင်းလင်ဆေးဖက်ဝင်ဝိုင်အပြင် ဖန်းကျိုနဲ့မောက်ထိုက်ဝိုင်တွေကလည်း သက်တမ်းရင့်ဝိုင်တွေ... တစ်ပုလင်းမှ ယွမ် ၁၅၀၀၀၀ ထက်မလျော့ဘူး''

"ငါလည်းမြင်တယ်... ဒီလိုသက်တမ်းရင့်ဝိုင်တွေတင်နိုင်ဖို့ကခက်တယ်... ဒီလောက်ဘရန်းတွေအများကြီးဆိုမပြောနဲ့တော့''

"ဒါ ချင်းလင်အပန်းဖြေစံအိမ်ရဲ့တစ်နေရာပဲရှိသေးတယ်... တခြားနေရာတွေမှာ ဘယ်လိုအံ့ဩစရာတွေရှိမယ်ဆိုတာ ဘယ်သိမလဲ? ချင်းလင်အပန်းဖြေစံအိမ်တစ်ခါသွားရင် ထီးနန်းစံရသလိုပဲနေမှာ''

“……”

ထိုဗီဒီယိုကြောင့် ချင်းလင်အပန်းဖြေစံအိမ်၏ဂုဏ်က မသိလိုက်မသိဘာသာမြင့်တက်လာသည်ဟုဆိုရမည်။

လူချမ်းသာအတော်များများက စိတ်ဝင်စားလာကြသည်။ တစ်ခဏအတွင်း ချင်းလင်အပန်းဖြေစံအိမ်အတွက်လျှောက်လွှာများ ပုံကျလာ၏။ အားလုံးက ထိုပစ္စည်းများကိုစိတ်ဝင်စားကြသည်။

သူတို့မှာပိုက်ဆံရှိရင်တောင် ဒီလိုပစ္စည်းတွေမသုံးနိုင်။ အကုန်လုံး တပြိုင်တည်းသုံးရမည်ဆိုမပြောနှင့်တော့။

All Chapters