← Chapters

အတူတကွအမြန်အိပ်ပျော်ခြင်း

Vol. 009 Ch. 895

အတူတကွအမြန်အိပ်ပျော်ခြင်း

Vol. 009 Ch. 895

သူတို့သည် ကျောက်ဖျာပေါ်တွင် အိပ်ပျော်နေသောလူကိုမြင်သောအခါ အားလုံးသည်ဆွံ့အသွားလေသည်။

“ဘာကျားဇီ ယူယူ့ကို ပြန်ချီလာခဲ့” ဟွာကျင်း ပြောလိုက်သည်။

ဘုရင်ကြီး၏ မိန်းကလေး… သူတို့သည် မထိရဲကြပေ။ ရှောင်ချီ၏ ခန္ဓာကိုယ်သည်လည်း သေးငယ်လွန်းသဖြင့် ဘာကျားဇီတစ်ယောက်သာ သင့်တော်သည်။

“သူ့ကို ကျောက်ဖျာပေါ်တင်လိုက်” ရှောင်ချီ ပြောလိုက်သည် “သူမကို ချီမယ်ဆိုရင် မနက်ဖြန်ပြန်လာနေရဦးမယ် ဒီမှာပဲပိုအဆင်ပြေလိမ့်မယ်”

“အင်း” ဟွာကျင်းပြောလိုက်သည်။

ဘာကျားဇီသည် သူမကိုကျောက်ဖျာပေါ်သို့ ရွေ့လိုက်သည်။ သူတို့ လေးယောက်သည် မထွက်သွားရဲပေ။ တစ်ယောက်မှာ အိပ်ပျော်နေကာ နောက်တစ်ယောက်မှာ သတိမေ့နေသည်။ သူတို့သည် အခြေအနေကို စောင့် ကြည့်ရန် နေရမည်။

ရှီမာယူယူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။ သို့သော် နောက်နေ့ အတိအကျပင် နိုးလာသည်။

“ယူယူ ဘယ်လိုနေလဲ” ရှောင်ချီသည် အရှေ့သို့အမြန်ပြေးလာသည်။

“မဆိုးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “စီနီယာအစ်ကိုနိုးလာပြီလား”

“မနိုးသေးဘူး၊ တစ်နေ့လုံး တစ်ချက်မှမလှုပ်ဘူး” ဟွာကျင်းပြောလေ သည် “ဒါပေမဲ့ သူတိုးတက်လာတာကိုတွေ့ရတယ်၊ အဲဒါ မင်းရဲ့နည်းလမ်းက သက်ရောက်မှုရှိတယ်ဆိုတာကို ပြတာပဲ”

“ဒါဆိုလည်း ကောင်းပါတယ်” ရှီမာယူယူသည် ကျောက်ဖျာပေါ်မှ ဆင်း ကာ သူ့ဘေးသို့လာလိုက်သည်။ သူမသည် ဝူလင်းယူ၏ အသားအရေပို ကောင်းလာသည်ကိုတွေ့လိုက်ရသည်။

သူမသည် သူ့ကိုတစ်ခါစမ်းသပ်ကြည့်ရာ ခန္ဓာကိုယ်နျင့် ဝိဉာဉ်တို့ ပေါင်းစပ်မှုသည် အနည်းငယ် ပိုကောင်းသည်ကိုတွေ့လိုက်ရသည်။

သူ့အားသေချာစမ်းသပ်ပြီးနောက်တွင် သူမ စိတ်အေးသွားရသည်။ ထို နည်းမှာ အသုံးမဝင်ဖြစ်မည်ကို သူမ ကြောက်ခဲ့သည်။ ရလဒ်ကောင်းသဖြင့် ဆိုနည်းလမ်းဖြင့် ကုသသည်မှာ မှန်ကန်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

“မင်းတို့အပြင်သွားလိုက်ကြဦး ငါသူ့ကို အပ်စိုက်ပေးလိုက်ဦးမယ်” သူမ သည် အားလုံးကိုပြောလိုက်သည်။

သူတို့အားလုံး ထွက်သွားပြီးနောက် သူမအခေါ်ကိုစောင့်ပြီးနောက် ပြန် လာလေသည်။

ဒီတစ်ကြိမ်တွင် ယူယူသည် ခဏတာမျှသာ သတိမေ့သွားလေသည်။ သူတို့ဝင်လာချိန်တွင် သူမသည် ဝူလင်းယူနှင့် မျက်နှာချင်းဆိုင် မေ့မြောသွား လေသည်။ သူမသည် ဝူလင်းယူကို အင်္ကျိဝတ်ပေးခြင်းပင် မပြီးလိုက်ပေ။

သူ့ဘေးတွင် ဆေးတစ်ပုလင်းရှိနေသည်။ သူမသည် အပ်စိုက်ပြီးသည် နှင့် ဆေးတိုက်ရန် ပြင်ဆင်ထားသည့်ပုံပင်။

ရှောင်ချီ လျှောက်လာကာ ဆေးတစ်လုံးထုတ်ပြီး ဝူလင်းယူအား တိုက် လိုက်သည်။

“ဘယ်လိုနေလဲ” ဟွာရှုံ မေးလိုက်သည်။

ဟွာကျင်းသည် လျှောက်လာကာ ဝူလင်းယူအား အဝတ်ပြန်ဝတ်ပေး ရင်း ပြောလေသည် “မနေ့ကလုပ်ခဲ့သလိုပဲ ဆက်လုပ်ကြမယ်”

ဘာကျားဇီသည် ရှီမာယူယူကို ကျောက်ဖျာပေါ်တင်ပေးပြီး လေးယောက်သား စောင့်ကြလေသည်။

ဒီတစ်ကြိမ်တွင် ရှီမာယူယူသည် နိုးရန်မပြောထားပေ။ ထို့ကြောင့်ပင် တစ်ရက်ကုန်သွားပြိးနောက်တွင် သူမ အိပ်ပျော်နေသေးသော်လည်း ရှောင်ချီ သည် သူမကိုမနှိုးပေ။

နောက်တစ်ရက်ကုန်သွားပြီးနောက်တွင် ရှီမာယူယူသည် အိပ်နေတုန်း ပင်။

“ရှောင်ချီ ယူယူက ဒီလိုပုံနဲ့ဆိုရင် ပြဿနာများဖြစ်နေမလား” ဘာကျားဇီသည် စိုးရိမ်တကြီးပြောလေသည်။

“ပြဿနာမရှိဘူး သူမ ပင်ပန်းရုံတင်ပါ” ရှောင်ချီ ပြောလိုက်သည် “သူမ နိုးလာရင် အဆင်ပြေသွားမှာ၊ တကယ်… သူမ တခြားတစ်ယောက်ကို အပ်စိုက်ပေးပြီးတော့ မေ့လဲသွားတာတွေ့ဖူးတယ်”

“သူမ အရမ်းပင်ပန်းသွားလို့နေမှာ” ဘာကျားဇီ ပြောလိုက်သည် “ဒါပေမဲ့ ဘုရင်ကြီးရဲ့ အခြေအနေက အရင်ကထက် တကယ်ကောင်းလာ တယ်”

“အမှန်ပဲ ယူယူက အရမ်းတော်တယ်” ရှောင်ချီ ပြောလိုက်သည်။

ဒီတစ်ကြိမ်တွင် ဟွာဒိနှင့် ဘာလျန်ချီတို့ အပြင်မှရောက်လာသည်။ နှစ်ယောက်သား အိပ်ပျော်နေသည်ကိုမြင်သောအခါ မေးလိုက်သည် “ဒီနေ့ ရော ဘယ်လိုနေလဲ၊ သူမ မနိုးသေးဘူးလား”

ထိုရက်များတွင် သူတို့နှစ်ယောက်သည် ဝူလင်းယူ၏အခြေအနေကို ကြည့်ရန် ရောက်လာတတ်သည်။ ရှီမာယူယူ၏ အပ်စိုက်နည်းမှာ အလုပ်ဖြစ် သည်ကိုတွေ့သောအခါ သူမ သူ့ကို ကူညီနိုင်သည်ဆိုသည့် မျှော်လင့်ချက် ဖြစ်လာသည်။

“အဘိုး”

“မျိုးနွယ်ခေါင်းဆောင်”

ဟွာဒိနှင့် ဘာလျန်ချီတို့သည် ဖန်ကျောက်ဖျာဘေးသို့လာလိုက်ကြ သည်။ ဝူလင်းယူ၏ အသားအရောင်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ကို မြင် သောအခါ ပြောလိုက်သည် “သူမ မနေ့ကထက်အများကြီးကောင်းလာတာပဲ၊ ဘုန်းတော်ကြီး ဒီနေ့လာရင် ဒေါသမထွက်လောက်ပါဘူး”

“သြော် ဟုတ်သားပဲ ဘယ်လိုဖြစ်လို့ ဘုန်းတော်ကြီးက ဘုရင်ကြီးကို ဘာလို့ လာမကြည့်သေးတာလဲ” ဘာကျားဇီ ပြောလိုက်သည်။

“ဘုန်းတော်ကြီးက နတ်ဆိုးလောကကို ပြန်သွားတယ်” ဘာလျန်ချီ ပြောလိုက်သည်။

“သူပြန်သွားတာလား”

“အင်း သူ နှင်းကြာအမည်း ပြန်သွားယူတာ”

“နှင်းကြာအမည်းဟုတ်လား၊ အဲဒါမို့လော့ရဲ့ ရတနာမလး၊ သူက ဘုရင်ကြီးကိုကုဖို့အတွက် အဲဒါကိုလူသားလောကကို ယူလာချင်နေတာ၊ အဲလောက်မလွယ်မှာစိုးတယ်” ဟွာကျင်းသည် ရှုပ်ထွေးစွာပြောလိုက်သည်။

“အဲဒါမှ ဘုရင်ကြီးက… သူ့ဝိဉာဉ်ကို နေရာအတိုင်းပြန်ထားဖို့က ခက်တယ်၊ ဒါပေမဲ့ အဲဒါမှသူ့ခန္ဓာကိုယ်နဲ့ ဝိဉာဉ်နဲ့ တစ်သားတည်း ပေါင်းစပ်လို့ ရသွားမှာ၊ သူက စိုးလည်းစိုးရိမ်တယ် တခြားနည်းလမ်းလည်းမရှိတာနဲ့ နှင်း ကြာအမည်းကို သွားပြန်ယူတာ” ဟွာဒီပြောလိုက်သည်။

“ဟုတ်တယ် ဘုရင်ကြီးရဲ့ အရင်အခြေအနေက အရမ်းကြောက်ဖို့ ကောင်းတယ် ငါတို့တောင်….” ဘာလျန်ချီ ပြောလေသည် “ဒါပေမဲ့ သခင်လေးရှီမာရဲ့ ဆေးပညာကဒီလောက်ကောင်းမယ်လို့ မထင်ထားဘူး၊ ဘုရင်ကြီးရဲ့ အခြေအနေက အရင်ကထက် အများကြီးတိုးတက်လာတယ်၊ ဒီလိုဆက်သွားမယ်ဆိုရင် ပေါင်းစပ်မှုပြီးဖို့က ပြဿနာမရှိတော့ဘူး”

“အဲတော့ ဘုန်းတော်ကြီး သွားတာက အလကားဖြစ်မသွားဘူးလား” ဝူလင်းယူအခြေအနေကောင်းလာသဖြင့် ဘာကျားဇီသည် ခံစားချက်ကောင်း ကာ ဟုန်ယွမ်အား နောက်ပြောင်ကာ ရယ်မောလိုက်သည်။

“ဘုန်းတော်ကြီး ဒီမှာမရှိတာ ကောင်းသွားတယ်၊ မဟုတ်ရင် သူ မင်းကို ကြိမ်းမောင်းတော့မယ်” ဟွာရှုံ ပြောလေသည်။

“သူဒီမှာမရှိလို့ပဲ ငါပြောရဲတာလေ” ဘာကျားဇီသည် ဝမ်းပန်းတသာ ပြောလေသည် “ငါက ငတုံးမှမဟုတ်တာ”

“ဟွတ်”

ကျောက်ဖျာပေါ်တွင် အိပ်နေသော ယူယူသည် ချောင်းဟန့်သံပြုလုပ် လိုက်ရာ အားလုံးကြည့်လိုက်ကြသည်။

“ယူယူ နိုးလာပြီလား” အစပိုင်းတွင် ကျောက်ဖျာပေါ်တွင် ပျင်းရိစွာထိုင် နေသော ရှောင်ချီသည် သူမ၏ လှုပ်ရှားမှုအသံကိုကြားသည်နှင့် သူမကို ကြည့်လိုက်သည်။

ရှီမာယူယူသည် မျက်လုံးများဖွင့်လိုက်ကာ သူမခေါင်းမှာ ကိုက်နေဆဲ ဖြစ်သည်ကိုခံစားမိသဖြင့် နားထင်များကို နှိပ်နယ်လိုက်သည်။

“ယူယူ နိုးလာပြီလား” ဘာကျားဇီ ရောက်လာသည် “မင်း ပြီးခဲ့တဲ့ နှစ်ည လုံးအိပ်နေတာ၊ ထပ်ပြီးအိပ်နေဦးမယ်ဆိုရင် ငါတို့်မင်းကို စိုးရိမ်တော့မှာ”

“မနေ့က…. အရင်နေ့က အပ်စိုက်တော့ စိတ်စွမ်းအင်တွေအကုန်သုံး လိုက်တာ၊ ပင်ပန်းသွားလို့ နည်းနည်းကြာကြာလေးအိပ်လိုက်တာ” ရှီမာယူယူ ထိုင်လိုက်ပြီး ဟွာဒိနှင့် ဘာလျန်ချီတို့အား ကြည့်ပြီး ခေါင်းညိမ့်ပြလေသည်။

“သခင်လေးယူယူ အခု အဆင်ပြေရဲ့လား နေလို့မကောင်းသေးတဲ့ပုံပဲ” ဟွာဒိ ပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ ကျွန်တော် နည်းနည်းနားလိုက်ရင် ကောင်းသွား မှာပါ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မျိုးနွယ်ခေါင်းဆောင်ဟွာ” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့ဘုရင်ကိုကုပေးဖို့က အရေးကြီးပေမယ့် ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမယ်လေ၊ ဘုရင်ကြီးနိုးလာလို့ မင်းကိုဒီအခြေအနေနဲ့တွေ့သွားရင် ငါတို့ကို အရေခွံခွာလိမ့်မယ်” ဟွာရှုံ ပြောလိုက်သည်။

“သူသာ တကယ်နိုးလာမယ်ဆိုရင် သူ့ကိုတားမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါ သူ့အခြေအနေကိုသွားကြည့်လိုက်ဦးမယ်”

သူမ သူ့သွေးကြောကိုစမ်းကြည့်ရာ အခြေအနေတိုးတက်လာသည်ကို ခံစားမိလေသည်။ နောက်ဆုံးမှပင် သူမသည် စိတ်အေးသွားတော့သည်။

သူ့ကိုကုသရန်အတွက် မည်မျှပင် စွမ်းအင်သုံးလိုက်ရစေကာမူ သူမ ဂရုမစိုက်ပေ။

“ဘုရင်ကြီးအခြေအနေဘယ်လိုနေလဲ” ဟွာဒိ မေးလိုက်သည်။

“သူ့ဝိဉာဉ်နဲ့ ခန္ဓာကိုယ်က စပြီးပေါင်းစည်းနေပြီ၊ လုပ်နိုင်စွမ်းလည်း တိုးတက်လာတယ်” ရှီမာယူယူ ပြောလိုက်သည်။

“သူ ဘယ်လောက်တိုးတက်လာတာလဲ” ရှောင်ချီ မေးလိုက်သည်။

“ဘယ်လောက်ကောင်းလာလဲဟုတ်လား” ရှီမာယူယူသည် ခေတ္တမျှ စဉ်းစားပြီးနောက် “ပေါင်းစပ်မှုလုပ်ငန်းစဉ်ကို စက်ဝိုင်းတစ်လုံးလိုဆွဲကြည့်ရင် သုံးပုံ နှစ်ပုံတော့ပြီးနေပြီ”

“ဒါဆို ဘုရင်ကြီးက ဘယ်တော့နိုးလာမလဲ”

“စက်ဝိုင်းပြည့်ပြီဆိုတာနဲ့ နိုးလာလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “နောက်ဆုံး တစ်ပုံကအကြာဆုံးလို့ပြောလို့ရတယ် သူအချိန်ပိုလိုဦးမယ်”

“ဒါဆို ဒီနေ့ အပ်ထပ်စိုက်ပေးရဦးမှာလား”

“လုပ်မှာ ဒါပေမဲ့ ၁၀ရက်ကြာပြီးတော့မှလုပ်မှာ” ရှီမာယူယူ ပြောလိုက် သည် “ဒီကြားထဲကတော့ အကုန်လုံးသူ့အပေါ်ပဲမူတည်သွားပြီ ငါတို့ဘာမှ လုပ်မရဘူး”

“ဘုန်းတော်ကြီးပြန်လာရင် ဘယ်လိုဖြစ်မလဲဆိုတာ သိချင်လိုက်တာ၊ သူသာ နှင်းကြာအနက်ရလာမယ်ဆိုရင် ဘုရင်ကြီး မြန်မြန်နိုးလာမလား”

ရှီမာယူယူသည် နှင်းကြာပန်းအနက်ဆိုသည်ကို မမေးပေ။ ထိုအရာမှာ ဝူလင်းယူအတွက်အသုံးဝင်သည့်အရာဖြစ်သည်ကို သူမ သိသည်။ မဟုတ် လျှင် ဟုန်ယွမ်သည် သွားပြန်ရှာမည်မဟုတ်ပေ။

“ဘုရင်ကြီးက စိုးရိမ်တဲ့အခြေအနေကျော်သွားပြီဆိုတော့ ငါတို့ အခု ပြန်ကြမယ် အားလုံးပဲ ဒီမှာမနေနဲ့တော့၊ ဘုရင်ကြီးနိုးလာဖို့အတွက် အထောက်အကူ မဖြစ်ဘူး၊ ကျာလေး ငါနဲ့ပြန်လိုက်ခဲ့” ဘာလျန်ချီ ပြောလိုက် သည်။

“သွားရအောင်” ဟွာဒိသည် ဟွာကျင်းနှင့် ဟွာရှုံကိုပြောလေသည်။

ရှောင်ချီသည် အားလုံးကြည့်ပြီးနောက် သူတို့နှင့်လိုက်သွားလေသည်။

ဒီအချိန်တွင်းကို သူတို့နှစ်ယောက်တည်းထားခဲ့မည်မှာ ပိုကောင်းမည်။ ယူယူသည် နိုးလာကတည်းက သူနှင့် အချိန်ကိုကောင်းမွန်စွာ မကုန်ဆုံးရ သေးပေ။

***

All Chapters